(Zawgyi/Unicode)
ရခိုင္ျပည္နယ္ပဋိပကၡနဲ႔ပတ္သက္လို႔ စံုစမ္းခဲ့တဲ့ လြတ္လပ္ေသာစုံစမ္းစစ္ေဆးေရးေကာ္မရွင္ ICOE အစီရင္ခံစာထဲမွာ အစုအၿပံဳလိုက္ သတ္ျဖတ္မႈေတြ ႐ွိခ့ဲတယ္လို႔ ေဖာ္ျပထားတဲ့ ေမာင္ႏု႐ြာနဲ႔ ခြ်တ္ျပင္႐ြာက သတ္ျဖတ္မႈေတြကိစၥကို စံုစမ္းစစ္ေဆးေရးခံုရံုး (Court of Inquiry) နဲ႔ စစ္ေဆး ေဆာင္႐ြက္သြားမယ္လို႔ စစ္တပ္က ေျပာၾကားလိုက္ပါတယ္။
အစီရင္ခံစာပါ က်န္ျဖစ္စဥ္ေတြကိုလည္း ဆက္လက္ ေလ့လာသံုးသပ္စိစစ္ေနတယ္လို႔ ေျပာထားပါတယ္။ ဂူတာျပင္ရြာျဖစ္စဥ္နဲ႔ပါတ္သက္လို႔ အေရးယူ ေဆာင္႐ြက္ဆဲျဖစ္ၿပီး စစ္တရား႐ုံးရဲ႕ စစ္ေဆး ေဆာင္ရြက္မႈ အေျခေနေတြကို မၾကာခင္ သတင္းထုတ္ျပန္ မယ္လို႔လည္း အသိေပးထားပါတယ္။ အင္းဒင္႐ြာျဖစ္စဥ္နဲ႔ပတ္သက္လို႔ေတာ့ အေရးယူေဆာင္႐ြက္ခဲ့ၿပီးျဖစ္တယ္လို႔လည္း ေဖေဖာ္ဝါရီ ၂၀ ရက္ေန႔က တပ္မေတာ္ သတင္းထုတ္ျပန္ခ်က္မွာ ေရးထားပါတယ္။
ေမာင္ႏုေက်း႐ြာမွာလည္း အစုလိုက္အၿပံဳလိုက္သတ္ခံရသူ ၁၀၀ နဲ႔ ၂၀၀ ၾကား႐ွိၿပီး လက္နက္ကိုင္မဟုတ္တဲ့ ႐ြာသားေတြျဖစ္တယ္လို႔ မ်က္ျမင္ေတြက ေျပာေၾကာင္း ICOE အစီရင္ခံစာမွာ ေရးထားပါတယ္။ ဒီအစီရင္ခံစာထဲမွာ မင္းႀကီး႐ြာ၊ ခၽြတ္ျပင္႐ြာ၊ ေမာင္ႏု႐ြာနဲ႔ ဂူတာျပင္ေက်း႐ြာေတြမွာ လံုၿခံဳေရးတပ္ဖဲြ႔ဝင္ေတြ လက္ခ်က္နဲ႔ အစုလိုက္ အၿပံဳလိုက္သတ္ခံခဲ့ရတယ္လို႔ ေဖာ္ျပထားပါတယ္။
....................
မောင်နုရွာနဲ့ ချွတ်ပြင်ရွာ သတ်ဖြတ်မှု ICOE အစီရင်ခံစာဖော်ပြချက် တပ်မတော်ခုံရုံး စစ်ဆေးမယ်
(Unicode)
ရခိုင်ပြည်နယ်ပဋိပက္ခနဲ့ပတ်သက်လို့ စုံစမ်းခဲ့တဲ့ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် ICOE အစီရင်ခံစာထဲမှာ အစုအပြုံလိုက် သတ်ဖြတ်မှုတွေ ရှိခဲ့တယ်လို့ ဖော်ပြထားတဲ့ မောင်နုရွာနဲ့ ချွတ်ပြင်ရွာက သတ်ဖြတ်မှုတွေကိစ္စကို စုံစမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry) နဲ့ စစ်ဆေး ဆောင်ရွက်သွားမယ်လို့ စစ်တပ်က ပြောကြားလိုက်ပါတယ်။
အစီရင်ခံစာပါ ကျန်ဖြစ်စဉ်တွေကိုလည်း ဆက်လက် လေ့လာသုံးသပ်စိစစ်နေတယ်လို့ ပြောထားပါတယ်။ ဂူတာပြင်ရွာဖြစ်စဉ်နဲ့ပါတ်သက်လို့ အရေးယူ ဆောင်ရွက်ဆဲဖြစ်ပြီး စစ်တရားရုံးရဲ့ စစ်ဆေး ဆောင်ရွက်မှု အခြေနေတွေကို မကြာခင် သတင်းထုတ်ပြန် မယ်လို့လည်း အသိပေးထားပါတယ်။ အင်းဒင်ရွာဖြစ်စဉ်နဲ့ပတ်သက်လို့တော့ အရေးယူဆောင်ရွက်ခဲ့ပြီးဖြစ်တယ်လို့လည်း ဖေဖော်ဝါရီ ၂၀ ရက်နေ့က တပ်မတော် သတင်းထုတ်ပြန်ချက်မှာ ရေးထားပါတယ်။
မောင်နုကျေးရွာမှာလည်း အစုလိုက်အပြုံလိုက်သတ်ခံရသူ ၁၀၀ နဲ့ ၂၀၀ ကြားရှိပြီး လက်နက်ကိုင်မဟုတ်တဲ့ ရွာသားတွေဖြစ်တယ်လို့ မျက်မြင်တွေက ပြောကြောင်း ICOE အစီရင်ခံစာမှာ ရေးထားပါတယ်။ ဒီအစီရင်ခံစာထဲမှာ မင်းကြီးရွာ၊ ချွတ်ပြင်ရွာ၊ မောင်နုရွာနဲ့ ဂူတာပြင်ကျေးရွာတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လက်ချက်နဲ့ အစုလိုက် အပြုံလိုက်သတ်ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။