သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထုိင္းေရာက္ျမန္မာအလုပ္သမားေတြ ဥပေဒလုိက္နာၾကဖုိ႔ အလုပ္သမားအေရးေဆာင္ရြက္သူေတြ တုိက္တြန္း


ထိုင္းေရာက္ ႏိုင္ငံျခားသားအလုပ္သမားမ်ား

(Zawgyi/Unicode)

ထိုင္းနိုင္ငံမွာေတာ့ COVID-19 အေရးေပၚအေျခအေနကာလအတြင္း အလုပ္သမားေတြ ဆႏၵျပတာမလုပ္ဖို႔နဲ႔ အလုပ္ရွင္ေတြကလည္း အလုပ္ရံုပိတ္သိမ္းတာေတြ မလုပ္ဖို႔ အမိန္႔ထုတ္ပါတယ္။ ဒါေပမဲ့လည္း ဒီမတိုင္ခင္ကတည္းက အလုပ္ရံုတခ်ိဳ႕ ပိတ္သိမ္းတာၿပီး ျမန္မာအလုပ္သမားေတြ အလုပ္လက္မဲ့ျဖစ္ရတာေၾကာင့္ ဒီအမိန္႔ေနာက္က်လြန္းေနတယ္လို႔ အလုပ္သမားေရး လႈပ္ရွားသူေတြက ေျပာပါတယ္။ ဒီအေၾကာင္း ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက တင္ျပေပးပါမယ္။

ထိုင္းအစိုးရအလုပ္သမား၀န္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ဒီအမိန္႔ဟာေမလ ၈ ရက္ေန႔ကေန စတင္အသက္၀င္တာၿပီး အလုပ္ရွင္အလုပ္သမားေတြ တင္းတင္းၾကပ္ၾကပ္လိုက္နာဖို႔ ထုတ္ျပန္ထားပါတယ္။ ဒါေၾကာင့္ ဒီအမိန္႔ကို သတိျပဳၾကဖို႔ လက္ရိွ အလုပ္လုပ္ကိုင္ေနၾကတဲ့ ျမန္မာအလုပ္သမားေတြကို ျမန္မာျပည္သားမ်ား အေရးပူးတဲြလႈပ္ရွားမႈေကာ္မတီဥကၠ႒ ဦးမုိးႀကိဳးကေတာ့ ေျပာပါတယ္။

"ကပ္ေဘးကာလမွာ ထုိင္းႏို္င္ငံအစုိးရက အေရးေပၚကာလ သတ္မွတ္ထားပါတယ္။ အေရးေပၚကာလက ေမလ ၃၁ ရက္ေန႔ထိက အေရးေပၚကာလ ျဖစ္ပါတယ္။ အဲဒီကာလမွာထုိင္းအလုပ္ရွင္ေတြကလည္း ထိုင္းေရာက္ ေရြ႕ေျပာင္းအလုပ္သမားေတြပါ။ လိုက္နာဖို႔အတြက္ တိတိက်က် လိုက္နာဖို႔ စည္းမ်ဥ္းစည္းကမ္းေတြကုိ ထုတ္ထားပါတယ္။ အလုပ္ရွင္ေတြကလည္း လုပ္သားအင္အားေလွ်ာ့ခ်တာ လုပ္သားေတြ ထုတ္ပစ္တာ မလုပ္ရသလို အလုပ္သားေတြကလည္း ဆႏၵျပတာေတြ မလုပ္ရဘူးလို႔ တင္းတင္းၾကပ္ၾကပ္တားျမစ္ထားပါတယ္။ ဘန္ေကာက္နဲ႔ အနီးတ၀ိုက္မွာေတာ့ ဆႏၵျပဖို႔ လူစုတာေတြ၊ အခ်က္အလက္စုတာေတြ ဥပေဒနဲ႔ ညိီေအာင္လုပ္တာေတြ စုေဆာင္းမႈေတြ လုပ္ေနၾကတယ္။ ေမလ ၈ ရက္ထုတ္ျပန္ထားတဲ့ တင္းၾကပ္တဲ့ စည္းကမ္းအရဆုိ လူစုတာေတြ ဆႏၵျပဖို႔ ျပင္ဆင္တာေတြ လုပ္ခြင့္မရွိဘူး။ အေရးေပၚစီမံခ်က္အရ လိုအပ္ရင္လိုအပ္သလို အေရးယူမယ္ဆုိတာမ်ိဳးကို ဥပေဒက သက္ေရာက္မႈ ရွိတယ္။"

ဒီအမိန္႔ဟာ ေမ ၈ ရက္မွာ စတင္အသက္ဝင္မယ္ဆိုေပမယ့္ အမိန္႔ မထုတ္ခင္ အလုပ္ပိတ္ခဲ့သည့္ လုပ္ငန္းေတြကိုလည္း ျပန္ဖြင့္ဖို႔ ဒီအမိန္႔ထဲမွာ ညႊန္ၾကားထားပါတယ္။ အလားတူ အလုပ္မလုပ္နိုင္ဘူးဆိုၿပီး သပိတ္ေမွာက္ခဲ့တဲ့ အလုပ္သမားေတြကိုလည္း အလုပ္ျပန္လုပ္ဖို႔ ၫႊန္ၾကားထားပါတယ္။ အလုပ္ရွင္အလုပ္သမားေတြဟာ ၿပီးခဲ့တဲ့ကာလအတြင္း ျပႆနာေတြ တက္ခဲ့တာမို႔ ဒီဥပေဒထုတ္ျပန္တာ ေနာက္က်ေနလြန္းတယ္လို႔ ဦးမုိးႀကိဳးကေတာ့ ေ၀ဖန္သြားပါတယ္။

"ဒီဥပေဒက ကုိဗစ္အေရးေပၚကာလ ထုတ္ျပန္ခဲ့တဲ့ ဧျပီလကတည္းက ထုတ္ျပန္သင့္တာအခုဟာက အလုပ္ရွင္ေတြက ဒီဥပေဒအရဆုိ အလုပ္သမားေတြ အေတာ္မ်ားမ်ားကို အလုပ္ျဖဳတ္ပစ္ျပီးသြားျပီ။ ကိုဗစ္ကိုအေၾကာင္းျပျပီး ျဖဳတ္ျပီးသြားျပီ။ ကုိဗစ္ကုိအေၾကာင္းျပျပီး သူရဲ႕ လုပ္ငန္းေတြကို ရပ္ဆိုင္းျပီးသြားျပီ။ ေဒ၀ါလီခံသြားျပီးျပီ။ ထုိင္းအစိုးရရဲ႕ ေၾကညာခ်က္က မေကာင္းဘူးလားဆုိေတာ့ ေကာင္းတယ္။ ဒါေပမဲ့ ေနာက္က်ေနလြန္းတယ္လို႔ေတာ့ ေ၀ဖန္ခ်င္တယ္။"

ဒီထုတ္ျပန္ခ်က္အရ အလုပ္သမားဆက္ဆံေရး အက္ဥပေဒနဲ႔ အညီ အလုပ္ရွင္၊ အလုပ္သမား တင္းတင္းၾကပ္ၾကပ္ လုပ္ကိုင္ရမည္ျဖစ္ၿပီး အလုပ္သမားေရးရာကိစၥမ်ားမွာ အျငင္းပြားမႈမ်ား ရွိလာပါက အလုပ္သမားဆက္ဆံေရးေကာ္မတီက စီရင္မယ္ဆုိတဲ့အေၾကာင္းေတြ ပါရွိပါတယ္။ ထုိင္းႏုိင္ငံမွာ ျမန္မာအလုပ္သမား ၃,၀၀၀,၀၀၀ ထက္မနည္း အလုပ္လုပ္ကုိင္ေနျပီး ကုိဗစ္အေရးေပၚကာလမွာ အလုပ္ရံုေတြ ပိတ္သိမ္းတာေတြ လုပ္သားအင္အားေလွ်ာ့ခ်တာေတြေၾကာင့္ အလုပ္သမား ေသာင္းဂဏန္းေလာက္ဟာ ေနရပ္ကုိျပန္ခဲ့ႀကရပါတယ္။

တိုက္႐ိုက္ လင့္ခ္


[Unicode Version]

ထိုင်းရောက်မြန်မာအလုပ်သမားတွေ ဥပဒေလိုက်နာကြဖို့ အလုပ်သမားအရေးဆောင်ရွက်သူတွေ တိုက်တွန်း

ထိုင်းနိုင်ငံမှာတော့ COVID-19 အရေးပေါ်အခြေအနေကာလအတွင်း အလုပ်သမားတွေဆန္ဒပြတာမလုပ်ဖို့နဲ့ အလုပ်ရှင်တွေကလည်း အလုပ်ရုံပိတ်သိမ်းတာတွေ မလုပ်ဖို့ အမိန့်ထုတ်ပါတယ်။ ဒါပေမဲ့လည်း ဒီမတိုင်ခင်ကတည်းက အလုပ်ရုံတချို့ ပိတ်သိမ်းတာပြီး မြန်မာအလုပ်သမားတွေအလုပ်လက်မဲ့ဖြစ်ရတာကြောင့် ဒီအမိန့်နောက်ကျလွန်းနေတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ပြပေးပါမယ်။

ထိုင်းအစိုးရအလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီအမိန့်ဟာမေလ ၈ ရက်နေ့ကနေ စတင်အသက်ဝင်တာပြီး အလုပ်ရှင်အလုပ်သမားတွေ တင်းတင်းကြပ်ကြပ်လိုက်နာဖို့ ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ဒီအမိန့်ကို သတိပြုကြဖို့ လက်ရှိ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေကို မြန်မာပြည်သားများ အရေးပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးကတော့ ပြောပါတယ်။

"ကပ်ဘေးကာလမှာ ထိုင်းနိုင်ငံအစိုးရက အရေးပေါ်ကာလ သတ်မှတ်ထားပါတယ်။ အရေးပေါ်ကာလက မေလ ၃၁ ရက်နေ့ထိက အရေးပေါ်ကာလ ဖြစ်ပါတယ်။ အဲဒီကာလမှာထိုင်းအလုပ်ရှင်တွေကလည်း ထိုင်းရောက် ရွေ့ပြောင်းအလုပ်သမားတွေပါ။ လိုက်နာဖို့အတွက် တိတိကျကျ လိုက်နာဖို့ စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ထားပါတယ်။ အလုပ်ရှင်တွေကလည်း လုပ်သားအင်အားလျှော့ချတာ လုပ်သားတွေ ထုတ်ပစ်တာ မလုပ်ရသလို အလုပ်သားတွေကလည်း ဆန္ဒပြတာတွေ မလုပ်ရဘူးလို့ တင်းတင်းကြပ်ကြပ်တားမြစ်ထားပါတယ်။ ဘန်ကောက်နဲ့ အနီးတဝိုက်မှာတော့ ဆန္ဒပြဖို့ လူစုတာတွေ၊ အချက်အလက်စုတာတွေ ဥပဒေနဲ့ ညီအောင်လုပ်တာတွေ စုဆောင်းမှုတွေ လုပ်နေကြတယ်။ မေလ ၈ ရက်ထုတ်ပြန်ထားတဲ့ တင်းကြပ်တဲ့ စည်းကမ်းအရဆို လူစုတာတွေ ဆန္ဒပြဖို့ ပြင်ဆင်တာတွေ လုပ်ခွင့်မရှိဘူး။ အရေးပေါ်စီမံချက်အရ လိုအပ်ရင်လိုအပ်သလို အရေးယူမယ်ဆိုတာမျိုးကို ဥပဒေက သက်ရောက်မှု ရှိတယ်။"

ဒီအမိန့်ဟာ မေ ၈ ရက်မှာ စတင်အသက်ဝင်မယ်ဆိုပေမဲ့ အမိန့် မထုတ်ခင် အလုပ်ပိတ်ခဲ့သည့် လုပ်ငန်းတွေကိုလည်း ပြန်ဖွင့်ဖို့ ဒီအမိန့်ထဲမှာ ညွှန်ကြားထားပါတယ်။ အလားတူ အလုပ်မလုပ်နိုင်ဘူးဆိုပြီး သပိတ်မှောက်ခဲတဲ့ အလုပ်သမားတွေကိုလည်း အလုပ်ပြန်လုပ်ဖို့ ညွှန်ကြားထားပါတယ်။ အလုပ်ရှင်အလုပ်သမားတွေဟာ ပြီးခဲ့တဲ့ကာလအတွင်း ပြဿနာတွေ တက်ခဲ့တာမို့ ဒီဥပဒေထုတ်ပြန်တာ နောက်ကျနေလွန်းတယ်လို့ ဦးမိုးကြိုးကတော့ ဝေဖန်သွားပါတယ်။

"ဒီဥပဒေက ကိုဗစ်အရေးပေါ်ကာလ ထုတ်ပြန်ခဲ့တဲ့ ဧပြီလကတည်းက ထုတ်ပြန်သင့်တာအခုဟာက အလုပ်ရှင်တွေက ဒီဥပဒေအရဆို အလုပ်သမားတွေ အတော်များများကို အလုပ်ဖြုတ်ပစ်ပြီးသွားပြီ။ ကိုဗစ်ကိုအကြောင်းပြပြီး ဖြုတ်ပြီးသွားပြီ။ ကိုဗစ်ကိုအကြောင်းပြပြီး သူရဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းပြီးသွားပြီ။ ဒေဝါလီခံသွားပြီးပြီ။ ထိုင်းအစိုးရရဲ့ ကြေငြာချက်က မကောင်းဘူးလားဆိုတော့ ကောင်းတယ်။ ဒါပေမဲ့ နောက်ကျနေလွန်းတယ်လို့တော့ ဝေဖန်ချင်တယ်။"

ဒီထုတ်ပြန်ချက်အရ အလုပ်သမားဆက်ဆံရေး အက်ဥပဒေနဲ့ အညီ အလုပ်ရှင်၊ အလုပ်သမား တင်းတင်းကြပ်ကြပ် လုပ်ကိုင်ရမည်ဖြစ်ပြီး အလုပ်သမားရေးရာကိစ္စများမှာ အငြင်းပွားမှုများ ရှိလာပါက အလုပ်သမားဆက်ဆံရေးကော်မတီက စီရင်မယ်ဆိုတဲ့အကြောင်းတွေ ပါရှိပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၃,၀၀၀,၀၀၀ ထက်မနည်း အလုပ်လုပ်ကိုင်နေပြီး ကိုဗစ်အရေးပေါ်ကာလမှာ အလုပ်ရုံတွေ ပိတ်သိမ်းတာတွေ လုပ်သားအင်အားလျှော့ချတာတွေကြောင့် အလုပ်သမား သောင်းဂဏန်းလောက်ဟာ နေရပ်ကိုပြန်ခဲ့ကြရပါတယ်။

XS
SM
MD
LG