သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်စခန်းကြီး ကျန်းမာရေးအန္တရာယ် ကုလသတိပေး


ဘင်္ဂလားဒေ့ရှ် တောင်ပိုင်း Kutupalong ရိုဟင်ဂျာဒုက္ခသည် စခန်းတခု (Oct. 2, 2017)
ဘင်္ဂလားဒေ့ရှ် တောင်ပိုင်း Kutupalong ရိုဟင်ဂျာဒုက္ခသည် စခန်းတခု (Oct. 2, 2017)

ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ရိုဟင်ဂျာမွတ်ဆလင် ၈၀၀,၀၀၀ ကျော်ကို ထားဖို့အတွက် ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်း တည်ဆောက်ရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အစီအစဉ်ဟာ အန္တရာယ်ကြီးတယ်လို့ ကုလသမဂ္ဂ ထိပ်တန်းတာဝန်ရှိသူတဦးက စနေနေ့မှာပြော ပါတယ်။ စခန်းထဲမှာ လူဦးရေ အရမ်းများလွန်းတာဟာ အန္တရာယ်ရှိတဲ့ရောဂါပိုးတွေ အလျင်အမြန် ပြန့်ပွား သွားနိုင်တဲ့အန္တရာယ် မြင့်လွန်းတာကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။

စခန်းကြီးတခုထဲဆောက်မယ့်အစား နေရာအသစ်တွေမှာ နောက်ထပ်စခန်းတွေ ဆောက်ဖို့ ဘင်္ဂလားဒေ့ရှ်အနေနဲ့ စဉ်းစားသင့် တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ် Robert Watkins က AFP သတင်းဌာနကိုပြောတာပါ။

လူအများကြီးကို သိပ်သေးလွန်းတဲ့နေရာတခုမှာ စုပြုံထားတာဟာ၊ အထူးသဖြင့် ရောဂါပိုး ဝင်ဖို့ သိပ်ကို အကာအကွယ်မဲ့လွန်းတဲ့ လူတွေအတွက်၊ အန္တရာယ်ရှိပါတယ်လို့ Watkins က AFP ကိုပြောပါတယ်။

ကူးစက်နိုင်တဲ့ရောဂါပိုးတွေ ပြန့်ပြီဆိုတာနဲ့ အရမ်းကို မြန်မြန်ဆန်ဆန် ပြန့်ပွားသွားမှာ ဖြစ်ပြီးတော့ စခန်းတွေမှာ မီးဘေးအန္တရာယ် ကလဲ ကြီးလွန်းတယ်လို့ Watkins က ဆိုပါတယ်။

စခန်းတခုထဲမှာ စုထားတာထက် စခန်းတွေခွဲထားတာက လူတွေ၊ ကျန်းမာရေး အခြေအနေ နဲ့ လုံခြုံရေးပိုင်းတွေကို စီမံခန့်ခွဲရတာ အများကြီး ပိုပြီးလွယ်ကူစေ ပါတယ်လို့ Watkins ကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ပန်ကြားချက်နဲ့ အကူအညီပေးအဖွဲ့တွေရဲ့ လုပ်ငန်းကို ပေါင်းစပ် ညှိနှိုင်းဖို့၊ စခန်းသစ်နေရာမှာ အဆောက် အဦးတွေ ကူညီဆောက်လုပ်ပေးဖို့ ကုလသမဂ္ဂ၊ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာအဖွဲ့ IOM က သဘောတူထားပါ တယ်။

အခုတည်ဆောက်ဖို့ စီစဉ်ထားတဲ့စခန်းဟာ လက်ရှိမှာ အကြီးဆုံးလို့ယူဆထားကြပြီး ဒုက္ခသည် ၃၀၀,၀၀၀ ပတ်ဝန်းကျင်လောက် စီရှိကြတဲ့ ယူဂန်ဒါနိုင်ငံက Bidi Bidi စခန်းနဲ့ ကင်ညာနိုင်ငံက Dadaab စခန်းတွေထက် ပိုကြီးပြီး ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်း ဖြစ်လာမှာပါ။

ဒီစခန်းကို လက်ရှိ Kutupalong စခန်းဘေးက ဧက ၃,၀၀၀ အကျယ်ရှိတဲ့မြေမှာ ဆောက်ဖို့ လျာထား ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG