သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေးနဲ့ ဒေသတွင်းကိစ္စတွေ ဆွေးနွေးမယ့် အာဆီယံညီလာခံ စတင်


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN ရဲ့ ၃၄ ကြိမ်မြောက် ထိပ်သီးညီလာခံ (ဇွန်၊ ၂၂၊ ၂၀၁၉)
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN ရဲ့ ၃၄ ကြိမ်မြောက် ထိပ်သီးညီလာခံ (ဇွန်၊ ၂၂၊ ၂၀၁၉)

ရခိုင်ပြည်နယ်က ရိုဟင်ဂျာဒုက္ခသည် အရေးအပါဝင် အာဆီယံဒေသတွင်းကိစ္စရပ် အတော်များများကို ဆွေးနွေးမယ့် အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN ရဲ့ ၃၄ ကြိမ်မြောက် ထိပ်သီးညီလာခံကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဒီကနေ့ စတင်ကျင်းပပါတယ်။

၂ ရက်တာ ကျင်းပမယ့် အာဆီယံ ညီလာခံမှာတော့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်ကြောင့် ဖိလစ်ပိုင်နိုင်ငံက စက်လှေတစင်းနစ်မြှုပ်ပြီး ဖိလစ်ပိုင်ငါးဖမ်းသမား ၂၂ ဦး အန္တရာယ်ရောက်ခဲ့တဲ့ အခြေအနေကြောင့် တောင်တရုတ်ပင်လယ်ထဲက နယ်မြေပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ကိစ္စ တဖန်ပြန်ပြီး အာရုံစိုက်စရာ ဖြစ်လာမယ်လို့လည်း ခန့်မှန်းရပါတယ်။

ဒါ့အပြင် ၂၀၁၇ သြဂုတ်လက ရခိုင်ပြည်နယ်တွင်း မြန်မာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာမွတ်ဆလင် ၇၀၀,၀၀၀ ကျော်ကို ပြန်လည်လက်ခံမယ့် ကိစ္စကိုလည်း အဓိက အာရုံစိုက်ကြတဲ့ အကြောင်းအရာထဲမှာ ပါဝင်ပါတယ်။

လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားတဲ့ လုပ်ရပ်တွေဆိုပြီး ကုလသမဂ္ဂက ပြောဆိုထားတဲ့ ရခိုင်ပြည်နယ်တွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး အာဆီယံဘက်က ဘာမှလုပ်ကိုင်နိုင်ခြင်း မရှိဘူးလို့လည်း ဝေဖန်သံ တွေရှိနေတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်ခံအသိအမှတ်ပြုမထားတဲ့ မြန်မာအစိုးရကတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ ဝေဖန်ပြောဆိုချက်တွေအပေါ် အမြဲလို ငြင်းဆန် တုံ့ပြန်ထားပါတယ်။

အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံတွေဖြစ်ကြတဲ့ Brunei, Cambodia, Indonesia, Laos, Malaysia, Myanmar, Philippines, Singapore, Thailand နဲ့ Vietnam က နိုင်ငံခေါင်းဆောင်တွေလည်း ညီလာခံကို တက်ရောက်လာသလို မြန်မာနိုင်ငံကတော့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG