သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးမှုတားဆီးရေး မြန်မာနယ်စပ်မှာ အိန္ဒိယ ပြင်ဆင် 


အာသံရိုင်ဖယ်တပ်
အာသံရိုင်ဖယ်တပ်

အိန္ဒိယနိုင်ငံရဲ့ အနောက်မြောက် နယ်စပ်ဒေသတလျှောက်မှာ ကလေးငယ်တွေ အပါအဝင် လူကုန်ကူးခံရမှုတွေကို တားဆီးနိုင်ဖို့ မိုင်တထောင်ကျော် ရှည်လျားတဲ့ အိန္ဒိယ- မြန်မာနယ်စပ် တလျှောက်မှာ အာသံရိုင်ဖယ်တပ်က ကြိုးစားနေပါတယ်။

လူကုန်ကူးမှုနဲ့ ကလေးငယ်တွေအပေါ် စော်ကားမှုတွေကို ကာကွယ်ဖို့ အာသံရိုင်ဖယ်တပ်က အကြီးတန်းအရာရှိ ၅ ဦးအပါအဝင် တပ်သား ၈၁ ဦးကို မဏီပူနယ်စပ်ဒေသမှာ တာဝန်ချထားသလို သူတို့ဟာ NGO တွေရဲ့ အကူအညီနဲ့ နယ်စပ် မိုရေးမြို့မှာ တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ သင်တန်းတွေ ပေးခဲ့ပါတယ်။ မေလဆန်းတုန်းကလည်း အာသံရိုင်ဖယ်တပ်က တပ်သား ၉၀ လောက်က ဒေသခံတွေကို အလားတူ သင်တန်းတွေ ပေးခဲ့တာပါ။

အိန္ဒိယနိုင်ငံထဲက မဏိပူ၊ Nagaland ၊ မီဇိုရမ်နဲ့ Arunachal Pradesh ပြည်နယ်တွေဟာ မြန်မာနဲ့ နယ်စပ်ချင်း ထိနေပြီး နေရာ အတော်များများမှာ နယ်စပ်စည်းရိုး မရှိပါဘူး။ ဒါကြောင့် ဒီဒေသတွေရဲ့ နယ်စပ်တလျှောက်မှာ တရားမဝင် ဝင်ရောက်သူတွေ၊ လူကုန်ကူးခံရသူတွေအပြင် မူးယစ်ဆေး မှောင်ခိုတွေ၊ လက်နက် ရွှေနဲ့ ရှားပါး တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းခိုးထုတ်တာတွေ လို ရာဇဝတ်မှုခင်း အများအပြား ရှိနေပါတယ်။

မကြာသေးခင်ကပဲ အမျိုးသမီးအများစုပါတဲ့ နီပေါနိုင်ငံသား လူငယ်လူရွယ် ၁၈၀ လောက် မိုရေးနယ်စပ်ကို ကျော်ဖြတ်ပြီး လူကုန် အကူးခံခဲ့ရတာကို အင်ဖါနဲ့ မိုရေးမြို့တွေမှာ ဖမ်းမိခဲ့တာပါ။ သူတို့ကို မြန်မာနိုင်ငံကနေ တဆင့် စင်္ကာပူနဲ့ မလေးရှားနိုင်ငံတွေကို ပို့ဖို့ လုပ်နေချိန်မှာ ဖမ်းမိခဲ့ပြီး နီပေါကို ပြန်ပို့ပေးနိုင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG