သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းဘက္က ျမန္မာႏုိင္ငံသားေတြ ဒီကေန႔ စျပန္လာၿပီ


ေမလ ၁ရက္ေန႔မွာ ျမန္မာျပည္ဘက္ကို ျပန္၀င္လာတဲ့ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား တဦး (သတင္းဓာတ္ပံု - KO LIN (NLD))

(Zawgyi/Unicode)

ထိုင္းဘက္က ျမန္မာအလုပ္သမားေတြကို ျပန္ၿပီး စတင္လက္ခံတဲ့ ဒီေန႔ ေမလ ၁ ရက္ေန႔မွာပဲ ထိုင္းနယ္စပ္ မဲေဆာက္ဘက္ကေန အလုပ္သမားေတြ ျမန္မာဘက္ကို ျပန္လာတဲ့သတင္းကို ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက တင္ျပေပးပါမယ္။

ထိုင္းႏိုင္ငံကေန ေနရပ္ျပန္လာၾကတဲ့ ျမန္မာအလုပ္သမားေတြထဲက ဘန္ေကာက္နဲ႔ တျခားျမိဳ႕နယ္ေတြက ျပန္လာၾကမယ့္ အလုပ္သမားေတြက ထုိင္းႏိုင္ငံ ရဲအေရးေပၚအမိန္႔ ေၾကာင့္ မျပန္လာႏိုင္ၾကေသးေပမယ့္ ေမလ ၁ ရက္ေန႔မွာေတာ့ မဲေဆာက္က အလုပ္သမားမ်ား စတင္ေနရပ္ျပန္လာၾကေၾကာင္း ကရင္ျပည္နယ္ ျမ၀တီျမိဳ႕က ျပည္နယ္လႊတ္ေတာ္အမတ္ ဦးသန္႔ဇင္ေအာင္က ေျပာပါတယ္။

"၀င္တာကေတာ့ မဲေဆာက္ဘက္ကေန ျပန္၀င္လာတာပါ။ မဲေဆာက္ကေန ၀င္လာတာ မနက္ပုိင္းကေန စတင္လာပါတယ္။ အားလံုးေပါင္း ေန႔လယ္ ၁၂ နာရီအထိ စာရင္းကေတာ့ ၅၁ ေယာက္ရွိပါျပီ။ ဆက္ျပီး ၀င္လာၾကအုန္းမလားမသိဘူး။ သူတို႔ ၀င္လာအုန္းမယ္ဆုိရင္က်ေနာ္တို႔ကေတာ့ ဆက္လက္ခံေပးေနအုန္းမွာပဲ။ ဒီေန႔ ၀င္တာက မဲေဆာက္ဘက္ကလူေတြကနယ္စပ္ကုိ ျဖတ္ျပီး ျပန္၀င္လာတာပါ။ ဘန္ေကာက္က လူေတြကေတာ့ မ၀င္လာေသးဘူးဗ်။"

လက္ရွိမွာ ထိုင္းႏိုင္ငံအတြင္းမွာ COVID-19 အေရးေပၚကာလကို သက္တမ္း တလတိုးထားတာေၾကာင့္ ညမထြက္ရနဲ႔ ခရိုင္တခုနဲ႔ တခု ျဖတ္ေက်ာ္သြားလာတာေတြ ေမလကုန္အထိ လုပ္လို႔ မရပါဘူး။ ဒါေၾကာင့္လည္း အျခားခရိုင္ေတြက ျမန္္မာအလုပ္သမားေတြ နယ္စပ္အထိ လာႏိုင္ဖို႔ ျမန္မာႏို္င္ငံျခားေရး၀န္ႀကီးဌာနနဲ႔ သက္ဆိုင္ရာဌာနေတြက ညိွႏိႈင္းေနတယ္လို႔ ျမန္မာသံရံုးက ေျပာပါတယ္။ မၾကာခင္ရက္ပုိင္းမွာပဲ ေျပလည္မႈေတြ ရႏုိင္မယ္လုိ႔ ယူဆရေႀကာင္း ကရင္ျပည္ ျမ၀တီခရိုင္က အာဏာပုိင္ေတြကလည္း ဆုိပါတယ္။

ေနရပ္ျပန္ႏုိင္ေရး ေဆာင္႐ြက္ေနခ်ိန္မွာ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားေတြအေနနဲ႔
ထုိင္းက်န္းမာေရးဌာနက သတ္မွတ္ထားတဲ့အတိုင္း ေနထိုင္ၾကဖို႔ လူစုလူေဝးမလုပ္ဖို႔ တဦးနဲ႔ တဦး သတ္မွတ္အကြာအေဝးမွာ ေနၾကဖို႔ ထိုင္းနိုင္ငံရဲ႕ ၫႊန္ၾကားခ်က္ေတြကို လိုက္နာဖို႔ကိုလည္း ထိုင္းႏို္င္ငံဘန္ေကာက္မွာရွိတဲ့ ျမန္မာသံရံုးကလည္း တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းဘက်က မြန်မာနိုင်ငံသားတွေ ဒီကနေ့ စပြန်လာပြီ

ထိုင်းဘက်က မြန်မာအလုပ်သမားတွေကို ပြန်ပြီး စတင်လက်ခံတဲ့ ဒီနေ့ မေလ ၁ ရက်နေ့မှာပဲ ထိုင်းနယ်စပ် မဲဆောက်ဘက်ကနေ အလုပ်သမားတွေ မြန်မာဘက်ကို ပြန်လာတဲ့သတင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ပြပေးပါမယ်။

ထိုင်းနိုင်ငံကနေ နေရပ်ပြန်လာကြတဲ့ မြန်မာအလုပ်သမားတွေထဲက ဘန်ကောက်နဲ့ တခြားမြို့နယ်တွေက ပြန်လာကြမယ့် အလုပ်သမားတွေက ထိုင်းနိုင်ငံ ရဲအရေးပေါ်အမိန့် ကြောင့် မပြန်လာနိုင်ကြသေးပေမယ့် မေလ ၁ ရက်နေ့မှာတော့ မဲဆောက်ကအလုပ်သမားများ စတင်နေရပ်ပြန်လာကြကြောင်း ကရင်ပြည်နယ်မြဝတီမြို့က ပြည်နယ်လွှတ်တော်အမတ် ဦးသန့်ဇင်အောင်က ပြောပါတယ်။

"ဝင်တာကတော့ မဲဆောက်ဘက်ကနေ ပြန်ဝင်လာတာပါ။ မဲဆောက်ကနေ ဝင်လာတာ မနက်ပိုင်းကနေ စတင်လာပါတယ်။ အားလုံးပေါင်း နေ့လယ် ၁၂ နာရီအထိ စာရင်းကတော့ ၅၁ ယောက်ရှိပါပြီ။ ဆက်ပြီး ဝင်လာကြအုန်းမလားမသိဘူး။ သူတို့ ဝင်လာအုန်းမယ်ဆိုရင် ကျနော်တို့ကတော့ ဆက်လက်ခံပေးနေအုန်းမှာပဲ။ ဒီနေ့ ဝင်တာက မဲဆောက်ဘက်ကလူတွေကနယ်စပ်ကို ဖြတ်ပြီး ပြန်ဝင်လာတာပါ။ ဘန်ကောက်က လူတွေကတော့ မဝင်လာသေးဘူးဗျ။"

လက်ရှိမှာ ထိုင်းနိုင်ငံအတွင်းမှာ COVID-19 အရေးပေါ်ကာလကို သက်တမ်း တလတိုးထားတာကြောင့် ညမထွက်ရနဲ့ ခရိုင်တခုနဲ့ တခု ဖြတ်ကျော်သွားလာတာတွေ မေလကုန်အထိ လုပ်လို့ မရပါဘူး။ ဒါကြောင့်လည်း အခြားခရိုင်တွေက မြန်မာအလုပ်သမားတွေ နယ်စပ်အထိ လာနိုင်ဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဌာနတွေက ညှိနှိုင်းနေတယ်လို့ မြန်မာသံရုံးက ပြောပါတယ်။ မကြာခင်ရက်ပိုင်းမှာပဲ ပြေလည်မှုတွေ ရနိုင်မယ်လို့ ယူဆရကြောင်း ကရင်ပြည် မြဝတီခရိုင်က အာဏာပိုင်တွေကလည်း ဆိုပါတယ်။

နေရပ်ပြန်နိုင်ရေး ဆောင်ရွက်နေချိန်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့
ထိုင်းကျန်းမာရေးဌာနက သတ်မှတ်ထားတဲ့အတိုင်း နေထိုင်ကြဖို့ လူစုလူဝေးမလုပ်ဖို့ တဦးနဲ့ တဦး သတ်မှတ်အကွာအဝေးမှာ နေကြဖို့ ထိုင်းနိုင်ငံရဲ့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ကိုလည်း ထိုင်းနိုင်ငံဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးကလည်း တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG