သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေထုညစ်ညမ်းမှုကြောင့် အင်ဒိုနီးရှား ကျောင်းတချို့ ပိတ်မည်


အင်ဒိုနီးရှားတွင် တောမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နေသည့် မီးသတ်သမားတဦး။ (စက်တင်ဘာ ၁၁၊ ၂၀၁၉)
အင်ဒိုနီးရှားတွင် တောမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နေသည့် မီးသတ်သမားတဦး။ (စက်တင်ဘာ ၁၁၊ ၂၀၁၉)

အင်ဒိုနီးရှားနိုင်ငံ Borneo ကျွန်းမှာ သီတင်းတပတ်ကြာ တောမီး ဆက်တိုက်လောင်ကျွမ်းနေတဲ့အတွက် ထွက်လာတဲ့ မီးခိုးတွေကြောင့် လေထုညစ်ညမ်းတဲ့ အခြေအနေဟာ အန္တရာယ်အဆင့်ကို ရောက်ရှိလာနေပြီး အဲဒီဒေသရဲ့ မြို့နှစ်မြို့မှာ ကျောင်းတွေကို တပတ်ကြာ ပိတ်ထားမှာဖြစ်ကြောင်း အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ကြေညာခဲ့ပါတယ်။

အရှေ့တောင်အာရှက အင်ဒိုနီးရှားနဲ့ သူ့အိမ်နီးချင်းနိုင်ငံတွေမှာ အယ်လ်နီညို ရာသီဥတုကြောင့် ပူပြင်းခြောက်သွေ့တဲ့ဒဏ်ကို ၂၀၁၅ ခုနှစ်က စတင်ခံစားခဲ့ရတာ ဖြစ်ပြီး ဒီနှစ်မှာတော့ အဆိုးရွားဆုံး ဖြစ်ခဲ့တာပါ။ ဒါ့အပြင် ဆီအုန်းစိုက်တဲ့ တောင်သူတွေ တောမီးရှို့တဲ့အတွက်ကြောင့် မီးခိုးမြူတွေရဲ့ဒဏ်ကို ဒေသခံတွေ ခံစားနေရပါတယ်။

Borneo ကျွန်းရဲ့ အချက်အချာ Kalimantan ပြည်နယ် Palangka Raya မြို့မှာ လေထုညစ်ညမ်းမှုနှုန်း အညွှန်းကိန်းဟာ ၅၀၀ ထိရှိနေပြီး အန္တရာယ်အဆင့်ကို ရောက်နေကြောင်း အင်ဒိုနီးရှား သဘာဝပတ်ဝန်းကျင်နဲ့ သစ်တောဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အညွှန်းကိန်း ၁၀၀ နဲ့အထက် ရောက်လာပြီဆိုရင် ကျန်းမာရေးအရ မသင့်တော်တဲ့အဆင့် ရောက်နေပြီ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Borneo ကျွန်း Kalimantan ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ သောကြာနေ့က ညွှန်ကြားချက်အရ Palangka Raya နဲ့ Sampit မြို့နှစ်မြို့က ကျောင်းတွေကို အခုလာမယ့် သီတင်းပတ်တပတ်လုံး ပိတ်ထားမှာဖြစ်တယ်လို့ အရာရှိတဦးက ပြောပါတယ်။

------------------------

[Unicode Version]






လေထုညစ်ညမ်းမှုကြောင့် အင်ဒိုနီးရှား ကျောင်းတချို့ ပိတ်မည်
please wait

No media source currently available

0:00 0:00:49 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG