သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဒုကၡသည္ဆိုင္ရာ ႏုိင္္ငံတကာညီလာခံမွာ ျမန္မာကိုယ္စားလွယ္  ေျပာဆိုဖို႔ရွိ


ဂ်ီနီဗာ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း (သတင္းဓါတ္ပံု-၂၀၁၉ ႏို၀င္ဘာလ ၉ ရက္ေန႔ )

(Zawgyi/Unicode)

ကမၻာ့ ဒုကၡသည္ ပဋိပကၡကို ေျဖရွင္းေရး သံုးရက္ၾကာ ညီလာခံကို ဆြစ္ဇာလန္ ႏိုင္ငံ ဂ်ီနီဗာ ၿမိဳ႕မွာ တနလာၤေန႔က စတင္ေနပါတယ္။ အစိုးရ အဖြဲ႔၀င္ ၀န္ႀကီး ၁၀၀ နီးပါး အပါအ၀င္ ကိုယ္စားလွယ္ေပါင္း ေထာင္နဲ႔ခ်ီ တက္ေရာက္ေနတဲ႔ ကုလသမဂၢရဲ႕ ကမၻာ့ ဒုကၡသည္မ်ား ဖိုရမ္မွာေတာ့ ပဋိပကၡေတြေၾကာင့္ အိုးအိမ္စြန္႔ခြာ ထြက္ေျပးေနရတဲ႔ သန္းနဲ႔ခ်ီတဲ႔ ဒုကၡသည္ေတြကို ကူညီေရး အတြက္ နည္းလမ္းရွာ ေဆြးေႏြးေနၾကတာပါ။ ကမၻာေပၚမွာ ဒုကၡသည္ အမ်ားဆံုး ႏုိင္ငံမ်ား စာရင္း၀င္ ျမန္မာႏိုင္ငံက ကိုယ္စားလွယ္ အဖြဲ႔လည္း ညီလာခံမွာ တက္ေရာက္ေနၾကပါတယ္။ Henry Ridgwell ရဲ႕ သတင္းေဆာင္းပါးကို မသိဂၤ ီထုိက္ ေျပာျပေပးမွာပါ။

ရခုိင္ ပဋိပကၡေတြေၾကာင့္ ရိုဟင္ဂ်ာ မြတ္ဆလင္ ၇ သိန္းေက်ာ္က ဘဂၤလားေဒရွ္႕မွာ ခုိလံႈေနၾကရတဲ႔ အခ်က္ေၾကာင့္ ျမန္မာႏုိင္ငံဟာ ကမၻာေပၚမွာ ဒုကၡသည္ အမ်ားဆံုး ႏုိင္ငံတႏုိင္ငံ အျဖစ္ စာရင္း၀င္ေနတာပါ။ ႏွစ္နဲ႔ခ်ီ ၾကာျမင့္လာၿပီးေနာက္ ဒီဒုကၡသည္ေတြ ဌာေနျပန္ေရးကလည္း မေရမရာ ျဖစ္ေနပါတယ္။ ျမန္မာဘက္က ရိုဟင္ဂ်ာ ဆိုတဲ႔ အသံုးအႏႈန္းကို လက္မခံတဲ႔ ကိစၥက ဒုကၡသည္ေတြ ဌာေနျပန္ေရး အတြက္ အဓိက အတားအဆီး တခု ျဖစ္ေနတာပါ။ အခု ကမၻာ့ဒုကၡသည္မ်ားဆိုင္ရာ ညီလာခံမွာေတာ့ ဂ်ီနီဗာ ကုသလဂၢ ဌာနခ်ဳပ္ရဲ႕ ျမန္မာ အၿမဲတမ္း ကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း တက္ေရာက္ေနၿပီး ျမန္မာဘက္က ေဆြးေႏြးဖို႔လည္း ရွိေနပါတယ္။

ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ အဖြဲ႔ UNHCR သမိုင္းေၾကာင္း တေလွ်ာက္မွာ အႀကီးက်ယ္ဆံုး ျဖစ္တဲ႔ အခု ၂၀၁၉ ခုႏွစ္ ကမၻာ့ ဒုကၡသည္မ်ား ဖိုရမ္ကေတာ့ အဓိက အားျဖင့္ ကမၻာတလႊားက ပဋိပကၡေတြေၾကာင့္ အိုးအိမ္စြန္႔ခြာ ထြက္ေျပးရသူေပါင္း ၂၅ သန္းေက်ာ္ အေရးကို ေျဖရွင္းေရး နည္းလမ္းရွာဖို႔ ျဖစ္ပါတယ္။

ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres ကလည္း ကမၻာ့ ဒုကၡသည္မ်ား ဖိုရမ္မွာ ႏုိင္ငံတကာက ပိုၿပီး ပူးေပါင္းေဆာင္ရြက္ၾကဖို႔ တိုက္တြန္းသြားပါတယ္။

“အခုအခ်ိန္ဟာ ဆိုရင္ ႏုိင္ငံတကာရဲ႕ လက္ေတြ႔ ပူးေပါင္းေဆာင္ရြက္မႈ၊ ထိထိေရာက္ေရာက္ တံု႔ျပန္ေဆာင္ရြက္မႈေတြ အလိုအပ္ဆံုး အခ်ိန္ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း က်ေနာ္တို႔ ဒီမွာ ဆံုေတြ႔ေနၾကတာပါ။ ထြက္ေျပးေနၾကသူေတြ အတြက္ ပိုၿပီး ေကာင္းမြန္တဲ႔ ေျဖရွင္းခ်က္ လိုအပ္ပါတယ္၊ ဒီလူေတြကို လက္ခံထားတဲ႔ ႏုိင္ငံေတြနဲ႔ အသိုင္းအ၀ိုင္းေတြကို ပိုၿပီး ေထာက္ပံ႔ ကူညီဖို႔ လိုအပ္ပါတယ္။ ”

ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး Filippo Grandi ကေတာ့ အခု ကမၻာ့ ဒုကၡသည္ ဖိုရမ္ဟာဆိုရင္ ရန္ပံုေငြ အတြက္တင္ မကဘဲ ႏုိင္ငံေတြဘက္က ဒုကၡသည္ေတြ အေရးနဲ႔ ပတ္သက္ၿပီး မူ၀ါဒေတြ ခ်မွတ္ေဆာင္ရြက္ဖို႔ ကတိက၀တ္ေတြ ထြက္ေပၚလာေရး အတြက္ပါ ရည္ရြယ္တယ္လို႔ ေျပာဆိုထားပါတယ္။

ကမၻာတ၀န္းက လူေပါင္း သန္း ၇၀ ေက်ာ္ဟာ အတင္းအဓမၼ အိုးအိမ္စြန္႔ခြာ ထြက္ေျပးေနၾကရတယ္လို႔ ကုလသမဂၢက ခန္႔မွန္းထားပါတယ္။ ႏုိင္ငံအမ်ားစုက အထူးသျဖင့္ ခ်မ္းသာတဲ႔ ႏုိင္ငံေတြက အျပည့္အ၀ မကူညီဘူးလို႔လည္း ကုလသမဂၢက ေျပာပါတယ္။ အခု ဖိုရမ္မွာေတာ့ ဒုကၡသည္ အေရး တာ၀န္ႀကီးကို မွ်ေ၀ ထမ္းပိုးၾကေရး အတြက္လည္း ရည္ရြယ္တယ္လို႔ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ အဖြဲ႔ UNHCR ရဲ႕ အကာအကြယ္ေပးေရးဆိုင္ရာ လက္ေထာက္ ေကာ္မရွင္နာမင္းႀကီး Gillian Triggs က အခုလို ေျပာပါတယ္။

"အဓိက ရည္ရြယ္ခ်က္ကေတာ့ မၾကံဳစဖူး မ်ားျပားလွတဲ႔ လူ အေရအတြက္၊ ကမၻာတလႊား ေရႊ႕ေျပာင္းမႈ ၀န္ထုပ္၀န္ပိုးႀကီးနဲ႔ ဧရာမ တာ၀န္ႀကီးကို မွ်ေ၀ ထမ္းေဆာင္ၾကဖို႔ ျဖစ္ပါတယ္။"

အရင္တုန္းကလည္း အလားတူ တိုက္တြန္းခဲ႔ၾကတာပါ။ သံုးႏွစ္သား ဆီးရီးယား ဒုကၡသည္ Alan Kurdi ေရနစ္ ေသဆံုးမႈလိုမ်ိဳး ၀မ္းနည္းစရာ အျဖစ္မ်ိဳးေတြေၾကာင့္ ကမၻာတ၀န္းက ၀ိုင္း၀န္း ေဆာင္ရြက္ေပးၾကဖို႔ ေတာင္းဆိုခဲ႔ေပမယ့္ တိုးတက္မႈ မရွိသေလာက္ပါ။ ဆီးရီးယား စစ္ပြဲကေန ထြက္ေျပးလာသူ အမ်ားစု ျဖစ္တဲ႔ ဒုကၡသည္ သံုးသန္းခြဲကို တူရကီက လက္ခံထားရတာပါ။ အခု ကမၻာ့ ဒုကၡသည္ ဖိုရမ္မွာေတာ့ တူရကီ သမၼတ Recep Tayyip Erdogan လည္း တက္ေရာက္ေနပါတယ္။

ဥေရာပရဲ႕ ေရႊ႕ေျပာင္း အေျခခ်သူမ်ားဆိုင္ရာ မူ၀ါဒေတြကို တူရကီဘက္က ထပ္ခါတလဲလဲ ေ၀ဖန္ထားပါတယ္။ ၂၀၁၆ ခုႏွစ္ သေဘာတူညီခ်က္ အရ တူရကီကို ျဖတ္ၿပီး ဂရိကို သြားေရာက္တဲ႔ ေရႊ႕ေျပာင္း၀င္ေရာက္သူေတြကို တူရကီဘက္က တားဆီးခဲ႔ၿပီး အျပန္အလွန္အားျဖင့္ ေဒၚလာ ၆ ဒသမ ၇ ဘီလ်ံ အကူအညီ ရရွိခဲ႔ပါတယ္။ ေသာင္းခ်ီတဲ႔ ေရႊ႕ေျပာင္း အေျခခ်သူေတြ ဂရိ ကြ်န္းေတြက စခန္းေတြမွာ ေသာင္တင္ေနၾကရဆဲ ျဖစ္ပါတယ္။

ဆာဟာရ သဲကႏၱာရ ေတာင္ပိုင္း အာဖရိက ေဒသက ကမၻ့ ဒုကၡသည္ ဦးေရနဲ႔ ေလးပံုတပံုေက်ာ္ လက္ခံထားရပါတယ္။ ဗင္နီဇြဲလားမွာေတာ့ ႏုိင္ငံေရး မေျပလည္မႈေၾကာင့္ လူေပါင္း ၄ သန္းေက်ာ္ ႏုိင္ငံကေန ထြက္ေျပးေနၾကပါတယ္။ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ အဖြဲ႔ UNHCR အေနနဲ႔ေတာ့ ရန္ပံုေငြ မလံုေလာက္ ျဖစ္ေနၿပီး သူ႔အသံုးစာရိတ္ရဲ႕ ၄၃% ျဖစ္တဲ႔ ေဒၚလာ ၃.၅ ဘီလ်ံ လိုအပ္ေနတယ္လို႔ ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

ဒုက္ခသည်ဆိုင်ရာ နိုင်ငံတကာညီလာခံမှာ မြန်မာကိုယ်စားလှယ် ပြောဆိုဖို့ရှိ

(Unicode)

ကမ္ဘာ့ ဒုက္ခသည် ပဋိပက္ခကို ဖြေရှင်းရေး သုံးရက်ကြာ ညီလာခံကို ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာ မြို့မှာ တနလာၤနေ့က စတင်နေပါတယ်။ အစိုးရ အဖွဲ့ဝင် ဝန်ကြီး ၁၀၀ နီးပါး အပါအဝင် ကိုယ်စားလှယ်ပေါင်း ထောင်နဲ့ချီ တက်ရောက်နေတဲ့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့ ဒုက္ခသည်များ ဖိုရမ်မှာတော့ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ သန်းနဲ့ချီတဲ့ ဒုက္ခသည်တွေကို ကူညီရေး အတွက် နည်းလမ်းရှာ ဆွေးနွေးနေကြတာပါ။ ကမ္ဘာပေါ်မှာ ဒုက္ခသည် အများဆုံး နိုင်ငံများ စာရင်းဝင် မြန်မာနိုင်ငံက ကိုယ်စားလှယ် အဖွဲ့လည်း ညီလာခံမှာ တက်ရောက်နေကြပါတယ်။ Henry Ridgwell ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။

ရခိုင် ပဋိပက္ခတွေကြောင့် ရိုဟင်ဂျာ မွတ်ဆလင် ၇ သိန်းကျော်က ဘင်္ဂလားဒေရှ့်မှာ ခိုလှုံနေကြရတဲ့ အချက်ကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုက္ခသည် အများဆုံး နိုင်ငံတနိုင်ငံ အဖြစ် စာရင်းဝင်နေတာပါ။ နှစ်နဲ့ချီ ကြာမြင့်လာပြီးနောက် ဒီဒုက္ခသည်တွေ ဌာနေပြန်ရေးကလည်း မရေမရာ ဖြစ်နေပါတယ်။ မြန်မာဘက်က ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ ကိစ္စက ဒုက္ခသည်တွေ ဌာနေပြန်ရေး အတွက် အဓိက အတားအဆီး တခု ဖြစ်နေတာပါ။ အခု ကမ္ဘာ့ဒုက္ခသည်များဆိုင်ရာ ညီလာခံမှာတော့ ဂျီနီဗာ ကုသလဂ္ဂ ဌာနချုပ်ရဲ့ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်နေပြီး မြန်မာဘက်က ဆွေးနွေးဖို့လည်း ရှိနေပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အဖွဲ့ UNHCR သမိုင်းကြောင်း တလျှောက်မှာ အကြီးကျယ်ဆုံး ဖြစ်တဲ့ အခု ၂၀၁၉ ခုနှစ် ကမ္ဘာ့ ဒုက္ခသည်များ ဖိုရမ်ကတော့ အဓိက အားဖြင့် ကမ္ဘာတလွှားက ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၂၅ သန်းကျော် အရေးကို ဖြေရှင်းရေး နည်းလမ်းရှာဖို့ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကလည်း ကမ္ဘာ့ ဒုက္ခသည်များ ဖိုရမ်မှာ နိုင်ငံတကာက ပိုပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းသွားပါတယ်။

“အခုအချိန်ဟာ ဆိုရင် နိုင်ငံတကာရဲ့ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှု၊ ထိထိရောက်ရောက် တုံ့ပြန်ဆောင်ရွက်မှုတွေ အလိုအပ်ဆုံး အချိန် ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ ဒီမှာ ဆုံတွေ့နေကြတာပါ။ ထွက်ပြေးနေကြသူတွေ အတွက် ပိုပြီး ကောင်းမွန်တဲ့ ဖြေရှင်းချက် လိုအပ်ပါတယ်၊ ဒီလူတွေကို လက်ခံထားတဲ့ နိုင်ငံတွေနဲ့ အသိုင်းအဝိုင်းတွေကို ပိုပြီး ထောက်ပံ့ ကူညီဖို့ လိုအပ်ပါတယ်။ ”

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi ကတော့ အခု ကမ္ဘာ့ ဒုက္ခသည် ဖိုရမ်ဟာဆိုရင် ရန်ပုံငွေ အတွက်တင် မကဘဲ နိုင်ငံတွေဘက်က ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်ပြီး မူဝါဒတွေ ချမှတ်ဆောင်ရွက်ဖို့ ကတိကဝတ်တွေ ထွက်ပေါ်လာရေး အတွက်ပါ ရည်ရွယ်တယ်လို့ ပြောဆိုထားပါတယ်။

ကမ္ဘာတဝန်းက လူပေါင်း သန်း ၇၀ ကျော်ဟာ အတင်းအဓမ္မ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ နိုင်ငံအများစုက အထူးသဖြင့် ချမ်းသာတဲ့ နိုင်ငံတွေက အပြည့်အ၀ မကူညီဘူးလို့လည်း ကုလသမဂ္ဂက ပြောပါတယ်။ အခု ဖိုရမ်မှာတော့ ဒုက္ခသည် အရေး တာဝန်ကြီးကို မျှေ၀ ထမ်းပိုးကြရေး အတွက်လည်း ရည်ရွယ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အဖွဲ့ UNHCR ရဲ့ အကာအကွယ်ပေးရေးဆိုင်ရာ လက်ထောက် ကော်မရှင်နာမင်းကြီး Gillian Triggs က အခုလို ပြောပါတယ်။

"အဓိက ရည်ရွယ်ချက်ကတော့ မကြုံစဖူး များပြားလှတဲ့ လူ အရေအတွက်၊ ကမ္ဘာတလွှား ရွှေ့ပြောင်းမှု ဝန်ထုပ်ဝန်ပိုးကြီးနဲ့ ဧရာမ တာဝန်ကြီးကို မျှေ၀ ထမ်းဆောင်ကြဖို့ ဖြစ်ပါတယ်။"

အရင်တုန်းကလည်း အလားတူ တိုက်တွန်းခဲ့ကြတာပါ။ သုံးနှစ်သား ဆီးရီးယား ဒုက္ခသည် Alan Kurdi ရေနစ် သေဆုံးမှုလိုမျိုး ဝမ်းနည်းစရာ အဖြစ်မျိုးတွေကြောင့် ကမ္ဘာတဝန်းက ဝိုင်းဝန်း ဆောင်ရွက်ပေးကြဖို့ တောင်းဆိုခဲ့ပေမယ့် တိုးတက်မှု မရှိသလောက်ပါ။ ဆီးရီးယား စစ်ပွဲကနေ ထွက်ပြေးလာသူ အများစု ဖြစ်တဲ့ ဒုက္ခသည် သုံးသန်းခွဲကို တူရကီက လက်ခံထားရတာပါ။ အခု ကမ္ဘာ့ ဒုက္ခသည် ဖိုရမ်မှာတော့ တူရကီ သမ္မတ Recep Tayyip Erdogan လည်း တက်ရောက်နေပါတယ်။ ဥရောပရဲ့ ရွှေ့ပြောင်း အခြေချသူများဆိုင်ရာ မူဝါဒတွေကို တူရကီဘက်က ထပ်ခါတလဲလဲ ဝေဖန်ထားပါတယ်။ ၂၀၁၆ ခုနှစ် သဘောတူညီချက် အရ တူရကီကို ဖြတ်ပြီး ဂရိကို သွားရောက်တဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေကို တူရကီဘက်က တားဆီးခဲ့ပြီး အပြန်အလှန်အားဖြင့် ဒေါ်လာ ၆ ဒသမ ၇ ဘီလျံ အကူအညီ ရရှိခဲ့ပါတယ်။ သောင်းချီတဲ့ ရွှေ့ပြောင်း အခြေချသူတွေ ဂရိ ကျွန်းတွေက စခန်းတွေမှာ သောင်တင်နေကြရဆဲ ဖြစ်ပါတယ်။

ဆာဟာရ သဲကန္တာရ တောင်ပိုင်း အာဖရိက ဒေသက ကမ္ဘ့ ဒုက္ခသည် ဦးရေနဲ့ လေးပုံတပုံကျော် လက်ခံထားရပါတယ်။ ဗင်နီဇွဲလားမှာတော့ နိုင်ငံရေး မပြေလည်မှုကြောင့် လူပေါင်း ၄ သန်းကျော် နိုင်ငံကနေ ထွက်ပြေးနေကြပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အဖွဲ့ UNHCR အနေနဲ့တော့ ရန်ပုံငွေ မလုံလောက် ဖြစ်နေပြီး သူ့အသုံးစာရိတ်ရဲ့ ၄၃% ဖြစ်တဲ့ ဒေါ်လာ ၃.၅ ဘီလျံ လိုအပ်နေတယ်လို့ ပြောဆိုထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG