သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖြဲ႔စည္းပုံျပင္ဆင္ေရး ဘာေတြ ဘယ္ေလာက္ျဖစ္ႏိုင္မလဲ


People participate in a protest of amendments to the 2008 Myanmar Constitution
တိုက္႐ိုက္ လင့္ခ္

ဒီရက်တွေအတွင်း ပေါ်ထွက်လာတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေမူကြမ်းဟာ လက်တွေ့အကောင်အထည်ပေါ်လာဖို့ ဘယ်အဆင့်တွေကို ကျော်ဖြတ်ရမလဲ။ တကယ်ကော ကျော်ဖြတ်နိုင်ပါ့မလား။ ဒီမိုကရေစီ ဖယ်ဒရယ် ပြည်ထောင်စုဆိုတဲ့ နာမည်နဲ့အညီ ဒီမိုကရေစီရေး ပြည်ထောင်စုရေးကို ဘယ်လောက် ရုပ်လုံးဖေါ်နိုင်မလဲ ဆိုတာတွေကို မြန်မာ့နိုင်ငံရေး သုံးသပ်သူ ဒေါက်တာရန်မျိုးသိန်း နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ မြန်မာနိုင်ငံ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေမူကြမ်း ထွက်လာတာကို တွေ့ရပါတယ်။ ဒီမူကြမ်းရေးဆွဲတဲ့နေရာမှာ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ သဘောတူညီမူလဲပါသလား။ သူတို့လဲ သဘောတူထားတယ်ဆိုတဲ့ သဘောလား။

ဖြေ ။ ။ ကျနော်လေ့လာမိသလောက်တော့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေကနေ နောက်ဆုံးထွက်လာတဲ့ မူကြမ်းနှစ်ရပ်မှာပါတဲ့ အချက်အလက်တွေပေါ်မှာ သဘောတူညီတယ်လို့ တရားဝင်ပြောတာမျိုး၊ ထုတ်ပြန်တာမျိုးတော့ မတွေ့ရပါဘူး။

မေး ။ ။ နောက်တဆင့်က ဒီဟာကို အမှန်တကယ်အကောင်အထည်ဖော်ဖို့ အတည်ပြုဖို့ဆိုရင် ဆက်ပြီးတော့ ဘယ်လိုလုပ်ဖို့လိုပါသလဲ။ လွှတ်တော်မှာ အရင်လိုပဲ (၇၅) ရာခိုင်နှုန်း အတည်ပြုမှ ဒီဟာ အတည်ဖြစ်လာမလား စသဖြင့် အဲဒီအလားအလာကိုလဲ ကြိုပြောပေးပါ။

ဖြေ ။ ။ ဥပဒေကြမ်းကော်မတီကနေ ပြုစုပြီးရင် ပြည်ထောင်စုလွှတ်တော်ကို တင်ရပါတယ်။ ဒီဥပဒေကြမ်းမှာပါတဲ့ ပုဒ်မတစ်ခုချင်းအလိုက်ကို လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ယူရပါတယ်။ အဲဒီလို လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ယူတဲ့နေရာမှာ ပုဒ်မ ၄၃၆ (က) နဲ့ (ခ) အရ ပထမအဆင့်ကတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ (၇၅) ရာခိုင်နှုန်းကျော် ထောက်ခံဖို့ လိုအပ်ပါတယ်။ (၇၅) ရာခိုင်နှုန်းအပေါင်း (၁) ထောက်ခံဖို့ လိုအပ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့ လက်ရှိပြည်ထောင်စုလွှတ်တော်ထဲမှာ တပ်မတော်ကိုယ်စားလှယ်က (၂၅) ရာခိုင်နှုန်းပါနေတဲ့အခါကြတော့ တပ်မတော်သား လွှတ်တာ်ကိုယ်စားလှယ်တွေက မထောက်ခံရင် ဘယ်ပုဒ်မကိုမှ ပြင်လို့မရနိုင်တဲ့ အကျပ်အတည်းကြီးကတော့ ရှိနေတယ်လို့ ပြောနိုင်ပါတယ်။

မေး ။ ။ အဲဒီတော့ ကျနော်တို့က သူတို့ရဲ့ မူကြမ်းထဲမှာပါတဲ့ အချက်အလက်တွေကို မဆွေးနွေးခင်ကတည်းက ဒီဇာတ်လမ်းဟာ ဘယ်လောက်ဖြစ်လာနိုင်သလဲ။ ရှေ့ဆက်နိုင်မလဲဆိုတာကို စဉ်းစားမိရင်တော့ ရှေ့ခရီးက မှုန်းမှိုင်းနေတယ်လို့ပဲ ကျနော်က စဉ်းစားမိပါတယ်။ နောက်တခုက ဒီလိုအခြေအနေမျိုးမှာ ဒီဟာထွက်လာတာနဲ့ ပတ်သက်ပြီးတော့လဲ အချိန်အခါကိုလဲ နည်းနည်းစဉ်းစားချင်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲနဲ့ တက်လာပြီးကတည်းက ဖွဲ့စည်းပုံပြင်ရေးဟာ သူတို့ရဲ့ထိပ်တန်းဦးစားပေးရေးထဲမှာပါတယ်။ ဆိုတော့ အခု ၂၀၂၀ ရွေးကောက်ပွဲ နီးလာလို့ ဒါဟာ သူတို့ကတိကဝတ်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားပါတယ်ဆိုပြီး လုပ်ပြပါတယ်ဆိုပြီးတော့ ဝေဖန်လာစရာလဲ ရှိနေပါတယ်။ အဲဒါကို ဆရာ ဘယ်လိုသဘောရပါသလဲ။

ဖြေ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၂၀၁၅ ရွေးကောက်ပွဲ အဓိကကြွေးကြော်သံမှာ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးဆိုတာ ပါပါတယ်။ အဲဒီအတွက်ကြောင့်မို့ သူ့ရဲ့ ရွေးကောက်ပွဲ ကတိကဝတ်ကို ဖော်ဆောင်ဖို့အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေး ခြေလှမ်းကိုလှမ်းလာတယ်ဆိုတာတော့ မငြင်းနိုင်တဲ့အချက်ပါ။ တကယ်တမ်းကြတော့ ဖွဲ့စည်းပုံဥပဒေ အကျပ်အတည်းကို ကျနော်တို့ အဖြေမရှာနိုင်ရင် ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီခရီးဟာ သမင်မွေးရင် ကျားစားရင်ပဲ ဖြစ်နိုင်ပါတယ်။ နောက်ပြီးတော့ ရှေ့မတိုးနောက်မဆုတ်လည်း ဖြစ်နိုင်ပါတယ်။ အဲဒီတော့ ဒီဖွဲ့စည်းပုံဥပဒေ အကျပ်အတည်းကို ကျော်လွှာနိုင်ဖို့ စဉ်းစားတဲ့နေရာမှာ အဓိကအားဖြင့် အာဏာရပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အဆုံးအဖြတ်ဟာ အင်မတန်မှအရေးကြီးတယ်လို့ မြင်ပါတယ်။ ဒီအစုအဖွဲ့နှစ်ရပ်လုံးက လွှတ်တော်ကိုယ်စားလှယ်တွေဟာ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးကိုရှေ့တန်းတင်ပြီးတော့ ပွင့်ပွင့်လင်းလင်းနဲ့ ညှိနှိုင်းဆွေးနွေးပြီးတော့ လွှတ်တော်ထဲမှာ အဖြေရှာနိုင်မယ်၊ သဘောတူညီချက်တွေရအောင် လုပ်နိုင်မယ်ဆိုရင်တော့ အလားအလာကောင်းတွေ ရှိလာနိုင်မယ်လို့ မြင်ပါတယ်။

မေး ။ ။ အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်ချင်လို့ အချိန်ကိုက်လုပ်လာသလားဆိုတဲ့အမြင် တဘက်ကရှိနေလို့။ နောက်တဘက်က စဉ်းစားပြန်ရင်လဲ အခု ICJ ကိစ္စမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဟာ ရှေ့တန်းက မားမားမတ်မတ် ရပ်ပြီးတော့ တပ်မတော်ကို ကာကွယ်ခဲ့တယ်လို့ လူတချို့က သုံးသပ်ကြပါတယ်။ ဆိုတော့ အဲဒီလို ကာကွယ်ပေးခဲ့တဲ့အတွက်ကြောင့်လဲ တဘက်မှာ တပ်မတော်က သူတို့အပေါ်မှာ တိမ့်ညွှတ်တဲ့သဘော ရှိလာလိမ့်မယ်။ နားလည်မှုပေးတဲ့သဘော ရှိလာလိမ့်မယ်လို့ မျှော်လင့်ပြီးတော့ ဒီဟာကို ဒီအချိန်မှာ တင်လာတယ်လို့ ဆိုတဲ့လူတွေလဲ ဆိုကောင်းဆိုမှာပါ။ စဉ်းစားကောင်း စဉ်းစားမိကြမှာပါ။ ဆရာ အဲဒီကိစ္စကို ဘယ်လိုပြောချင်ပါလဲ။

ဖြေ ။ ။ ကျနော်ကတော့ ဆရာဦးကျော်ဇံသာပြောတဲ့ စဉ်းစားချက်က သိပ်ပြီးတော့ လက်တွေ့မကျဘူးလို့ မြင်ပါတယ်။ တကယ်တမ်း ဒါကတော့ အကောင်းဘက်ကို မျှော်တွေးပြီးတော့ စဉ်းစားမယ်ဆိုရင်တော့ ဒါဟာ ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတဲ့ဘက်ကနေ သုံးသပ်နိုင်ပါတယ်။ သို့သော် လက်တွေ့အခြေအနေမှာ ပြည်ထောင်စုလွှတ်တော်အတွင်းမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေကြားမှာ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ တင်းမာမှုတွေက မြင့်မာနေဆဲပဲဆိုတာကတော့ ဖုံးကွယ်လို့မရတဲ့ အနေအထားပါ။ တကယ် ခရီးပေါက်ဖို့ မျှော်လင့်နိုင်မယ့် အခင်းအကျင်းဟာ ကျနော့်အမြင်ကတော့ အရပ်ဘက်နိုင်ငံရေးခေါင်းဆောင်တွေနဲ့ စစ်ဘက်ခေါင်းဆောင်တွေကြားမှာ ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးပြီးတော့ သဘောတူညီချက်တွေရအောင်လုပ်ဖို့။ အဲဒီသဘောတူညီချက်တွေကို ထပ်ဆင့်ပြီးတော့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ပါ ညှိနှိုင်းဆွေးနွေးပြီးတော့ ပိုမိုခိုင်မာအောင် လုပ်ဖို့က လက်တလောအခြေအနေမှာ အရေးကြီးတယ်လို့ မြင်ပါတယ်။

မေး ။ ။ အဲဒီမူကြမ်းထဲမှာ တွေ့တဲ့အချက်တွေကို ကြည့်မယ်ဆိုရင် ပြည်သူတွေမျှော်မှန်းနေတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ - သူတို့လည်းပဲ ဒီမိုကရေစီဖယ်ဒရယ်ဆိုတဲ့ အသုံးအနှုန်းကို ဒီထဲမှာ တွေ့ရပါတယ်။ အဲဒီ ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုဆိုတဲ့အတိုင်း ဒီမိုကရေစီလမ်းကို ဘယ်လောက်ဦးတည်သွားနိုင်သလဲ။ ဖယ်ဒရယ်ဖြစ်ဖို့ကို ဘယ်လောက်ထိ ဦးတည်သွားနိုင်သလဲဆိုတာကို နည်းနည်းလေး မေးချင်ပါတယ်။ အသေးစိတ်ပြောမယ်ဆိုရင်တော့ အချက်အလက်တွေက အများကြီး ကျနော် ပထမတစ်ခုမေးချင်တာက ဒီအထဲမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကို လျှော့ထားတယ်။ အရပ်သားအစိုးရကို အာဏာပိုပေးဖို့ လုပ်ထားတယ်ဆိုတာကို တွေ့ရပါတယ်။ အဲဒီတစ်ချက်ကတော့ ပြည်သူတွေ မျှော်မှန်းထားတဲ့ ပိုပြီးဒီမိုကရေစီဆန်တဲ့သဘောကို တွေ့ရပါတယ်။ ဒါပေမဲ့ ဖယ်ဒရယ်ဖြစ်မယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့တော့ အရင်တုန်းကလဲ ၄၇ ဖွဲ့စည်းပုံကတည်းက ပြဿနာဖြစ်ခဲ့တာ ဖွဲ့စည်းပုံကို ဖယ်ဒရယ်ပုံစံမျိုး လုပ်ထားတယ်။ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေကြားမှာ ဇယားတွေခွဲပြီးတော့ အာဏာခွဲဝေထားတယ်။ သို့သော်လဲပဲ ပြည်နယ်အစိုးရတွေရဲ့ အကြီးအကဲဝန်ကြီးချုပ်ကို ဗဟိုအစိုးရအာဏာပိုင် သမ္မတက ခန့်အပ်ခဲ့တယ်ဆိုတဲ့ကိစ္စက အဓိက ဖြစ်ခဲ့ပါတယ်။ အဲဒီကိစ္စကိုပဲ တိုင်းရင်းသားတွေက ဖယ်ဒရယ်မပီသခဲ့ဘူးလို့ ပြောခဲ့ကြတာ ရှိပါတယ်။ အခု ၂၀၀၈ ဖွဲ့စည်းပုံမှာလည်း ဒီအတိုင်းပဲ တွေ့ရပါတယ်။ ဆိုတော့ ဒီအထဲမှာ အဲဒီကိစ္စကို ပြင်ဆင်ထားတာ မတွေ့ရဘူးဆိုတော့ တိုင်းရင်းသားတွေရဲ့ မျှော်မှန်းချက်ကို ဒီဖွဲ့စည်းပုံမူကြမ်းက ဘယ်လောက်ဖြည့်ဆည်းပေးနိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ ။ ။ ကျနော့်ရဲ့အမြင်ကတော့ အခြေခံမူတွေထဲမှာ ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုဆိုတဲ့ အသုံးအနှုန်းကို ပီပြင်စေဖို့ အဆိုပြုတာကတော့ ကျနော်တို့တိုင်းပြည်ရဲ့ ရည်မှန်းချက်ပန်းတိုင်အတွက်တာ့ မဖြစ်မနေ ပြင်ရမယ့် ပုဒ်မတစ်ခုလို့ မြင်ပါတယ်။ သို့သော်လဲ ဒီဖယ်ဒရယ် ယဉ်ကျေးမှုစစ်စစ်ကို ဖော်ဆောင်ဖို့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်တွေကို ဘယ်လောက်အထိ အာမခံနိုင်မလဲဆိုတဲ့အပိုင်း။ အဲဒီအာမခံနိုင်တဲ့ ပုဒ်မတွေ ပြင်ဆင်ဖို့ အဆိုပြုတဲ့အပိုင်းမှာတော့ အတော်လေးကို အားနည်းတယ်လို့ မြင်ပါတယ်။ အထူးသဖြင့် အခုန ဆရာပြောတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေကို သမ္မတက ခန့်အပ်တဲ့ကိစ္စ။ အထူးသဖြင့် ပုဒ်မ (၂၆၁) ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ အခုအချိန်အထိ ပါဝင်တယ်လို့ အသံမကြားရသေးပါဘူး။

ဒါပေမဲ့ အခုနောက်ဆုံးဖွဲ့တဲ့ ကော်မရှင်ရဲ့ အပြီးသတ် ဥပဒေမူကြမ်း ထွက်လာတဲ့အခါကြရင်တော့ ပါလာနိုင်လိမ့်မယ်လို့ မြင်ပါတယ်။ အဲဒီအခါကြတော့ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်တွေကို အာမခံချက် ပေးနိုင်တဲ့ ပြင်ဆင်ချက်တွေကိုလည်း အလေးထားပြီးတော့ အဆိုပြုုဖို့၊ နေ့တိုင်းဆွေးနွေးဖို့၊ သဘောတူညီချက်ရအောင်လုပ်ဖို့ အဆုံးအဖြတ် အပီဖြစ်အောင်လုပ်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ တဘက်က ဆရာ အခုနပြောသလိုပါပဲ တပ်မတော်ရဲ့ နိုင်ငံရေးမှာပါဝင်တဲ့ အခန်းကဏ္ဍကို လျှော့ချဖို့၊ ပြင်ဆင်မယ့်ပုဒ်မတွေ တော်တော်များများကိုလည်း တွေ့ရပါတယ်။ သို့သော်လဲ လက်ရှိအခြေအနေမှာ ခဲယဉ်းနေတာက အဲဒီတပ်မတော်ကို နိုင်ငံရေးထဲကနေ လျှော့ချဖို့နဲ့ ဆက်စပ်တဲ့ ပုဒ်မတွေကို ပြင်ဖို့ဆိုရင် လွှတ်တော်ထဲမှာ (၇၅) ရာခိုင်နှုန်း၊ အပေါင်း (၁) ရဲ့ ထောက်ခံမှုရဖို့ လိုအပ်သလို။ နောက်တဆင့်က ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီး လုပ်ပြီးတော့ မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်းရဲ့ ထက်ဝက်ကျော်က ထောက်ခံရမယ်ဆိုတဲ့ ပြဌာန်းချက်ကြီးက ရှိနေပါတယ်။ အဲဒီတော့ မဲပေးနိုင်ခွင့်ရှိသူ စုစုပေါင်းဆိုတာက မဲလာပေးသူ စုစုပေါင်းမဟုတ်ပါဘူး။ အဲဒီအတွက်ကြောင့်မို့ ဒီသတ်မှတ်ချက်ဟာ အင်မတန်မှ မြင့်မားတဲ့ သတ်မှတ်ချက်တစ်ခုလို့ ပြောရင်လဲရတဲ့ အနေအထားမျိုး ရှိနေပါတယ်။ သို့သော်လဲပဲ လက်ရှိ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေမူကြမ်းမှာပါတဲ့ တပ်မတော်ကို နိုင်ငံရေးက လျှော့ချမယ့် ပြင်ဆင်ချက်တွေဟာ လာမယ့်လွှတ်တော်အစည်းအဝေးတွေမှာ မဲခွဲဆုံးဖြတ်ခဲ့ရင် အောင်မြင်မှုရဖို့ အလားအလာ မရှိသလောက်ကိုနည်းတယ်လို့ ကျနော်က သုံးသပ်ပါတယ်။

မေး ။ ။ ဒီဟာကို နည်းနည်းလေး ဘောင်ကျော်ပြီးတော့ နောက်ဆုံးတစ်ခွန်းမေးချင်ပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကတော့ တပ်မတော်ရဲ့ အခန်းကဏ္ဍကို နိုင်ငံရေးက လျှော့ချသွားဖို့ သူမျှော်မှန်းတယ်။ သို့သော်လဲ မြန်မာနိုင်ငံမှာ တိုင်းရင်းသားဆူပူသောင်းကျန်းမှုတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေ ငြိမ်းအေးသွားမှ ဒါမျိုးလုပ်မယ်လို့ သူက ပြောထားဖူးတယ် တင်ပါတယ်။ ဆိုတော့ အဲဒီလို သူပြောထားတဲ့ အခြေအနေ Condition စစ်ပွဲတွေ ငြိမ်းအေးပြီးတော့ ငြိမ်းချမ်းရေးရဖို့ အလားအလာအထိဆိုရင်တော့ ဘယ်လောက်စောင့်ရအုံးမယ် ထင်ပါလဲ။

ဖြေ ။ ။ ကျနော့်အမြင်ကတော့ လက်ရှိအစိုးရက ဖော်ဆောင်နေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့လမ်းကြောင်း၊ နောက် လက်ရှိ ကျနော်တို့ နိုင်ငံရဲ့ အရပ်ဘက်စစ်ဘက် ဆက်ဆံရေးအခြေအနေ။ နောက်ပြီးတော့ အစိုးရတွေ လွှတ်တော်တွေရဲ့ စွမ်းဆောင်ရေးဘက်ကနေ သုံးသပ်မယ်ဆိုရင်တော့ ကျနော်တို့ရဲ့ မြေးမြစ်တို့ခေတ်မှာပဲ ဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ သုံးသပ်လိုပါတယ်။

=====ZawGyi====

ဒီရက္ေတြအတြင္း ေပၚထြက္လာတဲ့ ၂၀၀၈ ဖြဲ႕စည္းပုံျပင္ဆင္ေရး ဥပေဒမူၾကမ္းဟာ လက္ေတြ႕အေကာင္အထည္ေပၚလာဖို႔ ဘယ္အဆင့္ေတြကို ေက်ာ္ျဖတ္ရမလဲ။ တကယ္ေကာ ေက်ာ္ျဖတ္ႏိုင္ပါ့မလား။ ဒီမိုကေရစီ ဖယ္ဒရယ္ ျပည္ေထာင္စုဆိုတဲ့ နာမည္နဲ႔အညီ ဒီမိုကေရစီေရး ျပည္ေထာင္စုေရးကို ဘယ္ေလာက္ ႐ုပ္လုံးေဖၚႏိုင္မလဲ ဆိုတာေတြကို ျမန္မာ့ႏိုင္ငံေရး သုံးသပ္သူ ေဒါက္တာရန္မ်ိဳးသိန္း နဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ ျမန္မာႏိုင္ငံ ဖြဲ႕စည္းပုံျပင္ဆင္ေရး ပူးေပါင္းေကာ္မတီရဲ႕ ဒုတိယအႀကိမ္ ျပင္ဆင္တဲ့ ဥပေဒမူၾကမ္း ထြက္လာတာကို ေတြ႕ရပါတယ္။ ဒီမူၾကမ္းေရးဆြဲတဲ့ေနရာမွာ တပ္မေတာ္သား ကိုယ္စားလွယ္ေတြရဲ႕ သေဘာတူညီမူလဲပါသလား။ သူတို႔လဲ သေဘာတူထားတယ္ဆိုတဲ့ သေဘာလား။

ေျဖ ။ ။ က်ေနာ္ေလ့လာမိသေလာက္ေတာ့ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ေတြကေန ေနာက္ဆုံးထြက္လာတဲ့ မူၾကမ္းႏွစ္ရပ္မွာပါတဲ့ အခ်က္အလက္ေတြေပၚမွာ သေဘာတူညီတယ္လို႔ တရားဝင္ေျပာတာမ်ိဳး၊ ထုတ္ျပန္တာမ်ိဳးေတာ့ မေတြ႕ရပါဘူး။

ေမး ။ ။ ေနာက္တဆင့္က ဒီဟာကို အမွန္တကယ္အေကာင္အထည္ေဖာ္ဖို႔ အတည္ျပဳဖို႔ဆိုရင္ ဆက္ၿပီးေတာ့ ဘယ္လိုလုပ္ဖို႔လိုပါသလဲ။ လႊတ္ေတာ္မွာ အရင္လိုပဲ (၇၅) ရာခိုင္ႏႈန္း အတည္ျပဳမွ ဒီဟာ အတည္ျဖစ္လာမလား စသျဖင့္ အဲဒီအလားအလာကိုလဲ ႀကိဳေျပာေပးပါ။

ေျဖ ။ ။ ဥပေဒၾကမ္းေကာ္မတီကေန ျပဳစုၿပီးရင္ ျပည္ေထာင္စုလႊတ္ေတာ္ကို တင္ရပါတယ္။ ဒီဥပေဒၾကမ္းမွာပါတဲ့ ပုဒ္မတစ္ခုခ်င္းအလိုက္ကို လႊတ္ေတာ္ရဲ႕ အဆုံးအျဖတ္ကို ယူရပါတယ္။ အဲဒီလို လႊတ္ေတာ္ရဲ႕ အဆုံးအျဖတ္ကို ယူတဲ့ေနရာမွာ ပုဒ္မ ၄၃၆ (က) နဲ႔ (ခ) အရ ပထမအဆင့္ကေတာ့ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္ စုစုေပါင္းရဲ႕ (၇၅) ရာခိုင္ႏႈန္းေက်ာ္ ေထာက္ခံဖို႔ လိုအပ္ပါတယ္။ (၇၅) ရာခိုင္ႏႈန္းအေပါင္း (၁) ေထာက္ခံဖို႔ လိုအပ္ပါတယ္။ အဲဒီအတြက္ေၾကာင့္မို႔ လက္ရွိျပည္ေထာင္စုလႊတ္ေတာ္ထဲမွာ တပ္မေတာ္ကိုယ္စားလွယ္က (၂၅) ရာခိုင္ႏႈန္းပါေနတဲ့အခါၾကေတာ့ တပ္မေတာ္သား လႊတ္တာ္ကိုယ္စားလွယ္ေတြက မေထာက္ခံရင္ ဘယ္ပုဒ္မကိုမွ ျပင္လို႔မရႏိုင္တဲ့ အက်ပ္အတည္းႀကီးကေတာ့ ရွိေနတယ္လို႔ ေျပာႏိုင္ပါတယ္။

ေမး ။ ။ အဲဒီေတာ့ က်ေနာ္တို႔က သူတို႔ရဲ႕ မူၾကမ္းထဲမွာပါတဲ့ အခ်က္အလက္ေတြကို မေဆြးေႏြးခင္ကတည္းက ဒီဇာတ္လမ္းဟာ ဘယ္ေလာက္ျဖစ္လာႏိုင္သလဲ။ ေရွ႕ဆက္ႏိုင္မလဲဆိုတာကို စဥ္းစားမိရင္ေတာ့ ေရွ႕ခရီးက မႈန္းမႈိင္းေနတယ္လို႔ပဲ က်ေနာ္က စဥ္းစားမိပါတယ္။ ေနာက္တခုက ဒီလိုအေျခအေနမ်ိဳးမွာ ဒီဟာထြက္လာတာနဲ႔ ပတ္သက္ၿပီးေတာ့လဲ အခ်ိန္အခါကိုလဲ နည္းနည္းစဥ္းစားခ်င္ပါတယ္။ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ဟာ ေ႐ြးေကာက္ပြဲနဲ႔ တက္လာၿပီးကတည္းက ဖြဲ႕စည္းပုံျပင္ေရးဟာ သူတို႔ရဲ႕ထိပ္တန္းဦးစားေပးေရးထဲမွာပါတယ္။ ဆိုေတာ့ အခု ၂၀၂၀ ေ႐ြးေကာက္ပြဲ နီးလာလို႔ ဒါဟာ သူတို႔ကတိကဝတ္ကို အေကာင္အထည္ေဖာ္ဖို႔ ႀကိဳးစားပါတယ္ဆိုၿပီး လုပ္ျပပါတယ္ဆိုၿပီးေတာ့ ေဝဖန္လာစရာလဲ ရွိေနပါတယ္။ အဲဒါကို ဆရာ ဘယ္လိုသေဘာရပါသလဲ။

ေျဖ ။ ။ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ ၂၀၁၅ ေ႐ြးေကာက္ပြဲ အဓိကေႂကြးေၾကာ္သံမွာ ၂၀၀၈ ဖြဲ႕စည္းပုံဥပေဒ ျပင္ဆင္ေရးဆိုတာ ပါပါတယ္။ အဲဒီအတြက္ေၾကာင့္မို႔ သူ႔ရဲ႕ ေ႐ြးေကာက္ပြဲ ကတိကဝတ္ကို ေဖာ္ေဆာင္ဖို႔အတြက္ ဖြဲ႕စည္းပုံျပင္ဆင္ေရး ေျခလွမ္းကိုလွမ္းလာတယ္ဆိုတာေတာ့ မျငင္းႏိုင္တဲ့အခ်က္ပါ။ တကယ္တမ္းၾကေတာ့ ဖြဲ႕စည္းပုံဥပေဒ အက်ပ္အတည္းကို က်ေနာ္တို႔ အေျဖမရွာႏိုင္ရင္ က်ေနာ္တို႔ႏိုင္ငံရဲ႕ ဒီမိုကေရစီခရီးဟာ သမင္ေမြးရင္ က်ားစားရင္ပဲ ျဖစ္ႏိုင္ပါတယ္။ ေနာက္ၿပီးေတာ့ ေရွ႕မတိုးေနာက္မဆုတ္လည္း ျဖစ္ႏိုင္ပါတယ္။ အဲဒီေတာ့ ဒီဖြဲ႕စည္းပုံဥပေဒ အက်ပ္အတည္းကို ေက်ာ္လႊာႏိုင္ဖို႔ စဥ္းစားတဲ့ေနရာမွာ အဓိကအားျဖင့္ အာဏာရပါတီရဲ႕ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ အဆုံးအျဖတ္ဟာ အင္မတန္မွအေရးႀကီးတယ္လို႔ ျမင္ပါတယ္။ ဒီအစုအဖြဲ႕ႏွစ္ရပ္လုံးက လႊတ္ေတာ္ကိုယ္စားလွယ္ေတြဟာ ႏိုင္ငံေတာ္နဲ႔ ႏိုင္ငံသားေတြရဲ႕ အက်ိဳးကိုေရွ႕တန္းတင္ၿပီးေတာ့ ပြင့္ပြင့္လင္းလင္းနဲ႔ ညႇိႏႈိင္းေဆြးေႏြးၿပီးေတာ့ လႊတ္ေတာ္ထဲမွာ အေျဖရွာႏိုင္မယ္၊ သေဘာတူညီခ်က္ေတြရေအာင္ လုပ္ႏိုင္မယ္ဆိုရင္ေတာ့ အလားအလာေကာင္းေတြ ရွိလာႏိုင္မယ္လို႔ ျမင္ပါတယ္။

ေမး ။ ။ အခု အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အေနနဲ႔ ေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္ခ်င္လို႔ အခ်ိန္ကိုက္လုပ္လာသလားဆိုတဲ့အျမင္ တဘက္ကရွိေနလို႔။ ေနာက္တဘက္က စဥ္းစားျပန္ရင္လဲ အခု ICJ ကိစၥမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အစိုးရဟာ ေရွ႕တန္းက မားမားမတ္မတ္ ရပ္ၿပီးေတာ့ တပ္မေတာ္ကို ကာကြယ္ခဲ့တယ္လို႔ လူတခ်ိဳ႕က သုံးသပ္ၾကပါတယ္။ ဆိုေတာ့ အဲဒီလို ကာကြယ္ေပးခဲ့တဲ့အတြက္ေၾကာင့္လဲ တဘက္မွာ တပ္မေတာ္က သူတို႔အေပၚမွာ တိမ့္ၫႊတ္တဲ့သေဘာ ရွိလာလိမ့္မယ္။ နားလည္မႈေပးတဲ့သေဘာ ရွိလာလိမ့္မယ္လို႔ ေမွ်ာ္လင့္ၿပီးေတာ့ ဒီဟာကို ဒီအခ်ိန္မွာ တင္လာတယ္လို႔ ဆိုတဲ့လူေတြလဲ ဆိုေကာင္းဆိုမွာပါ။ စဥ္းစားေကာင္း စဥ္းစားမိၾကမွာပါ။ ဆရာ အဲဒီကိစၥကို ဘယ္လိုေျပာခ်င္ပါလဲ။

ေျဖ ။ ။ က်ေနာ္ကေတာ့ ဆရာဦးေက်ာ္ဇံသာေျပာတဲ့ စဥ္းစားခ်က္က သိပ္ၿပီးေတာ့ လက္ေတြ႕မက်ဘူးလို႔ ျမင္ပါတယ္။ တကယ္တမ္း ဒါကေတာ့ အေကာင္းဘက္ကို ေမွ်ာ္ေတြးၿပီးေတာ့ စဥ္းစားမယ္ဆိုရင္ေတာ့ ဒါဟာ ျဖစ္ေကာင္းျဖစ္ႏိုင္တယ္ဆိုတဲ့ဘက္ကေန သုံးသပ္ႏိုင္ပါတယ္။ သို႔ေသာ္ လက္ေတြ႕အေျခအေနမွာ ျပည္ေထာင္စုလႊတ္ေတာ္အတြင္းမွာ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြၾကားမွာ ဖြဲ႕စည္းပုံဥပေဒ ျပင္ဆင္ေရးနဲ႔ ပတ္သက္ၿပီးေတာ့ တင္းမာမႈေတြက ျမင့္မာေနဆဲပဲဆိုတာကေတာ့ ဖုံးကြယ္လို႔မရတဲ့ အေနအထားပါ။ တကယ္ ခရီးေပါက္ဖို႔ ေမွ်ာ္လင့္ႏိုင္မယ့္ အခင္းအက်င္းဟာ က်ေနာ့္အျမင္ကေတာ့ အရပ္ဘက္ႏိုင္ငံေရးေခါင္းေဆာင္ေတြနဲ႔ စစ္ဘက္ေခါင္းေဆာင္ေတြၾကားမွာ ပြင့္ပြင့္လင္းလင္း ညႇိႏႈိင္းေဆြးေႏြးၿပီးေတာ့ သေဘာတူညီခ်က္ေတြရေအာင္လုပ္ဖို႔။ အဲဒီသေဘာတူညီခ်က္ေတြကို ထပ္ဆင့္ၿပီးေတာ့ တိုင္းရင္းသားေခါင္းေဆာင္ေတြနဲ႔ပါ ညႇိႏႈိင္းေဆြးေႏြးၿပီးေတာ့ ပိုမိုခိုင္မာေအာင္ လုပ္ဖို႔က လက္တေလာအေျခအေနမွာ အေရးႀကီးတယ္လို႔ ျမင္ပါတယ္။

ေမး ။ ။ အဲဒီမူၾကမ္းထဲမွာ ေတြ႕တဲ့အခ်က္ေတြကို ၾကည့္မယ္ဆိုရင္ ျပည္သူေတြေမွ်ာ္မွန္းေနတဲ့ စစ္မွန္တဲ့ ဒီမိုကေရစီ - သူတို႔လည္းပဲ ဒီမိုကေရစီဖယ္ဒရယ္ဆိုတဲ့ အသုံးအႏႈန္းကို ဒီထဲမွာ ေတြ႕ရပါတယ္။ အဲဒီ ဒီမိုကေရစီဖယ္ဒရယ္ျပည္ေထာင္စုဆိုတဲ့အတိုင္း ဒီမိုကေရစီလမ္းကို ဘယ္ေလာက္ဦးတည္သြားႏိုင္သလဲ။ ဖယ္ဒရယ္ျဖစ္ဖို႔ကို ဘယ္ေလာက္ထိ ဦးတည္သြားႏိုင္သလဲဆိုတာကို နည္းနည္းေလး ေမးခ်င္ပါတယ္။ အေသးစိတ္ေျပာမယ္ဆိုရင္ေတာ့ အခ်က္အလက္ေတြက အမ်ားႀကီး က်ေနာ္ ပထမတစ္ခုေမးခ်င္တာက ဒီအထဲမွာ တပ္မေတာ္ရဲ႕ အခန္းက႑ကို ေလွ်ာ့ထားတယ္။ အရပ္သားအစိုးရကို အာဏာပိုေပးဖို႔ လုပ္ထားတယ္ဆိုတာကို ေတြ႕ရပါတယ္။ အဲဒီတစ္ခ်က္ကေတာ့ ျပည္သူေတြ ေမွ်ာ္မွန္းထားတဲ့ ပိုၿပီးဒီမိုကေရစီဆန္တဲ့သေဘာကို ေတြ႕ရပါတယ္။ ဒါေပမဲ့ ဖယ္ဒရယ္ျဖစ္မယ္ဆိုတဲ့ကိစၥနဲ႔ ပတ္သက္လို႔ေတာ့ အရင္တုန္းကလဲ ၄၇ ဖြဲ႕စည္းပုံကတည္းက ျပႆနာျဖစ္ခဲ့တာ ဖြဲ႕စည္းပုံကို ဖယ္ဒရယ္ပုံစံမ်ိဳး လုပ္ထားတယ္။ ဗဟိုအစိုးရနဲ႔ ျပည္နယ္အစိုးရေတြၾကားမွာ ဇယားေတြခြဲၿပီးေတာ့ အာဏာခြဲေဝထားတယ္။ သို႔ေသာ္လဲပဲ ျပည္နယ္အစိုးရေတြရဲ႕ အႀကီးအကဲဝန္ႀကီးခ်ဳပ္ကို ဗဟိုအစိုးရအာဏာပိုင္ သမၼတက ခန႔္အပ္ခဲ့တယ္ဆိုတဲ့ကိစၥက အဓိက ျဖစ္ခဲ့ပါတယ္။ အဲဒီကိစၥကိုပဲ တိုင္းရင္းသားေတြက ဖယ္ဒရယ္မပီသခဲ့ဘူးလို႔ ေျပာခဲ့ၾကတာ ရွိပါတယ္။ အခု ၂၀၀၈ ဖြဲ႕စည္းပုံမွာလည္း ဒီအတိုင္းပဲ ေတြ႕ရပါတယ္။ ဆိုေတာ့ ဒီအထဲမွာ အဲဒီကိစၥကို ျပင္ဆင္ထားတာ မေတြ႕ရဘူးဆိုေတာ့ တိုင္းရင္းသားေတြရဲ႕ ေမွ်ာ္မွန္းခ်က္ကို ဒီဖြဲ႕စည္းပုံမူၾကမ္းက ဘယ္ေလာက္ျဖည့္ဆည္းေပးႏိုင္မယ္လို႔ ထင္ပါသလဲ။

ေျဖ ။ ။ က်ေနာ့္ရဲ႕အျမင္ကေတာ့ အေျခခံမူေတြထဲမွာ ဒီမိုကေရစီဖယ္ဒရယ္ျပည္ေထာင္စုဆိုတဲ့ အသုံးအႏႈန္းကို ပီျပင္ေစဖို႔ အဆိုျပဳတာကေတာ့ က်ေနာ္တို႔တိုင္းျပည္ရဲ႕ ရည္မွန္းခ်က္ပန္းတိုင္အတြက္တာ့ မျဖစ္မေန ျပင္ရမယ့္ ပုဒ္မတစ္ခုလို႔ ျမင္ပါတယ္။ သို႔ေသာ္လဲ ဒီဖယ္ဒရယ္ ယဥ္ေက်းမႈစစ္စစ္ကို ေဖာ္ေဆာင္ဖို႔ ကိုယ္ပိုင္ျပဌာန္းခြင့္၊ ကိုယ့္ၾကမၼာ ကိုယ္ဖန္တီးခြင့္ေတြကို ဘယ္ေလာက္အထိ အာမခံႏိုင္မလဲဆိုတဲ့အပိုင္း။ အဲဒီအာမခံႏိုင္တဲ့ ပုဒ္မေတြ ျပင္ဆင္ဖို႔ အဆိုျပဳတဲ့အပိုင္းမွာေတာ့ အေတာ္ေလးကို အားနည္းတယ္လို႔ ျမင္ပါတယ္။ အထူးသျဖင့္ အခုန ဆရာေျပာတဲ့ တိုင္းေဒသႀကီးနဲ႔ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေတြကို သမၼတက ခန႔္အပ္တဲ့ကိစၥ။ အထူးသျဖင့္ ပုဒ္မ (၂၆၁) ျပင္ဆင္ေရးနဲ႔ ပတ္သက္ၿပီးေတာ့ အခုအခ်ိန္အထိ ပါဝင္တယ္လို႔ အသံမၾကားရေသးပါဘူး။

ဒါေပမဲ့ အခုေနာက္ဆုံးဖြဲ႕တဲ့ ေကာ္မရွင္ရဲ႕ အၿပီးသတ္ ဥပေဒမူၾကမ္း ထြက္လာတဲ့အခါၾကရင္ေတာ့ ပါလာႏိုင္လိမ့္မယ္လို႔ ျမင္ပါတယ္။ အဲဒီအခါၾကေတာ့ တိုင္းရင္းသားေတြရဲ႕ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္၊ ကိုယ္ပိုင္ျပဌာန္းခြင့္၊ ကိုယ့္ၾကမၼာကိုယ္ဖန္တီးႏိုင္ခြင့္ေတြကို အာမခံခ်က္ ေပးႏိုင္တဲ့ ျပင္ဆင္ခ်က္ေတြကိုလည္း အေလးထားၿပီးေတာ့ အဆိုျပဳုဖို႔၊ ေန႔တိုင္းေဆြးေႏြးဖို႔၊ သေဘာတူညီခ်က္ရေအာင္လုပ္ဖို႔ အဆုံးအျဖတ္ အပီျဖစ္ေအာင္လုပ္ဖို႔ လိုအပ္တယ္လို႔ ျမင္ပါတယ္။ တဘက္က ဆရာ အခုနေျပာသလိုပါပဲ တပ္မေတာ္ရဲ႕ ႏိုင္ငံေရးမွာပါဝင္တဲ့ အခန္းက႑ကို ေလွ်ာ့ခ်ဖို႔၊ ျပင္ဆင္မယ့္ပုဒ္မေတြ ေတာ္ေတာ္မ်ားမ်ားကိုလည္း ေတြ႕ရပါတယ္။ သို႔ေသာ္လဲ လက္ရွိအေျခအေနမွာ ခဲယဥ္းေနတာက အဲဒီတပ္မေတာ္ကို ႏိုင္ငံေရးထဲကေန ေလွ်ာ့ခ်ဖို႔နဲ႔ ဆက္စပ္တဲ့ ပုဒ္မေတြကို ျပင္ဖို႔ဆိုရင္ လႊတ္ေတာ္ထဲမွာ (၇၅) ရာခိုင္ႏႈန္း၊ အေပါင္း (၁) ရဲ႕ ေထာက္ခံမႈရဖို႔ လိုအပ္သလို။ ေနာက္တဆင့္က ျပည္လုံးကြၽတ္ဆႏၵခံယူပြဲႀကီး လုပ္ၿပီးေတာ့ မဲေပးပိုင္ခြင့္ရွိသူ စုစုေပါင္းရဲ႕ ထက္ဝက္ေက်ာ္က ေထာက္ခံရမယ္ဆိုတဲ့ ျပဌာန္းခ်က္ႀကီးက ရွိေနပါတယ္။ အဲဒီေတာ့ မဲေပးႏိုင္ခြင့္ရွိသူ စုစုေပါင္းဆိုတာက မဲလာေပးသူ စုစုေပါင္းမဟုတ္ပါဘူး။ အဲဒီအတြက္ေၾကာင့္မို႔ ဒီသတ္မွတ္ခ်က္ဟာ အင္မတန္မွ ျမင့္မားတဲ့ သတ္မွတ္ခ်က္တစ္ခုလို႔ ေျပာရင္လဲရတဲ့ အေနအထားမ်ိဳး ရွိေနပါတယ္။ သို႔ေသာ္လဲပဲ လက္ရွိ ဖြဲ႕စည္းပုံျပင္ဆင္ေရး ဥပေဒမူၾကမ္းမွာပါတဲ့ တပ္မေတာ္ကို ႏိုင္ငံေရးက ေလွ်ာ့ခ်မယ့္ ျပင္ဆင္ခ်က္ေတြဟာ လာမယ့္လႊတ္ေတာ္အစည္းအေဝးေတြမွာ မဲခြဲဆုံးျဖတ္ခဲ့ရင္ ေအာင္ျမင္မႈရဖို႔ အလားအလာ မရွိသေလာက္ကိုနည္းတယ္လို႔ က်ေနာ္က သုံးသပ္ပါတယ္။

ေမး ။ ။ ဒီဟာကို နည္းနည္းေလး ေဘာင္ေက်ာ္ၿပီးေတာ့ ေနာက္ဆုံးတစ္ခြန္းေမးခ်င္ပါတယ္။ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ကေတာ့ တပ္မေတာ္ရဲ႕ အခန္းက႑ကို ႏိုင္ငံေရးက ေလွ်ာ့ခ်သြားဖို႔ သူေမွ်ာ္မွန္းတယ္။ သို႔ေသာ္လဲ ျမန္မာႏိုင္ငံမွာ တိုင္းရင္းသားဆူပူေသာင္းက်န္းမႈေတြ၊ လက္နက္ကိုင္ပဋိပကၡေတြ ၿငိမ္းေအးသြားမွ ဒါမ်ိဳးလုပ္မယ္လို႔ သူက ေျပာထားဖူးတယ္ တင္ပါတယ္။ ဆိုေတာ့ အဲဒီလို သူေျပာထားတဲ့ အေျခအေန Condition စစ္ပြဲေတြ ၿငိမ္းေအးၿပီးေတာ့ ၿငိမ္းခ်မ္းေရးရဖို႔ အလားအလာအထိဆိုရင္ေတာ့ ဘယ္ေလာက္ေစာင့္ရအုံးမယ္ ထင္ပါလဲ။

ေျဖ ။ ။ က်ေနာ့္အျမင္ကေတာ့ လက္ရွိအစိုးရက ေဖာ္ေဆာင္ေနတဲ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ရဲ႕လမ္းေၾကာင္း၊ ေနာက္ လက္ရွိ က်ေနာ္တို႔ ႏိုင္ငံရဲ႕ အရပ္ဘက္စစ္ဘက္ ဆက္ဆံေရးအေျခအေန။ ေနာက္ၿပီးေတာ့ အစိုးရေတြ လႊတ္ေတာ္ေတြရဲ႕ စြမ္းေဆာင္ေရးဘက္ကေန သုံးသပ္မယ္ဆိုရင္ေတာ့ က်ေနာ္တို႔ရဲ႕ ေျမးျမစ္တို႔ေခတ္မွာပဲ ျဖစ္ေကာင္းျဖစ္လိမ့္မယ္လို႔ သုံးသပ္လိုပါတယ္။

XS
SM
MD
LG