သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရောင်းစားခံ မိန်းကလေး ၁၀၀ ကျော် မိုရေးမှာ ဖမ်းမိ

အိန္ဒိယ-မြန်မာ နိုင်ငံတကာ နယ်စပ်စည်းရိုးနှင့်ကပ်လျှက် အိန္ဒိယနိုင်ငံ၊ မိုရေးမြို့မြင်ကွင်း။
အိန္ဒိယ-မြန်မာ နိုင်ငံတကာ နယ်စပ်စည်းရိုးနှင့်ကပ်လျှက် အိန္ဒိယနိုင်ငံ၊ မိုရေးမြို့မြင်ကွင်း။

အိန္ဒိယ-မြန်မာနယ်စပ် မိုရေးမြို့မှာ နီပေါအမျိုးသမီးငယ် ၁ဝဝ ကျော်ကို ကယ်တင်နိုင်ခဲ့ကြောင်း အိန္ဒိယနဲ့ နီပေါ သတင်းတွေမှာ ဖော်ပြကြပါတယ်။ မိုရေးမြို့ နယ်စပ်စခန်းမှာ အယောက် ၄ဝ၊ မိုရေးမြို့က အိမ်တလုံးမှာလည်း နောက် အယောက် ၂ဝ၊ လူကုန်ကူးခံရတဲ့ နီပေါမိန်းကလေးတွေကို စနေနေ့မှာ ကယ်တင်လိုက်နိုင်တဲ့ အကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။

ဒေလီ အမျိုးသမီးကော်မရှင်နဲ့ မေတီနီပေါတို့က မဏိပူရပြည်နယ်က ရဲတွေနဲ့ တက်ကြွ လှုပ်ရှားသူတို့ ပူးပေါင်းပြီး တနေ့လုံးဆောင်ရွက်ခဲ့တဲ့အတွက် အိန္ဒိယအရှေ့မြောက်ပိုင်း မဏိပူရပြည်နယ်က မြို့တွေမှာ နီပေါအမျိုးသမီး ၁ဝဝ ကျော်ကို လူကုန်ကူးသူတွေ လက်ထဲ က ကယ်တင်နိုင်ခဲ့ပါတယ်။

မဏိပူရပြည်နယ်မြို့တော် Imphal မှာ သောကြာနေ့ညနေကလည်း အမျိုးသမီး ၆၁ ကို ဟိုတယ်တခုမှာ ရဲက ရှာတွေ့ခဲ့ပြီး လူကုန်ကူးသူကိုလည်း ဖမ်းမိလိုက်တဲ့အကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ မြန်မာပြည်ကနေတဆင့် တောင်အာရှနဲ့ အရှေ့ အလယ်ပိုင်းဆီကို ဒီအမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို လူကုန်ကူးခေါ်သွားဖို့ ကြိုးပမ်းခဲ့ကြတာလို့ အိန္ဒိယသတင်းတွေက ဖော်ပြထားပါတယ်။

တချိန်တည်းမှာပဲ ကလေးများအခွင့်အရေးကာကွယ်ရေး မဏိပူကော်မရှင် MCPCR၊ မေတီ နီပေါနဲ့ အိန္ဒိယ အခြေစိုက် NGO အဖွဲ့တွေနဲ့ အိန္ဒိယမြောက်ပိုင်းရဲတွေ ပူးပေါင်းပြီး နီပေါအမျိုးသမီး ၁ဝ၃ ယောက်ကို ဖမ်းဆီး နိုင်ခဲ့တဲ့အကြောင်း မေတီ နီပေါအဖွဲ့ ဥက္ကဋ္ဌ Bishwo Khadka က ပြောပါတယ်။

လတ်တလောမှာတော့ ကယ်တင်ထားတဲ့အမျိုးသမီးတွေကို ဘေးကင်းရာ Ujjwala Home မှာ မဏိပူရအစိုးရရဲ့ အမျိုးသမီးရေးရာက နေရာချပေးထားကြောင်း MCPCR တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

ရောင်းစားခံ မိန်းကလေး ၁၀၀ ကျော် မိုရေးမှာ ဖမ်းမိ
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG