သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်လီဖိုးနီးယားမီး လူ ၂ သိန်းကျော် ဘေးမဲ့ရာရွှေ့


ကယ်လီဖိုးနီးယားမီးအတွင်း လောင်ကျွမ်းနေတဲ့အိမ်တလုံး။
ကယ်လီဖိုးနီးယားမီးအတွင်း လောင်ကျွမ်းနေတဲ့အိမ်တလုံး။

ကယ်လီဖိုးနီးယားပြည်နယ် Malibu ဒေသမှာ လောင်ကျွမ်းတဲ့ မီးကြောင့် ၂ ဦးသေဆုံးခဲ့ရပြီး အနားက Ventura County ဒေသမှာတော့ မီးလောင်တုန်း ဖေါက်ထွင်းလုယူ သူ ၂ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ကယ်လီဖိုးနီယား အရာရှိတွေက ပြောပါတယ်။

ကယ်လီဖိုးနီးယား တောင်ပိုင်းက Woolsey နဲ့ Hill Fire မှာ လောင်ကျွမ်းတဲ့ တောမီးကြောင့် သေဆုံးရသူ ၁၁ ဦးရှိပြီး ကယ်လီဖိုးနီးယား ပြည်နယ်မြောက်ပိုင်းမှာ မီးပုံပွဲလုပ်ရာမှာ မီးတောက်တွေနဲ့ မီးခိုးတွေကြောင့် သေဆုံး ရသူက ၉ ဦးရှိတယ်လို့ အာဏာပိုင်တွေက စနေနေ့မှာ ကြေညာပါတယ်။ ဒီမီးလောင်ကျွမ်းမှုတွေကြောင့် ဒေသတွင်းက လူပေါင်း ၂ သိန်းကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့စေခဲ့ရတယ်လို့လည်း ပြောပါတယ်။

Los Angeles က ရဲမှုးချုပ် John Benedict က သေဆုံးသူ စာရင်းကို စနေနေ့ သတင်းစာ ရှင်းလင်းပွဲမှာ အတည်ပြုခဲ့ပါတယ်။ သေဆုံးရတဲ့ အကြောင်းရင်းတွေကို ထည့်သွင်း မပြောကြားခဲ့ပေမယ့် သေမှုသေခင်း ဆိုင်ရာ စုံစမ်းရေးမှုးတွေ စစ်ဆေးနေကြကြောင်း ပြောခဲ့သလို မီးလောင်မှု အတွင်း လုယက်ဖေါက်ထွင်းမှုတွေကို လုံးဝ သည်းခံမှာ မဟုတ်ကြောင်း ပြောပါတယ်။

Woolsey မှာ လောင်ကျွမ်းတဲ့ မီးကြောင့် Los Angeles အနောက်မြောက်ဖက်မှာ ရှိတဲ့ Ventura County ဒေသတွင်း နေအိမ်ပေါင်း ၇၅ ၀၀၀ အတွက် ခြိမ်းခြောက်မှု အန္တရာယ် နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။အဲဒီဒေသက Thousand Oaks မှာ ပြ့ီးခဲ့တဲ့ သီတင်းပတ်တုန်းက သေနတ်ပစ်ခတ်မှု ဖြစ်ပွါးခဲ့ပြီး လူ ၁၂ ဦး သေဆုံးခဲ့ရတာပါ။

Thousand Oaks မြို့တော်ဝန်ကတော့ သူ့မြို့ထဲက နေအိမ်ပေါင်း ၄ ပုံ ၃ ပုံကို ဘေးလွတ်ရာ တိမ်းရှောင်ခိုင်းခဲ့ရတယ်လို့ ပြောပါတယ်။

Woolsey နဲ့ Hill ဒေသတွေမှာ မိုးခေါင်ပြီး Santa Anaလေပြင်းတိုက်ခတ်ခဲ့တဲ့အတွက် ကြာသပတေးနေ့ ညဘက် မှာ တောမီးတွေ စတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG