သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာနဲ႔ေဒသတြင္းႏုိင္ငံတခ်ိဳ႕ အင္တာနက္ေတြျပန္ဖြင့္ေပးေရး WHO ၾကား၀င္ေဆာင္ရြက္ေပးဖုိ႔ HRW ေတာင္းဆုိ


ရခိုင္ျပည္နယ္အတြင္းက အင္တာနက္ကို ဖုန္းမွ သံုးေနသူမ်ား

(Zawgyi/Unicode)

ကိုရိုနာဗုိင္းရပ္စ္ ကပ္ေရာဂါခံစားေနရခ်ိန္မွာ ျမန္မာ၊ ဘဂၤလားေဒ့ရွ္၊ အိႏၵိယနဲ႔ ပါကစၥတန္ ၄ ႏိုင္ငံအစိုးရေတြရဲ႕ သူတို႔ႏိုင္ငံတြင္း အင္တာနက္ ျဖတ္ေတာက္မႈေတြ ျပန္ဖြင့္ေပးေရး အတြက္ WHO ကမာၻ႔က်န္းမာေရး အဖြဲ႔ႀကီးက ၾကားဝင္ေဆာင္ရြက္ေပးဖုိ႔ အေမရိကန္အေျခစိုက္ HRW လူ႔အခြင့္ေရး ေစာင့္ၾကည့္ အဖြဲ႔ႀကီးနဲ႔ လူ႔အခြင့္ေရးဆိုင္ရာ အဖြဲ႔အစည္း ၄၇ ခုတုိ႔က ေမလ ၂၆ ရက္ေန႔မွာ တိုက္တြန္းလိုက္ပါတယ္။

ကမာၻ႔ ႏုိင္ငံေပါင္း ၇၅ ႏုိင္ငံက အဖြဲ႔စည္းေပါင္း ၂၁၀ ေက်ာ္ ပါဝင္တဲ့ #KeepItOn အဖြဲ႔မွာ ပါဝင္တဲ့ အဖြဲ႔စည္းေပါင္း ၄၇ ခုက WHO ရဲ့ လက္ေထာက္ညႊန္ၾကားေရးမွဴးခ်ဳပ္ Dr. Zsuzsanna Jakab ဆီကို စာေပးပို႔ ေတာင္းဆိုခဲ့တာပါ။

စာထဲမွာ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါဒဏ္ခံေနရခ်ိန္ တကမာၻလံုး အတုိင္းအတာနဲ႔ အခ်က္အလက္ေတြ ရရွိဖုိ႔လိုအပ္ေနခ်ိန္မွာ လူနည္းစု ေတြ ေနထုိင္ရာ ေဒသေတြအတြက္ ျမန္မာ၊ ဘဂၤလာားေဒ့ရွ္၊ အိႏၵိယနဲ႔ ပါကစၥတန္ႏုိင္ငံအစိုးရ ေတြက အင္တာနက္ေတြ ျဖတ္ေတာက္ထားတာဟာ မျဖစ္သင့္ဘူးလို႔ ေဖၚျပထားပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ ရခုိင္နဲ႔ ခ်င္းျပည္နယ္တြင္းက ေဒသ ၈ ခုမွာ အင္တာနက္ျဖတ္ေတာက္ထားရာ ကေန ေမလ ထဲမွာ ေမာင္ေတာ တၿမိဳ႕နယ္ထဲ အတြက္သာ ျပန္ဖြင့္ေပးခဲ့ၿပီး က်န္ေဒသေတြမွာ အခုထိ ဆက္လက္ ျဖတ္ေတာက္ ထားသလို ဘဂၤလားေဒ့ရွ္ဘက္မွာ လည္း ရိုဟင္ဂ်ာ ဒုကၡသည္ေတြ ေနထိုင္ရာ ဒုကၡသည္ စခန္းေတြမွာ ဘဂၤလားေဒ့ရွ္ အစိုးရက အင္တာနက္အဆက္အသြယ္ေတြ ျဖတ္ေတာက္ထားေၾကာင္းေဖၚျပထားၿပီး ဒါဟာ လူ႔အခြင့္ေရးျဖစ္တဲ့ အခ်က္အလက္ ရပိုင္ခြင့္ ကို ပိတ္ပင္ရာေရာက္ေနတယ္လို႔ ေဖၚျပထားပါတယ္။

ဒါ့ေၾကာင့္ အင္တာနက္ျပန္ဖြင့္ေပးေရးအတြက္ ဒီ ၄ ႏိုင္ငံ အစိုးရေတြကို WHO က တိုက္တြန္းဖို႔၊ ဒီလို ပိတ္ပင္တာဟာ WHO ရဲ့ လူထုက်န္းမာေရး ဆိုင္ရာ လုပ္ေဆာင္မႈေတြမွာ အဟန္႔အတား ျဖစ္ေစတာေၾကာင့္ ရႈံ႕ခ်ဖို႔အျပင္ အင္တာနက္ အပိတ္ခံေနရတဲ ေဒသေတြမွာ COVID-19 နဲ႔ပတ္သက္တဲ့ အခ်က္လက္ေတြ ရရွိေရးကို ဦးစားေပး လုပ္ေဆာင္ဖုိ႔ပါ ေတာင္းဆိုထားပါတယ္။

အဂၤါေန႔အထိ ကမာၻတလႊား ကိုရိုနာဗုိင္းရပ္စ္ အကူးစက္ခံရသူက ၅ သန္းခြဲ ေက်ာ္ (၅ ၅၅၀ ၃၉ ၉) နဲ႔ ေသဆံုးရသူက ၃ သိန္း ၄ ေသာင္းေက်ာ္ (၃၄၈ ၃၀၂) ရွိေနၿပီလို႔ အေမရိကန္ Johns Hopkins တကၠသိုလ္ စစ္တမ္းမွာ ေဖၚျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

မြန်မာနဲ့ဒေသတွင်းနိုင်ငံတချို့ အင်တာနက်တွေပြန်ဖွင့်ပေးရေး WHO ကြားဝင်ဆောင်ရွက်ပေးဖို့ HRW တောင်းဆို

(Unicode)

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါခံစားနေရချိန်မှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ ပါကစ္စတန် ၄ နိုင်ငံအစိုးရတွေရဲ့ သူတို့နိုင်ငံတွင်း အင်တာနက် ဖြတ်တောက်မှုတွေ ပြန်ဖွင့်ပေးရေး အတွက် WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ကြားဝင်ဆောင်ရွက်ပေးဖို့ အမေရိကန်အခြေစိုက် HRW လူ့အခွင့်ရေး စောင့်ကြည့် အဖွဲ့ကြီးနဲ့ လူ့အခွင့်ရေးဆိုင်ရာ အဖွဲ့အစည်း ၄၇ ခုတို့က မေလ ၂၆ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။

ကမ္ဘာ့ နိုင်ငံပေါင်း ၇၅ နိုင်ငံက အဖွဲ့စည်းပေါင်း ၂၁၀ ကျော် ပါဝင်တဲ့ #KeepItOn အဖွဲ့မှာ ပါဝင်တဲ့ အဖွဲ့စည်းပေါင်း ၄၇ ခုက WHO ရဲ့ လက်ထောက်ညွှန်ကြားရေးမှူးချုပ် Dr. Zsuzsanna Jakab ဆီကို စာပေးပို့ တောင်းဆိုခဲ့တာပါ။

စာထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဒဏ်ခံနေရချိန် တကမ္ဘာလုံး အတိုင်းအတာနဲ့ အချက်အလက်တွေ ရရှိဖို့လိုအပ်နေချိန်မှာ လူနည်းစု တွေ နေထိုင်ရာ ဒေသတွေအတွက် မြန်မာ၊ ဘင်္ဂလာားဒေ့ရှ်၊ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံအစိုးရ တွေက အင်တာနက်တွေ ဖြတ်တောက်ထားတာဟာ မဖြစ်သင့်ဘူးလို့ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာတော့ ရခိုင်နဲ့ ချင်းပြည်နယ်တွင်းက ဒေသ ၈ ခုမှာ အင်တာနက်ဖြတ်တောက်ထားရာ ကနေ မေလ ထဲမှာ မောင်တော တမြို့နယ်ထဲ အတွက်သာ ပြန်ဖွင့်ပေးခဲ့ပြီး ကျန်ဒေသတွေမှာ အခုထိ ဆက်လက် ဖြတ်တောက် ထားသလို ဘင်္ဂလားဒေ့ရှ်ဘက်မှာ လည်း ရိုဟင်ဂျာ ဒုက္ခသည်တွေ နေထိုင်ရာ ဒုက္ခသည် စခန်းတွေမှာ ဘင်္ဂလားဒေ့ရှ် အစိုးရက အင်တာနက်အဆက်အသွယ်တွေ ဖြတ်တောက်ထားကြောင်းဖေါ်ပြထားပြီး ဒါဟာ လူ့အခွင့်ရေးဖြစ်တဲ့ အချက်အလက် ရပိုင်ခွင့် ကို ပိတ်ပင်ရာရောက်နေတယ်လို့ ဖေါ်ပြထားပါတယ်။

ဒါ့ကြောင့် အင်တာနက်ပြန်ဖွင့်ပေးရေးအတွက် ဒီ ၄ နိုင်ငံ အစိုးရတွေကို WHO က တိုက်တွန်းဖို့၊ ဒီလို ပိတ်ပင်တာဟာ WHO ရဲ့ လူထုကျန်းမာရေး ဆိုင်ရာ လုပ်ဆောင်မှုတွေမှာ အဟန့်အတား ဖြစ်စေတာကြောင့် ရှုံ့ချဖို့အပြင် အင်တာနက် အပိတ်ခံနေရတဲ ဒေသတွေမှာ COVID-19 နဲ့ပတ်သက်တဲ့ အချက်လက်တွေ ရရှိရေးကို ဦးစားပေး လုပ်ဆောင်ဖို့ပါ တောင်းဆိုထားပါတယ်။

အင်္ဂါနေ့အထိ ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် အကူးစက်ခံရသူက ၅ သန်းခွဲ ကျော် (၅ ၅၅၀ ၃၉ ၉) နဲ့ သေဆုံးရသူက ၃ သိန်း ၄ သောင်းကျော် (၃၄၈ ၃၀၂) ရှိနေပြီလို့ အမေရိကန် Johns Hopkins တက္ကသိုလ် စစ်တမ်းမှာ ဖေါ်ပြထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG