သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူကုန္ကူးခံရသူ ျမန္မာနုိင္ငံသား ၂၀ ထိုင္းစစ္တပ္ ကယ္တင္


ထိုင္း-မေလးနယ္စပ္ နာရာသီ၀ခရိုင္ထဲမွာ အစာေရစာ ျပတ္ျပီး ပိတ္မိေနတဲ့ ျမန္မာႏို္င္ငံသား တခ်ိဳ႕ (ဓာတ္ပံု - ေမ ၁၃၊ ၂၀၂၀)

(Zawgyi/Unicode)

ထိုင္း-မေလးနယ္စပ္ နာရာသီ၀ခရိုင္ စဟုိင္ခိုလုပ္ျမိဳ႕မွာ လူပဲြစားက ေခၚလာျပီး COVID-19 ကာလမွာ ပိတ္မိေနတဲ့ ျမန္မာႏို္င္ငံသား၂၀ က ျမန္မာသံရံုးကို အကူညီေတာင္းတာေၾကာင့္ ထုိင္းစစ္တပ္က ကူညီကယ္ဆယ္ၿပီး ျမန္မာဘက္ကို လဲႊေျပာင္းမယ္ဆိုတဲ့ သတင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက တင္ျပေပးပါမယ္။

ထိုင္း-မေလးနယ္စပ္ နာရာသီ၀ခရိုင္ထဲမွာ အစာေရစာ ျပတ္ျပီး ပိတ္မိေနတဲ့ ျမန္မာႏို္င္ငံသား တခ်ို႕ (ဓာတ္ပံု - ေမ ၁၃၊ ၂၀၂၀)
ထိုင္း-မေလးနယ္စပ္ နာရာသီ၀ခရိုင္ထဲမွာ အစာေရစာ ျပတ္ျပီး ပိတ္မိေနတဲ့ ျမန္မာႏို္င္ငံသား တခ်ို႕ (ဓာတ္ပံု - ေမ ၁၃၊ ၂၀၂၀)

ထိုင္း-မေလးနယ္စပ္ နာရာသီ၀ခရိုင္ထဲမွာ အစာေရစာ ျပတ္ျပီး ပိတ္မိေနတဲ့ ျမန္မာႏို္င္ငံသားေတြကုိ ထုိင္းနုိ္င္ငံ ျမန္မာသံရံုးကေန အကူအညီေတာင္းတာေၾကာင့္ ထိုင္းစစ္တပ္နဲ႔ ရဲေတြက ေမလ ၁၃ ရက္ေန႔မွာ သြားေရာက္ေခၚယူခဲ့ပါတယ္။ သူတို႔ေတြဟာ လူကုန္ကူးခံရသူေတြ ျဖစ္ေၾကာင္း ထုိင္းနဲ႔ ျမန္မာအာဏာပုိင္ေတြကုိ ဘာသာျပန္အျဖစ္ကူညီေဆာင္ရြက္ေပးေနတ့ဲ ဦးစိုင္းေအးကေျပာပါတယ္။

"မေလးရွား သြားမယ္ဆုိျပီး ထီးခီးလမ္းေၾကာင္းကေန ေခၚလာတယ္။ ပတ္စ္စပို႔ လုပ္စရာမလိုဘူးဆုိျပီး ဘန္ေကာက္ကေန ျဖတ္ျပီး မေလးနယ္စပ္ကုိ ေခၚလာတယ္။ အဲဒီမွာ အခန္းတခုထဲမွာ ပိတ္ထားျပီး ထမင္းထုတ္ေတြ လာေပးတယ္။ သူတို႔က ထုိင္းစကား မတတ္ဘူး။ သူတို႔ကုိ လမ္းေၾကာင္းေတြ ပိတ္ထားတယ္ဆိုျပီး သြားမရေသးဘူး ေျပာတယ္။ ေနာက္ေတာ့ ပဲြစားက ဖုန္းပိတ္ထားလိုက္တယ္။"

သူတို႔ဟာ ထိုင္းနိုင္ငံထဲကို လြန္ခဲ့တဲ့ ၂ လခန္႔က ေရာက္ရိွလာျပီး တနသၤာရီ ထား၀ယ္ ထီးခီး လမ္းကေန လာၾကတာျဖစ္ျပီး အဲဒီေနာက္ ဘန္ေကာက္ကုိ ျဖတ္ျပီး မေလးနယ္စပ္ကုိ ေရာက္လာၾကတာပါ။ သူတို႔ဟာ ကုိဗစ္ကာလခရိုင္တခုနဲ႔ တခု မေက်ာ္ရတဲ့အခ်ိန္ အ၀င္အထြက္ေတြ ပိတ္ဆို႔ကန္႔သတ္ထားတဲ့အခ်ိန္မွာ မေလးနယ္စပ္မွာ ပိတ္မိေနတာျဖစ္ပါတယ္။ ျမန္မာေတြ ပိတ္မိေနတာနဲ႔ ပတ္သက္လို႔ ထုိင္းႏိုင္ငံဘန္ေကာက္ျမိဳ႕ ျမန္မာသံရံုးက အကူညီေတာင္းခံတာေၾကာင့္ ထိုင္းစစ္တပ္နဲ႔ ထုိင္းလ၀က သူတို႔ပိတ္မိေနတဲ့ေနရာကို ရွာေဖြေပးခဲ့ျပီး ထုိင္းစစ္တပ္ထဲကုိ ေခၚသြားတယ္လုိ႔ ဆုိပါတယ္။

"စစ္တပ္ေရာ၊ လ၀က ရဲကုိေရာ ကေလးေတြ ရွိတဲ့ေနရာကို GPS ပို႔ေပးလိုက္ရတယ္။ အဲဒါနဲ႔ သြားေခၚထုတ္လာတယ္။ ဒီကေန႔ မနက္ပဲ ေလာေလာဆယ္ စစ္တပ္ထဲမွာ ထားတယ္။ ၿပီးေတာ့ လ၀ကကုိ ျပန္လဲႊမယ္။ လ၀ကမွာ လူေတြက မ်ားေနလို လ၀ကလႊဲျပီးမွ ျမန္မာဘက္ကုိ ျပန္လဲႊမယ္။"

အေမရိကန္ႏိုင္ငံျခားေရးဌာနရဲ႕ လူကုန္ကူးမႈနဲ႔ ပတ္သက္တဲ့ အစီရင္ခံစာမွာေတာ့ ထိုင္းမွာလူကုန္ကူးမူေတြ ျဖစ္ေနတာေၾကာင့္ အေမရိကန္က Tier 3 အဆိုးဆံုးအဆင့္အထိ သတ္မွတ္ခဲ့တယ္။ ေနာက္ပုိင္းမွာေတာ့ ထုိင္းက လူကုန္ကူးမႈ တိုက္ဖ်က္ေရးကို ျပင္းျပင္းထန္ထန္လုပ္လာလို႔ Tier 2 ေစာင့္ၾကည့္အဆင့္အထိ ျပန္ၿပီး တိုးျမင့္ေပးခဲ့တယ္။ ဒါေပမဲ့ ထိုင္းမွာ လူကုန္ကူးမႈေတြ ရွိေနေသးသလို ေရလုပ္ငန္းေတြမွာလည္း ေရႊ႕ေျပာင္းလုပ္သားေတြကို ေက်းကြ်န္သဖြယ္ထား ေစခိုင္းတာတာေတြ ရိွေနတုန္းပဲဆိုၿပီး လူ႔အခြင့္အေရးအဖဲြ႔ေတြက ေ၀ဖန္ထားတယ္။

ဒီလိုအေျခအေနေတြေၾကာင့္ပဲ ထိုင္းႏုိင္ငံဟာ ဧျပီလကစျပီး (GSP ကုန္သြယ္မူအထူးအခြင့္ေရးစနစ္) အေမရိကန္ႏုိင္ငံက ေပးအပ္ထားတဲ့ ကုန္သြယ္မႈ အထူးအခြင့္အေရး GSP ကုိ ဆုံး႐ႈံးခဲ့တာျဖစ္ပါတယ္။

ထိုင္းန့ဲ ထိစပ္ေနတဲ့ အိမ္နိီးခ်င္းျမန္မာႏုိ္င္ငံကုိေတာ့ ေစာင့္ၾကည့္အဆင့္ Tire 2 က ေလွ်ာ့ခ်လိုက္ျပီး အဆိုး၀ါးဆံုး Tire 3 အဆင့္ကို သတ္မွတ္ထားတာပါ။ အခုလို Tier 3 ကို အဆင့္ေလွ်ာ့ခ် သတ္မွတ္လိုက္ရတာဟာ လူကုန္ကူးမႈ ပေပ်ာက္ေရးဆိုင္ရာ အနိမ့္ဆံုး သတ္မွတ္ခ်က္ေတြကို အျပည့္အဝျပည့္မီေအာင္ ျမန္မာအစိုးရက လုပ္ေဆာင္ႏုိင္ျခင္း မရွိသလို အဲဒီလိုျပည့္မီဖို႔အတြက္ သိသာတဲ့ လုပ္ေဆာင္မႈေတြ မရွိတာေၾကာင့္ ျဖစ္တယ္လို႔ အစီရင္ခံစာထဲမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား ၂၀ ထိုင်းစစ်တပ်ကယ်တင်

ထိုင်း-မလေးနယ်စပ် နာရာသီဝခရိုင် စဟိုင်ခိုလုပ်မြို့မှာ လူပွဲစားက ခေါ်လာပြီး COVID-19 ကာလမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသား၂၀ က မြန်မာသံရုံးကို အကူညီတောင်းတာကြောင့် ထိုင်းစစ်တပ်က ကူညီကယ်ဆယ်ပြီး မြန်မာဘက်ကို လွဲှပြောင်းမယ်ဆိုတဲ့ သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ပြပေးပါမယ်။

ထိုင်း-မလေးနယ်စပ် နာရာသီဝခရိုင်ထဲမှာ အစာရေစာ ပြတ်ပြီး ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံ မြန်မာသံရုံးကနေ အကူအညီတောင်းတာကြောင့် ထိုင်းစစ်တပ်နဲ့ ရဲတွေက မေလ ၁၃ ရက်နေ့မှာ သွားရောက်ခေါ်ယူခဲ့ပါတယ်။ သူတို့တွေဟာ လူကုန်ကူးခံရသူတွေ ဖြစ်ကြောင်း ထိုင်းနဲ့ မြန်မာအာဏာပိုင်တွေကို ဘာသာပြန်အဖြစ်ကူညီဆောင်ရွက်ပေးနေတဲ့ ဦးစိုင်းအေးကပြောပါတယ်။

"မလေးရှား သွားမယ်ဆိုပြီး ထီးခီးလမ်းကြောင်းကနေ ခေါ်လာတယ်။ ပတ်စ်စပို့ လုပ်စရာမလိုဘူးဆိုပြီး ဘန်ကောက်ကနေ ဖြတ်ပြီး မလေးနယ်စပ်ကို ခေါ်လာတယ်။ အဲဒီမှာ အခန်းတခုထဲမှာ ပိတ်ထားပြီး ထမင်းထုတ်တွေ လာပေးတယ်။ သူတို့က ထိုင်းစကား မတတ်ဘူး။ သူတို့ကို လမ်းကြောင်းတွေ ပိတ်ထားတယ်ဆိုပြီး သွားမရသေးဘူး ပြောတယ်။ နောက်တော့ ပွဲစားက ဖုန်းပိတ်ထားလိုက်တယ်။"

သူတို့ဟာ ထိုင်းနိုင်ငံထဲကို လွန်ခဲ့တဲ့ ၂ လခန့်က ရောက်ရှိလာပြီး တနင်္သာရီ ထားဝယ် ထီးခီး လမ်းကနေ လာကြတာဖြစ်ပြီး အဲဒီနောက် ဘန်ကောက်ကို ဖြတ်ပြီး မလေးနယ်စပ်ကို ရောက်လာကြတာပါ။ သူတို့ဟာ ကိုဗစ်ကာလခရိုင်တခုနဲ့ တခု မကျော်ရတဲ့အချိန် အဝင်အထွက်တွေ ပိတ်ဆို့ကန့်သတ်ထားတဲ့အချိန်မှာ မလေးနယ်စပ်မှာ ပိတ်မိနေတာဖြစ်ပါတယ်။ မြန်မာတွေ ပိတ်မိနေတာနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံဘန်ကောက်မြို့ မြန်မာသံရုံးက အကူညီတောင်းခံတာကြောင့် ထိုင်းစစ်တပ်နဲ့ ထိုင်းလဝက သူတို့ပိတ်မိနေတဲ့နေရာကို ရှာဖွေပေးခဲ့ပြီး ထိုင်းစစ်တပ်ထဲကို ခေါ်သွားတယ်လို့ ဆိုပါတယ်။

"စစ်တပ်ရော၊ လဝက ရဲကိုရော ကလေးတွေ ရှိတဲ့နေရာကို GPS ပို့ပေးလိုက်ရတယ်။ အဲဒါနဲ့ သွားခေါ်ထုတ်လာတယ်။ ဒီကနေ့ မနက်ပဲ လောလောဆယ် စစ်တပ်ထဲမှာ ထားတယ်။ ပြီးတော့ လဝကကို ပြန်လွဲှမယ်။ လဝကမှာ လူတွေက များနေလို လဝကလွှဲပြီးမှ မြန်မာဘက်ကို ပြန်လွဲှမယ်။"

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ အစီရင်ခံစာမှာတော့ ထိုင်းမှာလူကုန်ကူးမူတွေ ဖြစ်နေတာကြောင့် အမေရိကန်က Tier 3 အဆိုးဆုံးအဆင့်အထိ သတ်မှတ်ခဲ့တယ်။ နောက်ပိုင်းမှာတော့ ထိုင်းက လူကုန်ကူးမှု တိုက်ဖျက်ရေးကို ပြင်းပြင်းထန်ထန်လုပ်လာလို့ Tier 2 စောင့်ကြည့်အဆင့်အထိ ပြန်ပြီး တိုးမြင့်ပေးခဲ့တယ်။ ဒါပေမဲ့ ထိုင်းမှာ လူကုန်ကူးမှုတွေ ရှိနေသေးသလို ရေလုပ်ငန်းတွေမှာလည်း ရွှေ့ပြောင်းလုပ်သားတွေကို ကျေးကျွန်သဖွယ်ထား စေခိုင်းတာတာတွေ ရှိနေတုန်းပဲဆိုပြီး လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ထားတယ်။

ဒီလိုအခြေအနေတွေကြောင့်ပဲ ထိုင်းနိုင်ငံဟာ ဧပြီလကစပြီး (GSP ကုန်သွယ်မူအထူးအခွင့်ရေးစနစ်) အမေရိကန်နိုင်ငံက ပေးအပ်ထားတဲ့ ကုန်သွယ်မှု အထူးအခွင့်အရေး GSP ကို ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။

ထိုင်းနဲ့ ထိစပ်နေတဲ့ အိမ်နီးချင်းမြန်မာနိုင်ငံကိုတော့ စောင့်ကြည့်အဆင့် Tire 2 က လျှော့ချလိုက်ပြီး အဆိုးဝါးဆုံး Tire 3 အဆင့်ကို သတ်မှတ်ထားတာပါ။ အခုလို Tier 3 ကို အဆင့်လျှော့ချ သတ်မှတ်လိုက်ရတာဟာ လူကုန်ကူးမှု ပပျောက်ရေးဆိုင်ရာ အနိမ့်ဆုံး သတ်မှတ်ချက်တွေကို အပြည့်အဝပြည့်မီအောင် မြန်မာအစိုးရက လုပ်ဆောင်နိုင်ခြင်း မရှိသလို အဲဒီလိုပြည့်မီဖို့အတွက် သိသာတဲ့ လုပ်ဆောင်မှုတွေ မရှိတာကြောင့် ဖြစ်တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG