သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူကုန္ကူးခံရမႈနစ္နာေၾကး ေပးေရး ထုိင္းဆံုးျဖတ္ခ်က္ လ်စ္လ်ဴ႐ႈခံေနရ


THAI-MYANMAR TRAFFICKING

ထိုင္းႏုိင္ငံမွာ လူေမွာင္ခိုကူးခံရသူေတြကို က်ဴးလြန္သူေတြက နစ္နာေၾကးေပးဖို႔ တရား႐ံုးေတြက ဆံုးျဖတ္ခ်က္ခ်ထားတဲ့ မၾကာ ေသးခင္ႏွစ္ေတြက အမႈေပါင္း ၉၉% ေက်ာ္မွာ က်ဴးလြန္သူေတြဟာ တရား႐ံုးဆံုးျဖတ္ခ်က္ကို လ်စ္လ်ဴ႐ႈၿပီး နစ္နာေၾကး မေပးၾက ေသးဘူးလို႔ Thomson Reuters ေဖာင္ေဒးရွင္းက သီးျခားရခဲ့တဲ့ အခ်က္အလက္ေတြမွာ ေတြ႔ရတဲ့အေၾကာင္း ႐ိုက္တာ သတင္း တပုဒ္မွာ ေရးထားပါတယ္။

၂၀၁၄ ခုႏွစ္ကတည္းကဆိုရင္ အမႈေပါင္း ၁,၃၃၀ ေက်ာ္အတြက္ လူေမွာင္ခိုကူးသူေတြအေနနဲ႔ သူတို႔ လူကုန္ကူးခဲ့သူေတြကို နစ္နာေၾကးေငြ စုစုေပါင္း ေဒၚလာ ၄.၃ သန္း၊ ထိုင္းဘတ္ေငြနဲ႔ဆိုရင္ သန္း ၁၃၀ ေက်ာ္ ေပးဖို႔ ထိုင္းတရား႐ံုးေတြက ဆံုးျဖတ္ထား တယ္လုိ႔ ထိုင္းေရွ႕ေနခ်ဳပ္႐ံုးကေန ရႏုိင္သမွ် ေနာက္ဆံုးကိန္းဂဏန္းေတြမွာ ေတြ႔ရပါတယ္။

ဒါေပမယ့္လည္း အမႈငါးခုအတြက္ စုစုေပါင္း နစ္နာေၾကး ဘတ္ ၅.၆ သန္းကုိပဲ ေပးခဲ့တာရွိၿပီး ဒီထဲမွာ တရား႐ံုးမေရာက္ဘဲ အျပင္ မွာ ေျဖရွင္းေက်ေအးခဲ့တဲ့ျဖစ္ရပ္ေတြ မပါဘူးဆိုတာ ထိုင္းႏုိင္ငံ၊ သတင္းအခ်က္အလက္ လြတ္လပ္စြာရယူခြင့္ဆိုင္ရာ ဥပေဒအရ လူေမွာင္ခိုကူးမႈတိုက္ဖ်က္ေရး အစိုးရဌာနဆီကေန ရယူခဲ့တဲ့ ကိန္းဂဏန္းေတြမွာ ေတြ႔ရပါတယ္။

ဒီႏွစ္အတြင္း အခုခ်ိန္ထိဆိုရင္ လူေမွာင္ခိုကူးခံရသူ အေယာက္ ၁,၀၀၀ ေက်ာ္အထိ စံခ်ိန္တင္အေရအတြက္နဲ႔ ကယ္တင္ထားႏုိင္ ေပမယ့္လည္း နစ္နာေၾကးမေပးၾကတာေၾကာင့္ အဲဒီလူေတြ ျပန္ၿပီး လူေမွာင္ခိုကူးခံရမယ့္အေရး လူကုန္ကူးမႈတိုက္ဖ်က္ေရး လံႈ႔ေဆာ္လုပ္ေဆာင္ေနသူေတြက စိုးရိမ္ေနပါတယ္။

ထိုင္းႏုိင္ငံကို လူကုန္ကူးခံရသူေတြထဲမွာ ျမန္မာႏုိင္ငံသား အမ်ားအျပားလည္းပါဝင္ၿပီး လူကုန္ကူးခံရတဲ့ ျမန္မာႏုိင္ငံသား ဘယ္ေရြ႕ဘယ္မွ်ကို ထိုင္းအာဏာပိုင္ေတြက ကယ္တင္လိုက္တယ္ဆိုတဲ့သတင္းေတြ မၾကာခဏေတြ႔ရေလ့ရွိပါတယ္။

ေခတ္သစ္ကၽြန္ေတြလို႔ ေခၚဆိုၾကေလ့ရွိတဲ့ လူေမွာင္ခိုကူးခံရသူေပါင္း ထိုင္းႏုိင္ငံမွာ ၆၁၀,၀၀၀ ေလာက္ရွိၿပီး ဒီအေရအတြက္ဟာ လူဦးေရ ၆၉ သန္းရွိတဲ့ ထုိင္းႏုိင္ငံမွာ ထိုင္းႏုိင္ငံသား ၁၁၃ ေယာက္ကို လူကုန္ကူးခံရသူ ၁ ေယာက္ေလာက္ အခ်ဳိးအစားရွိေန တယ္လုိ႔ လူ႔အခြင့္အေရးအဖြဲ႔ Walk Free Foundation ကထုတ္ျပန္တဲ့ ကမာၻလံုးဆိုင္ရာ ကၽြန္ျပဳမႈအၫႊန္းကိန္းမွာ ေဖာ္ျပထားပါ တယ္။

အေမရိကန္ျပည္ေထာင္စုက ၿပီးခဲ့တဲ့ဇြန္လမွာထုတ္ျပန္တဲ့ လူေမွာင္ခိုကူးမႈဆိုင္ရာ အစီရင္ခံစာ (TIP) ထဲမွာ လူကုန္ကူးခံရသူေတြ ကုိ နစ္နာေၾကးတိုးေပးဖို႔ ေတာင္းဆိုထားပါတယ္။ လူေမွာင္ခိုကူးမႈတိုက္ဖ်က္ေရးဆိုင္ရာ အဆင့္သတ္မွတ္ခ်က္မွာေတာ့ ထိုင္းႏုိင္ငံကို Tier 2 အဆင့္မွာ သတ္မွတ္ထားပါတယ္။ အဓိပၸါယ္ကေတာ့ လူကုန္ကူးမႈတိုက္ဖ်က္ဖို႔ သိသာထင္ရွားတဲ့ အားထုတ္ လုပ္ေဆာင္မႈေတြ ရွိေနတယ္ဆိုတဲ့ သေဘာပဲျဖစ္ပါတယ္။

...................

{Unicode}

လူကုန်ကူးခံရမှုနစ်နာကြေး ပေးရေး ထိုင်းဆုံးဖြတ်ချက် လျစ်လျူရှုခံနေရ

ထိုင်းနိုင်ငံမှာ လူမှောင်ခိုကူးခံရသူတွေကို ကျူးလွန်သူတွေက နစ်နာကြေးပေးဖို့ တရားရုံးတွေက ဆုံးဖြတ်ချက်ချထားတဲ့ မကြာ သေးခင်နှစ်တွေက အမှုပေါင်း ၉၉% ကျော်မှာ ကျူးလွန်သူတွေဟာ တရားရုံးဆုံးဖြတ်ချက်ကို လျစ်လျူရှုပြီး နစ်နာကြေး မပေးကြ သေးဘူးလို့ Thomson Reuters ဖောင်ဒေးရှင်းက သီးခြားရခဲ့တဲ့ အချက်အလက်တွေမှာ တွေ့ရတဲ့အကြောင်း ရိုက်တာ သတင်း တပုဒ်မှာ ရေးထားပါတယ်။

၂၀၁၄ ခုနှစ်ကတည်းကဆိုရင် အမှုပေါင်း ၁,၃၃၀ ကျော်အတွက် လူမှောင်ခိုကူးသူတွေအနေနဲ့ သူတို့ လူကုန်ကူးခဲ့သူတွေကို နစ်နာကြေးငွေ စုစုပေါင်း ဒေါ်လာ ၄.၃ သန်း၊ ထိုင်းဘတ်ငွေနဲ့ဆိုရင် သန်း ၁၃၀ ကျော် ပေးဖို့ ထိုင်းတရားရုံးတွေက ဆုံးဖြတ်ထား တယ်လို့ ထိုင်းရှေ့နေချုပ်ရုံးကနေ ရနိုင်သမျှ နောက်ဆုံးကိန်းဂဏန်းတွေမှာ တွေ့ရပါတယ်။

ဒါပေမယ့်လည်း အမှုငါးခုအတွက် စုစုပေါင်း နစ်နာကြေး ဘတ် ၅.၆ သန်းကိုပဲ ပေးခဲ့တာရှိပြီး ဒီထဲမှာ တရားရုံးမရောက်ဘဲ အပြင် မှာ ဖြေရှင်းကျေအေးခဲ့တဲ့ဖြစ်ရပ်တွေ မပါဘူးဆိုတာ ထိုင်းနိုင်ငံ၊ သတင်းအချက်အလက် လွတ်လပ်စွာရယူခွင့်ဆိုင်ရာ ဥပဒေအရ လူမှောင်ခိုကူးမှုတိုက်ဖျက်ရေး အစိုးရဌာနဆီကနေ ရယူခဲ့တဲ့ ကိန်းဂဏန်းတွေမှာ တွေ့ရပါတယ်။

ဒီနှစ်အတွင်း အခုချိန်ထိဆိုရင် လူမှောင်ခိုကူးခံရသူ အယောက် ၁,၀၀၀ ကျော်အထိ စံချိန်တင်အရေအတွက်နဲ့ ကယ်တင်ထားနိုင် ပေမယ့်လည်း နစ်နာကြေးမပေးကြတာကြောင့် အဲဒီလူတွေ ပြန်ပြီး လူမှောင်ခိုကူးခံရမယ့်အရေး လူကုန်ကူးမှုတိုက်ဖျက်ရေး လှုံ့ဆော်လုပ်ဆောင်နေသူတွေက စိုးရိမ်နေပါတယ်။

ထိုင်းနိုင်ငံကို လူကုန်ကူးခံရသူတွေထဲမှာ မြန်မာနိုင်ငံသား အများအပြားလည်းပါဝင်ပြီး လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသား ဘယ်ရွေ့ဘယ်မျှကို ထိုင်းအာဏာပိုင်တွေက ကယ်တင်လိုက်တယ်ဆိုတဲ့သတင်းတွေ မကြာခဏတွေ့ရလေ့ရှိပါတယ်။

ခေတ်သစ်ကျွန်တွေလို့ ခေါ်ဆိုကြလေ့ရှိတဲ့ လူမှောင်ခိုကူးခံရသူပေါင်း ထိုင်းနိုင်ငံမှာ ၆၁၀,၀၀၀ လောက်ရှိပြီး ဒီအရေအတွက်ဟာ လူဦးရေ ၆၉ သန်းရှိတဲ့ ထိုင်းနိုင်ငံမှာ ထိုင်းနိုင်ငံသား ၁၁၃ ယောက်ကို လူကုန်ကူးခံရသူ ၁ ယောက်လောက် အချိုးအစားရှိနေ တယ်လို့ လူ့အခွင့်အရေးအဖွဲ့ Walk Free Foundation ကထုတ်ပြန်တဲ့ ကမ္ဘာလုံးဆိုင်ရာ ကျွန်ပြုမှုအညွှန်းကိန်းမှာ ဖော်ပြထားပါ တယ်။

အမေရိကန်ပြည်ထောင်စုက ပြီးခဲ့တဲ့ဇွန်လမှာထုတ်ပြန်တဲ့ လူမှောင်ခိုကူးမှုဆိုင်ရာ အစီရင်ခံစာ (TIP) ထဲမှာ လူကုန်ကူးခံရသူတွေ ကို နစ်နာကြေးတိုးပေးဖို့ တောင်းဆိုထားပါတယ်။ လူမှောင်ခိုကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အဆင့်သတ်မှတ်ချက်မှာတော့ ထိုင်းနိုင်ငံကို Tier 2 အဆင့်မှာ သတ်မှတ်ထားပါတယ်။ အဓိပ္ပါယ်ကတော့ လူကုန်ကူးမှုတိုက်ဖျက်ဖို့ သိသာထင်ရှားတဲ့ အားထုတ် လုပ်ဆောင်မှုတွေ ရှိနေတယ်ဆိုတဲ့ သဘောပဲဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG