[Zawgyi/Unicode]
ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါကူးစက္သူ ဒီကေန႔ ၃ ဦးထပ္တိုးတာေၾကာင့္ အခုခ်ိန္ထိဆိုရင္ စုစုေပါင္း ၂၀၆ ဦး ရွိသြားၿပီျဖစ္ပါတယ္။
ဒီကေန႔ညေနပိုင္းက စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာ စုစုေပါင္း ၆၇၀ ထဲမွာ ဗိုင္းရပ္စ္ပိုးကူးစက္ထားသူ သံုးဦးကို ေတြ႔တာပါ။
အခု သံုးဦးစလံုးဟာ မႏၲေလးတိုင္း၊ မဟာေအာင္ေျမၿမိဳ႕နယ္က ျဖစ္ၾကၿပီး ေရာဂါပိုးကူးစက္ထားသူေတြနဲ႔ ထိေတြ႔မႈ မရွိခဲ့ေပမဲ့လည္း အိႏိၵယႏုိင္ငံက ျပန္လာသူေတြျဖစ္တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ သူတို႔ကို ရန္ကုန္ၿမိဳ႕၊ ေဝဘာဂီအထူးကုေဆး႐ံုမွာ ေဆးကုသမႈေပးမယ္လို႔ လည္း ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။
ဒီကေန႔မွာပဲ ေနာက္ထပ္ တစ္ဦး ေရာဂါပိုးကင္းစင္သြားတဲ့အတြက္ ေရာဂါပိုးကင္းစင္သူူက စုစုေပါင္း ၁၂၄ ဦးရွိၿပီျဖစ္ပါတယ္။ အဲဒီထဲက ၁၁၄ ေယာက္ကုိ ေဆး႐ံုက ဆင္းခြင့္ေပးခဲ့ၿပီး သတ္မွတ္ေနရာေတြမွာ အသြားအလာ ကန္႔သတ္ ေစာင့္ၾကည့္ေနတယ္လို႔လည္း ေဖာ္ျပထားပါတယ္။
ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါ ကူးစက္သူေတြထဲ ေသဆံုးသူကေတာ့ ေျခာက္ ဦး ရွိပါတယ္။
[Unicode Version]
မြန်မာ COVID-19 ကူးစက်သူ ၃ ဦးထပ်တိုး
မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ ဒီကနေ့ ၃ ဦးထပ်တိုးတာကြောင့် အခုချိန်ထိဆိုရင် စုစုပေါင်း ၂၀၆ ဦး ရှိသွားပြီဖြစ်ပါတယ်။
ဒီကနေ့ညနေပိုင်းက စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာ စုစုပေါင်း ၆၇၀ ထဲမှာ ဗိုင်းရပ်စ်ပိုးကူးစက်ထားသူ သုံးဦးကို တွေ့တာပါ။
အခု သုံးဦးစလုံးဟာ မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်က ဖြစ်ကြပြီး ရောဂါပိုးကူးစက်ထားသူတွေနဲ့ ထိတွေ့မှု မရှိခဲ့ပေမဲ့လည်း အိန္ဒိယနိုင်ငံက ပြန်လာသူတွေဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သူတို့ကို ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံမှာ ဆေးကုသမှုပေးမယ်လို့ လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ဒီကနေ့မှာပဲ နောက်ထပ် တစ်ဦး ရောဂါပိုးကင်းစင်သွားတဲ့အတွက် ရောဂါပိုးကင်းစင်သူူက စုစုပေါင်း ၁၂၄ ဦးရှိပြီဖြစ်ပါတယ်။ အဲဒီထဲက ၁၁၄ ယောက်ကို ဆေးရုံက ဆင်းခွင့်ပေးခဲ့ပြီး သတ်မှတ်နေရာတွေမှာ အသွားအလာ ကန့်သတ် စောင့်ကြည့်နေတယ်လို့လည်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်သူတွေထဲ သေဆုံးသူကတော့ ခြောက် ဦး ရှိပါတယ်။