သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အနောက်ခြမ်း ကယ်လီဖိုးနီးယားတောမီး ပိုဆိုးဝါးလာ


 ကယ်လီဖိုးနီးယားတောမီးလောင်ကျွမ်းနေ။
ကယ်လီဖိုးနီးယားတောမီးလောင်ကျွမ်းနေ။

အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် Los Angeles မြို့ အနီးမှာ ဒီသတင်းပတ်အတွင်း မီးလောင်ကျွမ်းနေတာမှာ ခြောက်သွေ့တဲ့ လေပြင်းကြောင့် မီးညှိမ်းသတ်မှုတွေကို အဟန့်အတားဖြစ်စေပြီး ဒီကနေ့ ကြာသပတေးနေ့မှာတော့ မီးလောင်မှုက အလွန်အမင်း ဆိုးရွားလာနိုင်တယ်လို့ တောင်ပိုင်း ကယ်လီဖိုးနီးယား အာဏာပိုင်တို့က သတိပေးထားပါတယ်။

ခန့်မှန်းထားတဲ့ မီးလောင်မှု အတိုင်းအတာကို ထိန်းချုပ်နိုင်မယ့် အရင်းအမြစ်တွေ မရှိဘူးဆိုပြီး ကယ်လီဖိုးနီးယား မီးသတ်ဌာန ညွှန်ကြားရေးမှူး Ken Pimlott က ပြောဆိုခဲ့ပါတယ်။ တနာရီကို လေတိုက်နှုန်း ၁၂၀ ကီလိုမီတာ နှုန်းနဲ့ ညလုံးပေါက် စတင်တိုက်ခတ်မယ်လို့ ခန့်မှန်းချက်နဲ့ အတူ လူတွေ နိုးနိုးကြားကြား အိပ်ကြဖို့၊ အန္တရာယ် ရှိနိုင်တဲ့ အခြေအနေမျိုး စပြီး တွေ့တာနဲ့ ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ လည်း လော့စ်အိန်းဂျလိစ် မီးသတ်ဌာန အကြီးအကဲက သတိပေးထားသလို တခြား တာဝန်ရှိသူတွေကလည်း တိုက်တွန်းပြောဆိုနေကြပါတယ်။

လောစ့်အိန်ဂျလိစ်နဲ့ ဗင်တူးရာ တို့က လူပေါင်း ၂ သိန်း ၃ သောင်းကျော် ဘေးလွတ်ရာ ပြောင်းရွှေ့ထားပြီး ဖြစ်ကြောင့် မြို့တော်ဝန်က ပြောပါတယ်။ အခု ကြာသပတေးနေ့ အစောပိုင်းမှာတော့ လော့စ်အိန်ဂျလိစ်နဲ့ ဗင်တူရား ခရိုင်တို့ အတွင်းမှာ တောမီး လောင်ကျွမ်းမှု လေးခု ဖြစ်နေပါတယ်။ လော့စ်အိန်ဂျလိစ်မြို့ရဲ့ အနောက်မြောက်ဘက် ကီလိုမီတာ ၉၀ မှာ ရှိတဲ့ Thomas မှာ မီးလောင်မှုက အကြီးမားဆုံး ဖြစ်နေပြီး ဟက်တာ ၃ သောင်း ၆ ထောင်ကျော် လောင်ကျွမ်းခဲ့ပြီး အဆောက်အအုံ ၁၅၀ မီးထဲပါသွားပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG