သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ အင္တာနက္ျပန္ဖြင္႔ေရး ဆႏၵျပေခါင္းေဆာင္တခ်ိဳ႕ တိမ္းေ႐ွာင္


ေဖေဖာ္၀ါရီလ ၂၃ ရက္ေနတုန္းက ရန္ကုန္မွာ ရခိုင္ အင္တာနက္ျပန္ဖြင္႔ေရး ဆႏၵျပေနသူမ်ား

(Zawgyi/Unicode)

ခြင့္ျပဳခ်က္ မရွိဘဲ ဆႏၵျပမႈေၾကာင့္ ဆိုၿပီး ၿငိမ္းခ်မ္းစြာ စုေ၀းခြင့္၊ စီတန္းလွည့္လည္ခြင့္ ဆိုင္ရာ ဥပေဒနဲ႔ ရဲတပ္ဖြဲ႔က အမႈဖြင့္ဖို႔ လိုက္လံ ဖမ္းဆီးမႈေၾကာင့္ ဆႏၵျပ ေက်ာင္းသား တခ်ိဳ႕ တိမ္းေရွာင္ေနၾကပါတယ္။

ေက်ာင္းသား တခ်ိဳ႕ကို ရဲက ဖမ္းဆီးခဲ႔ေပမယ္႔လည္း ေနာက္ပိုင္းမွာေတာ့ လူမစံုေသးတဲ႔ အတြက္ဆိုၿပီး ျပန္လႊတ္ေပးလိုက္တယ္လို႔လည္း တိမ္းေရွာင္ေနသူေတြက ေျပာပါတယ္။ ရခုိင္မွာ အင္တာနက္ ျပန္ဖြင့္ေရး၊ လြတ္လပ္စြာ သတင္းရယူခြင့္ေပးေရးေတြ ေတာင္းဆိုခဲ႔ၾကတဲ႔ ေက်ာင္းသားေတြ အမႈဖြင့္ခံရမယ့္ အေရး စိုးရိမ္ေနၾကတဲ႔ အေျခအေနကိုေတာ့ မသိဂၤ ီထိုက္ တင္ျပထားပါတယ္။

ရခိုင္မွာ အင္တာနက္ျဖတ္တာ ဘာအက်ဳိးရွိသလဲ … တုိက္႐ုိက္ေလလႈိင္း အစီအစဥ္ နားဆင္ႏုိင္ပါတယ္။

ရခုိင္နဲ႔ ခ်င္းျပည္နယ္မွာ အင္တာနက္ ျပန္ဖြင့္ေပးဖို႔၊ ဘူးသီးေတာင္ၿမိဳ႕နယ္က မူလတန္းလြန္ေက်ာင္းေပၚ လက္နက္ႀကီးက်ည္ ထိမွန္ခဲ႔မႈ အတြက္ တာ၀န္ရွိသူေတြ ေျဖရွင္းေပးဖို႔၊ အျငင္းပြားဖြယ္ ျဖစ္ရပ္ေတြ ပြင့္လင္းျမင္သာမႈ ရွိေရးနဲ႔ သတင္းလြတ္လပ္စြာ တင္ျပခြင့္ အတြက္ လြတ္လပ္တဲ႔ ႏုိင္ငံတကာ စံုစမ္းစစ္ေဆးေရး ေကာ္မရွင္ေတြနဲ႔ ဖြဲ႔စည္း စစ္ေဆးဖို႔ ၿပီးခဲ႔တဲ႔ တနဂၤေႏြေန႔မွာ ေက်ာင္းသား သမဂၢ သံုးခုေပါင္းၿပီး ရန္ကုန္မွာ ဆႏၵျပခဲ႔ၾကပါတယ္။ ဒီလို ဆႏၵျပၿပီးေနာက္ တေန႔ တနလာၤေန႔မွာေတာ့ ကမာရြတ္ ရဲစခန္းက အမႈဖြင့္မယ္ဆိုၿပီး ဖုန္းဆက္အေၾကာင္းၾကားလာေၾကာင္း ကိုေက်ာ္လင္းက ေျပာပါတယ္။

“ ရဲစခန္းက ဖုန္းဆက္လာတာကေတာ့ သူတို႔ ပုဒ္မ ၁၉ နဲ႔ အမူဖြင့္ထားတယ္ေပါ့ေနာ္။ ရဲစခန္းကို လာခဲ့ပါဆိုၿပီးေတာ့ ေျပာပါတယ္။ ဆိုေတာ့ က်ေနာ္တို႔ စုစုေပါင္း ၉ ေယာက္ကို အမႈဖြင့္တယ္ေပါ့ေနာ္။ ၉ ေယာက္မွာ ပထမ ၂ ေယာက္က ဖမ္းသြားတယ္ ေနာက္ဆက္ၿပီးေတာ့ ၃ ေယာက္ဖမ္းတယ္ ။ ေနာက္က်န္တဲ့လူေတြကို ဖမ္းတယ္ဆိုေတာ့ စုစုေပါင္း ၉ ေယာက္မွာ ၆ ေယာက္ေလာက္က ဖမ္းဆီးခံလိုက္ရတယ္ေပါ့။ ေနာက္ က်ေနာ္အပါအ၀င္ ၃ ေယာက္ ရကၡိဳင္ေက်ာင္းသားမ်ား သမဂၢ က တေယာက္ရယ္ ဗကသ အဖြဲ႔ခ်ဳပ္က တေယာက္ရယ္ က အျပင္မွာ ရွိေနေသးတယ္ေပါ့။ ေထာက္ခံတဲ့လူေတြကို အခုေလာေလာဆယ္ လူမစံုေသးဘူးေပါ့ လူစံုမွပဲ ထပ္ၿပီးေတာ့ လုပ္မယ္ေပါ့ အဲလိုပံုစံေျပာတယ္။”

ခြင့္ျပဳခ်က္ မရွိဘဲ ဆႏၵျပမႈေၾကာင့္ ၿငိမ္းခ်မ္းစြာ စုေ၀းခြင့္၊ စီတန္းလွည့္လည္ခြင့္ ဆိုင္ရာ ဥပေဒနဲ႔ အမႈဖြင့္မယ္လို႔ ရဲက အေၾကာင္းၾကားလာတဲ႔ အေၾကာင္း ေျပာလာတဲ႔ ကိုေက်ာ္လင္းကေတာ့ ရကၡိဳင္ေက်ာင္းသားမ်ား သမဂၢ (တကၠသိုလ္မ်ား - ရန္ကုန္) ရဲ႕ မူ၀ါဒေရးရာ တာ၀န္ခံ၊ ေနာက္ ႏုိင္ငံေရး သိပၸံ မဟာဘြဲ႔ ေက်ာင္းသား တဦး ျဖစ္ပါတယ္။ ဆႏၵျပပြဲေတြ အတြက္ ခြင့္ျပဳခ်က္ေတာင္းရမယ္ဆိုတဲ႔ ဥပေဒ ရွိေပမယ့္ ဘာေၾကာင့္ ခြင့္ျပဳခ်က္ မေတာင္းဘဲ ဆႏၵျပခဲ႔တာလဲ ဆိုတာကိုလည္း သူက အခုလို ေျပာပါတယ္။

“ႏိုင္ငံသားတေယာက္အေနနဲ႔ ေက်ာင္းသူေက်ာင္းသားတေယာက္အျမင္အေနနဲ႔ က်ေနာ္တို႔ ျမင္တာကို ေဖာ္ထုတ္တယ္။ က်ေနာ္တို႔ ထင္ျမင္ခ်က္ေတြကို လမ္းေပၚထြက္ၿပီးေျပာတယ္။ ဆိုေတာ့ က်ေနာ္တို႔ ဒါက လူသားတေယာက္အေနနဲ႔ ရပိုင္ခြင့္ကို က်င့္သံုးတယ္လို႔ ယူဆတယ္။ ဆိုေတာ့ အဲဒါကို ပုဒ္မအမ်ိဳးမ်ိဳးတပ္ၿပီးေတာ့ က်ေနာ္တုိ႔ကို အခုလိုမ်ိဳး ျခိမ္းေျခာက္တယ္ ၊ ဖမ္းဆီးဖို႔ လုပ္တယ္ဆိုတာကေတာ့ က်ေနာ္တို႔ ဒါက လံုး၀မျဖစ္သင့္တဲ့ ကိစၥေပါ့။”

ရန္ကုန္တိုင္း ကမာရြတ္ၿမိဳ႕နယ္ ရဲစခန္းက ၿငိမ္းခ်မ္းစြာ စုေ၀းခြင့္၊ စီတန္းလွည့္လည္ခြင့္ ဆိုင္ရာ ဥပေဒနဲ႔ အမႈဖြင့္ဖို႔ ဆိုတဲ႔ ေက်ာင္းသား ၉ ဦးထဲမွာ ၂ ဦးက ရကၡိဳင္ေက်ာင္းသားမ်ား သမဂၢ (တကၠသိုလ္မ်ား - ရန္ကုန္) က ၂ ဦးပါၿပီး ဗမာႏုိင္ငံလံုးဆိုင္ရာ ေက်ာင္းသား သမဂၢမ်ားအဖြဲ႔ခ်ဳပ္၊ ရန္ကုန္စီးပြားေရး တကၠသိုလ္ ေက်ာင္းသားမ်ား သမဂၢ (ရြာသာႀကီး နယ္ေျမ) တို႔က ေက်ာင္းသား ၇ ဦးထဲမွာ အမ်ိဳးသမီး ၂ ဦးနဲ႔ အမ်ိဳးသား ၇ ဦး ျဖစ္တယ္လို႔ ေျပာပါတယ္။ တနလာၤေန႔မွာ ရဲစခန္းမွာ ေခတၱ ထိန္းသိမ္းခံခဲ႔ရသူ ၆ ဦးရွိၿပီး ၃ ဦးကေတာ့ တိမ္းေရွာင္ေနေၾကာင္း၊ တိမ္းေရွာင္ေနရတဲ႔ အေၾကာင္းရင္းကိုလည္း ကိုေက်ာ္လင္းက အခုလို ေျပာပါတယ္။

“က်ေနာ္သံသယရွိတာက ဘာေၾကာင့္ ေရွ႕ကလူေတြကို ဖမ္းၿပီးေတာ့ ဆက္ၿပီးေတာ့ မလုပ္လဲေပါ့။ ဘာျဖစ္လို႔ က်ေနာ္တို႔ကို ဆက္ၿပီးေတာ့ ေစာင့္ေနသလဲေပါ့။ အဲဒါ က်ေနာ္သံသယရွိတယ္။ ေနာက္တခုကေတာ့ က်ေနာ္တို႔စဥ္းစားမိတာ က်ေနာ္တုိ႔ ရကၡိဳင္ေက်ာင္းသားမ်ား သမဂၢျဖစ္တဲ့အတြက္ေၾကာင့္ ႏိုင္ငံေရးအရ ပိုၿပီးေတာ့ sensitive ျဖစ္တယ္။ အဲဒါေၾကာင့္ က်ေနာ္တို႔ကို ပိုၿပီးေတာ့ ႀကီးတဲ့ ပုဒ္မေတြနဲ႔ Target ထားတာလားလို႔ က်ေနာ္တို႔ စိုးရိမ္တယ္ေပါ့ေနာ္။ အဲဒါ က်ေနာ္တို႔လည္း အာမ မခံႏိုင္ဘူး ဆိုတဲ့အတြက္ေၾကာင့္ က်ေနာ္တို႔လည္း ဆက္ၿပီးေတာ့ အၾကံအ ဉာဏ္ေတြ ေတာင္းေနတယ္ေပါ့ ။ က်ေနာ္တို႔လည္း ဒီတရားေရးစနစ္ကို သိပ္ၿပီးေတာ့ အယံုအၾကည္မရွိဘူးဆိုေတာ့ ဘယ္လိုလုပ္ရမယ္ဆိုတာ ဆက္ၿပီးေတာ့ စဥ္းစားေနပါတယ္။”

ရခုိင္ျပည္နယ္တြင္းမွာ AA ရခုိင္လက္နက္ကိုင္တပ္ဖြဲ႔နဲ႔ ျမန္မာ တပ္မေတာ္ၾကား တိုက္ပြဲေတြက ၿပီးခဲ႔တဲ႔ႏွစ္ကတည္းက စခဲ႔တာပါ။ ႏွစ္ဖက္တိုက္ပြဲေတြ ရွိသလိုဘဲ အရပ္သား ပစ္မွတ္ေတြ အေပၚကို လက္နက္ႀကီးက်ည္ ထိမွန္တာေၾကာင့္ အရပ္သား ထိခိုက္ေသဆံုးမႈလည္း ရွိပါတယ္။ ဒါေပမယ့္ ဒီတိုက္ခုိက္မႈေတြ အေပၚ ဘယ္ဘက္ကမွ တာ၀န္မယူပါဘူး။

တိုက္႐ိုက္ လင့္ခ္


..............

ရခိုင် အင်တာနက်ပြန်ဖွင့်ရေး ဆန္ဒပြခေါင်းဆောင်တချို့ တိမ်းရှောင်

(Unicode)

ခွင့်ပြုချက် မရှိဘဲ ဆန္ဒပြမှုကြောင့် ဆိုပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေနဲ့ ရဲတပ်ဖွဲ့က အမှုဖွင့်ဖို့ လိုက်လံ ဖမ်းဆီးမှုကြောင့် ဆန္ဒပြ ကျောင်းသား တချို့ တိမ်းရှောင်နေကြပါတယ်။ ကျောင်းသား တချို့ကို ရဲက ဖမ်းဆီးခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ လူမစုံသေးတဲ့ အတွက်ဆိုပြီး ပြန်လွှတ်ပေးလိုက်တယ်လို့လည်း တိမ်းရှောင်နေသူတွေက ပြောပါတယ်။ ရခိုင်မှာ အင်တာနက် ပြန်ဖွင့်ရေး၊ လွတ်လပ်စွာ သတင်းရယူခွင့်ပေးရေးတွေ တောင်းဆိုခဲ့ကြတဲ့ ကျောင်းသားတွေ အမှုဖွင့်ခံရမယ့် အရေး စိုးရိမ်နေကြတဲ့ အခြေအနေကိုတော့ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

ရခိုင်မှာ အင်တာနက်ဖြတ်တာ ဘာအကျိုးရှိသလဲ … တိုက်ရိုက်လေလှိုင်း အစီအစဉ် နားဆင်နိုင်ပါတယ်။

ရခိုင်နဲ့ ချင်းပြည်နယ်မှာ အင်တာနက် ပြန်ဖွင့်ပေးဖို့၊ ဘူးသီးတောင်မြို့နယ်က မူလတန်းလွန်ကျောင်းပေါ် လက်နက်ကြီးကျည် ထိမှန်ခဲ့မှု အတွက် တာဝန်ရှိသူတွေ ဖြေရှင်းပေးဖို့၊ အငြင်းပွားဖွယ် ဖြစ်ရပ်တွေ ပွင့်လင်းမြင်သာမှု ရှိရေးနဲ့ သတင်းလွတ်လပ်စွာ တင်ပြခွင့် အတွက် လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တွေနဲ့ ဖွဲ့စည်း စစ်ဆေးဖို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ကျောင်းသား သမဂ္ဂ သုံးခုပေါင်းပြီး ရန်ကုန်မှာ ဆန္ဒပြခဲ့ကြပါတယ်။ ဒီလို ဆန္ဒပြပြီးနောက် တနေ့ တနလာၤနေ့မှာတော့ ကမာရွတ် ရဲစခန်းက အမှုဖွင့်မယ်ဆိုပြီး ဖုန်းဆက်အကြောင်းကြားလာကြောင်း ကိုကျော်လင်းက ပြောပါတယ်။

“ ရဲစခန်းက ဖုန်းဆက်လာတာကတော့ သူတို့ ပုဒ်မ ၁၉ နဲ့ အမူဖွင့်ထားတယ်ပေါ့နော်။ ရဲစခန်းကို လာခဲ့ပါဆိုပြီးတော့ ပြောပါတယ်။ ဆိုတော့ ကျနော်တို့ စုစုပေါင်း ၉ ယောက်ကို အမှုဖွင့်တယ်ပေါ့နော်။ ၉ ယောက်မှာ ပထမ ၂ ယောက်က ဖမ်းသွားတယ် နောက်ဆက်ပြီးတော့ ၃ ယောက်ဖမ်းတယ် ။ နောက်ကျန်တဲ့လူတွေကို ဖမ်းတယ်ဆိုတော့ စုစုပေါင်း ၉ ယောက်မှာ ၆ ယောက်လောက်က ဖမ်းဆီးခံလိုက်ရတယ်ပေါ့။ နောက် ကျနော်အပါအဝင် ၃ ယောက် ရက္ခိုင်ကျောင်းသားများ သမဂ္ဂ က တယောက်ရယ် ဗကသ အဖွဲ့ချုပ်က တယောက်ရယ် က အပြင်မှာ ရှိနေသေးတယ်ပေါ့။ ထောက်ခံတဲ့လူတွေကို အခုလောလောဆယ် လူမစုံသေးဘူးပေါ့ လူစုံမှပဲ ထပ်ပြီးတော့ လုပ်မယ်ပေါ့ အဲလိုပုံစံပြောတယ်။”

ခွင့်ပြုချက် မရှိဘဲ ဆန္ဒပြမှုကြောင့် ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေနဲ့ အမှုဖွင့်မယ်လို့ ရဲက အကြောင်းကြားလာတဲ့ အကြောင်း ပြောလာတဲ့ ကိုကျော်လင်းကတော့ ရက္ခိုင်ကျောင်းသားများ သမဂ္ဂ (တက္ကသိုလ်များ - ရန်ကုန်) ရဲ့ မူဝါဒရေးရာ တာဝန်ခံ၊ နောက် နိုင်ငံရေး သိပ္ပံ မဟာဘွဲ့ ကျောင်းသား တဦး ဖြစ်ပါတယ်။ ဆန္ဒပြပွဲတွေ အတွက် ခွင့်ပြုချက်တောင်းရမယ်ဆိုတဲ့ ဥပဒေ ရှိပေမယ့် ဘာကြောင့် ခွင့်ပြုချက် မတောင်းဘဲ ဆန္ဒပြခဲ့တာလဲ ဆိုတာကိုလည်း သူက အခုလို ပြောပါတယ်။

“နိုင်ငံသားတယောက်အနေနဲ့ ကျောင်းသူကျောင်းသားတယောက်အမြင်အနေနဲ့ ကျနော်တို့ မြင်တာကို ဖော်ထုတ်တယ်။ ကျနော်တို့ ထင်မြင်ချက်တွေကို လမ်းပေါ်ထွက်ပြီးပြောတယ်။ ဆိုတော့ ကျနော်တို့ ဒါက လူသားတယောက်အနေနဲ့ ရပိုင်ခွင့်ကို ကျင့်သုံးတယ်လို့ ယူဆတယ်။ ဆိုတော့ အဲဒါကို ပုဒ်မအမျိုးမျိုးတပ်ပြီးတော့ ကျနော်တို့ကို အခုလိုမျိုး ခြိမ်းခြောက်တယ် ၊ ဖမ်းဆီးဖို့ လုပ်တယ်ဆိုတာကတော့ ကျနော်တို့ ဒါက လုံးဝမဖြစ်သင့်တဲ့ ကိစ္စပေါ့။”

ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် ရဲစခန်းက ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေနဲ့ အမှုဖွင့်ဖို့ ဆိုတဲ့ ကျောင်းသား ၉ ဦးထဲမှာ ၂ ဦးက ရက္ခိုင်ကျောင်းသားများ သမဂ္ဂ (တက္ကသိုလ်များ - ရန်ကုန်) က ၂ ဦးပါပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်၊ ရန်ကုန်စီးပွားရေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ရွာသာကြီး နယ်မြေ) တို့က ကျောင်းသား ၇ ဦးထဲမှာ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၇ ဦး ဖြစ်တယ်လို့ ပြောပါတယ်။ တနလာၤနေ့မှာ ရဲစခန်းမှာ ခေတ္တ ထိန်းသိမ်းခံခဲ့ရသူ ၆ ဦးရှိပြီး ၃ ဦးကတော့ တိမ်းရှောင်နေကြောင်း၊ တိမ်းရှောင်နေရတဲ့ အကြောင်းရင်းကိုလည်း ကိုကျော်လင်းက အခုလို ပြောပါတယ်။

“ကျနော်သံသယရှိတာက ဘာကြောင့် ရှေ့ကလူတွေကို ဖမ်းပြီးတော့ ဆက်ပြီးတော့ မလုပ်လဲပေါ့။ ဘာဖြစ်လို့ ကျနော်တို့ကို ဆက်ပြီးတော့ စောင့်နေသလဲပေါ့။ အဲဒါ ကျနော်သံသယရှိတယ်။ နောက်တခုကတော့ ကျနော်တို့စဉ်းစားမိတာ ကျနော်တို့ ရက္ခိုင်ကျောင်းသားများ သမဂ္ဂဖြစ်တဲ့အတွက်ကြောင့် နိုင်ငံရေးအရ ပိုပြီးတော့ sensitive ဖြစ်တယ်။ အဲဒါကြောင့် ကျနော်တို့ကို ပိုပြီးတော့ ကြီးတဲ့ ပုဒ်မတွေနဲ့ Target ထားတာလားလို့ ကျနော်တို့ စိုးရိမ်တယ်ပေါ့နော်။ အဲဒါ ကျနော်တို့လည်း အာမ မခံနိုင်ဘူး ဆိုတဲ့အတွက်ကြောင့် ကျနော်တို့လည်း ဆက်ပြီးတော့ အကြံအ ဉာဏ်တွေ တောင်းနေတယ်ပေါ့ ။ ကျနော်တို့လည်း ဒီတရားရေးစနစ်ကို သိပ်ပြီးတော့ အယုံအကြည်မရှိဘူးဆိုတော့ ဘယ်လိုလုပ်ရမယ်ဆိုတာ ဆက်ပြီးတော့ စဉ်းစားနေပါတယ်။”

ရခိုင်ပြည်နယ်တွင်းမှာ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့နဲ့ မြန်မာ တပ်မတော်ကြား တိုက်ပွဲတွေက ပြီးခဲ့တဲ့နှစ်ကတည်းက စခဲ့တာပါ။ နှစ်ဖက်တိုက်ပွဲတွေ ရှိသလိုဘဲ အရပ်သား ပစ်မှတ်တွေ အပေါ်ကို လက်နက်ကြီးကျည် ထိမှန်တာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုလည်း ရှိပါတယ်။ ဒါပေမယ့် ဒီတိုက်ခိုက်မှုတွေ အပေါ် ဘယ်ဘက်ကမှ တာဝန်မယူပါဘူး။

XS
SM
MD
LG