သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထုိင္းႏုိင္ငံကျပန္လာသူ ျမန္မာေတြကုိ ကုိ႐ုိနာဗုိင္းရပ္စ္ ေစာင့္ၾကည့္စစ္ေဆး


ရန္ကုန္ၿမိဳ႕ရွိ Quarantine စင္တာတခုမွာ COVID-19 ေရာဂါရွိမရွိ စစ္ေဆးေပးဖို႔ ၀တ္စံုျပည့္၀တ္ထားတဲ့ ေစတနာ့၀န္ထမ္းမ်ား (ေမ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

ထိုင္းႏိုင္ငံကေန ျမန္မာႏိုင္ငံထဲကို ျပန္ဝင္လာၾကတဲ့ သူေတြကို သက္ဆိုင္ရာ ျပည္နယ္နဲ႔တိုင္းအလိုက္ သီးျခားခြဲေစာင့္ၾကည့္မႈေတြ ဘယ္လို စီမံေနလဲဆိုတာကို ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၲာထြန္းက တင္ဆက္ေပးပါမယ္။

အခုရက္ပိုင္းေတြမွာ ထိုင္းႏိုင္ငံကေန ျပန္ဝင္လာၾကသူေတြက ျမန္မာႏိုင္ငံရဲ႕တိုင္းနဲ႔ ျပည္နယ္အေတာ္ မ်ားမ်ားကို ေရာက္ေနၾကပါၿပီ။ ထိုင္းႏိုင္ငံကေန ျပန္ဝင္လာသူေတြအားလုံးကို တိုင္းနဲ႔ ျပည္နယ္အလိုက္ ေစာင့္ၾကည့္မႈေတြလုပ္ေနၿပီး ဒီလို ႏိုင္ငံျခားကေန ျပန္ဝင္လာသူ အားလုံးကို COVID-19 ေရာဂါပိုး ရွိ၊ မရွိ စစ္ေဆးသြားမွာျဖစ္ပါတယ္။

ထိုင္းကေန ျပန္လာသူေတြကို သက္ဆိုင္ရာ တိုင္းနဲ႔ ျပည္နယ္အလိုက္ သတ္မွတ္ထားတဲ့ တ ေနရာတည္းမွာ ေစာင့္ၾကည့္စစ္ေဆးတာေတြ လုပ္တာမ်ိဳးရွိသလို တခ်ိဳ႕ တိုင္းႏွင့္ျပည္နယ္မွာေတာ့ ေစာင့္ၾကည့္ရမယ့္ လူဦးေရ မ်ားတာေၾကာင့္ သူတို႔ေနထိုင္ရာ ၿမိဳ႕နယ္ေတြကို ျပန္ပို႔ေပးၿပီး ေစာင့္ၾကည့္တာမ်ိဳး လုပ္ေနရတာေတြလည္း ရွိတယ္လို႔ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြက ေျပာပါတယ္။

ပဲခူးတိုင္းေဒသႀကီးမွာေတာ့ အခုရက္ပိုင္းအတြင္းမွာတင္ ထိုင္းကေန ျပန္ဝင္လာၾကသူေတြ မ်ားတာေၾကာင့္ သူတို႔ေတြေနထိုင္ရာ ၿမိဳ႕နယ္ေတြကို စနစ္တက် ျပန္ပို႔ေပးေနၿပီး ေစာင့္ၾကည့္တာမ်ိဳး လုပ္ေနတယ္လို႔ ပဲခူးတိုင္းေဒသႀကီး တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးၫႊန႔္ေ႐ႊက VOA ကို ေျပာပါတယ္။

“တိုင္းကေတာ့ အခုေလာေလာဆယ္ေတာ့ ပဲခူးတိုင္းကို ေရာက္လာတဲ့ သူေတြမွန္သမွ် က်ေနာ္တို႔ အခုေလာေလာဆယ္ ပဲခူးကပဲ တာဝန္ၿပီးေတာ့ သြားေခၚေပးပါတယ္။ ၿပီးေတာ့ အခု က်ေနာ္တို႔လုပ္ထားတဲ့ သီးသန႔္ Quarantine Center မွာ တစ္ညနဲ႔ တစ္ေန႔ေလာက္ေတာ့ သူတို႔ကို နည္းနည္း ထိန္းေပးရတာေပါ့။ အဲ့ဒီမွာနည္းနည္း က်ေနာ္တို႔ သူတို႔ရဲ႕ ေနထိုင္စားေသာက္ဖို႔အတြက္ေရာ၊ က်န္းမာေရးေစာင့္ေရွာက္မႈအတြက္ေရာ အကုန္ သူတို႔ကို စစ္ေဆးေပးပါတယ္။ က်န္မာေရးကို အကုန္လုံးစစ္ေဆးၿပီးေတာ့မွ က်ေနာ္တို႔ သီးသန႔္ကားေတြနဲ႔ ပို႔တာ၊ သက္ဆိုင္ရာ ဥပမာ ျပည္လို႔ဆိုရင္လည္း ဒီကေနၿပီးေတာ့ ပို႔တယ္။ ပေတာက္ဆိုလည္း ပေတာက္ေပ့ါ။ သူ႔သက္ဆိုင္ရာ ၿမိဳ႕နယ္ေတြကို အကုန္ပို႔တယ္။”

ပထမ တစ္ျဖတ္ ထိုင္းကေန ျပန္လာသူေတြကို COVID-19 ေရာဂါပိုးရွိ၊ မရွိစစ္ေဆးဖို႔အတြက္ ႏွာေခါင္းနဲ႔ အာေခါင္တို႔ပတ္ေတြယူၿပီး အမ်ိဳးသားက်န္းမာေရး ဌာနကို ေပးပို႔စစ္ေဆးေနတယ္လို႔ ဦးၫႊန႔္ေ႐ႊက ေျပာပါတယ္။

စစ္ကိုင္းတိုင္းမုံ႐ြာၿမိဳ႕နယ္မွာေတာ့ လက္ရွိ ထိုင္းကေန ျပန္လာလို႔ သီးသန႔္ေစာင့္ၾကည့္ထားတဲ့သူက ၇၀ ေက်ာ္ရွိေနၿပီးေတာ့ သူတို႔ကို က်န္းမာေရး စစ္ေဆးတာေတြ လုပ္ေပးေနတဲ့အေၾကာင္းကို မုံ႐ြာၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးခင္ေမာင္စိုးက ခုလို ေျပာပါတယ္။

“က်ေနာ္တို႔ ေလာေလာဆယ္ေတာ့ အိုးအိမ္မွာ ၇၆ ေယာက္ ထားထားတယ္။ က်ေနာ္တို႔က ဒီထက္မ်ားလာရင္ေတာ့ စီးပြားေရးတကၠသိုလ္ ခေရေဆာင္မွာ ထပ္ၿပီးေတာ့ ထားဖို႔စီစဥ္ထား ၿပီးသားပါ။ က်န္းမာေရး ေစာင့္ေရွာက္မႈက က်ေနာ္တို႔က အဲ့မွာ က်န္းမာေရးက ဝန္ထမ္းေတြလည္းရွိတယ္။ တစ္ေန႔ကို ႏွစ္ႀကိမ္ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ေပးတယ္။ Quarantine မွာ ကြၽန္ေတာ္တို႔ ဒီ WHO က သတ္မွတ္ထားတဲ့ စည္းကမ္းခ်က္ေတြနဲ႔ အညီ ဒီက်န္းမာေရးဌာနနဲ႔ ပူးေပါင္းၿပီးတဲ့ခါက်ေတာ့ အဲ့ဒီပုံစံအတိုင္းပဲ က်ေနာ္တို႔က ထားထားတာပါ။”

ဧရာဝတီတိုင္းေဒသႀကီးမွာေတာ့ ထိုင္းကျပန္လာတဲ့သူအားလုံးကို ပုသိမ္ၿမိဳ႕မွာပဲ Facility Quarantine အျဖစ္ သီးသန႔္ေစာင့္ၾကည့္ထားတယ္လို႔ ဆိုပါတယ္။ ႏိုင္ငံျခားကေန ျပန္ဝင္လာသူေတြအားလုံးကို က်န္းမာေရးေစာင့္ေရွာက္မႈေပးေနတာနဲ႔ ပတ္သက္လို႔ ဧရာဝတီတိုင္းေဒသႀကီး က်န္းမာေရး ဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာ သန္းထြန္းေအာင္က ခုလိုေျပာပါတယ္။

“ခုကေတာ့ အကုန္စစ္ေတာ့မွာ ထိုင္းကျပန္လာရင္ အကုန္စစ္မွာ၊ ႏိုင္ငံျခားျပန္ဆို အကုန္စစ္ပါမယ္။ တိုင္းၿမိဳ႕ေတာ္မွာ ပုသိမ္မွာပဲ Facility Quarantine မွာပဲ စနစ္တက် အမ်ိဳးသား၊ အမ်ိဳးသမီး ခြဲထားတယ္။ ေနာက္ၿပီးေတာ့ ျဖစ္ႏိုင္ရင္ တစ္ေယာက္ခန္းနဲ႔ ထားတယ္။ အိမ္သာ ေရခ်ိဳးခန္း အျပည့္အစုံထားတယ္။ တစ္ေယာက္ခ်င္းစီအတြက္ လိုအပ္တဲ့ ျခင္ေထာင္ ေခါင္းအုံး ေစာင္ ကအစ အကုန္ အျပည္အစုံ ေထာက္ပံ့ထားတယ္။ ေနာက္ စားဖို႔ေသာက္ဖို႔လည္း စီစဥ္ေပးတယ္။ ေနာက္ၿပီးေတာ့မွ သူတို႔အတြက္လည္း က်န္းမာေရး ေစာင့္ေရွာက္မႈကိုလည္း ေန႔ေရာ၊ ညေရာ လုပ္ေပးတယ္။”

အခုလက္ရွိမွာ ျပည္တြင္းကူးစက္မႈ မရွိေတာ့ဘဲ ႏိုင္ငံျခားျပန္ေတြဆီမွာပဲ ေရာဂါပါလာတာမ်ိဳးရွိတာေၾကာင့္ ႏိုင္ငံျခားျပန္ေတြကို စနစ္တက် အဖြဲ႕ေတြနဲ႔ ေသခ်ာေစာင့္ၾကည့္ေဆာင္႐ြက္ဖို႔လိုတယ္လို႔ ေဒါက္တာ သန္းထြန္းေအာင္က ဆိုပါတယ္။

ထိုင္းႏိုင္ငံမွာ အလုပ္လက္မဲ့ျဖစ္ေနၾကတဲ ျမန္မာေတြ ေနရပ္ျပန္ဖို႔ ျမန္မာသံ႐ုံးကို စာရင္းေပးထားတဲ့ အေရအတြက္က ၃၀,၀၀၀ ေက်ာ္ရွိၿပီး သံ႐ုံးကို စာရင္းေပးသြင္းဖို႔ လက္လွမ္းမမွီတဲ့ ေဒသက လူေတြကေတာ့ ေဒသဆိုင္ရာ ခြင့္ျပဳခ်က္ေတြနဲ႔ ေနရပ္ကို ျပန္လာေနတာေတြရွိပါတယ္။

ျပည္ပႏိုင္ငံေတြမွာ COVID ကာလ အခက္အခဲႀကဳံေနၾကရတဲ့ ျမန္မာႏိုင္ငံသားေတြကို COVID 19 ကာကြယ္ထိန္းခ်ဳပ္ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီရဲ႕ လမ္းၫႊန္ခ်က္ေတြနဲ႔အညီ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သက္ဆိုင္ရာ ဝန္ႀကီးဌာနေတြနဲ႔ ပူးေပါင္းၿပီး ျပန္လည္ေခၚယူေနတာျဖစ္ပါတယ္ရွင္။

ေမလ ၂၂ ရက္က စတင္ၿပီး ထိုင္းႏိုင္ငံက ျမန္မာအလုပ္သမားေတြ ရာနဲ႔ခ်ီၿပီး ေနရပ္ျပန္ၾကရမွာ သုံး ရက္အတြင္း ၂,၀၀၀ ေက်ာ္ ေလာက္ရွိသြားၿပီ ျဖစ္သလို ေနရပ္ျပန္ေတြကို ကိုဗစ္ေရာဂါပိုးစစ္ေဆးႏိုင္တာ လူ ၂၀၀ ေက်ာ္ရွိရာမွာ စစ္ေဆးၿပီးသေလာက္အားလုံးဟာ ေရာဂါပိုးမေတြ႕ရဘူးလို႔ ျမဝတီခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။ ဒီအေၾကာင္း ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက တင္ဆက္ေပးပါမယ္။

ကိုဗစ္အေရးေပၚကာလ ညမထြက္ရအမိန႔္နဲ႔ နယ္ေျမျဖတ္သန္းခြင့္ပိတ္ပင္ထားတဲ့ ထိုင္းႏိုင္ငံမွာ ျမန္မာအလုပ္သမားေတြကို လုံၿခဳံေရးအစီစဥ္ေတြ၊ ေထာက္ခံစာေတြနဲ႔ ေမလ၂၂ ရက္ကစၿပီး ေနရပ္ျပန္ခြင့္ေပးခဲ့ပါတယ္။ ေနရပ္ျပန္ေတြကို ျမန္မာဘက္ကေတာ့ အထူးအစီစဥ္အေနနဲ႔ ကိုဗစ္ေရာဂါပိုးရွိ၊ မရွိ စစ္ေဆးရာမွာ စစ္ေဆးၿပီးတဲ့ လူ ၂၀၀ ေက်ာ္ကေတာ့ ေရာဂါပိုး မေတြ႕ရဘူးလို႔ ကရင္ျပည္နယ္ျမဝတီခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးေတဇာေအာင္ကေျပာပါတယ္။

"ပထမေန႔ကေတာ့ ၂၀၀ ေက်ာ္စစ္တယ္။ အားလုံး negative ပါ ခင္ဗ်ာ။ ဒုတိယေန႔ကေတာ့ ဒီေန႔မွ စစ္မွာပါ။ ဓါတ္ခြဲခန္းအေျဖ ညေလာက္မွ အေျဖထြက္ပါမယ္။ အားလုံးစစ္တာ ၂၀၀ ေက်ာ္ပဲ စစ္ႏိုင္တယ္။ ဒီေန႔ကေတာ့ နည္းနည္းေလးအဆိုင္းတိုးတာေပါ့ေနာ္။ ကိုဗစ္ပိုးစစ္ေဆးတဲ့အဖြဲ႕ မေန႔က ျပည္ေထာင္စုက စီစဥ္တဲ့ ရန္ကုန္ေဆး႐ုံႀကီးေဆး႐ုံနဲ႔ ၫႊန္ၾကးေရးမႉး ဦးေဆာင္တဲ့ ပညာရွင္ ၂၆ ေယာက္အဖြဲနဲ႔ က်ေနာ္တို႔ ျပည္နယ္ဘက္က အဖြဲ႕ေတြနဲ႔ ေပါင္းၿပီးပိုၿပီး အဆိုင္းတိုးၿပီး စစ္ေဆးႏိုင္မွာေပ့ါေနာ္။"

အခုဆိုရင္ ေနရပ္ျပန္ျမန္မာႏိုင္ငံသားမ်ားဟာ ျမန္မာသံ႐ုံးေထာက္ခံစာေတြနဲ႔ေရာ သူတို႔ ေနထိုင္ရာေဒသအသီးသီးက ေထာက္ခံစာေတြနဲ႔ပါ ကားေတြဌားၿပီး လာၾကတာ ရွိသလို ဘန္ေကာက္ကေန မဲေဆာက္အထိ ေလယာဥ္ေတြနဲ႔ လာၾကတာေတြ ထိုင္းနဲ႔ ျမန္မာစီစဥ္ထားတဲ့ ကားေတြလည္း ျပန္လာၾကတာေတြ ရွိေနတာေၾကာင့္ ဒီ ၃ ရက္အတြင္းမွာ လူဦးေရ ၂,၀၀၀ ေက်ာ္ေလာက္ ေရာက္ရွိလာၿပီျဖစ္တယ္လို႔လည္း ဆိုပါတယ္။ အဲဒီထဲက ရခိုင္ နဲ႔ ကယားျပည္နယ္ ေနျပည္ေတာ္ဘက္က လူေတြကေတာ့ မျပန္ႏိုင္ၾကေသးဘဲ ကရင္ျပည္နယ္က ေစာင့္ၾကည့္ေရးစင္တာေတြမွာ ထားၿပီး ကိုဗစ္ေရာဂါပိုးရွိ၊ မရွိကို စစ္ေဆးၿပီးမွသာ တိုင္းေဒသႀကီး ျပည္နယ္အသီးသီးက ေစာင့္ၾကည့္ေရးစင္တာေတြမွာ ဝင္ေရာက္ေနထိုင္ရတာမ်ိဳးေတြလည္း ရွိမွာျဖစ္တယ္လို႔ ဆိုပါတယ္။ တခ်ိဳ႕ ေနရပ္ျပန္ဖို႔ ခက္ေနသူေတြကိုေတာ့ ကရင္ျပည္နယ္က ေစာင့္ၾကည့္ေရးစင္တာေတြမွာ ထားမွာျဖစ္တယ္လို႔ ဆိုပါတယ္။

အခုဆိုရင္ျမန္မာဘက္ကေတာ့ ထိုင္းက ျပန္လာသူအားလုံးကို ကိုဗစ္ေရာဂါပိုးရွိ၊ မရွိကို စစ္ေဆးေပးေနၿပီ ျဖစ္ပါတယ္။ ထိုင္းႏိုင္ငံမွာေတာ့ အလုပ္လက္မဲ့ျဖစ္ေနတဲ့ ျမန္မာေတြကေတာ့ ေနရပ္ကိုျပန္ဖို႔ ေန႔စဥ္ ျမန္မာသံ႐ုံးကို စာရင္းေပးသြင္းထားတာ လူ ၃၀,၀၀၀ ေက်ာ္ရွိသလို လက္လွမ္းမမွီတဲ့ ေဒသေတြကေတာ့ ျမန္မာသံ႐ုံးကို စာရင္းမေပးသြင္းႏိုင္တာေၾကာင့္ ေဒသဆိုင္ရာခြင့္ျပဳခ်က္ေတြနဲ႔ ေနရပ္ကို ျပန္လာေနၾကတယ္လို႔လည္း ျမဝတီခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးက ဆိုပါတယ္။

ထိုင္းႏိုင္ငံထဲမွာ COVID-19 ျဖစ္ၿပီး စက္႐ုံေတြ ပိတ္သိမ္းတာ လုပ္သားေလွ်ာ့ခ်ေတြေၾကာင့္ အလုပ္လက္မဲ့ျဖစ္ရတာေတြ မ်ားလာၿပီး ျမန္မာႏိုင္ငံသားေတြ ေသာင္းနဲ႔ ခ်ီၿပီး ေနရပ္ျပန္ႏိုင္ဖို႔ ျဖစ္လာတာပါ။

အလာတူးပဲ ႏွစ္ႏိုင္ငံသေဘာတူစာခ်ဳပ္နဲ႔ ထိုင္းကိုလာၿပီး အလုပ္လာလုပ္ၾကမယ့္ ျမန္မာႏိုင္ငံသား ၆၀,၀၀၀ ေလာက္ဟာလည္း လာမယ့္ ဇြန္လအတြင္းမွာ ထိုင္းႏိုင္ငံကို သြားဖို႔ရွိေနပါတယ္။ ဒါေပမဲ့ အခုလို COVID-19 အၾကပ္အတည္းကာလ ႏွစ္ႏိုင္ငံလုံးမွာ ႀကဳံေနတာမို႔
ဒီအစီအစဥ္အတိုင္း လုပ္ျဖစ္မျဖစ္ ရွင္းရွင္းလင္းလင္းမျဖစ္ေသးပါဘူး။

ထိုင္းႏိုင္ငံကို ၿပီးခဲ့တဲ့ ၆ လ ေလာက္အတြင္းကမွ MOU ႏွစ္ႏိုင္ငံ သေဘာတူစာခ်ဳပ္နဲ႔ ေရာက္လာၿပီး အလုပ္လက္မဲ့ ျဖစ္ရတဲ့ ျမန္မာအလုပ္သမားေတြကေတာ့ ထိုင္းႏိုင္ငံေရာက္တဲ့အခ်ိန္ အလုပ္အကိုင္အခက္အခဲျဖစ္တာေတြ ထိုင္းျမန္မာႏွစ္ဘက္ ေအဂ်င္စီေတြက စာခ်ဳပ္ပါစည္းမ်ဥ္းအတိုင္း မလုပ္ဘဲ စက္႐ုံမတူတဲ့ေနရာေတြကို ပို႔တာအလုပ္အကိုင္ မမွန္တာ အခေၾကးေငြေတြက ဥပေဒအတိုင္း မရတာေတြကို ႀကဳံေနရတာေၾကာင့္ အခုေနရပ္ျပန္ၾကရတယ္လို႔ ေျပာၾကပါတယ္။

အခုလို COVID-19 ျဖစ္ေနတဲ့ကာလမွာ ထိုင္းႏိုင္ငံကို ေနာက္ပိုင္းဝင္လာၾကမယ့္ သူေတြ အေနနဲ႔ ဒီအေျခအေနေတြကို ေသခ်ာသုံးသပ္ၿပီး သတိျပဳၾကဖို႔ လိုအပ္တယ္လို႔လည္းေျပာဆိုေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းနိုင်ငံကပြန်လာသူ မြန်မာတွေကို ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်စစ်ဆေး

ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံထဲကို ပြန်ဝင်လာကြတဲ့ သူတွေကို သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းအလိုက် သီးခြားခွဲစောင့်ကြည့်မှုတွေ ဘယ်လို စီမံနေလဲဆိုတာကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက တင်ဆက်ပေးပါမယ်။

အခုရက်ပိုင်းတွေမှာ ထိုင်းနိုင်ငံကနေ ပြန်ဝင်လာကြသူတွေက မြန်မာနိုင်ငံရဲ့တိုင်းနဲ့ ပြည်နယ်အတော် များများကို ရောက်နေကြပါပြီ။ ထိုင်းနိုင်ငံကနေ ပြန်ဝင်လာသူတွေအားလုံးကို တိုင်းနဲ့ ပြည်နယ်အလိုက် စောင့်ကြည့်မှုတွေလုပ်နေပြီး ဒီလို နိုင်ငံခြားကနေ ပြန်ဝင်လာသူ အားလုံးကို COVID-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးသွားမှာဖြစ်ပါတယ်။

ထိုင်းကနေ ပြန်လာသူတွေကို သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်အလိုက် သတ်မှတ်ထားတဲ့ တ နေရာတည်းမှာ စောင့်ကြည့်စစ်ဆေးတာတွေ လုပ်တာမျိုးရှိသလို တချို့ တိုင်းနှင့်ပြည်နယ်မှာတော့ စောင့်ကြည့်ရမယ့် လူဦးရေ များတာကြောင့် သူတို့နေထိုင်ရာ မြို့နယ်တွေကို ပြန်ပို့ပေးပြီး စောင့်ကြည့်တာမျိုး လုပ်နေရတာတွေလည်း ရှိတယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

ပဲခူးတိုင်းဒေသကြီးမှာတော့ အခုရက်ပိုင်းအတွင်းမှာတင် ထိုင်းကနေ ပြန်ဝင်လာကြသူတွေ များတာကြောင့် သူတို့တွေနေထိုင်ရာ မြို့နယ်တွေကို စနစ်တကျ ပြန်ပို့ပေးနေပြီး စောင့်ကြည့်တာမျိုး လုပ်နေတယ်လို့ ပဲခူးတိုင်းဒေသကြီး တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ရွှေက VOA ကို ပြောပါတယ်။

“တိုင်းကတော့ အခုလောလောဆယ်တော့ ပဲခူးတိုင်းကို ရောက်လာတဲ့ သူတွေမှန်သမျှ ကျနော်တို့ အခုလောလောဆယ် ပဲခူးကပဲ တာဝန်ပြီးတော့ သွားခေါ်ပေးပါတယ်။ ပြီးတော့ အခု ကျနော်တို့လုပ်ထားတဲ့ သီးသန့် Quarantine Center မှာ တစ်ညနဲ့ တစ်နေ့လောက်တော့ သူတို့ကို နည်းနည်း ထိန်းပေးရတာပေါ့။ အဲ့ဒီမှာနည်းနည်း ကျနော်တို့ သူတို့ရဲ့ နေထိုင်စားသောက်ဖို့အတွက်ရော၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက်ရော အကုန် သူတို့ကို စစ်ဆေးပေးပါတယ်။ ကျန်မာရေးကို အကုန်လုံးစစ်ဆေးပြီးတော့မှ ကျနော်တို့ သီးသန့်ကားတွေနဲ့ ပို့တာ၊ သက်ဆိုင်ရာ ဥပမာ ပြည်လို့ဆိုရင်လည်း ဒီကနေပြီးတော့ ပို့တယ်။ ပတောက်ဆိုလည်း ပတောက်ပေ့ါ။ သူ့သက်ဆိုင်ရာ မြို့နယ်တွေကို အကုန်ပို့တယ်။”

ပထမ တစ်ဖြတ် ထိုင်းကနေ ပြန်လာသူတွေကို COVID-19 ရောဂါပိုးရှိ၊ မရှိစစ်ဆေးဖို့အတွက် နှာခေါင်းနဲ့ အာခေါင်တို့ပတ်တွေယူပြီး အမျိုးသားကျန်းမာရေး ဌာနကို ပေးပို့စစ်ဆေးနေတယ်လို့ ဦးညွှန့်ရွှေက ပြောပါတယ်။

စစ်ကိုင်းတိုင်းမုံရွာမြို့နယ်မှာတော့ လက်ရှိ ထိုင်းကနေ ပြန်လာလို့ သီးသန့်စောင့်ကြည့်ထားတဲ့သူက ၇၀ ကျော်ရှိနေပြီးတော့ သူတို့ကို ကျန်းမာရေး စစ်ဆေးတာတွေ လုပ်ပေးနေတဲ့အကြောင်းကို မုံရွာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက ခုလို ပြောပါတယ်။

“ကျနော်တို့ လောလောဆယ်တော့ အိုးအိမ်မှာ ၇၆ ယောက် ထားထားတယ်။ ကျနော်တို့က ဒီထက်များလာရင်တော့ စီးပွားရေးတက္ကသိုလ် ခရေဆောင်မှာ ထပ်ပြီးတော့ ထားဖို့စီစဉ်ထား ပြီးသားပါ။ ကျန်းမာရေး စောင့်ရှောက်မှုက ကျနော်တို့က အဲ့မှာ ကျန်းမာရေးက ဝန်ထမ်းတွေလည်းရှိတယ်။ တစ်နေ့ကို နှစ်ကြိမ် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ပေးတယ်။ Quarantine မှာ ကျွန်တော်တို့ ဒီ WHO က သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ အညီ ဒီကျန်းမာရေးဌာနနဲ့ ပူးပေါင်းပြီးတဲ့ခါကျတော့ အဲ့ဒီပုံစံအတိုင်းပဲ ကျနော်တို့က ထားထားတာပါ။”

ဧရာဝတီတိုင်းဒေသကြီးမှာတော့ ထိုင်းကပြန်လာတဲ့သူအားလုံးကို ပုသိမ်မြို့မှာပဲ Facility Quarantine အဖြစ် သီးသန့်စောင့်ကြည့်ထားတယ်လို့ ဆိုပါတယ်။ နိုင်ငံခြားကနေ ပြန်ဝင်လာသူတွေအားလုံးကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတာနဲ့ ပတ်သက်လို့ ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ခုလိုပြောပါတယ်။

“ခုကတော့ အကုန်စစ်တော့မှာ ထိုင်းကပြန်လာရင် အကုန်စစ်မှာ၊ နိုင်ငံခြားပြန်ဆို အကုန်စစ်ပါမယ်။ တိုင်းမြို့တော်မှာ ပုသိမ်မှာပဲ Facility Quarantine မှာပဲ စနစ်တကျ အမျိုးသား၊ အမျိုးသမီး ခွဲထားတယ်။ နောက်ပြီးတော့ ဖြစ်နိုင်ရင် တစ်ယောက်ခန်းနဲ့ ထားတယ်။ အိမ်သာ ရေချိုးခန်း အပြည့်အစုံထားတယ်။ တစ်ယောက်ချင်းစီအတွက် လိုအပ်တဲ့ ခြင်ထောင် ခေါင်းအုံး စောင် ကအစ အကုန် အပြည်အစုံ ထောက်ပံ့ထားတယ်။ နောက် စားဖို့သောက်ဖို့လည်း စီစဉ်ပေးတယ်။ နောက်ပြီးတော့မှ သူတို့အတွက်လည်း ကျန်းမာရေး စောင့်ရှောက်မှုကိုလည်း နေ့ရော၊ ညရော လုပ်ပေးတယ်။”

အခုလက်ရှိမှာ ပြည်တွင်းကူးစက်မှု မရှိတော့ဘဲ နိုင်ငံခြားပြန်တွေဆီမှာပဲ ရောဂါပါလာတာမျိုးရှိတာကြောင့် နိုင်ငံခြားပြန်တွေကို စနစ်တကျ အဖွဲ့တွေနဲ့ သေချာစောင့်ကြည့်ဆောင်ရွက်ဖို့လိုတယ်လို့ ဒေါက်တာ သန်းထွန်းအောင်က ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ဖြစ်နေကြတဲ မြန်မာတွေ နေရပ်ပြန်ဖို့ မြန်မာသံရုံးကို စာရင်းပေးထားတဲ့ အရေအတွက်က ၃၀,၀၀၀ ကျော်ရှိပြီး သံရုံးကို စာရင်းပေးသွင်းဖို့ လက်လှမ်းမမှီတဲ့ ဒေသက လူတွေကတော့ ဒေသဆိုင်ရာ ခွင့်ပြုချက်တွေနဲ့ နေရပ်ကို ပြန်လာနေတာတွေရှိပါတယ်။

ပြည်ပနိုင်ငံတွေမှာ COVID ကာလ အခက်အခဲကြုံနေကြရတဲ့ မြန်မာနိုင်ငံသားတွေကို COVID 19 ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ နိုင်ငံခြားရေးဝန်ကြီးဌာနက သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းပြီး ပြန်လည်ခေါ်ယူနေတာဖြစ်ပါတယ်ရှင်။

မေလ ၂၂ ရက်က စတင်ပြီး ထိုင်းနိုင်ငံက မြန်မာအလုပ်သမားတွေ ရာနဲ့ချီပြီး နေရပ်ပြန်ကြရမှာ သုံး ရက်အတွင်း ၂,၀၀၀ ကျော် လောက်ရှိသွားပြီ ဖြစ်သလို နေရပ်ပြန်တွေကို ကိုဗစ်ရောဂါပိုးစစ်ဆေးနိုင်တာ လူ ၂၀၀ ကျော်ရှိရာမှာ စစ်ဆေးပြီးသလောက်အားလုံးဟာ ရောဂါပိုးမတွေ့ရဘူးလို့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ဆက်ပေးပါမယ်။

ကိုဗစ်အရေးပေါ်ကာလ ညမထွက်ရအမိန့်နဲ့ နယ်မြေဖြတ်သန်းခွင့်ပိတ်ပင်ထားတဲ့ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတွေကို လုံခြုံရေးအစီစဉ်တွေ၊ ထောက်ခံစာတွေနဲ့ မေလ၂၂ ရက်ကစပြီး နေရပ်ပြန်ခွင့်ပေးခဲ့ပါတယ်။ နေရပ်ပြန်တွေကို မြန်မာဘက်ကတော့ အထူးအစီစဉ်အနေနဲ့ ကိုဗစ်ရောဂါပိုးရှိ၊ မရှိ စစ်ဆေးရာမှာ စစ်ဆေးပြီးတဲ့ လူ ၂၀၀ ကျော်ကတော့ ရောဂါပိုး မတွေ့ရဘူးလို့ ကရင်ပြည်နယ်မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ကပြောပါတယ်။

"ပထမနေ့ကတော့ ၂၀၀ ကျော်စစ်တယ်။ အားလုံး negative ပါ ခင်ဗျာ။ ဒုတိယနေ့ကတော့ ဒီနေ့မှ စစ်မှာပါ။ ဓါတ်ခွဲခန်းအဖြေ ညလောက်မှ အဖြေထွက်ပါမယ်။ အားလုံးစစ်တာ ၂၀၀ ကျော်ပဲ စစ်နိုင်တယ်။ ဒီနေ့ကတော့ နည်းနည်းလေးအဆိုင်းတိုးတာပေါ့နော်။ ကိုဗစ်ပိုးစစ်ဆေးတဲ့အဖွဲ့ မနေ့က ပြည်ထောင်စုက စီစဉ်တဲ့ ရန်ကုန်ဆေးရုံကြီးဆေးရုံနဲ့ ညွှန်ကြးရေးမှူး ဦးဆောင်တဲ့ ပညာရှင် ၂၆ ယောက်အဖွဲနဲ့ ကျနော်တို့ ပြည်နယ်ဘက်က အဖွဲ့တွေနဲ့ ပေါင်းပြီးပိုပြီး အဆိုင်းတိုးပြီး စစ်ဆေးနိုင်မှာပေ့ါနော်။"

အခုဆိုရင် နေရပ်ပြန်မြန်မာနိုင်ငံသားများဟာ မြန်မာသံရုံးထောက်ခံစာတွေနဲ့ရော သူတို့ နေထိုင်ရာဒေသအသီးသီးက ထောက်ခံစာတွေနဲ့ပါ ကားတွေဌားပြီး လာကြတာ ရှိသလို ဘန်ကောက်ကနေ မဲဆောက်အထိ လေယာဉ်တွေနဲ့ လာကြတာတွေ ထိုင်းနဲ့ မြန်မာစီစဉ်ထားတဲ့ ကားတွေလည်း ပြန်လာကြတာတွေ ရှိနေတာကြောင့် ဒီ ၃ ရက်အတွင်းမှာ လူဦးရေ ၂,၀၀၀ ကျော်လောက် ရောက်ရှိလာပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။ အဲဒီထဲက ရခိုင် နဲ့ ကယားပြည်နယ် နေပြည်တော်ဘက်က လူတွေကတော့ မပြန်နိုင်ကြသေးဘဲ ကရင်ပြည်နယ်က စောင့်ကြည့်ရေးစင်တာတွေမှာ ထားပြီး ကိုဗစ်ရောဂါပိုးရှိ၊ မရှိကို စစ်ဆေးပြီးမှသာ တိုင်းဒေသကြီး ပြည်နယ်အသီးသီးက စောင့်ကြည့်ရေးစင်တာတွေမှာ ဝင်ရောက်နေထိုင်ရတာမျိုးတွေလည်း ရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။ တချို့ နေရပ်ပြန်ဖို့ ခက်နေသူတွေကိုတော့ ကရင်ပြည်နယ်က စောင့်ကြည့်ရေးစင်တာတွေမှာ ထားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အခုဆိုရင်မြန်မာဘက်ကတော့ ထိုင်းက ပြန်လာသူအားလုံးကို ကိုဗစ်ရောဂါပိုးရှိ၊ မရှိကို စစ်ဆေးပေးနေပြီ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာတော့ အလုပ်လက်မဲ့ဖြစ်နေတဲ့ မြန်မာတွေကတော့ နေရပ်ကိုပြန်ဖို့ နေ့စဉ် မြန်မာသံရုံးကို စာရင်းပေးသွင်းထားတာ လူ ၃၀,၀၀၀ ကျော်ရှိသလို လက်လှမ်းမမှီတဲ့ ဒေသတွေကတော့ မြန်မာသံရုံးကို စာရင်းမပေးသွင်းနိုင်တာကြောင့် ဒေသဆိုင်ရာခွင့်ပြုချက်တွေနဲ့ နေရပ်ကို ပြန်လာနေကြတယ်လို့လည်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

ထိုင်းနိုင်ငံထဲမှာ COVID-19 ဖြစ်ပြီး စက်ရုံတွေ ပိတ်သိမ်းတာ လုပ်သားလျှော့ချတွေကြောင့် အလုပ်လက်မဲ့ဖြစ်ရတာတွေ များလာပြီး မြန်မာနိုင်ငံသားတွေ သောင်းနဲ့ ချီပြီး နေရပ်ပြန်နိုင်ဖို့ ဖြစ်လာတာပါ။

အလာတူးပဲ နှစ်နိုင်ငံသဘောတူစာချုပ်နဲ့ ထိုင်းကိုလာပြီး အလုပ်လာလုပ်ကြမယ့် မြန်မာနိုင်ငံသား ၆၀,၀၀၀ လောက်ဟာလည်း လာမယ့် ဇွန်လအတွင်းမှာ ထိုင်းနိုင်ငံကို သွားဖို့ရှိနေပါတယ်။ ဒါပေမဲ့ အခုလို COVID-19 အကြပ်အတည်းကာလ နှစ်နိုင်ငံလုံးမှာ ကြုံနေတာမို့ ဒီအစီအစဉ်အတိုင်း လုပ်ဖြစ်မဖြစ် ရှင်းရှင်းလင်းလင်းမဖြစ်သေးပါဘူး။

ထိုင်းနိုင်ငံကို ပြီးခဲ့တဲ့ ၆ လ လောက်အတွင်းကမှ MOU နှစ်နိုင်ငံ သဘောတူစာချုပ်နဲ့ ရောက်လာပြီး အလုပ်လက်မဲ့ ဖြစ်ရတဲ့ မြန်မာအလုပ်သမားတွေကတော့ ထိုင်းနိုင်ငံရောက်တဲ့အချိန် အလုပ်အကိုင်အခက်အခဲဖြစ်တာတွေ ထိုင်းမြန်မာနှစ်ဘက် အေဂျင်စီတွေက စာချုပ်ပါစည်းမျဉ်းအတိုင်း မလုပ်ဘဲ စက်ရုံမတူတဲ့နေရာတွေကို ပို့တာအလုပ်အကိုင် မမှန်တာ အခကြေးငွေတွေက ဥပဒေအတိုင်း မရတာတွေကို ကြုံနေရတာကြောင့် အခုနေရပ်ပြန်ကြရတယ်လို့ ပြောကြပါတယ်။

အခုလို COVID-19 ဖြစ်နေတဲ့ကာလမှာ ထိုင်းနိုင်ငံကို နောက်ပိုင်းဝင်လာကြမယ့် သူတွေ အနေနဲ့ ဒီအခြေအနေတွေကို သေချာသုံးသပ်ပြီး သတိပြုကြဖို့ လိုအပ်တယ်လို့လည်းပြောဆိုနေကြပါတယ်။

XS
SM
MD
LG