သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထုိင္းႏုိင္ငံမွာ ကုိ႐ုိနာဗုိင္းရပ္စ္ကူးစက္သူ ႏုိင္ငံျခားသားေတြထဲ ျမန္မာအမ်ားစုပါ၀င္


ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ရွိ ဘတ္စ္ကားဂိတ္တြင္ ကိုယ္အပူခ်ိန္တိုင္းတာျခင္းခံယူေနသည့္ ေရႊ႕ေျပာင္းအလုပ္သမားတဦး (မတ္ ၂၃၊ ၂၀၂၀)

(Zawgyi/Unicode)

ထိုင္းႏိုင္ငံတြင္း COVID-19 ေရာဂါပုိးကူးစက္ခံရမႈဟာ ထိုင္းႏိုင္ငံသားၿပီးရင္ ျမန္မာႏိုင္ငံသားေတြက ကူးစက္ခံရမႈ အျမင့္ဆံုးျဖစ္ေနတဲ့သတင္း တင္ဆက္ေပးပါမယ္။ ဒီအေၾကာင္း ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက တင္ျပေပးပါမယ္။

ထိုင္းႏုိင္ငံမွာ COVID-9 ေရာဂါပိုးကူးစက္မႈ ဓါတ္ခဲြအတည္ျပဳခံရသူ လူ ၃,၀၀၀ ထိျဖစ္လာတာေၾကာင့္ COVID-19 အေရးေပၚအမိန္႔ကို ေနာက္ထပ္ တလ သက္တမ္းတိုးထားပါတယ္။ ကူးစက္ခံရတဲ့ ႏိုင္ငံျခားသားေတြထဲမွာ ျမန္မာႏိုင္ငံသားက အမ်ားဆံုးျဖစ္ေနပါတယ္။ထုိင္းက်န္းမာေရး၀န္ႀကီးဌာန COVID-19 အေျခအေနႀကီးၾကပ္ကြပ္ကဲေရးဗဟိုဌာန (CCSA) ရဲ႕ ထုတ္ျပန္ခ်က္အရ အခုဆိုရင္ျမန္မာႏို္င္ငံသား ၅၂ ဦးထိ ျမင့္တက္လာေၾကာင္း ပညာေရးနဲ႔ ဖြံ ့ျဖိဳးေရးေဖာင္ေဒးရွင္းရဲ႕ အလုပ္သမားေရးရာနဲ႔ မွတ္တမ္းေရးရာတာ၀န္ခံဦးမင္းဦးက VOA ကို ေျပာပါတယ္။

"ထုိင္းႏိုင္ငံသားျပီးရင္ ႏိုင္ငံျခားသားထဲမွာ ျမန္မာႏိုင္ငံသားက ကုိဗစ္ေရာဂါကူးစက္မႈက အမ်ားဆံုးျဖစ္သြားျပီ အခုဆို ၅၂ ေယာက္ရွိသြားျပီ ဒီရက္ပုိင္းအတြင္း ျမန္မာႏိုင္ငံသား ၁၀၀ နီးပါးေလာက္လည္း ဖမ္းဆီးခံထားရပါတယ္။"

ထိုင္းေတာင္ပိုင္းမွာ တရားမ၀င္ ေရႊ႕ေျပာင္းအလုပ္သမားေတြၾကားထဲမွာ COVID-19 ကူးစက္မႈက မ်ားလာတဲ့အတြက္ စစ္ေဆးမႈေတြ ပုိလုပ္လာသလို ေရာဂါပိုး လိုက္လံစီစစ္ရင္းနဲ႔ ထိုင္းနိုင္ငံတြင္း တရားမ၀င္ ေနထိုင္လုပ္ကို္င္ေနတဲ့ ျမန္မာေတြလည္း ဖမ္းဆီးခံရတာေတြ ျဖစ္ေနတယ္လို႔ ဦးမင္းဦးက ေျပာပါတယ္။

"Quarantine လုပ္ဖို႔ မ၀င္တဲ့သူေတြကုိ လိုက္ရင္းနဲ႔ တရားမ၀င္လူေတြ ဖမ္းခံရတာ ၉၃ ဦးရွိျပီ ျမန္မာေတြထဲကပါ။ ကုိဗစ္ေႀကာင့္လိုက္ျပီး စစ္ေဆးရင္းနဲ႔ တရားမ၀င္လူေတြကို
ေတြ႔ၿပီး ဖမ္းမိတာပါ။"

ထိုင္းႏိုင္ငံမွာ ည ၁၀ နာရီကေနမနက္ ၄ နာရီအတြင္း ညမထြက္ရအမိန္႔ အာဏာဆက္တည္ေနၿပီး ကုိဗစ္ကာလ အေရးေပၚ အမိန္႔ကုိ ဧျပီလ ၂၇ ရက္မွာပဲ ေနာက္ထပ္တလ သက္တမ္း ထပ္တိုးလိုက္ပါတယ္။ ဒါ့အျပင္လူမႈေရးအရ စုေဝးခြင့္ေတြကို ခြင့္မျပဳေသးတဲ့အျပင္ ခရိုင္အလို္က္ တခ်ိဳ႕ကန္႔သတ္မႈေတြကိုလည္း ဆက္လက္ကန္႔သတ္သြားမွာ ျဖစ္တယ္လို႔ COVID-19 အေျခအေနႀကီးၾကပ္ကြပ္ကဲေရးဗဟိုဌာန (CCSA) ရဲ႕ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာတာဝီဆစ္က ထုတ္ျပန္ေျပာဆုိသြားပါတယ္။

ဒီအတြက္ ျမန္မာအလုပ္သမားေတြအေနနဲ႔ ထိုင္းအစုိးရရဲ႕ ထုတ္ျပန္မႈေတြ ကန္႔သတ္မႈေတြကို လိုက္နာဖို႔ လိုအပ္ေၾကာင္း ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေရး လုပ္ေဆာင္ေနသူေတြက ေျပာဆုိခဲ့ပါတယ္။

ထုိင္းႏုိင္ငံ က်န္းမာေရး၀န္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ COVID-19 ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၅၄ ေယာက္နဲ႔ ကူးစက္သူ ၂,၉၃၈ ေယာက္ ရွိေနပါတယ္။ ကူးစက္ခံရသူေတြထဲမွာေတာ့ ထုိင္းႏုိင္ငံသား ၂,၅၉၇ ေယာက္နဲ႔ က်န္တဲ့သူေတြကေတာ့ ႏုိင္ငံျခားသားေတြ ျဖစ္ပါတယ္။ ႏုိင္ငံျခားသားေတြထဲမွာေတာ့ ျမန္မာႏုိင္ငံသားက အမ်ားဆုံးအျဖစ္ ၅၂ ေယာက္နဲ႔ ဒုတိယအမ်ားဆုံးျဖစ္ၿပီး တ႐ုတ္ႏုိင္ငံသား ၃၄ ေယာက္နဲ႔ တတိယအမ်ားဆုံး ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ နိုင်ငံခြားသားတွေထဲ မြန်မာအများစုပါဝင်

ထိုင်းနိုင်ငံတွင်း COVID-19 ရောဂါပိုးကူးစက်ခံရမှုဟာ ထိုင်းနိုင်ငံသားပြီးရင် မြန်မာနိုင်ငံသားတွေက ကူးစက်ခံရမှု အမြင့်ဆုံးဖြစ်နေတဲ့သတင်း တင်ဆက်ပေးပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ပြပေးပါမယ်။

ထိုင်းနိုင်ငံမှာ COVID-9 ရောဂါပိုးကူးစက်မှု ဓါတ်ခွဲအတည်ပြုခံရသူ လူ ၃,၀၀၀ ထိဖြစ်လာတာကြောင့် COVID-19 အရေးပေါ်အမိန့်ကို နောက်ထပ် တလ သက်တမ်းတိုးထားပါတယ်။ ကူးစက်ခံရတဲ့ နိုင်ငံခြားသားတွေထဲမှာ မြန်မာနိုင်ငံသားက အများဆုံးဖြစ်နေပါတယ်။ထိုင်းကျန်းမာရေးဝန်ကြီးဌာန COVID-19 အခြေအနေကြီးကြပ်ကွပ်ကဲရေးဗဟိုဌာန (CCSA) ရဲ့ ထုတ်ပြန်ချက်အရ အခုဆိုရင်မြန်မာနိုင်ငံသား ၅၂ ဦးထိ မြင့်တက်လာကြောင်း ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းရဲ့ အလုပ်သမားရေးရာနဲ့ မှတ်တမ်းရေးရာတာဝန်ခံဦးမင်းဦးက VOA ကို ပြောပါတယ်။

"ထိုင်းနိုင်ငံသားပြီးရင် နိုင်ငံခြားသားထဲမှာ မြန်မာနိုင်ငံသားက ကိုဗစ်ရောဂါကူးစက်မှုက အများဆုံးဖြစ်သွားပြီ အခုဆို ၅၂ ယောက်ရှိသွားပြီ ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံသား ၁၀၀ နီးပါးလောက်လည်း ဖမ်းဆီးခံထားရပါတယ်။"

ထိုင်းတောင်ပိုင်းမှာ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေကြားထဲမှာ COVID-19 ကူးစက်မှုက များလာတဲ့အတွက် စစ်ဆေးမှုတွေ ပိုလုပ်လာသလို ရောဂါပိုး လိုက်လံစီစစ်ရင်းနဲ့ ထိုင်းနိုင်ငံတွင်း တရားမဝင် နေထိုင်လုပ်ကိုင်နေတဲ့ မြန်မာတွေလည်း ဖမ်းဆီးခံရတာတွေ ဖြစ်နေတယ်လို့ ဦးမင်းဦးက ပြောပါတယ်။

"Quarantine လုပ်ဖို့ မဝင်တဲ့သူတွေကို လိုက်ရင်းနဲ့ တရားမဝင်လူတွေ ဖမ်းခံရတာ ၉၃ ဦးရှိပြီ မြန်မာတွေထဲကပါ။ ကိုဗစ်ကြောင့်လိုက်ပြီး စစ်ဆေးရင်းနဲ့ တရားမဝင်လူတွေကို
တွေ့ပြီး ဖမ်းမိတာပါ။"

ထိုင်းနိုင်ငံမှာ ည ၁၀ နာရီကနေမနက် ၄ နာရီအတွင်း ညမထွက်ရအမိန့် အာဏာဆက်တည်နေပြီး ကိုဗစ်ကာလ အရေးပေါ် အမိန့်ကို ဧပြီလ ၂၇ ရက်မှာပဲ နောက်ထပ်တလ သက်တမ်း ထပ်တိုးလိုက်ပါတယ်။ ဒါ့အပြင်လူမှုရေးအရ စုဝေးခွင့်တွေကို ခွင့်မပြုသေးတဲ့အပြင် ခရိုင်အလိုက် တချို့ကန့်သတ်မှုတွေကိုလည်း ဆက်လက်ကန့်သတ်သွားမှာ ဖြစ်တယ်လို့ COVID-19 အခြေအနေကြီးကြပ်ကွပ်ကဲရေးဗဟိုဌာန (CCSA) ရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာတာဝီဆစ်က ထုတ်ပြန်ပြောဆိုသွားပါတယ်။

ဒီအတွက် မြန်မာအလုပ်သမားတွေအနေနဲ့ ထိုင်းအစိုးရရဲ့ ထုတ်ပြန်မှုတွေ ကန့်သတ်မှုတွေကို လိုက်နာဖို့ လိုအပ်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားရေး လုပ်ဆောင်နေသူတွေက ပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ COVID-19 ကပ်ရောဂါကြောင့် သေဆုံးသူ ၅၄ ယောက်နဲ့ ကူးစက်သူ ၂,၉၃၈ ယောက် ရှိနေပါတယ်။ ကူးစက်ခံရသူတွေထဲမှာတော့ ထိုင်းနိုင်ငံသား ၂,၅၉၇ ယောက်နဲ့ ကျန်တဲ့သူတွေကတော့ နိုင်ငံခြားသားတွေ ဖြစ်ပါတယ်။ နိုင်ငံခြားသားတွေထဲမှာတော့ မြန်မာနိုင်ငံသားက အများဆုံးအဖြစ် ၅၂ ယောက်နဲ့ ဒုတိယအများဆုံးဖြစ်ပြီး တရုတ်နိုင်ငံသား ၃၄ ယောက်နဲ့ တတိယအများဆုံး ဖြစ်ပါတယ်။

XS
SM
MD
LG