သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေ နေရပ်စွန့်အောင် ဖိအားပေးခံနေရကြောင်း ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်စွပ်စွဲ


မြန်မာဆိုင်ရာ ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် ယန်ဟီးလီ- ဘင်္ဂလားဒေ့ရှ်၊ Cox's Bazar က ဒုက္ခသည်စခန်းကိုသွားပြီးနောက် သတင်းစာရှင်းလင်းပွဲမြင်ကွင်း။ (ဇန်နဝါရီ ၂၅၊ ၂၀၁၉)
မြန်မာဆိုင်ရာ ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် ယန်ဟီးလီ- ဘင်္ဂလားဒေ့ရှ်၊ Cox's Bazar က ဒုက္ခသည်စခန်းကိုသွားပြီးနောက် သတင်းစာရှင်းလင်းပွဲမြင်ကွင်း။ (ဇန်နဝါရီ ၂၅၊ ၂၀၁၉)

မြန်မာနိုင်ငံထဲမှာရှိနေတဲ့ ရိုဟင်ဂျာတွေကို Bangladesh ဘက် မသွားသွားအောင် အစွန်းရောက်ဒေသခံတွေနဲ့ လုံခြုံရေးတွေက လုပ်နေတယ်လို့ မြန်မာနိုင်ငံလူ့ အခွင့် အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Ms. Yanghee Lee ကပြောကြား လိုက်ပါတယ်။ မြန်မာနိုင်ငံ ပြည်ဝင်ခွင့်မရတာကြောင့် အိမ်နီးချင်း ထိုင်းနဲ့ Bangladesh နိုင်ငံတွေကို ၁၁ ရက်ကြာသွားရောက်လေ့လာခဲ့တဲ့ Ms. Yanghee Lee ကသူ့ရဲ့ ခရီးစဉ်မှာ တွေ့ရှိချက်တွေကို ဒီကနေ့ ဒါကာမြို့တော်မှာ သတင်းစာရှင်းပွဲ လုပ်ခဲ့တာ ဖြစ်ပါတယ်။

မောင်တောမြို့နယ်ထဲက ရိုဟင်ဂျာအိမ်တွေကို အခု ၂၀၁၉ ခုနှစ်ထဲမှာပဲ မီးရှို့တဲ့ Video တွေကို အခုခရီးစဉ်မှာ သူကြည့်ခဲ့ရတယ်။ မြန်မာလုံခြုံရေးတွေနဲ့ ဗုဒ္ဒဘာသာ အစွန်း ရောက်တွေ ပေါင်းပြီး မီးရှို့တာလို့ စုံစမ်းသိရ တယ် လို့ Ms. Yanghee Lee ပြော သွားတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာရှိနေတဲ့ ရိုဟင်ဂျာတွေကို Bangladesh မသွား သွားအောင် လုပ်နေတာလို့သူကပြောပါတယ်။ ဒါတင်မက ၂ နိုင်ငံနယ်စပ်ကြားက Zero Line မှာခိုလှုံနေ တဲ့ ရိုဟင်ဂျာတွေကိုလည်း မြန်မာလုံခြုံရေးတွေက အနှောင့်အယှက် ပေးပြီး Babgladesh ဘက်ကို သွားအောင် အတင်းလုပ်နေတယ်လို့ အဲဒီမှာ သူတွေ့ခဲ့ သူတွေ က ပြောကြတယ်လို့ သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ ကူညီထောက်ပံ့မှုတွေ လိုအပ် နေတဲ့ အကြောင်းလည်း ပြောပါသေးတယ်။

တခါ ရခိုင်ပြည်နယ်ထဲမှာ ရခိုင်လက်နက်ကိုင် AA နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်နေတာနဲ့ ပတ်သက်လို့လည်း ဒေသခံတွေအတွက် စိုးရိမ်တဲ့အကြောင်း ပြောပါတယ်။ AA အဖွဲ့ကို ARSA အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်နေ တယ်လို့ မြန်မာအစိုးရက ပြောတာဟာ သိပ်ကို တာဝန်မဲ့လွန်းတယ်လို့လည်း Ms. Yanghee Lee က ပြောပါ တယ်။ မြန်မာနိုင်ငံဒီမို ကရေစီ အပြောင်းအလဲမှာ အပြုသဘောတိုးတက်မှုတွေ ဆုတ်ယုတ်မှုတွေ ရှိနေတယ် လို့လည်း ဒီသတင်းစာရှင်းပွဲအတွင်း ပြောသွားပါတယ်။

အထူးသဖြင့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ဆွေးနွေးခွင့်ရှိဖို့ အရေးကြီးတယ်ဆိုတာကို ဖမ်းဆီးခံထားရတဲ့ ကချင်လှုပ်ရှားသူ ၃ ယောက်နဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ဥပမာပေးပြီး ပြော ကြားသွားပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ တပ်မတော်က အပစ်အခတ်ရပ်စဲခဲ့တာ ကိုလည်း သူက ကြိုဆိုကြောင်း ပြောပါတယ်။

မြစ်ဆုံအပါအဝင် ရေကာတာတွေ ပြန်ဆောက်ဖို့ အလားအလာရှိနေတာနဲ့ ပတ်သက်လို့ လည်း ဒေသခံတွေရဲ့ လူမှုရေး သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုတွေကြောင့် ဒီကိစ္စ ကို အစိုးရက ပွင့်ပွင့်လင်းလင်း ပြောကြား ဆောင်ရွက်ဖို့လိုတယ်လို့ မြန်မာနိုင်ငံလူ့ အခွင့် အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Ms. Yanghee Lee က တိုက်တွန်း သွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG