သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်တွေလက်မခံဖို့ သီရိလင်္ကာမှာဆန္ဒပြ


ရိုဟင်ဂျာဒုက္ခသည်တွေလက်မခံဖို့ သီရိလင်္ကာမှာဆန္ဒပြ
ရိုဟင်ဂျာဒုက္ခသည်တွေလက်မခံဖို့ သီရိလင်္ကာမှာဆန္ဒပြ

သီရိလင်္ကာနိုင်ငံမှာ ကုလသမဂ္ဂက စောင့်ရှောက်ထားတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို သံဃာတော်တချို့နဲ့ အမျိုးသားရေး အစွန်းရောက်တွေက လက်မခံဖို့ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ မြန်မာနိုင်ငံက ပဋိပက္ခတွေကြောင့် ထွက်ပြေးလာကြသူတွေလို့ဆိုတဲ့ ရိုဟင်ဂျာတွေကို သီရိလင်္ကာနိုင်ငံ ကမ်းရိုးတန်းမှာ လှေတစင်းနဲ့ ဒီနှစ်ဆန်းပိုင်းမှာပဲ မျောနေတာတွေ့ခဲ့ရတဲ့အတွက် ကယ်ဆယ်ပြီး၊ ကိုလံဘိုမြို့အပြင်မှာ ထိန်းသိမ်း စောင့်ရှောက်ထားတာပါ။

ရိုဟင်ဂျာ ၃၁ ယောက်ကိုတော့ လူမှောင်ခိုသူအဖြစ် သံသယရှိသူ အိန္ဒိယနိုင်ငံသား ၂ ဦးနဲ့အတူ ဧပြီလထဲမှာ ဖမ်းဆီးထားတာလို့လည်း သီရိလင်္ကာနိုင်ငံ ရဲတပ်ဖွဲ့ ပြောခွင့်ရသူကို ကိုးကားပြီး Reuters သတင်းက ဖော်ပြပါတယ်။ ကုလသမဂ္ဂက ဖွင့်လှစ်ထားတဲ့ ထိန်းသိမ်းရေးစခန်းကို မနေ့တုန်းက အတင်းဝင်ရောက်ခဲ့သူတွေထဲက သံဃာတော်တပါးကတော့ ဒီလူတွေဟာ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ ရဟန်းတော်တွေကိုသတ်တဲ့ ရိုဟင်ဂျာအကြမ်းဖက်သမားတွေလို့ ပြောဆိုခဲ့တာကိုလည်း ဗွီဒီယိုမှတ်တမ်းတွေမှာ တွေ့ခဲ့ကြရပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်က စခဲ့တဲ့ ပဋိပက္ခတွေဟာ၊ ပြီးခဲ့တဲ့လထဲ ARSA အစွန်းရောက်အုပ်စုက လုံခြုံရေး ကင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာက တကျော့ပြန် ကြီးထွားလာခဲ့တာပါ။ အစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသူပေါင်းဟာ အခုဆိုရင် ၄၈၀,၀၀၀ အထိ ရှိနေပြီလို့လည်း မနေ့တုန်းကပဲ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာအစိုးရ သတင်းထုတ်ပြန်ရေး ကော်မတီကတော့ ARSA အစွန်းရောက်အုပ်စုရဲ့ တိုက်ခိုက်မှုတွေ စတင်ခဲ့တဲ့ ၂၀၁၆ အောက်တိုဘာလကစလို့ ပြီးခဲ့တဲ့လအထိ စစ်သွေးကြွတွေရဲ့ လက်ချက်နဲ့ သေဆုံးသူ အရေအတွက်ဟာ အနည်းဆုံး ၁၆၃ ဦး ရှိနေပြီး၊ ၉၁ ဦး ပျောက်ဆုံးနေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ဒီအထဲမှာ သြဂုတ်လ ၂၅ ရက်နေ့က ARSA အစွန်းရောက်အုပ်စုက ရဲကင်းစခန်း ၃၀ ကို စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် သေဆုံးသူ ၈၄ ယောက်နဲ့ ပျောက်ဆုံးနေသူ ၅၄ ယောက် ပါဝင်ကြောင်းလည်း ပြောဆိုထားပါတယ်။

ဒီသီတင်းပတ် အစောပိုင်းမှာပဲ ရှာဖွေတွေ့ရှိခဲ့တဲ့ ဟိန္ဒူဘာသာဝင် ၄၅ ယောက် အလောင်းတွေအနက် ၂၅ လောင်းကိုတော့ ဘယ်သူဘယ်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ပြီလို့လည်း မနေ့တုန်းကပဲ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG