သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်လီဖိုးနီးယားတောမီး ပြည်နယ်သမိုင်းမှာ တတိယအကြီးဆုံး


အမေရိကန်ပြည်ထောင်စု ကယ်လီဖိုနီးယားပြည်နယ် Los Angeles မြို့နားတဝိုက်မှာ လောင်နေတဲ့ တောမီးဟာ ၊ အခုဆိုရင် ၂၀၁၃ ခုနှစ်က လောင်ခဲ့တဲ့ တောမီးထက် မြေဧရိယာ ဟက်တာ ၈၀၀ ကျော် ပိုလောင်ကျွမ်းခဲ့တာကြောင့်၊ ပြည်နယ်ရဲ့ သမိုင်းတလျှောက် တတိယ အကြီးမားဆုံး တောမီးဖြစ်တယ်လို့ မှတ်ယူနေကြပါတယ်။

အခုဆိုရင် တခြားပြည်နယ် ၁၂ ခုက မီးသတ်သမား ၈ ထောင်လောက်ကလည်း ရဟတ်ယာဉ်တွေ မြေတူးစက်တွေ နဲ့ အတူ ဒီတောမီးကို ငြိမ်းသတ်ဖို့အတွက် ကယ်လီဖိုးနီးယားပြည်နယ်ကို ရောက်ရှိနေကြတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးတာဝန်ရှိသူတွေက ပြောပါတယ်။

မီးငြှိမ်းသတ်ဖို့အတွက် ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၈၉ သန်း နီးပါးကုန်ကျမယ်လို့ ခန့်မှန်းနေကြပါတယ်။ အခုလအစောပိုင်းက စတင်ခဲ့တဲ့ ဒီ Thomas Fire လို့ခေါ်တဲ့ တောမီးဟာ အခုဆိုရင် မြေဧရိယာ ဟက်တာ ၁ သိန်း ၅ ထောင်လောက်ကို လောင်ကျွမ်းခဲ့တာကြောင့် ၊ တချို့မြို့တွေထက်ကို ပိုကြီးတယ်လို့ ပြောရမှာဖြစ်ပါတယ်။ အခုလောင်ကျွမ်းနေတဲ့ တောမီးရဲ့ ၄၀ ရာခိုင်နှုန်းကို ငြိမ်းသတ်နိုင်လိုက်ပေမယ့်၊ အဆောက်အအုံ ၁၈၀၀၀ လောက်ကတော့ မီးဘေးအန္တရာယ်ခြိမ်းခြောက်မှု နဲ့ ကြုံနေရဆဲဖြစ်ကြောင်း၊ လေတိုက်နှုန်းပြင်းတာကြောင့် မီးစတွေလွင့်ပြီး မီးကူးစက်တာတွေဖြစ်လာနိုင်တယ်လို့ မီးသတ်တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG