သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

California တောမီး လူနေရပ်ကွက် ကူးစက်


California တောမီးလောင်ကျွမ်းဆဲ။
California တောမီးလောင်ကျွမ်းဆဲ။

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းမှာ ကြီးမားတဲ့ တောမီးဟာ မနေ့ ဒီဇင်ဘာလ ၇ ရက်နေ့ထိ လေးရက်ကြာ လောင်ကျွမ်းနေဆဲဖြစ်ပြီး အနီးပတ်ဝန်းကျင် တောင်စောင်း တလျောက် လူနေထူထပ်တဲ့ နေရာတွေဘက်ဆီပါ ကူးစက်လာနေပြီဖြစ်ပါတယ်။

လေပြင်းတိုက်ခိုက်မှုကြောင့် မီးညွှန့်မီးတောက်တွေငြိမ်းသတ်ဖို့ ကြိုးစားနေတဲ့ မီးသတ်သမားတွေ အတွက် အခက်အခဲရှိနေဆဲဖြစ်ပါတယ်။ တောမီးကူးစက်မှုမတိုင်ခင် လူပေါင်း ၂ သိန်းလောက် ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ပြီဖြစ်ပါတယ်။ အိမ်ပေါင်းရာနဲ့ချီပြီး တောမီးလောင်တဲ့ထဲ ပါသွားခဲ့ပြီး လော့စ်အိန်ဂျလိမြို့အနီးဝန်းကျင်က ကျောင်းပေါင်းရာနဲ့ချီ ပိတ်ထားရပါတယ်။

လော့စ်အိန်ဂျယ်လိကနေ ပစိဖိတ်ကမ်းခြေတလျောက် Santa Barbara ကောင်တီအထိ တောမီးလောင်ကျွမ်းနေတာဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားသဲကန္တာရ က ခြောက်သွေ့ပြီး ပူပြင်းတဲ့လေဟာ ကြာသာပတေးနေ့က တနာရီကို ၇၅ မိုင်နှုန်းနဲ့ တိုက်နေတာကြောင့် မီးအန္တရာယ်ပိုပြီးဆိုးလာဖို့ ဖန်တီးနေပါတယ်။

California တောမီး လူနေရပ်ကွက် ကူးစက်
please wait

No media source currently available

0:00 0:00:54 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG