သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူငယ္ေတြအေပၚ ေမွ်ာ္လင့္ခ်က္ထားေၾကာင္း ကုလအတြင္းေရးမွဴးခ်ဳပ္ေျပာ


Zaw Gyi & Unicode

ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ Antonio Guetteres က သူ႔ရဲ႕ ႏွစ္သစ္ကူး ႏွဳတ္ခြန္းဆက္သ၀ဏ္လႊာမွာ ကုန္လြန္ေတာ့မယ့္ ၂၀၁၉ ခုႏွစ္ကို စိတ္ပ်က္ အားငယ္စဖြယ္ သုံးသပ္ထားေပမဲ့ ၂၀၂၀ ႏွစ္သစ္အတြက္ေတာ့ လူငယ္ေတြအေပၚ ယုံၾကည္အားထားလို႔ ပိုေကာင္းတဲ့ အနာဂတ္ဖန္တီးဖို႔ ေမွ်ာ္လင့္ ခ်က္ေတြ အျပည့္ရွိေနပါတယ္။ ဂ်ီနီဗာၿမိဳ႕ကုလသမဂၢအဖြဲ႔႐ုံးကဗီအိုေအသတင္းေထာက္ Lisa Schlein သတင္းေပးပို႔ထားတာကို ကိုရဲမင္းထြန္းက ေျပာျပေပးပါမယ္။

ကုလသမဂၢအဖြဲ႔ႀကီးရဲ႕ အၾကီအကဲ Antonio Guetteres က ၂၀၂၀ ျပည့္ႏွစ္နဲ႔ လာမယ့္ဆယ္စုႏွစ္သစ္တစ္ခုလုံးကို ေမွ်ာ္မွန္းၾကည့္ရာမွာေတာ့ စိုးရိမ္စိတ္ေတြနဲ႔ေရာ၊ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ပါ ေရာႁပြန္းလို႔ေနပါတယ္။ ႏွစ္သစ္ကို ႀကိဳဆိုရင္း သူက အနာဂတ္မွာ ေစာင့္ႀကိဳေနတဲ့ မေသခ်ာမေရရာမွႈေတြနဲ႔ မလုံၿခံဳမႈေတြက စိုးရိမ္စိတ္ကို ျဖစ္ေပၚေစရတဲ့အေၾကာင္းရင္းေတြပါလို႔ ဆိုပါတယ္။

လူသားေတြအၾကား မညီမွ်မႈေတြနဲ႔ အမုန္းတရားေတြ တိုးလာတာေတြ၊ ပဋိပကၡစစ္ပြဲေတြ၊ ကမၻာၿဂိဳဟ္ပူေႏြးလာတာေတြဟာ ကမၻာႀကီးရဲ႕ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္မႈကို လတ္တေလာ ျခိမ္းေျခာက္ေနတယ္လို႔ သူက ယုံၾကည္ေနပါတယ္။ အထူးသျဖင့္ ကမၻာ့ပတ္၀န္းက်င္ ဥတုရာသီေျပာင္းလဲမႈဟာ ေရရွည္ ျပႆနာတစ္ခုျဖစ္႐ုံသာမက မ်က္ေမွာက္ကာလမွာ ထင္ထင္ရွားရွားႀကီး ရင္ဆိုင္ေနရတဲ့အႏၱရာယ္တခုျဖစ္တယ္လို႔လည္းဆိုပါတယ္။ ကမၻာႀကီးေလာင္ကၽြမ္းေနခ်ိန္မွာ လက္ရွိမ်ိဳးဆက္ ဘာမွမယ္မယ္ရရ မလုပ္ဘဲေနတာကို ဒီအတိုင္း ၾကည့္ေနလို႔ မရေတာ့ဘူးလို႔ သူက ေျပာ ပါတယ္။

“ေမွ်ာ္လင့္ခ်က္ေတြ ရွိေနပါေသးတယ္။ ဒီႏွစ္ က်ေနာ့္ရဲ႕ ႏွစ္သစ္ကူးအမွာစကားက ဘာလဲဆိုေတာ့ အနာဂတ္ ေမွ်ာ္လင့္ခ်က္ေတြရဲ႕အႀကီးျမင့္ဆုံး အရင္းအျမစ္က ကမၻာ့လူငယ္ေတြဆိုတာပါပဲ။ ဥတုရာသီေျပာင္းလဲမႈကစလို႔ လူမႈေရးတရားမွ်တမႈ၊ က်ား၊ မ သာတူညီမွ်ရွိေရးနဲ႔ လူ႔အခြင့္အေရးကိစၥေတြ အဆုံး မင္းတို႔တေတြရဲ႕မ်ိဳးဆက္ဟာ ေရွ႕တန္းတပ္ဦးမွာရွိေနမွာျဖစ္သလို ထိပ္တန္းသတင္းေတြအျဖစ္လည္း ဖန္တီးေနရပါမယ္။ မင္းတို႔ရဲ႕သံႏိၷဌာန္ စိတ္ဓါတ္နဲ႔ စိတ္အားထက္သန္မႈကို ေလးစားလို႔မဆုံးပါဘူး။ အနာဂတ္ကို ပုံေဖာ္ဖို႔ မင္းတို႔တေတြ မင္းတို႔ရဲ႕အခန္းက႑ကို မွန္မွန္ကန္ကန္ ေတာင္းဆိုေနၾကတာပါ။ မင္းတို႔နဲ႔အတူ ငါရွိေနပါမယ္။ မင္းတို႔နဲ႔အတူကုလသမဂၢအဖြဲ႔ႀကီး အတူရွိေနပါတယ္။ ကုလသမဂၢအဖြဲ႔ႀကီးဟာ မင္းတို႔ ပိုင္္တဲ့ အဖြဲ႔ႀကီးပါ။”

စက္တင္ဘာလတုန္းကေတာ့ ကုလသမဂၢအဖြဲ႔ႀကီးက (Fridays for Future) အနာဂတ္အတြက္ ေသာၾကာေန႔မ်ားဆိုတဲ့ ကမၻာလုံးဆိုင္ရာ ေက်ာင္းသားမ်ားလွဳပ္ရွားမႈအဖြဲ႔ႀကီးကို ကုလသမဂၢအဖြဲ႔ႀကီးရဲ႕ ပတ္၀န္းက်င္ဆိုင္ရာဆု ခ်ီးျမႇင့္ခဲ့ပါတယ္။ အဲဒီ ကမၻာလုံးဆိုင္ရာ ေက်ာင္းသားမ်ား လွဳပ္ရွားမႈ အဖြဲ႔ဟာ ဆီြဒင္ဆယ္ေက်ာ္သက္ မိန္းကေလး Greta Thunberg ရဲ႕ ဖန္လုံအိမ္အာနိသင္ဓါတ္ေငြ႔ေတြ ေလွ်ာ့ခ်ေရး လွဳံ႕ေဆာ္ေတာင္းဆိုေနမႈကို အားက်ၿပီး ဖြဲ႔စည္းေပၚေပါက္လာတာပါ။

ကမၻာႀကီးပူေႏြးလာမႈက ကမၻာၿဂိဳဟ္ေပၚက သက္ရွိဘ၀ေတြကို အႏၱရာယ္ျပဳၿခိမ္းေျခာက္ေနတယ္လို႔ ယုံၾကည္ေနသူ Guterres ဟာ လူငယ္ လွဳပ္ရွား တက္ႂကြသူေတြရဲ႕ ဦးေဆာင္လမ္းျပတေယာက္ျဖစ္ပါတယ္။ လူငယ္ေတြ သူတို႔ယုံၾကည္ရာ ထုတ္ေဖာ္ေျပာဆိုတာနဲ႔ လူငယ္ေတြ ျမင့္ျမင့္မားမား ေတြးေခၚတာကို ဒီကမၻာႀကီးလိုအပ္ေနတယ္လို႔ သူက ေျပာပါတယ္။ လူငယ္ေတြအေနနဲ႔ ကိုယ္လုပ္ႏုိင္တဲ့နယ္ပယ္ေတြကို တိုးခ်ဲ႕ ခ်ဲ႕ထြင္လုပ္ကိုင္ၾကဖို႔နဲ႔ လက္ရွိမ်ိဳးဆက္ကို ဖိအားေတြဆက္ေပးေနဖို႔လည္း တိုက္တြန္းသြားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


Unicode

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guetteres က သူ့ရဲ့ နှစ်သစ်ကူး နှုတ်ခွန်းဆက်သဝဏ်လွှာမှာ ကုန်လွန်တော့မယ့် ၂၀၁၉ ခုနှစ်ကို စိတ်ပျက် အားငယ်စဖွယ် သုံးသပ်ထားပေမဲ့ ၂၀၂၀ နှစ်သစ်အတွက်တော့ လူငယ်တွေအပေါ် ယုံကြည်အားထားလို့ ပိုကောင်းတဲ့ အနာဂတ်ဖန်တီးဖို့ မျှော်လင့် ချက်တွေ အပြည့်ရှိနေပါတယ်။ ဂျီနီဗာမြို့ကုလသမဂ္ဂအဖွဲ့ရုံးက ဗီအိုအေသတင်းထောက် Lisa Schlein သတင်းပေးပို့ထားတာကို ကိုရဲမင်းထွန်းက ပြောပြပေးပါမယ်။

ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အကြီအကဲ Antonio Guetteres က ၂၀၂၀ ပြည့်နှစ်နဲ့ လာမယ့်ဆယ်စုနှစ်သစ်တစ်ခုလုံးကို မျှော်မှန်းကြည့်ရာမှာတော့ စိုးရိမ်စိတ်တွေနဲ့ရော၊ မျှော်လင့်ချက်တွေနဲ့ပါ ရောပြွန်းလို့နေပါတယ်။ နှစ်သစ်ကို ကြိုဆိုရင်း သူက အနာဂတ်မှာ စောင့်ကြိုနေတဲ့ မသေချာမရေရာမှှုတွေနဲ့ မလုံခြုံမှုတွေက စိုးရိမ်စိတ်ကို ဖြစ်ပေါ်စေရတဲ့အကြောင်းရင်းတွေပါလို့ ဆိုပါတယ်။

လူသားတွေအကြား မညီမျှမှုတွေနဲ့ အမုန်းတရားတွေ တိုးလာတာတွေ၊ ပဋိပက္ခစစ်ပွဲတွေ၊ ကမ္ဘာဂြိုဟ်ပူနွေးလာတာတွေဟာ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို လတ်တလော ခြိမ်းခြောက်နေတယ်လို့ သူက ယုံကြည်နေပါတယ်။ အထူးသဖြင့် ကမ္ဘာ့ပတ်ဝန်းကျင် ဥတုရာသီပြောင်းလဲမှုဟာ ရေရှည် ပြဿနာတစ်ခုဖြစ်ရုံသာမက မျက်မှောက်ကာလမှာ ထင်ထင်ရှားရှားကြီး ရင်ဆိုင်နေရတဲ့အန္တရာယ်တခုဖြစ်တယ်လို့လည်းဆိုပါတယ်။ ကမ္ဘာကြီးလောင်ကျွမ်းနေချိန်မှာ လက်ရှိမျိုးဆက် ဘာမှမယ်မယ်ရရ မလုပ်ဘဲနေတာကို ဒီအတိုင်း ကြည့်နေလို့ မရတော့ဘူးလို့ သူက ပြော ပါတယ်။

“မျှော်လင့်ချက်တွေ ရှိနေပါသေးတယ်။ ဒီနှစ် ကျနော့်ရဲ့ နှစ်သစ်ကူးအမှာစကားက ဘာလဲဆိုတော့ အနာဂတ် မျှော်လင့်ချက်တွေရဲ့အကြီးမြင့်ဆုံး အရင်းအမြစ်က ကမ္ဘာ့လူငယ်တွေဆိုတာပါပဲ။ ဥတုရာသီပြောင်းလဲမှုကစလို့ လူမှုရေးတရားမျှတမှု၊ ကျား၊ မ သာတူညီမျှရှိရေးနဲ့ လူ့အခွင့်အရေးကိစ္စတွေ အဆုံး မင်းတို့တတွေရဲ့မျိုးဆက်ဟာ ရှေ့တန်းတပ်ဦးမှာရှိနေမှာဖြစ်သလို ထိပ်တန်းသတင်းတွေအဖြစ်လည်း ဖန်တီးနေရပါမယ်။ မင်းတို့ရဲ့သံန္နိဌာန် စိတ်ဓါတ်နဲ့ စိတ်အားထက်သန်မှုကို လေးစားလို့မဆုံးပါဘူး။ အနာဂတ်ကို ပုံဖော်ဖို့ မင်းတို့တတွေ မင်းတို့ရဲ့အခန်းကဏ္ဍကို မှန်မှန်ကန်ကန် တောင်းဆိုနေကြတာပါ။ မင်းတို့နဲ့အတူ ငါရှိနေပါမယ်။ မင်းတို့နဲ့အတူကုလသမဂ္ဂအဖွဲ့ကြီး အတူရှိနေပါတယ်။ ကုလသမဂ္ဂအဖွဲ့ကြီးဟာ မင်းတို့ ပိုင်တဲ့ အဖွဲ့ကြီးပါ။”

စက်တင်ဘာလတုန်းကတော့ ကုလသမဂ္ဂအဖွဲ့ကြီးက (Fridays for Future) အနာဂတ်အတွက် သောကြာနေ့များဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာ ကျောင်းသားများလှုပ်ရှားမှုအဖွဲ့ကြီးကို ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ပတ်ဝန်းကျင်ဆိုင်ရာဆု ချီးမြှင့်ခဲ့ပါတယ်။ အဲဒီ ကမ္ဘာလုံးဆိုင်ရာ ကျောင်းသားများ လှုပ်ရှားမှု အဖွဲ့ဟာ ဆွီဒင်ဆယ်ကျော်သက် မိန်းကလေး Greta Thunberg ရဲ့ ဖန်လုံအိမ်အာနိသင်ဓါတ်ငွေ့တွေ လျှော့ချရေး လှုံ့ဆော်တောင်းဆိုနေမှုကို အားကျပြီး ဖွဲ့စည်းပေါ်ပေါက်လာတာပါ။

ကမ္ဘာကြီးပူနွေးလာမှုက ကမ္ဘာဂြိုဟ်ပေါ်က သက်ရှိဘဝတွေကို အန္တရာယ်ပြုခြိမ်းခြောက်နေတယ်လို့ ယုံကြည်နေသူ Guterres ဟာ လူငယ် လှုပ်ရှား တက်ကြွသူတွေရဲ့ ဦးဆောင်လမ်းပြတယောက်ဖြစ်ပါတယ်။ လူငယ်တွေ သူတို့ယုံကြည်ရာ ထုတ်ဖော်ပြောဆိုတာနဲ့ လူငယ်တွေ မြင့်မြင့်မားမား တွေးခေါ်တာကို ဒီကမ္ဘာကြီးလိုအပ်နေတယ်လို့ သူက ပြောပါတယ်။ လူငယ်တွေအနေနဲ့ ကိုယ်လုပ်နိုင်တဲ့နယ်ပယ်တွေကို တိုးချဲ့ ချဲ့ထွင်လုပ်ကိုင်ကြဖို့နဲ့ လက်ရှိမျိုးဆက်ကို ဖိအားတွေဆက်ပေးနေဖို့လည်း တိုက်တွန်းသွားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG