သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံတြင္း ေနထိုင္ခြင့္အတုလုပ္သူေတြေၾကာင့္ အလုပ္သမားေတြ အခက္ၾကံဳ


ထိုင္းနိုင္ငံတြင္း ျပည္၀င္ခြင့္ဗီဇာတံုးအတု လုပ္ေနတဲ့ ျမန္မာနိုင္ငံသားေတြ ပါ၀င္တဲ့ဂိုဏ္း ဖမ္းဆီးရမိ (ေမ ၁၄၊ ၂၀၂၀)

(Zawgyi/Unicode)

ထိုင္းနိုင္ငံတြင္း ျပည္၀င္ခြင့္ဗီဇာတံုးအတု လုပ္ေနတဲ့ ျမန္မာနိုင္ငံသားေတြ ပါ၀င္တဲ့ဂိုဏ္း ဖမ္းဆီးရမိတဲ့သတင္း ေျပာျပပါမယ္။ ဒီအေၾကာင္း ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက တင္ဆက္ေပးပါမယ္။

ထိုင္းနိုင္ငံ ေတာင္ပိုင္း ဆူရပ္ဌာနီ ခရိုင္ COVID-19 အေရးေပၚကာလ ထိုင္းႏိုင္ငံေတာင္ပိုင္း ဆူရပ္ဌာနီခရိုင္မွာ ျပည္၀င္ခြင့္ဗီဇာတံုး အတုလုပ္ေနတဲ့ ျမန္မာႏိုင္ငံသား ဂိုဏ္း၀င္ေတြကို ဖမ္းဆီးနိုင္ခဲ့ေၾကာင္း ထိုင္းလူ၀င္မႈ ၾကီးၾကပ္ေရးဗ်ဴရိုအရာရွိေတြက ေမလ ၁၄ ရက္ မနက္ပိုင္းမွာ ထုတ္ျပန္ေျပာဆိုလိုက္တာပါ။

ထိုင္းနိုင္ငံအတြင္း ေနထိုင္ခြင့္ ဗီဇာတံဆိပ္တံုး အတုေတြနဲ ့printer ေတြ ပံုႏွိပ္စက္ေတြနဲ ႔အတူ အသက္ ၃၅ ႏွစ္အရြယ္ ျမန္မာနိုင္ငံသား Mr. KYAW KHAING THU, ေက်ာ္ခိုင္သူ ဆုိသူကုိ ဖမ္းဆီးလိုက္ေၾကာင္း သတင္းစာရွင္းလင္းခဲ့ပါတယ္။ ထိုင္းနိုင္ငံအတြင္း ရက္ေပါင္း ၉၀ ဆက္လက္ ေနထိုင္ခြင့္သက္တမ္းတိုးထားတဲ့ တံုးအတုနဲ႔ ျပည္၀င္ခြင့္ ဗီဇာ စာရြက္စာတမ္း အတုေတြ ကိုင္ေဆာင္ထားၾကတဲ့ ျမန္မာနိုင္ငံသား ၃ ဦးကို ဖမ္းဆီးခဲ့ရာကေန သူတို႔ေတြကုိ ဗီဇာတံုးအတုလုပ္ေပးေနသူ ျမန္မာနိုင္ငံသား ေက်ာ္ခိုင္သူဆုိသူကုိ ဖမ္းဆီးခဲ့တာလို႔ ထုိင္းလ၀ကေတြက ဆိုပါတယ္။

ျမန္မာအလုပ္သမားေတြအၾကားမွာလည္း အခုလို အတုလုပ္ေပးေနတယ္ဆိုတာ မသိတာၾကာင့္ ရက္ ၉၀ ေနထိုင္ခြင့္ သက္တမ္းတိုးရာမွာ အခုလို အတုေတြနဲ႔ ရင္ဆိုင္ႀကံဳေနၾကရတယ္လို႔ AAC ျမန္မာအလုပ္သမားကူညီေစာင့္ေရွာက္ေရးအဖဲြ႕က ဒါရိုက္တာဦးခိုင္ႀကီးကေျပာပါတယ္။

"စူရတ္ဌာနီမွာက က်ေနာ္တို႔ ျမန္မာအလုပ္သမားေတြက ဆက္သြယ္ၾကတယ္။ တခ်ိဳ႕ စက္ရံုက အလုပ္သမားေတြရက္ ၉၀ တံုးအတုေတြ ထိတယ္။ ဗီဇာတံုးအတုေတြ ထိတာေတြရွိတယ္။ အဲဒီလိုျဖစ္ခဲ့ရင္ အဲဒီလူေတြသာ ဖမ္းခံထိသြားတယ္။ ျမန္မာျပည္ျပန္ပုိ႔ခံရတယ္။ ဒီလိုမိရင္ ျမန္မာျပည္သားပဲြစားေတြကေတာ့ ခံရတာပဲ။ အဲဒီ ျပႆနာက ပတ္စ္စပို႔ အတုေတြ မိျပီဆုိ ျငိမ္းသြားရမွာ ၂၀၁၂ ခုႏွစ္ေလာက္ကတည္းက ျဖစ္ေနတာ။ အခုထိအဲဒီျပႆနာေတြက မျငိမ္းေသးဘူး။ ျမန္မာျပည္သားတေယာက္ကုိ ဖမ္းလိုက္ရင္ အဲဒီလူနဲ႔ လုပ္ထားတဲ့သူေတြက ဘယ္မွ မသြားရဲေတာ့ဘူး။ တိတ္တိတ္ျပန္သြားရတာပဲ။ ဥပမာေမာင္ျဖဴဆိုတဲ့ လူက က်ေနာ္ေတာ့ အဲဒီလူနဲ႔ လုပ္ထားတယ္။ အဲဒါ အတုလား၊ အစစ္လားဆုိျပီး ဌာနဆိုင္ရာမွာ စစ္ေဆးခံျပီး သြားမေမးရဲဘူး။ သူက အရင္အခ်ဳပ္ထဲ ထည့္ခံရမွာေလ။ ထုိင္းႏိုင္ငံမွာ အတုကိစၥက ျပႆနာေတြ အမ်ားႀကီးပဲ။ တဦးတေယာက္ထဲကုိ လုပ္ေပးတာမဟုတ္ဘူး ... ရာနဲ႔ခ်ီကို လုပ္ေပးထားတာ။ အလုပ္သမားေတြက (ပဲြစား)လမ္းေၾကာင္းနဲ႔ လုပ္ထားတယ္ဆုိရင္ မေသခ်ာရင္ ကိုယ့္ႏိုင္ငံကုိ ျပန္ပါ။ အဲဒါပဲ က်ေနာ္တို႔ ေျပာႏိုင္တယ္။"

ဒီလို အတုအပလုပ္သူေတြဟာ ထုိင္းႏို္င္ငံသားေတြနဲ႔ ပူးေပါင္းျပီး လုပ္ေဆာင္ၾကတာမ်ားတယ္လို႔လည္း ဦးခုိင္ႀကီးက ဆုိပါတယ္။ ဒီလိုအေျခအေနေၾကာင့္ ျမန္မာအလုပ္သမားေတြ ပဲြစားကတဆင့္ ေနထိုင္ခြင့္သက္တမ္းတိုးရာမွာ အခုလို အတုေတြနဲ႔ ႀကံဳမွာကို စိုးရိမ္စရာေတြ ျဖစ္လာပါတယ္။ ဒါကုိ မသိနားမလည္ပဲ ကုိင္ေဆာင္ထားတဲ့ ျမန္မာအလုပ္သမားေတြအေနနဲ႔ ဗီဇာတံုးအတုနဲ ့ နိုင္ငံကူးစာအုပ္ ကိုင္ေဆာင္ထားမႈေတြနဲ ့တရားစြဲခံရႏိုင္တယ္လို႔ အလုပ္သမားေရးလႈပ္ရွားမႈေတြက သတိေပးပါတယ္။

အတု ကုိင္ေဆာင္သူေတြအေနနဲ႔ ျပစ္ဒဏ္ တႏွစ္နဲ႔အထက္ က်ခံရမွာျဖစ္သလို စာရြက္စာတမ္း အတုအပျပဳလုပ္တဲ့သူေတြကုိ ဥပေဒပုဒ္မ ၂၆၉ အရ ေထာင္ဒဏ္ တႏွစ္ကေန ၁၀ အထိ ခ်မွတ္ႏိုင္တယ္လို႔ ထုိင္းအာဏာပိုင္ေတြက ေျပာဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့်အတုလုပ်သူတွေကြောင့် အလုပ်သမားတွေ အခက်ကြုံ

ထိုင်းနိုင်ငံတွင်း ပြည်ဝင်ခွင့်ဗီဇာတုံးအတု လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေ ပါဝင်တဲ့ဂိုဏ်း ဖမ်းဆီးရမိတဲ့သတင်း ပြောပြပါမယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ဆက်ပေးပါမယ်။

ထိုင်းနိုင်ငံ တောင်ပိုင်း ဆူရပ်ဌာနီ ခရိုင် COVID-19 အရေးပေါ်ကာလ ထိုင်းနိုင်ငံတောင်ပိုင်း ဆူရပ်ဌာနီခရိုင်မှာ ပြည်ဝင်ခွင့်ဗီဇာတုံး အတုလုပ်နေတဲ့ မြန်မာနိုင်ငံသား ဂိုဏ်းဝင်တွေကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းလူဝင်မှု ကြီးကြပ်ရေးဗျူရိုအရာရှိတွေက မေလ ၁၄ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ပြောဆိုလိုက်တာပါ။

ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် ဗီဇာတံဆိပ်တုံး အတုတွေနဲ့printer တွေ ပုံနှိပ်စက်တွေနဲ့အတူ အသက် ၃၅ နှစ်အရွယ် မြန်မာနိုင်ငံသား Mr. KYAW KHAING THU, ကျော်ခိုင်သူ ဆိုသူကို ဖမ်းဆီးလိုက်ကြောင်း သတင်းစာရှင်းလင်းခဲ့ပါတယ်။ ထိုင်းနိုင်ငံအတွင်း ရက်ပေါင်း ၉၀ ဆက်လက် နေထိုင်ခွင့်သက်တမ်းတိုးထားတဲ့ တုံးအတုနဲ့ ပြည်ဝင်ခွင့် ဗီဇာ စာရွက်စာတမ်း အတုတွေ ကိုင်ဆောင်ထားကြတဲ့ မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးခဲ့ရာကနေ သူတို့တွေကို ဗီဇာတုံးအတုလုပ်ပေးနေသူ မြန်မာနိုင်ငံသား ကျော်ခိုင်သူဆိုသူကို ဖမ်းဆီးခဲ့တာလို့ ထိုင်းလဝကတွေက ဆိုပါတယ်။

မြန်မာအလုပ်သမားတွေအကြားမှာလည်း အခုလို အတုလုပ်ပေးနေတယ်ဆိုတာ မသိတာကြာင့် ရက် ၉၀ နေထိုင်ခွင့် သက်တမ်းတိုးရာမှာ အခုလို အတုတွေနဲ့ ရင်ဆိုင်ကြုံနေကြရတယ်လို့ AAC မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့က ဒါရိုက်တာဦးခိုင်ကြီးကပြောပါတယ်။

"စူရတ်ဌာနီမှာက ကျနော်တို့ မြန်မာအလုပ်သမားတွေက ဆက်သွယ်ကြတယ်။ တချို့ စက်ရုံက အလုပ်သမားတွေရက် ၉၀ တုံးအတုတွေ ထိတယ်။ ဗီဇာတုံးအတုတွေ ထိတာတွေရှိတယ်။ အဲဒီလိုဖြစ်ခဲ့ရင် အဲဒီလူတွေသာ ဖမ်းခံထိသွားတယ်။ မြန်မာပြည်ပြန်ပို့ခံရတယ်။ ဒီလိုမိရင် မြန်မာပြည်သားပွဲစားတွေကတော့ ခံရတာပဲ။ အဲဒီ ပြဿနာက ပတ်စ်စပို့ အတုတွေ မိပြီဆို ငြိမ်းသွားရမှာ ၂၀၁၂ ခုနှစ်လောက်ကတည်းက ဖြစ်နေတာ။ အခုထိအဲဒီပြဿနာတွေက မငြိမ်းသေးဘူး။ မြန်မာပြည်သားတယောက်ကို ဖမ်းလိုက်ရင် အဲဒီလူနဲ့ လုပ်ထားတဲ့သူတွေက ဘယ်မှ မသွားရဲတော့ဘူး။ တိတ်တိတ်ပြန်သွားရတာပဲ။ ဥပမာမောင်ဖြူဆိုတဲ့ လူက ကျနော်တော့ အဲဒီလူနဲ့ လုပ်ထားတယ်။ အဲဒါ အတုလား၊ အစစ်လားဆိုပြီး ဌာနဆိုင်ရာမှာ စစ်ဆေးခံပြီး သွားမမေးရဲဘူး။ သူက အရင်အချုပ်ထဲ ထည့်ခံရမှာလေ။ ထိုင်းနိုင်ငံမှာ အတုကိစ္စက ပြဿနာတွေ အများကြီးပဲ။ တဦးတယောက်ထဲကို လုပ်ပေးတာမဟုတ်ဘူး ... ရာနဲ့ချီကို လုပ်ပေးထားတာ။ အလုပ်သမားတွေက (ပွဲစား)လမ်းကြောင်းနဲ့ လုပ်ထားတယ်ဆိုရင် မသေချာရင် ကိုယ့်နိုင်ငံကို ပြန်ပါ။ အဲဒါပဲ ကျနော်တို့ ပြောနိုင်တယ်။"

ဒီလို အတုအပလုပ်သူတွေဟာ ထိုင်းနိုင်ငံသားတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ကြတာများတယ်လို့လည်း ဦးခိုင်ကြီးက ဆိုပါတယ်။ ဒီလိုအခြေအနေကြောင့် မြန်မာအလုပ်သမားတွေ ပွဲစားကတဆင့် နေထိုင်ခွင့်သက်တမ်းတိုးရာမှာ အခုလို အတုတွေနဲ့ ကြုံမှာကို စိုးရိမ်စရာတွေ ဖြစ်လာပါတယ်။ ဒါကို မသိနားမလည်ပဲ ကိုင်ဆောင်ထားတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ ဗီဇာတုံးအတုနဲ့ နိုင်ငံကူးစာအုပ် ကိုင်ဆောင်ထားမှုတွေနဲ့တရားစွဲခံရနိုင်တယ်လို့ အလုပ်သမားရေးလှုပ်ရှားမှုတွေက သတိပေးပါတယ်။

အတု ကိုင်ဆောင်သူတွေအနေနဲ့ ပြစ်ဒဏ် တနှစ်နဲ့အထက် ကျခံရမှာဖြစ်သလို စာရွက်စာတမ်း အတုအပပြုလုပ်တဲ့သူတွေကို ဥပဒေပုဒ်မ ၂၆၉ အရ ထောင်ဒဏ် တနှစ်ကနေ ၁၀ အထိ ချမှတ်နိုင်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုထားပါတယ်။

XS
SM
MD
LG