သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလက်ထောက် အတွင်းရေးမှူးချုပ် ရှေ့သီတင်းပတ် မြန်မာပြည်သွားမည်


အရေးပေါ်ကူညီကယ်ဆယ်ရေးဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူး Ursula Mueller
အရေးပေါ်ကူညီကယ်ဆယ်ရေးဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူး Ursula Mueller

ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ်လည်းဖြစ်၊ အရေးပေါ်ကူညီကယ်ဆယ်ရေးဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူးလည်းဖြစ်တဲ့ Ursula Mueller ဟာ မြန်မာနိုင်ငံကို ရှေ့သီတင်းပါတ်ထဲ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ဖြစ်နေတဲ့ လူသားချင်းစာနာစရာအခြေအနေတွေကို ကိုယ်တွေ့သိမြင်နိုင်ဖို့ မေလ ၉ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ သွားရောက်မယ့် ခရီးစဉ်ဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက သတင်းထုတ်ပြန်ပါတယ်။

လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေရဲ့ သက်ရောက်မှုတွေကိုလေ့လာပြီး အိုးအိမ်စွန့်ခွာခဲ့ရသူတွေနဲ့ အန္တရာယ်ကြုံနိုင်တဲ့ သူတွေအတွက် ရေရှည်ဘယ်လို အကူအညီပေးနိုင်မလဲဆိုတဲ့ ကိစ္စတွေကို ခရီးစဉ်အတွင်း ဆွေးနွေးမယ်လို့ပြောပါတယ်။

လူသားချင်းစာနာစရာ အကူအညီတွေပေးတဲ့နေရာမှာ တိုးတက်မှုရှိစေရေးနဲ့ မြန်မာနိုင်ငံတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲဆိုတဲ့ နည်းလမ်းတွေကို သက်ဆိုင်သူတွေနဲ့ ဆွေးနွေးမယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အရေးပေါ်ကူညီကယ်ဆယ်ရေးဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူး Ursula Mueller ရဲ့ခရီးအတွင်း လူသားချင်းစာနာစရာ အကူအညီလိုအပ်နေသူတွေ၊ အစိုးရထိပ်တန်းတာဝန်ရှိသူတွေ၊ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးနေတဲ့ မိတ်ဖက်အဖွဲ့တွေနဲ့ တေ့ွဆုံဖို့ရှိသလို ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့က စစ်ရှောင်စခန်းတွေကိုလည်း သွားရောက်ဖို့ရှိတယ်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အခုခရီးစဉ်ဟာ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Mueller ရဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံခရီးစဉ်ဖြစ်ပါတယ်။ သူဟာ Indonesia နိုင်ငံ Jakarta မြို့တော်မှာ ကျင်းပမယ့် ASEAN နဲ့ ကုလသမဂ္ဂ အဆင့်မြင့်တာဝန်ရှိသူများ စည်းဝေးပွဲတက်ရောက်ပြီး မြန်မာနိုင်ငံကိုလာမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG