သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒို Anak Krakatau မီးတောင် သတိပေးချက်တိုးမြင့်


Anak Krakatau မီးတောင်
Anak Krakatau မီးတောင်

အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းဒေသမှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ လူပေါင်း ၄၃၀ ထက်မနည်း သေဆုံးခဲ့တဲ့အထိ ဆူနာမီ ရေလှိုင်းတွေ ဖြစ်ခဲ့တဲ့ Anak Krakatau မီးတောင်ပေါက်ကွဲမှု အန္တရာယ် သတိပေးချက်ကို အာဏာပိုင်တွေ အဆင့်တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

ဓာတ်ငွေ့ပူတွေ၊ မီးတောင်ပေါက်ကွဲမှုက ထွက်ပေါ်လာတဲ့ အစအနတွေ ပင်လယ်ပြင်ထဲ ပေါက်ကွဲ ကျရောက်နေပြီး၊ ကြီးမားတဲ့ မီးခိုးပြာထုတွေ လေထဲမှာ ဆက်လက် လွင့်ပျံ့နေချိန်မှာပဲ အင်ဒိုနီးရှား အရေးပေါ် စီမံခန့်ခွဲရေး တာဝန်ရှိသူတွေက အန္တရာယ်ရှိတဲ့ ဒုတိယအဆင့်ကို တိုးမြှင့်လိုက်တာပါ။

မီးတောင်လှုပ်ရှားမှုတွေနဲ့ ဒီရေလှိုင်းတွေ မြင့်တက်နေတဲ့အတွက် နောက်တကြိမ် ဆူနာမီ ရေလှိုင်းတွေ ထပ်မံရိုက်ခတ်နိုင်တာကြောင့် မီးတောင်ပတ်ဝန်းကျင် ကန့်သတ်နယ်မြေကိုလည်း ၅ ကီလိုမီတာအထိ တိုးချဲ့သတ်မှတ်လိုက်ပါတယ်။ အရပ်ဖက် လေကြောင်းအာဏာပိုင်တွေကလည်း မီးတောင်ပေါက်ကွဲမှုဖြစ်ရာ ဒေသတဝိုက် ပျံသန်းမှုတွေမလုပ်ဖို့ ညွှန်ကြားထားပါတယ်။

ဂျာဗားကျွန်း အနောက်ပိုင်းနဲ့ ဆူမားထြားကျွန်း တောင်ပိုင်းဒေသတွေကို စနေနေ့တုန်းက ရိုက်ခတ်ခဲ့တဲ့ ဆူနာမီရေလှိုင်းတွေဟာ Anak Krakatau မီးတောင်ပေါက်ကွဲရာက မီးတောင်၀ တစိတ်တပိုင်း ပင်လယ်ထဲ ပြိုကျခဲ့ရာက ဖြစ်ပေါ်ခဲ့ရတာလို့လည်း ကျွမ်းကျင်သူတွေက ယူဆထားကြတာပါ။ ကြိုတင်သတိပေးချက်မရဘဲ ရုတ်တရက် ဆူနာမီရေလှိုင်းတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် ဂျာဗားနဲ့ ဆူမားထြား ကျွန်းတွေကြားက Sunda ရေလက်ကြားတလျှောက်က နာမည်ကျော် ကမ်းခြေတွေ၊ ခရီးသွားတွေ တည်းခိုရာ ဟိုတယ်တွေ အပါအဝင် ကမ်းရိုးတန်းဒေသ နေရာတော်တော်များများဟာလည်း ရေထဲမျောပါကုန်ကျပါတယ်။

ဆူနာမီရေလှိုင်းဒဏ်ကြောင့် လူပေါင်း ၁၅၀၀ နီးပါး ဒဏ်ရာရခဲ့ပြီး၊ ၁၅၀ လောက်ဟာလည်း ပျောက်ဆုံးနေဆဲ ဖြစ်သလို၊ ထောင်နဲ့ချီတဲ့လူတွေဟာလည်း အိုးအိမ်စွန့်ခွာခဲ့ကြရတာပါ။ အလှမ်းဝေးတဲ့ ကျွန်းတွေက ဒေသခံတွေကို အရေးပေါ် အကူအညီတွေနဲ့ စက်ယန္တယားကြီးတွေ ပို့ဆောင်ဖို့ ကြိုးပမ်းမှုတွေဟာလည်း မိုးအပြင်းအထန် ရွာသွန်းမှုတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အင်ဒို Anak Krakatau မီးတောင် သတိပေးချက်တိုးမြင့်
please wait

No media source currently available

0:00 0:01:24 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG