(Zawgyi/ Unicode)
ရခုိင္ျပည္နယ္တြင္းမွာ ျမန္မာလံုၿခံဳေရး တပ္ဖြဲ႔ေတြရဲ႕ စစ္ရာဇ၀တ္မႈနဲ႔ ႀကီးမားတဲ႔ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြမွာ တာ၀န္ရွိသူေတြကို တရားဥပေဒေၾကာင္း အရ အျပစ္ေပး အေရးယူဖို႔ ျမန္မာအစိုးရကို ဥေရာပ သမဂၢ EU က တိုက္တြန္းလိုက္ပါတယ္။
ဒါ႔အျပင္ ႏုိင္ငံတကာ တရားရံုး ICJ က ရခုိင္ျပည္နယ္တြင္း ယာယီ အစီအမံမ်ားဆိုင္ရာ ညႊန္ၾကားခ်က္ကိုလည္း ျမန္မာဘက္က အျပည့္အ၀ လိုက္နာေဆာင္ရြက္ဖို႔ ေမွ်ာ္လင့္ေၾကာင္းလည္း EU ဘက္က ေျပာဆိုလိုက္ပါတယ္။ ျမန္မာႏုိင္ငံဆိုင္ရာ EU သံအမတ္ႀကီး၊ EU ႏိုင္ငံေတြက သံအမတ္ႀကီးေတြနဲ႔ သံရံုး အႀကီးအကဲေတြက တနလာၤေန႔က အခုလို ေၾကညာခ်က္ ထုတ္ တိုက္တြန္းတာ ျဖစ္ပါတယ္။
ICJ က ခ်မွတ္လိုက္တဲ့ ၾကားျဖတ္ အေရးေပၚစီမံခ်က္ေတြကို ဖတ္႐ႈႏုိင္ပါတယ္။
ျမန္မာ အစိုးရက ဖြဲ႔ထားတဲ႔ ICoE စံုစမ္းစစ္ေဆးေရး ေကာ္မရွင္ရဲ႕ အႀကံျပဳခ်က္နဲ႔ အညီ ေနာက္ဆက္တြဲ စံုစမ္းစစ္ေဆးမႈေတြကို ႏုိင္ငံတကာ စံခ်ိန္စံညႊန္းေတြနဲ႔ ကိုက္ညီေအာင္ လုပ္ဖို႔ လိုအပ္ပါတယ္လို႔လည္း တိုက္တြနး္ထားပါတယ္။
လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈႀကီးေတြ အတြက္ တာ၀န္ရွိသူေတြကို တရားမွ်တစြာ စီရင္ႏုိင္ေရး အတြက္ အထူးသျဖင့္ ျမန္မာ လံုၿခံဳေရး တပ္ဖြဲ႔ေတြဘက္က ေဆာင္ရြက္ရမွာ ျဖစ္တယ္လုိ႔လည္း ေထာက္ျပထားပါတယ္။ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ထပ္မျဖစ္ေရး အတြက္ ျမန္မာ့ တပ္မေတာ္တြင္း အဖြဲ႔အစည္းဆိုင္ရာ ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ေရး အႀကံျပဳခ်က္ကိုလည္း EU က ႀကိဳဆိုေၾကာင္း ေျပာဆိုထားပါတယ္။
ရခုိင္ ပဋိပကၡ ေျဖရွင္းေရး ျမန္မာ အစိုးရရဲ႕ ေဆာင္ရြက္ခ်က္ေတြနဲ႔ နယ္စပ္ေဒသ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈတို႔ အတြက္ EU ဘက္က ကူညီဖို႔ အဆင္သင့္ ရွိတယ္လို႔လည္း ကမ္းလွမ္းထားပါတယ္။
.................
စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို အရေးယူဖို့ EU တိုက်တွန်း
(Unicode)
ရခိုင်ပြည်နယ်တွင်းမှာ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေရဲ့ စစ်ရာဇဝတ်မှုနဲ့ ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေကို တရားဥပဒေကြောင်း အရ အပြစ်ပေး အရေးယူဖို့ မြန်မာအစိုးရကို ဥရောပ သမဂ္ဂ EU က တိုက်တွန်းလိုက်ပါတယ်။
ဒါ့အပြင် နိုင်ငံတကာ တရားရုံး ICJ က ရခိုင်ပြည်နယ်တွင်း ယာယီ အစီအမံများဆိုင်ရာ ညွှန်ကြားချက်ကိုလည်း မြန်မာဘက်က အပြည့်အ၀ လိုက်နာဆောင်ရွက်ဖို့ မျှော်လင့်ကြောင်းလည်း EU ဘက်က ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး၊ EU နိုင်ငံတွေက သံအမတ်ကြီးတွေနဲ့ သံရုံး အကြီးအကဲတွေက တနလာၤနေ့က အခုလို ကြေညာချက် ထုတ် တိုက်တွန်းတာ ဖြစ်ပါတယ်။
မြန်မာ အစိုးရက ဖွဲ့ထားတဲ့ ICoE စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အကြံပြုချက်နဲ့ အညီ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီအောင် လုပ်ဖို့ လိုအပ်ပါတယ်လို့လည်း တိုက်တွန်းထားပါတယ်။
ICJ က ချမှတ်လိုက်တဲ့ ကြားဖြတ် အရေးပေါ်စီမံချက်တွေကို ဖတ်ရှုနိုင်ပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်မှုကြီးတွေ အတွက် တာဝန်ရှိသူတွေကို တရားမျှတစွာ စီရင်နိုင်ရေး အတွက် အထူးသဖြင့် မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေဘက်က ဆောင်ရွက်ရမှာ ဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ထပ်မဖြစ်ရေး အတွက် မြန်မာ့ တပ်မတော်တွင်း အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရေး အကြံပြုချက်ကိုလည်း EU က ကြိုဆိုကြောင်း ပြောဆိုထားပါတယ်။
ရခိုင် ပဋိပက္ခ ဖြေရှင်းရေး မြန်မာ အစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ နယ်စပ်ဒေသ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတို့ အတွက် EU ဘက်က ကူညီဖို့ အဆင်သင့် ရှိတယ်လို့လည်း ကမ်းလှမ်းထားပါတယ်။