သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတာမီးခိုးဒဏ္ေၾကာင့္ အင္ဒိုနီး႐ွားေဒသခံေတြ မိုးကိုတမ္းတ


အင္ဒိုနီး႐ွားေဒသခံမ်ား မိုးရြာေစေၾကာင္း ေသာၾကာေန႔မွာ ဆုေတာင္း

စုိက္ပ်ိဳးေျမ ေဖာ္ထုတ္ဖို႔ တရားမ၀င္ မီးရွိဳ႕မႈေတြေၾကာင့္ အင္ဒိုနီးရွားႏိုင္ငံ၊ Sumatra နဲ႔ ေဘာ္နီယို ကၽြန္းေတြမွာ ေတာမီး ေလာင္ကၽြမ္းမႈ အႀကီးအက်ယ္ ျဖစ္ေပၚေနျပီး ျပည္နယ္ရဲ႕ ျမိဳ႕ေတာ္အေပၚ မီးခိုးေတြ ဖုံးလႊမ္းေနပါတယ္။ အဲဒီလို မီးခိုးေတြ ဖုံးလႊမ္းေနတဲ့ အထဲမွာပဲ ေဒသခံ ျပည္သူ ရာေပါင္း မ်ားစြာ ကြင္းျပင္တစ္ခုထဲ စုေ၀းလို႔ မိုးရြာေစေၾကာင္း ေသာၾကာေန႔မွာ ဆုေတာင္းခဲ့ၾကပါတယ္။

မိုးေတြ ခ်က္ခ်င္းရြာျပီး မီးခိုးေတြ ေပ်ာက္သြားဖို႔ ဆုေတာင္းေနရပါတယ္လို႔ အသက္ ၅၇ ႏွစ္အရြယ္ အစုိုးရ ၀န္ထမ္း Rahmad က ေျပာပါတယ္။

ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴးရဲ႕ အဆိုအရ ေတာမီး ေလာင္ကၽြမ္းမႈေတြေၾကာင့္ ေက်ာင္းေပါင္း ၃၉၀၀ နီးပါး ေသာၾကာေန႔က ယာယီ ပိတ္ထားခဲ့ရပါတယ္။ မေလးရွားႏုိင္ငံဘက္မွာလည္း ေက်ာင္းေတြ ေသာၾကာေန႔မွာ ပိတ္ခဲ့ရတယ္လို႔ ဆိုပါတယ္။

အင္ဒိုနီးရွား ေတာမီးေၾကာင့္ မီးခိုးေငြ႕ေတြဟာ မေလးရွားႏုိ္င္ငံဘက္ကို ပ်ံ႕လြင့္ေနတာေၾကာင့္ ႏွစ္ႏုိင္ငံအၾကား သံတမန္ေရး အျငင္းပြား မႈေတြ ျဖစ္ေပၚခဲ့ရသလို စင္ကာပူႏိုင္ငံမွာလည္း အေဆာက္အဦး ျပင္ပ သြားလာ လွဳပ္ရွားမႈေတြကို ေလ်ွာ့ခ်ဖို႔ အစိုးရက ျပည္သူလူထုကို သတိေပးထားပါတယ္။

[Unicode Version]

စိုက်ပျိုးမြေ ဖော်ထုတ်ဖို့ တရားမဝင် မီးရှို့မှုတွေကြောင့် အင်ဒိုနီးရှားနိုင်ငံ၊Sumatra နဲ့ ဘော်နီယို ကျွန်းတွေမှာ တောမီး လောင်ကျွမ်းမှု အကြီးအကျယ် ဖြစ်ပေါ်နေပြီး ပြည်နယ်ရဲ့ မြို့တော်အပေါ် မီးခိုးတွေ ဖုံးလွှမ်းနေပါတယ်။ အဲဒီလို မီးခိုးတွေ ဖုံးလွှမ်းနေတဲ့ အထဲမှာပဲ ဒေသခံ ပြည်သူ ရာပေါင်း များစွာ ကွင်းပြင်တစ်ခုထဲ စုဝေးလို့ မိုးရွာစေကြောင်း သောကြာနေ့မှာ ဆုတောင်းခဲ့ကြပါတယ်။

မိုးတွေ ချက်ချင်းရွာပြီး မီးခိုးတွေ ပျောက်သွားဖို့ ဆုတောင်းနေရပါတယ်လို့ အသက် ၅၇ နှစ်အရွယ် အစိုးရ ဝန်ထမ်း Rahmad က ပြောပါတယ်။

ပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့ အဆိုအရ တောမီး လောင်ကျွမ်းမှုတွေကြောင့် ကျောင်းပေါင်း ၃၉၀၀ နီးပါး သောကြာနေ့က ယာယီ ပိတ်ထားခဲ့ရပါတယ်။ မလေးရှားနိုင်ငံဘက်မှာလည်း ကျောင်းတွေ သောကြာနေ့မှာ ပိတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှား တောမီးကြောင့် မီးခိုးငွေ့တွေဟာ မလေးရှားနိုင်ငံဘက်ကို ပျံ့လွင့်နေတာကြောင့် နှစ်နိုင်ငံအကြား သံတမန်ရေး အငြင်းပွား မှုတွေ ဖြစ်ပေါ်ခဲ့ရသလို စင်ကာပူနိုင်ငံမှာလည်း အဆောက်အဦး ပြင်ပ သွားလာ လှုပ်ရှားမှုတွေကို လျှော့ချဖို့ အစိုးရက ပြည်သူလူထုကို သတိပေးထားပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG