သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ပြောင်း အခြေချသူ အရေး အရှေ့တောင်အာရှ ဆွေးနွေး


ရွှေ့ပြောင်းသူများဟုယူဆရသူများရဲ့ ရုပ်အလောင်းများ မြုပ်နှံထားတဲ့မြေပုံများ။
ရွှေ့ပြောင်းသူများဟုယူဆရသူများရဲ့ ရုပ်အလောင်းများ မြုပ်နှံထားတဲ့မြေပုံများ။

မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင် အာရှ ဒေသက ရွှေ့ပြောင်းနေထိုင်သူတွေ အရေး ဖြေရှင်းဖို့ အခြေခံ လုပ်ငန်းစဉ်တရပ် ချမှတ်နိုင်ရေး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ ဆွေးနွေးနေကြပါတယ်။ ထိုင်းနိုင်ငံက လူမှောင်ခို ဂိုဏ်းတွေကို နှိမ်နင်းမှုတွေ စတင် လာရာက ရွှေ့ပြောင်းနေထိုင်သူတွေ အရေး ဒေသတွင်းမှာ ပူးပေါင်းဖြေရှင်းသွားဖို့ တိုက်တွန်းမှုတွေလည်း ထွက်ပေါ်လာခဲ့တာပါ။

ဒီနှစ်ဆန်းပိုင်းမှာပဲ မလေးရှားနိုင်ငံနဲ့နယ်စပ် ထိုင်းနိုင်ငံ တောတွင်းမှာ လူမှောင်ခို သူတွေ ရဲ့ စခန်းတွေလို့ သံသယရှိတဲ့ နေရာတွေ မှာ ရွှေ့ပြောင်းနေထိုင် သူတွေလို့ ယူဆရသူ စုပြုံမြှုပ်နှံထားတဲ့ အလောင်းတွေကို တွေ့ရှိခဲ့ရပြီးနောက် ထိုင်းအာဏာ ပိုင်တွေ ဖမ်းဆီးနှိမ်နင်းလာရာက ရာနဲ့ချီတဲ့ ရွှေ့ပြောင်းသွားလာသူတွေ အိန္ဒိယ သမုဒ္ဒရာထဲမှာ စက်လှေတွေနဲ့ စွန့်ပစ်ခံခဲ့ရတဲ့ အခြေအနေမျိုးတွေနဲ့လည်း ကြုံခဲ့ရပါတယ်။

အန္တရာယ်များတဲ့ ပင်လယ်ပြင်မှာ စက်လှေတွေနဲ့ ထွက်ပြေးသူတွေ၊ စွန့်ပစ်ခံရသူ လူပေါင်းထောင်ပေါင်း များစွာထဲမှာတော့ မြန်မာနိုင်ငံက ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးလာကြတယ်လို့ဆိုတဲ့ ရိုဟင်ဂျာ မူဆလင်တွေ ပါဝင်တယ်လို့လည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ ဒေသတွင်းနိုင်ငံတွေက တာဝန်ရှိသူ တချို့က ပြောဆိုထားကြတာပါ။

ဝေဖန်မှုတွေ ခံခဲ့ရတဲ့ မြန်မာအစိုးရကတော့ ဒီနှစ်ထဲမှာပဲ ပင်လယ်ပြင်မှာ စက်လှေနဲ့ ထွက်ပြေးသူတွေကို ကယ်တင်တဲ့ အစီအစဉ်တွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ကတော့ ကတိတွေ ပေးရမယ့် အချိန်မဟုတ်တော့ပဲ လက်တွေ့လုပ်ကြရမယ့် အချိန်တန်နေပြီလို့ ဘန်ကောက်မြို့က ဒီကနေ့ ညီလာခံအတွင်း တိုက်တွန်းခဲ့တာပါ။

XS
SM
MD
LG