သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးခံရသူ မြန်မာ၁၄ဦး ထိုင်းအာဏာပိုင်တွေ ဖမ်းမိ


ပုံ- ကားထဲမှာ အဆမတန်သယ်လာပြီးလူကုန်ကူးခံရတဲ့မြန်မာများ(လန်းပန်းခရိုင်)
ပုံ- ကားထဲမှာ အဆမတန်သယ်လာပြီးလူကုန်ကူးခံရတဲ့မြန်မာများ(လန်းပန်းခရိုင်)

ထိုင်းနိုင်ငံတောင်ပိုင်း ဆုံခလာခရိုင်အတွင်းမှာ မလေးရှားနယ်စပ်ဘက်ကို ခိုးဝင်ဖို့အတွက် နေအိမ်တခုထဲမှာ ပိတ်လှောင်ခံထားရတဲ့ မြန်မာနိုင်ငံသား ၁၄ ယောက်ကို ထိုင်းအာဏာပိုင်တွေက မနေ့က ရှာဖွေတွေ့ရှိခဲ့သလို၊ သူတို့ကို ခေါ်ဆောင်လာတဲ့ပွဲစားလို့ ယူဆရသူကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ ဒီရက်ပိုင်းတွေအတွင်း ထိုင်းတောင်ပိုင်းကနေတဆင့် မလေးရှားနိုင်ငံထဲ တရားမဝင် နယ်စပ်ဖြတ်ကျော်သူတွေ များလာနေသလို၊ အခုလို ဖမ်းဆီးမှုတွေလည်း ဆက်တိုက် ဖြစ်နေတဲ့အကြောင်း ထိုင်းတောင်ပိုင်း အခြေစိုက် အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက ပြောပြပေးမှာပါ။

ထိုင်းနိုင်ငံ တောင်းပိုင်း ဆုံခလာခရိုင် ဘန့်ကလန်မြို့တွင်းက နေအိမ်တစ်လုံးကို ထိုင်းအမှတ်(၉) တပ်ဖွဲ့ နယ်မြေရဲ့ လူကုန်ကုန်ကူး မှုတိုက်ဖျက်ရေး စတဲ့ အဖွဲပေါင်း (၇) ဖွဲ့က မြန်မာနိုင်ငံသားတွေကို လူမှောင်ကူးနေတဲ့ နေအိမ်တစ်လုံး ကို မေလ ၂၂ ရက်နေ့က ဝင်ရောက် ရှာဖွေ ဖမ်းဆီးခဲ့ရာမှာ မိန်းကလေး ၅ဦး ၊ အမျိုးသား ၉ ဦး နဲ့ အတူ မြန်မာနိုင်ငံသား လူကုန်ကူး ပွဲ့စား အောင်စန်းနိုင် ( အသက် ၂၉ နှစ် )ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အဲဒီနေ့ မှာပဲ ထိုင်းနိုင်ငံတောင်းပိုင် ဟတ်ယိုင် ရော်ဘာသစ်တော အတွင်းမှာလည်း မလေးရှားနိုင်ငံကို ခိုးဝင်မယ့် မြန်မာ နိုင်ငံသား (၇)ဦး ကို လူမှောင်ခို သမားတွေက ခေါ်လာပြီး မလေးဘက်က လာခေါ်မယ့်သူတွေ စောင့်ခိုင်း နေတုန်းမှာ ထိုင်းအာဏာပိုင်တွေက ဖမ်းမိသွားတာတွေလည်း ရှိပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းကနေ တဆင့် မလေးရှားနယ်စပ်ကို ခိုးဝင်ဖို့ကြိုးစားသူတွေကို အခုရက်ပိုင်းတွေ အတွင်း ပိုများလာနေတာကြောင့် အခုလို ရှာဖွေ ဖမ်းဆီးမှုတွေလည်း ဆက်တိုက်ဖြစ်လာနေတယ်လို့ လူကုန်ကူးခံရသူတွေနဲ့ ပတ်သက်လို့ အကူညီပေးနေတဲ့ ထိုင်းတောင်ပိုင်း ခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း က အလုပ်သမားရေးရာနဲ့ မှတ်တမ်းရေးရာ တာဝန်ခ ံဦးမင်းဦးက ပြောပါတယ်။

“အိမ်ထဲမှာ လှောင်ထားတယ်ပေါ့ ။ အာဏာပိုင်တွေကယ်ထုတ်ချိန်မှာ လူတွေကနွမ်းနယ်နေတယ်။ ပွဲစားလို့ ယူဆရတဲ့ လူ အောင် လို့အမည်ရတဲ့ မြန်မာတယောက်ကိုလည်း ဖမ်းဆီးထားတယ်။ ဒီရက်ပိုင်းအတွင်းမှာက ရေတွက်လိုတောင်မရတော့ဘူး စာတိုက်ကားနဲ့ ကတသုတ် ၊ ၂၇ ဦးကတသုတ် နောက်ထပ် ၁၃ဦးတသုတ် အဲဒါတွေက ဆုံခလာမှာပဲရှိသေးတာ။”

အခုလို ဖမ်းဆီးထိန်းသိမ်းထားသူတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး၊ သူတို့ကို မြန်မာနိုင်ငံကို ပြန်ပို့မလား။ ဘယ်လိုဆုံးဖြတ်ချက် ချမှာလဲ ဆိုတာတော့ မသိနိုင်သေးပါဘူး။ လောလောဆယ် ဒီလူတွေအတွက် အစားအသောက် လိုအပ်တာတွေနဲ့ ဘာသာပြန်ပေး တာတွေကိုတော့ ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ကူညီလုပ်ဆောင် ပေးနေတာပါ။

မေလ ၂၁ ရက်နေ့ကလည်း ထိုင်းမြောက်ပိုင်း လမ်းပန်းခရိုင် ငေါင်မြို့နယ်၊ ချင်းရိုင် လမ်းပန်းအဝေးပြေး လမ်းမ က မူးယစ်စစ်ဆေးရေးရဲ့ ဂိတ်မှာ ဖမ်းမိသွားတဲ့ မြန်မာနိုင်ငံသား ၁၄ ဦးရှိပါတယ် ၊ အမျိုးသမီး(၇) ဦး အမျိုးသား(၇)ဦး ကို ကားအတွင်းမှာ အဆမတန် တင်ပြီးမောင်းလာတာပါ။ ကားမောင်းသူ မြန်မာနိုင်ငံသား ဟာသူတင်ဆောင်လာတဲ့ မြန်မာ နိုင်ငံသားတွေကို ထိုင်း-မြန်မာနယ်စပ် မဲဆိုင် ကနေ ခေါ်လာတာလို့ ဆိုပါတယ်။ ဒါကလည်း မလေးနယ်စပ်ဘက်ကို သွားဖို့ အတွက် ထွက်လာကြသူတွေပါ။ ပြီးခဲ့တဲ့နှစ်က မလေးနယ်စပ်ကို သွားမယ့် လူကုန်ကူးခံရသူ ၁၀၀၀ခန့် ဖမ်းမိခဲ့ပေမဲ့ ဒီနှစ်မှာတော့ ၅လ အတွင်း လူဦးရေ တထောင်နီးပါးလောက် ဖမ်းဆီးခံနေရပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG