သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထုိင္းမွာပိတ္မိေနတဲ့ ျမန္မာအလုပ္သမားေတြ သံရုံးအကူအညီနဲ႔ ျပန္ေခၚမည္


ထိုင္းေရာက္ ႏိုင္ငံျခားသား ေရႊ႕ေျပာင္းအလုပ္သမားမ်ား

(Zawgyi/Unicode)

ထိုင္းႏိုင္ငံမွာ COVID-19 အေရးေပၚကာလအတြင္း ပိတ္မိေနတဲ့ ျမန္မာအလုပ္သမားေတြကို ေမလ ၂၂ ရက္ေန႔ကစလို႔ တရက္ကို လူ ၂၀၀ ေက်ာ္ႏႈန္းနဲ႔ ျပန္လည္ ေခၚယူဖို႔ စီစဥ္ေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဒီအေၾကာင္း ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက တင္ျပေပးပါမယ္။

ထိုင္းႏိုင္ငံမွာ COVID-19 အေရးေပၚကာလအတြင္းမွာ အလုပ္လက္မဲ့ျဖစ္ၿပီး ေနထိုင္စာ းေသာက္ေရး အခက္အခဲျဖစ္ေနတဲ့ အလုပ္သမားေတြအေနနဲ႔ ေနရပ္ျပန္ခ်င္တယ္ဆိုရင္ အလုပ္သမား သံအရာရွိ႐ုံးကို စာရင္းေပးသြင္းၿပီး ျပန္လို႔ ရၿပီျဖစ္ေၾကာင္း AAC အလုပ္သမားကူညီေရးအဖြဲ႕ရဲ႕ တာဝန္ခံ ကိုရဲမင္းက အခုလိုေျပာျပပါတယ္။

"ျမန္မာအလုပ္သမား သံအရာရွိရဲ႕ Page အေကာင့္ရွိတယ္။ အဲဒီမွာ အလုပ္သမားေတြကကိုယ့္အခ်က္အလက္ေတြကို ေဖာင္ျဖည့္ေပးရမယ္။ အဲဒီမွာ မျဖည့္ေပးႏိုင္တဲ့သူေတြကေတာ့ ပတ္စ္ပို ့မ်က္ႏွာျပင္ေတြ စီအိုင္မ်က္ႏွာျပင္ေတြနဲ႔ အလုပ္သမားကဒ္ေတြ မိတၱဴတို႔ MOU အလုပ္သမားေတြဆိုရင္လည္း ျမဝတီေက်ာက္လုံးႀကီး စခန္းလုပ္တဲ့ Smart card ေကာ္ပီေတြ ပို႔ေပးရမယ္။ ျမန္မာသံအရာ႐ုံးကို ကိုယ့္ရဲ႕ ေဖ့ဘြတ္ခ္ မက္ဆင္ဂ်ာအေကာင့္ေတြကေန ပို႔ေပးရမယ္။ၿပီးေတာ့ ျမန္မာသံအရာ႐ုံးက ေထာက္ခံစာ ျပန္ပို႔ေပးမယ္ အဲဒါဆိုျပန္လို႔ ရၿပီ။ ေလာေလာဆယ္ တေန႔ကို လူဦးေရ ၂၁၀ ႏႈန္းနဲ႔ျပန္ခြင့္ျပဳေပးမယ္။"

အခု ျမန္မာသံ႐ုံးရဲ႕ စီစဥ္ေဆာင္႐ြက္ခ်က္ေၾကာင့္ ဒုကၡေတြ႕ေနတဲ့ ျမန္မာေတြအတြက္ အကူအညီ ရသြားေစတယ္လို႔ ကိုရဲမင္းကေျပာပါတယ္။

"အခု ျပန္ဖို႔ စီစဥ္ခ်က္ကို က်ေနာ္တို႔ ေထာက္ခံပါတယ္။ အခုဆိုရင္အလုပ္သမားေတြလည္း လမ္းေၾကာင္းပြင့္သြားၿပီ။ အဆင္ေျပသြားၿပီ။ အလုပ္သမားေတြအေနနဲ႔ မိဘေသလို႔ ေနရပ္ျပန္ခ်င္သူေတြ၊ က်န္မားေရးမေကာင္းလို႔ ေနရပ္ျပန္ခ်င္သူေတြ၊ တခ်ိဳ႕က အလုပ္ျပဳတ္ၿပီး ေနထိုင္စရာ အခန္းခေတြ ေရမီးခလည္းမရွိ၊ စားစရာေတြလည္း မရွိသူေတြ ထိုင္းက ျပန္ခ်င္သူေတြအတြက္ ထြက္ေပါက္ေတြရသြားပါၿပီ။ ထိုင္းကေန ျပန္ခြင့္ရမဲ့ရက္ကေတာ့ ၂၂ ရက္ေန႔လို႔ သတ္မွတ္ထားပါတယ္။"

အခုဆိုရင္ေမလ ၂၂ ရက္ေန႔ စတင္ၿပီး ဘန္ေကာက္ အေဝးေျပးကားဂိတ္ကေန ည ၁၀ နာရီနဲ႔ တႀကိမ္၊ ည ၁၁ နာရီ တႀကိမ္ယာဥ္တန္းေတြနဲ႔ လိုက္ပို႔ေဆာင္ေပးမွာ ျဖစ္ၿပီး ဒီကားေတြနဲ႔အတူ ရဲကားေတြလည္း အေစာင့္အေရွာက္ေတြအျဖစ္ ပါဝင္မွာပါ။ ကားတစီးမွာေတာ့ ျမန္မာအလုပ္သမား၂၁ ဦးသာ လိုက္ပါခြင့္ရမွာ ျဖစ္ၿပီး လူတဦးကို ကားခ ၂ ဆ ႏႈန္းနဲ႔ ဘတ္ေငြ ၁,၀၀၀ ေက်ာ္ေပးရမွာ ျဖစ္ပါတယ္။ ဘန္ေကာက္နဲ႔ အလွမ္းေဝးေနတဲ့ေနရာေတြက ေနရပ္ျပန္ၾကမဲ့သူေတြအေနနဲ႔ကေတာ့ မိမိတို႔ အစီစဥ္နဲ႔ ျပန္မယ္ဆိုရင္ေတာ့ ထိုင္းႏိုင္ငံရဲ႕ ညမထြက္ရအမိန႔္ကာလမွာ ျပန္ခြင့္ရမွာ မဟုတ္ဘဲ မနက္ ၄ နာရီကေန ည ၁၁ နာရီအခ်ိန္အတြင္းမွာ မဲေဆာက္ျမဝတီ မဲဆိုင္၊ တာခ်ီလိတ္၊ ရေနာင္း၊ ေကာ့ေသာင္းလမ္းကေန ျပန္ခြင့္ရမွာျဖစ္ပါတယ္။ ဒါေပမဲ့ ေနရပ္ျပန္သူေတြဟာ ျမန္မာအလုပ္သမားသံအရာရွိ႐ုံးကို စာရင္းေပးသြင္းရမွာျဖစ္ၿပီး တဦးခ်င္း ေထာက္ခံခ်က္ေတြရရွိမွသာ ေနရပ္ကိုျပန္လို႔ရမွာျဖစ္ပါတယ္။

COVID-19 အေရးေပၚအေျခအေနမွာ ထိုင္းႏိုင္ငံတြင္းခ႐ိုင္ တခုနဲ႔ တခု အသြားအလာပိတ္ပင္ထားတဲ့အတြက္ ေနျပန္လိုတဲ့ ျမန္မာေတြ အခက္ေတြ႕ေနတာကို ထိုင္းနဲ႔ ျမန္မာႏွစ္ဘက္အစိုးရ ညႇိႏႈိင္းၿပီး အခုလို ေျဖရွင္းေပးခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္


[Unicode Version]

ထိုင်းမှာပိတ်မိနေတဲ့ မြန်မာအလုပ်သမားတွေ သံရုံးအကူအညီနဲ့ ပြန်ခေါ်မည်

ထိုင်းနိုင်ငံမှာ COVID-19 အရေးပေါ်ကာလအတွင်း ပိတ်မိနေတဲ့ မြန်မာအလုပ်သမားတွေကို မေလ ၂၂ ရက်နေ့ကစလို့ တရက်ကို လူ ၂၀၀ ကျော်နှုန်းနဲ့ ပြန်လည် ခေါ်ယူဖို့ စီစဉ်နေတဲ့အကြောင်း ပြောပြပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ပြပေးပါမယ်။

ထိုင်းနိုင်ငံမှာ COVID-19 အရေးပေါ်ကာလအတွင်းမှာ အလုပ်လက်မဲ့ဖြစ်ပြီး နေထိုင်စာ းသောက်ရေး အခက်အခဲဖြစ်နေတဲ့ အလုပ်သမားတွေအနေနဲ့ နေရပ်ပြန်ချင်တယ်ဆိုရင် အလုပ်သမား သံအရာရှိရုံးကို စာရင်းပေးသွင်းပြီး ပြန်လို့ ရပြီဖြစ်ကြောင်း AAC အလုပ်သမားကူညီရေးအဖွဲ့ရဲ့ တာဝန်ခံ ကိုရဲမင်းက အခုလိုပြောပြပါတယ်။

"မြန်မာအလုပ်သမား သံအရာရှိရဲ့ Page အကောင့်ရှိတယ်။ အဲဒီမှာ အလုပ်သမားတွေကကိုယ့်အချက်အလက်တွေကို ဖောင်ဖြည့်ပေးရမယ်။ အဲဒီမှာ မဖြည့်ပေးနိုင်တဲ့သူတွေကတော့ ပတ်စ်ပို့မျက်နှာပြင်တွေ စီအိုင်မျက်နှာပြင်တွေနဲ့ အလုပ်သမားကဒ်တွေ မိတ္တူတို့ MOU အလုပ်သမားတွေဆိုရင်လည်း မြဝတီကျောက်လုံးကြီး စခန်းလုပ်တဲ့ Smart card ကော်ပီတွေ ပို့ပေးရမယ်။ မြန်မာသံအရာရုံးကို ကိုယ့်ရဲ့ ဖေ့ဘွတ်ခ် မက်ဆင်ဂျာအကောင့်တွေကနေ ပို့ပေးရမယ်။ပြီးတော့ မြန်မာသံအရာရုံးက ထောက်ခံစာ ပြန်ပို့ပေးမယ် အဲဒါဆိုပြန်လို့ ရပြီ။ လောလောဆယ် တနေ့ကို လူဦးရေ ၂၁၀ နှုန်းနဲ့ပြန်ခွင့်ပြုပေးမယ်။"

အခု မြန်မာသံရုံးရဲ့ စီစဉ်ဆောင်ရွက်ချက်ကြောင့် ဒုက္ခတွေ့နေတဲ့ မြန်မာတွေအတွက် အကူအညီ ရသွားစေတယ်လို့ ကိုရဲမင်းကပြောပါတယ်။

"အခု ပြန်ဖို့ စီစဉ်ချက်ကို ကျနော်တို့ ထောက်ခံပါတယ်။ အခုဆိုရင်အလုပ်သမားတွေလည်း လမ်းကြောင်းပွင့်သွားပြီ။ အဆင်ပြေသွားပြီ။ အလုပ်သမားတွေအနေနဲ့ မိဘသေလို့ နေရပ်ပြန်ချင်သူတွေ၊ ကျန်မားရေးမကောင်းလို့ နေရပ်ပြန်ချင်သူတွေ၊ တချို့က အလုပ်ပြုတ်ပြီး နေထိုင်စရာ အခန်းခတွေ ရေမီးခလည်းမရှိ၊ စားစရာတွေလည်း မရှိသူတွေ ထိုင်းက ပြန်ချင်သူတွေအတွက် ထွက်ပေါက်တွေရသွားပါပြီ။ ထိုင်းကနေ ပြန်ခွင့်ရမဲ့ရက်ကတော့ ၂၂ ရက်နေ့လို့ သတ်မှတ်ထားပါတယ်။"

အခုဆိုရင်မေလ ၂၂ ရက်နေ့ စတင်ပြီး ဘန်ကောက် အဝေးပြေးကားဂိတ်ကနေ ည ၁၀ နာရီနဲ့ တကြိမ်၊ ည ၁၁ နာရီ တကြိမ်ယာဉ်တန်းတွေနဲ့ လိုက်ပို့ဆောင်ပေးမှာ ဖြစ်ပြီး ဒီကားတွေနဲ့အတူ ရဲကားတွေလည်း အစောင့်အရှောက်တွေအဖြစ် ပါဝင်မှာပါ။ ကားတစီးမှာတော့ မြန်မာအလုပ်သမား၂၁ ဦးသာ လိုက်ပါခွင့်ရမှာ ဖြစ်ပြီး လူတဦးကို ကားခ ၂ ဆ နှုန်းနဲ့ ဘတ်ငွေ ၁,၀၀၀ ကျော်ပေးရမှာ ဖြစ်ပါတယ်။ ဘန်ကောက်နဲ့ အလှမ်းဝေးနေတဲ့နေရာတွေက နေရပ်ပြန်ကြမဲ့သူတွေအနေနဲ့ကတော့ မိမိတို့ အစီစဉ်နဲ့ ပြန်မယ်ဆိုရင်တော့ ထိုင်းနိုင်ငံရဲ့ ညမထွက်ရအမိန့်ကာလမှာ ပြန်ခွင့်ရမှာ မဟုတ်ဘဲ မနက် ၄နာရီကနေ ည ၁၁ နာရီအချိန်အတွင်းမှာ မဲဆောက်မြဝတီ မဲဆိုင်၊ တာချီလိတ်၊ ရနောင်း၊ ကော့သောင်းလမ်းကနေ ပြန်ခွင့်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ နေရပ်ပြန်သူတွေဟာ မြန်မာအလုပ်သမားသံအရာရှိရုံးကို စာရင်းပေးသွင်းရမှာဖြစ်ပြီး တဦးချင်း ထောက်ခံချက်တွေရရှိမှသာ နေရပ်ကိုပြန်လို့ရမှာဖြစ်ပါတယ်။

COVID-19 အရေးပေါ်အခြေအနေမှာ ထိုင်းနိုင်ငံတွင်းခရိုင် တခုနဲ့ တခု အသွားအလာပိတ်ပင်ထားတဲ့အတွက် နေပြန်လိုတဲ့ မြန်မာတွေ အခက်တွေ့နေတာကို ထိုင်းနဲ့ မြန်မာနှစ်ဘက်အစိုးရ ညှိနှိုင်းပြီး အခုလို ဖြေရှင်းပေးခဲ့တာပါ။

XS
SM
MD
LG