သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည် အိန္ဒိယ ဝင်ခွင့်မပြု


နယူးဒေလီ ဒုက္ခသည်စခန်းအတွင်းက ရိုဟင်ဂျာမွတ်ဆလင်များ။
နယူးဒေလီ ဒုက္ခသည်စခန်းအတွင်းက ရိုဟင်ဂျာမွတ်ဆလင်များ။

အိန္ဒိယနိုင်ငံအရှေ့ဘက်ခြမ်း ဘင်္ဂလားဒေ့ရှ်နဲ့ ထိစပ်နေတဲ့ နယ်စပ်တလျှောက်မှာ လုံခြုံရေးတိုးမြှင့်ချထားပြီး အိန္ဒိယထဲခိုးဝင်လာမယ့် သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ခေါ်ကြတဲ့ မွတ်ဆလင်တွေကို တားမြစ်ဖို့ ငြုပ်ရည် မှုတ်ဆေးဘူးတွေ၊ ကြင်စက်ဗုံးတွေ သုံးဖို့ ညွှန်ကြားထားကြောင်း အိန္ဒိယအာဏာပိုင်တွေက ပြောပါတယ်။

အိန္ဒိယအရှေ့ဘက်ခြမ်း အနောက်ဘန်ဂေါပြည်နယ် နယ်စပ်တလျှောက် ကင်းလှည့်နေတဲ့ နယ်ခြားစောင့်တပ် ဒုအကြီးအကဲ R.P.S. Jaswal က ရိုဟင်ဂျာတွေကို တားဖြစ်ရာမှာ ငြုပ်ရည် မှုတ်ဆေးဘူးတွေ၊ ကြင်စက်ဗုံးတွေသုံးဖို့ သူ့တပ်ကို ညွှန်ကြားထားကြောင်း ပြောပါတယ်။

ဝင်လာမယ့် ရိုဟင်ဂျာတွေကို ထိခိုက်ဒဏ်ရာ ရစေတာမျိုး၊ ဖမ်းဆီးတာမျိုးတွေလဲ မလုပ် ချင်သလို၊ အိန္ဒိယနိုင်ငံထဲမှာလဲ လက်မခံနိုင်ကြောင်း အိန္ဒိယနယ်ခြားစောင့်တပ် အရာရှိကြီး တဦးက ပြောပါတယ်။

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဖြတ်ပြီး အိန္ဒိယထဲ ဝင်လာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် (၄)သောင်းလောက်ရှိနေတာပါ။ သူတို့တွေထဲက ဒုက္ခသည်အဖြစ် မလျှောက်ရသေးသူတွေကို တရားမဝင် ခိုးဝင်လာသူတွေအဖြစ် မူရင်းနိုင်ငံ ပြန်ပို့သွားမယ်လို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အိန္ဒိယပြည်ထဲရေးဝန်ကြီး Rajnath Singh က ပြောပါတယ်။

ရိုဟင်ဂျာတွေ ပြန်ပို့မယ့်ကိစ္စအပေါ် အိန္ဒိယလူ့အခွင့်အရေးကော်မရှင် NHRC က အိန္ဒိယအစိုးရကို သတိပေးချက် ထုတ်ပြန်ထားပြီး မြန်မာနိုင်ငံမှာ ဖိနှိပ်ဆက်ဆံ ခံနေရတဲ့ သူတို့တွေကို လူသားချင်းစာနာမှုအရ အကူအညီပေးဖို့ တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG