သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအမ်ိဳးသမီး တဦးကို လာေရာက္ေတာင္းရမ္းတဲ့ တ႐ုတ္ ၅ ဦး တရားမ၀င္ ၀င္ေရာက္မႈနဲ႔ က်ိဳင္းတံုမွာအဖမ္းခံရ


တ႐ုတ္-ျမန္မာ ႏွစ္ႏုိင္ငံနယ္စပ္ဂိတ္တခုျမင္ကြင္း။ (ဇန္္န၀ါရီ ၁၂၊ ၂၀၀၉)

(Zawgyi/Unicode)

ရွမ္းျပည္နယ္ အေရွ႕ပိုင္း က်ိဳင္းတံုၿမိဳ႕မွာ တ႐ုတ္ႏိုင္ငံသား ၅ ဦး တရားမ၀င္ ၀င္ေရာက္မႈနဲ႔ ဖမ္းဆီးလိုက္ပါတယ္။ သူတုိ႔ေတြဟာ မိုင္းပ်ဥ္းၿမိဳ႕နယ္အတြင္းရိွ ေက်းရြာတရြာမွ အမ်ိဳးသမီး တဦးကို လာေရာက္ ေတာင္းရမ္းလက္ထပ္ၿပီးအျပန္ ၀မ္တာပံုဂိတ္မွာ စစ္ေဆးစဥ္ လူ၀င္မႈၾကီးၾကပ္ေရးဥပေဒနဲ႔ ထိန္းသိမ္းလိုက္တာျဖစ္ေၾကာင္း တာ၀န္ရွိသူေတြက ေျပာပါတယ္။ ဒီသတင္းကိုေတာ့ ဗီအုိေအျမန္မာပိုင္းရဲ့ သတင္းေထာက္ ကိုမိုးေဇာ္က တင္ျပထားပါတယ္။

ဖမ္းဆီးခံရတဲ့ တ႐ုတ္ႏိုင္ငံသား ၅ ေယာက္ဟာ အမ်ိဳးသား ၄ ဦးနဲ႔ အမ်ိဳးသမီး တဦးျဖစ္ၿပီး ဒီလ ၂ ရက္ေန႔က က်ိဳင္းတံုၿမိဳ႕က မိုင္းလားၿမိဳ႕ အသြား ၀မ္တာပံု ပူးေပါင္းစစ္ေဆးေရး ဂိတ္မွာ ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

ဖမ္းဆီးၿပီးေနာက္မွာ က်ိဳင္းတံုၿမိဳ႕ ၿမိဳ႕မ ရဲစခန္းမွာ လူ၀င္မႈၾကီးၾကပ္ေရးဥပေဒအရ ထိန္းသိမ္းထားပါတယ္။

ဒီလို ဖမ္းဆီးလိုက္ေၾကာင္းကို က်ိဳင္းတံုၿမိဳ႕ ၿမိဳ႕မ ရဲစခန္းက တာ၀န္ရိွသူတစ္ဦးက အခုလုိ ေျပာပါတယ္။

“တ႐ုတ္ႏိုင္ငံသား ၅ ဦးက ၀မ္တာပံုဂိတ္ကေနၿပီး လူကုန္တားကေနၿပီး စစ္ေဆးတယ္ဗ်။ စစ္ေဆးၿပီးေတာ့ လူကုန္ကူးမႈနဲ႔ပတ္သက္မႈမရိွဘူးဆိုၿပီးေတာ့ သူတို႔ လ၀က ကို လဲႊလုိက္တယ္ဗ်။ လ၀ကလဲႊၿပီး လ၀က ေနၿပီး က်ေနာ္တုိ႔ဆီကို အေထာက္အထားမဲ့ ျမန္မာႏိုင္ငံအတြင္းကို ၀င္လာတဲ့အတြက္ လ၀က အက္နဲ႔ အမႈဖြင့္တယ္ေပါ့။ ၁၃(၁)ရယ္။ ၁၃(၅) ရယ္။ ”

တ႐ုတ္ႏိုင္ငံသား ၅ ဦးကို တရားမ၀င္ ျမန္မာႏိုင္ငံအတြင္း ၀င္ေရာက္ေနထိုင္တာေၾကာင့္ ၁၉၄၇ ခုႏွစ္ ျမန္မာႏိုင္ငံ လူဝင္မႈႀကီးၾကပ္ေရး လတ္တေလာျပဌာန္းခ်က္မ်ားအက္ဥပေဒ ပုဒ္မ ၁၃ (၁)နဲ႔ အမႈဖြင့္ထားတာျဖစ္သလို တ႐ုတ္ႏိုင္ငံသားနဲ႔ လက္ထပ္သူ ျမန္မာႏိုင္ငံသူ အမ်ိဳးသမီးကေတာ့ တရားမ၀င္၀င္ေရာက္သူေတြကိုလက္ခံမႈ ပုဒ္မ ၁၃(၅) နဲ႔ အမႈဖြင့္ထားတာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံသူ အမ်ိဳးသမီးဟာ တ႐ုတ္ႏိုင္ငံမွာ အလုပ္လုပ္ကိုင္စဥ္ သူနဲ႔ခ်စ္ၾကိဳက္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံသားက လာေရာက္ေတာင္းရမ္း လက္ထပ္ယူၿပီး အျပန္မွာ ဖမ္းဆီးခံရတာပါ။

သူတို႔ကို စစ္ေဆးရာမွာ လူကုန္ကူးမႈ ဥပေဒနဲ႔ ၿငိစြန္းမႈ မရိွေပမဲ့ တရား၀င္ နယ္စပ္ျဖတ္ေက်ာ္ခြင့္ အေထာက္အထားေတြ မပါရိွတာေၾကာင့္ လူ၀င္မႈၾကီးၾကပ္ေရး ဥပေဒနဲ႔ ထိန္းသိမ္းခဲ့တာ ျဖစ္ပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ဘက္မွာေတာ့ အမ်ိဳးသမီးေတြ လူကုန္ကူးတာမ်ိဳးေတြ အျဖစ္မ်ားေနၿပီး တ႐ုတ္ဇနီးမယားအျဖစ္ ေရာင္းစားခံရတာ၊ ျပည္တန္ဆာအျဖစ္ အတင္းအက်ပ္ ေစခိုင္းတာ၊ ညွင္းပန္းႏွိပ္စက္ခံရတာစတဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရတာေတြ ရိွေနပါတယ္။

ၿပီးခဲ့တဲ့လပိုင္းေတြက မူဆယ္ၿမိဳ႕ လူအမ်ား သြားလာတဲ့ေနရာမွာ တ႐ုတ္ႏိုင္ငံက ျပည္တန္ဆာေခၚယူတဲ့ ေၾကညာစာေတြ ကပ္ခဲ့တာေတြလည္း ရိွခဲ့ပါတယ္။

ေရႊ႔ေျပာင္းလုပ္သားေတြနဲ႔ လူကုန္ကူးခံရသူေတြကို ကူညီေဆာင္ရြက္ေနတဲ့ က်ိဳင္းတံုၿမိဳ႕ ေမာ္ကြမ္ ေဒသဖံြၿဖိဳးတိုးတက္ေရးအဖဲြ႔က တာ၀န္ရိွသူ မႏွင္းသဇင္ေအာင္ ကေတာ့ တဘက္ႏိုင္ငံကို အလုပ္သြားေရာက္ အလုပ္ လုပ္ကိုင္တာပဲျဖစ္ျဖစ္၊ လက္ထပ္ၿပီး လိုက္ပါတာပဲျဖစ္ျဖစ္ တရားဥပေဒနဲ႔ အညီသာ ေဆာင္ရြက္သင့္တယ္လုိ႔ ေျပာပါတယ္။

“ဟိုဘက္ကို မသြားခင္ကို ဘာေတြ သိထားသင့္သလဲဆို သူရဲ့ ဥပေဒလည္း ရိွတယ္ေလေနာ။ ကိုယ္က အဲလိုမ်ိဳး တရား မ၀င္ ၀င္ေရာက္သြားတဲ့အတြက္ ကိုယ္က အဲလုိမ်ိဳး ဒုကၡတစ္ခုခု ၾကံဳလာတဲ့အခါက်ရင္ ရဲကိုလည္း တုိင္လုိ႔လည္း မရဘူးေလေနာ။ ဘာလုိ႔လည္းဆုိေတာ့ ကိုယ္က သူမ်ားႏိုင္ငံကို တရားမ၀င္ ခိုး၀င္တဲ့အတြက္ ကိုယ့္အတြက္လည္း ဒီတရားမ၀င္တဲ့အတြက္ ကိုယ္႔ကို ဖမ္းဆီးခံရႏိုင္တယ္ေပါ့။ ။အခု လာေခၚတာက်ေတာ့ ၿမိဳ႕ေပၚ အုပ္စုတင္မဟုတ္ဘဲနဲ႔ အမ်ားပိုင္း ေတာင္ေပၚအုပ္စုေတြလည္း ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။ ၿပီးေတာ့ ေက်းရြာေတြ၊ ရြာသူေတြလည္း ျဖစ္ႏိုင္တာေပါ့။ ရပ္ရြာေတြမွာ ဆင္းၿပီးေတာ့မွ ျဖစ္ရပ္မွန္ေတြ ေျပာျပေပ့ါေနာ္။ အဲလိုမ်ိဳး သူတို႔ရဲ့မိသားစုေတြကိုလည္း အသိပညာေပးရမွာေပါ့။”

ေလာေလာဆယ္မွာေတာ့ ျမန္မာႏိုင္ငံ လူကုန္ကူးမႈ တားဆီးကာကြယ္ေရး ရဲတပ္ဖဲြ႔က လူကုန္ကူးခံရမႈကေန ကာကြယ္ေရးအတြက္ အသိပညာေပးလုပ္ငန္းေတြကို တိုင္းရင္းသားဘာသာစကားနဲ႔ လက္ကမ္းစာေစာင္ေတြ ျဖန္႔ေ၀တာ၊ ဘာသာျပန္ကေနတဆင့္ ေဆြးေႏြးေဟာေျပာတာေတြ ေဆာင္ရြက္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာအမျိုးသမီး တဦးကို လာရောက်တောင်းရမ်းတဲ့ တရုတ်ငါးဦး တရားမဝင် ဝင်ရောက်မှုနဲ့ ကျိုင်းတုံမှာအဖမ်းခံရ

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ တရုတ်နိုင်ငံသား ၅ ဦး တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။ သူတို့တွေဟာ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ကျေးရွာတရွာမှ အမျိုးသမီး တဦးကို လာရောက် တောင်းရမ်းလက်ထပ်ပြီးအပြန် ဝမ်တာပုံဂိတ်မှာ စစ်ဆေးစဉ် လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ထိန်းသိမ်းလိုက်တာဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဖမ်းဆီးခံရတဲ့ တရုတ်နိုင်ငံသား ၅ ယောက်ဟာ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး တဦးဖြစ်ပြီး ဒီလ ၂ ရက်နေ့က ကျိုင်းတုံမြို့က မိုင်းလားမြို့ အသွား ဝမ်တာပုံ ပူးပေါင်းစစ်ဆေးရေး ဂိတ်မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးပြီးနောက်မှာ ကျိုင်းတုံမြို့ မြို့မ ရဲစခန်းမှာ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ထိန်းသိမ်းထားပါတယ်။

ဒီလို ဖမ်းဆီးလိုက်ကြောင်းကို ကျိုင်းတုံမြို့ မြို့မ ရဲစခန်းက တာဝန်ရှိသူတစ်ဦးက အခုလို ပြောပါတယ်။

“တရုတ်နိုင်ငံသား ၅ ဦးက ဝမ်တာပုံဂိတ်ကနေပြီး လူကုန်တားကနေပြီး စစ်ဆေးတယ်ဗျ။ စစ်ဆေးပြီးတော့ လူကုန်ကူးမှုနဲ့ပတ်သက်မှုမရှိဘူးဆိုပြီးတော့ သူတို့ လဝက ကို လွဲှလိုက်တယ်ဗျ။ လဝကလွဲှပြီး လဝက နေပြီး ကျနော်တို့ဆီကို အထောက်အထားမဲ့ မြန်မာနိုင်ငံအတွင်းကို ဝင်လာတဲ့အတွက် လဝက အက်နဲ့ အမှုဖွင့်တယ်ပေါ့။ ၁၃(၁)ရယ်။ ၁၃(၅)ရယ်။ ”

တရုတ်နိုင်ငံသား ၅ ဦးကို တရားမဝင် မြန်မာနိုင်ငံအတွင်း ဝင်ရောက်နေထိုင်တာကြောင့် ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး လတ်တလောပြဌာန်းချက်များအက်ဥပဒေ ပုဒ်မ ၁၃ (၁)နဲ့ အမှုဖွင့်ထားတာဖြစ်သလို တရုတ်နိုင်ငံသားနဲ့ လက်ထပ်သူ မြန်မာနိုင်ငံသူ အမျိုးသမီးကတော့ တရားမဝင်ဝင်ရောက်သူတွေကိုလက်ခံမှု ပုဒ်မ ၁၃(၅) နဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံသူ အမျိုးသမီးဟာ တရုတ်နိုင်ငံမှာ အလုပ်လုပ်ကိုင်စဉ် သူနဲ့ချစ်ကြိုက်ခဲ့တဲ့ တရုတ်နိုင်ငံသားက လာရောက်တောင်းရမ်း လက်ထပ်ယူပြီး အပြန်မှာ ဖမ်းဆီးခံရတာပါ။

သူတို့ကို စစ်ဆေးရာမှာ လူကုန်ကူးမှု ဥပဒေနဲ့ ငြိစွန်းမှု မရှိပေမဲ့ တရားဝင် နယ်စပ်ဖြတ်ကျော်ခွင့် အထောက်အထားတွေ မပါရှိတာကြောင့် လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ဘက်မှာတော့ အမျိုးသမီးတွေ လူကုန်ကူးတာမျိုးတွေ အဖြစ်များနေပြီး တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရတာ၊ ပြည်တန်ဆာအဖြစ် အတင်းအကျပ် စေခိုင်းတာ၊ ညှင်းပန်းနှိပ်စက်ခံရတာစတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့လပိုင်းတွေက မူဆယ်မြို့ လူအများ သွားလာတဲ့နေရာမှာ တရုတ်နိုင်ငံက ပြည်တန်ဆာခေါ်ယူတဲ့ ကြေညာစာတွေ ကပ်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေနဲ့ လူကုန်ကူးခံရသူတွေကို ကူညီဆောင်ရွက်နေတဲ့ ကျိုင်းတုံမြို့ မော်ကွမ် ဒေသဖွံဖြိုးတိုးတက်ရေးအဖွဲ့က တာဝန်ရှိသူ မနှင်းသဇင်အောင် ကတော့ တဘက်နိုင်ငံကို အလုပ်သွားရောက် အလုပ် လုပ်ကိုင်တာပဲဖြစ်ဖြစ်၊ လက်ထပ်ပြီးလိုက်ပါတာပဲဖြစ်ဖြစ် တရားဥပဒေနဲ့ အညီသာ ဆောင်ရွက်သင့်တယ်လို့ ပြောပါတယ်။

“ဟိုဘက်ကို မသွားခင်ကို ဘာတွေ သိထားသင့်သလဲဆို သူရဲ့ ဥပဒေလည်း ရှိတယ်လေနော။ ကိုယ်က အဲလိုမျိုး တရား မဝင် ဝင်ရောက်သွားတဲ့အတွက် ကိုယ်က အဲလိုမျိုး ဒုက္ခတစ်ခုခု ကြုံလာတဲ့အခါကျရင် ရဲကိုလည်း တိုင်လို့လည်း မရဘူးလေနော။ ဘာလို့လည်းဆိုတော့ ကိုယ်က သူများနိုင်ငံကို တရားမဝင် ခိုးဝင်တဲ့အတွက် ကိုယ့်အတွက်လည်း ဒီတရားမဝင်တဲ့အတွက် ကိုယ့်ကို ဖမ်းဆီးခံရနိုင်တယ်ပေါ့။ ။အခု လာခေါ်တာကျတော့ မြို့ပေါ် အုပ်စုတင်မဟုတ်ဘဲနဲ့ အများပိုင်း တောင်ပေါ်အုပ်စုတွေလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ပြီးတော့ ကျေးရွာတွေ၊ ရွာသူတွေလည်း ဖြစ်နိုင်တာပေါ့။ ရပ်ရွာတွေမှာ ဆင်းပြီးတော့မှ ဖြစ်ရပ်မှန်တွေ ပြောပြပေ့ါနော်။ အဲလိုမျိုး သူတို့ရဲ့မိသားစုတွေကိုလည်း အသိပညာပေးရမှာပေါ့။”

လောလောဆယ်မှာတော့ မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့က လူကုန်ကူးခံရမှုကနေ ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းတွေကို တိုင်းရင်းသားဘာသာစကားနဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာ၊ ဘာသာပြန်ကနေတဆင့် ဆွေးနွေးဟောပြောတာတွေ ဆောင်ရွက်နေပါတယ်။

XS
SM
MD
LG