သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထုိင္းေရာက္ ႏုိင္ငံျခားသားေတြ ဇူလိုင္လကုန္ထိ ဗီဇာသက္တမ္း တိုးျမွင့္ရရွိ


ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ရွိ ေစ်းတခု (ဧၿပီ ၀၉၊ ၂၀၂၀)

(Zawgyi/Unicode)

COVID-19 ကပ္ေရာဂါေၾကာင့္ ထိုင္းမွာ ပိတ္မိေနတဲ့ ႏိုင္ငံျခားသားေတြကို ဇူလိႈင္လကုန္အထိ ဗီဇာသက္တမ္း အလိုအေလ်ာက္တိုးေပးတယ္လို႔ ထိုင္းအစိုးရက ေၾကညာတဲ့သတင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာကို တင္ဆက္ေပးပါမယ္။

ထုိင္းႏိုင္ငံမွာ COVID-19 အေရးေပၚကာလမွာ ျပီးခဲ့တဲ့လတုန္းကလည္း တလစာ ဗီဇာသက္တမ္းကုိ အလိုအေလ်ာက္တိုးေပးလိုက္ျပီးတဲ့ေနာက္ လူ၀င္မူႀကီးၾကပ္ေရးရံုးေတြမွာ လူစုလူေ၀းနဲ႔ ဗီဇာသက္တမ္းတုိးတာေတြကုိ မျဖစ္ေစဖို႔အတြက္ ဒုတိယအႀကိမ္အျဖစ္အလိုအေလ်ာက္ သက္တမ္းတိုးေပးမဲ့အေၾကာင္း ထုိင္းအစိုးရလူထုျပန္ၾကားေရးဌာနက ထုတ္ျပန္ခဲ့ပါတယ္။

ဒီထုတ္ျပန္ခ်က္ေႀကာင့္ သူတို႔ ရင္ဆိုင္ရမဲ့ အခက္အခဲေတြ နည္းသြားႏိုင္ေၾကာင္း ခ်င္းမုိင္ယူနီဗာစတီမွာ တက္ေနတဲ့ ေနာက္ဆံုးႏွစ္ ျမန္မာေက်ာင္းသူ မရတနာက ဗီြအိုေအကို အခုလိုေျပာျပပါတယ္။

ခ်င္းမိုင္တကၠသိုလ္မွာ တက္ေရာက္ေနတဲ့ ျမန္မာေက်ာင္းသူ မရတနာ
ခ်င္းမိုင္တကၠသိုလ္မွာ တက္ေရာက္ေနတဲ့ ျမန္မာေက်ာင္းသူ မရတနာ

"တရား၀င္ေၾကျငာလိုက္တာ ေကာင္းတယ္။ အခုလက္ရိွအေျခအေနဆိုရင္ သမီးတို႔ ေက်ာင္းသူေတြအေနနဲ႔ ကုိယ္ရွိျပီးသား မူရင္းေနရာမွာေနတာက COVID-19 အတြက္ကာကြယ္နည္းတမ်ိဳးေပါ့။ ကိုယ့္ဆီကလည္း သူမ်ားဆီကုိ ကူးစက္မႈ မရွိဘူး။ သူမ်ားဆီကလည္း ကူးစက္မႈ မရွိႏိုင္ဘူး။ ေရႊ႕ေျပာင္းမႈလည္းမရွိဘူးဆုိေတာ့ အဲဒီေတာ့ဗီဇာသက္တမ္း ၃ လ တိုးရတာေကာင္းတယ္ေပါ့ေနာ္။ သမီးတို႔လို ေက်ာင္းျပီးေတာ့မယ့္သူေတြအတြက္ အလုပ္ေလ်ာက္ဖို႔လည္း အခ်ိန္ရမယ္။ ေျပာင္းေရႊ႕ရမွာ မဟုတ္တဲ့အတြက္ Risk ကေတာ့ ေလ်ာ့သြားတယ္။ ဗီဇာသက္တမ္း မတုိးေပးဘူးဆုိရင္ ခက္ခဲမႈ အရမ္းမ်ားမယ္။ ေနာက္ဆံုးႏွစ္ေက်ာင္းသားေတြအေနနဲ႔ ဗီဇာကုန္ျပီဆိုရင္ တရက္မွေနလို ့မရဘူး။ ဖမ္းခံရမယ္။ အဲဒီလိုအေျခအေနေပါ့ ေက်ာင္းသားအမ်ားစုက ေမလ လကုန္ ၃၁ ရက္မွာ ဗီဇာကုန္ၾကမွာ ေက်ာင္းသားအမ်ားစုကလည္း ျပန္ခ်င္ၾကတယ္။ တဘက္မွာက်ေတာ့လည္း ေလေၾကာင္းလိုင္းဆိုလည္း ႀကိဳတင္ဘြတ္ကင္လုပ္ေနတဲ့သူေတြဆိုရင္လည္း ေလေၾကာင္းလိုင္းက အခ်ိန္မေရြးအျမဲတမ္း cancel ျဖစ္ေနတယ္။ သမီးသူငယ္ခ်င္းေတြဆိုလည္း ေလေၾကာင္းလိုင္းေတြ ဘြတ္ကင္လုပ္ေပမဲ့ အခုထိ မေသခ်ာေသးဘူး ေနာက္ျပီး တံတားေတြကလည္း ပိတ္ထားတုန္းပဲ။"

ထိုင္းအေျခစုိက္ပညာေရးနဲ႔ ဖြံ႕ၿဖိဳးေရးေဖာင္ေဒးရွင္းရဲ့ အလုပ္သမားေရးရာနဲ႔ မွတ္တမ္းေရးရာတာ၀န္ခံ ဦးမင္းဦးကလည္း ဗီဇာသက္တမ္း တုိးေပးတာကို ႀကိဳဆိုတယ္လုိ႔ ေျပာပါတယ္။

"ခရီးသြားေတြ တုိးရစ္ဗီဇာေတြ ရထားသူေတြ အဆင္ေျပတာေပါ့ေနာ္။ တခ်ိဳ႕လည္းအေၾကာင္းေၾကာင္းနဲ႔ ဗီဇာရက္ရွည္ရထားသူေတြ ၾကားကာလမွာ ဗီဇာကုန္မဲ့သူေတြ ဒီလ ၂၆ ရက္မွာ ဗီဇာကုန္မဲ့သူေတြအတြက္ ထြက္ေပါက္တခုျဖစ္တာေပါ့။ ဒီလကုန္မွာ ဗီဇာအတြက္ကုန္က်စရာမလုိဘဲ ေပးထားတာကိုး ဒီအတြက္သက္တမ္းထပ္တိုးရမလား၊ ဘာလားေပါ့။ ဒီစာထြက္လာေတာ့ အဆင္ေျပသြားတာေပါ့။"

ထိုင္းႏိုင္ငံမွာ COVID-19 အေရးေပၚကာလမွာ ခရိုင္တခုနဲ႔ တခုလည္း ပိတ္ထားတာေတြ ကားလိုင္းေတြ၊ ေလယာဥ္လိုင္းေတြလည္း ပိတ္ထားတာေတြ ရွိသလို ေက်ာင္းတက္ေနဆဲႏိုင္ငံတကာက ေက်ာင္းသား၊ ေက်ာင္းသူေတြလည္း ေနရပ္မျပန္ၾကဘဲ တကၠသိုလ္က အေဆာင္ေတြမွာေနျပီး အြန္လိုင္းကေနပဲ စာသင္ႀကားေနရတာပါ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းရောက် နိုင်ငံခြားသားတွေ ဇူလိုင်လကုန်ထိ ဗီဇာသက်တမ်း တိုးမြှင့်ရရှိ

COVID-19 ကပ်ရောဂါကြောင့် ထိုင်းမှာ ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေကို ဇူလှိုင်လကုန်အထိ ဗီဇာသက်တမ်း အလိုအလျောက်တိုးပေးတယ်လို့ ထိုင်းအစိုးရက ကြေညာတဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာကို တင်ဆက်ပေးပါမယ်။


ထိုင်းနိုင်ငံမှာ COVID-19 အရေးပေါ်ကာလမှာ ပြီးခဲ့တဲ့လတုန်းကလည်း တလစာ ဗီဇာသက်တမ်းကို အလိုအလျောက်တိုးပေးလိုက်ပြီးတဲ့နောက် လူဝင်မူကြီးကြပ်ရေးရုံးတွေမှာ လူစုလူဝေးနဲ့ ဗီဇာသက်တမ်းတိုးတာတွေကို မဖြစ်စေဖို့အတွက် ဒုတိယအကြိမ်အဖြစ်အလိုအလျောက် သက်တမ်းတိုးပေးမဲ့အကြောင်း ထိုင်းအစိုးရလူထုပြန်ကြားရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်ကြောင့် သူတို့ ရင်ဆိုင်ရမဲ့ အခက်အခဲတွေ နည်းသွားနိုင်ကြောင်း ချင်းမိုင်ယူနီဗာစတီမှာ တက်နေတဲ့ နောက်ဆုံးနှစ် မြန်မာကျောင်းသူ မရတနာက ဗွီအိုအေကို အခုလိုပြောပြပါတယ်။

"တရားဝင်ကြေငြာလိုက်တာ ကောင်းတယ်။ အခုလက်ရှိအခြေအနေဆိုရင် သမီးတို့ ကျောင်းသူတွေအနေနဲ့ ကိုယ်ရှိပြီးသား မူရင်းနေရာမှာနေတာက COVID-19 အတွက်ကာကွယ်နည်းတမျိုးပေါ့။ ကိုယ့်ဆီကလည်း သူများဆီကို ကူးစက်မှု မရှိဘူး။ သူများဆီကလည်း ကူးစက်မှု မရှိနိုင်ဘူး။ ရွှေ့ပြောင်းမှုလည်းမရှိဘူးဆိုတော့ အဲဒီတော့ဗီဇာသက်တမ်း ၃ လ တိုးရတာကောင်းတယ်ပေါ့နော်။ သမီးတို့လို ကျောင်းပြီးတော့မယ့်သူတွေအတွက် အလုပ်လျောက်ဖို့လည်း အချိန်ရမယ်။ ပြောင်းရွှေ့ရမှာ မဟုတ်တဲ့အတွက် Risk ကတော့ လျော့သွားတယ်။ ဗီဇာသက်တမ်း မတိုးပေးဘူးဆိုရင် ခက်ခဲမှု အရမ်းများမယ်။ နောက်ဆုံးနှစ်ကျောင်းသားတွေအနေနဲ့ ဗီဇာကုန်ပြီဆိုရင် တရက်မှနေလို့မရဘူး။ ဖမ်းခံရမယ်။ အဲဒီလိုအခြေအနေပေါ့ ကျောင်းသားအများစုက မေလ လကုန် ၃၁ ရက်မှာ ဗီဇာကုန်ကြမှာ ကျောင်းသားအများစုကလည်း ပြန်ချင်ကြတယ်။ တဘက်မှာကျတော့လည်း လေကြောင်းလိုင်းဆိုလည်း ကြိုတင်ဘွတ်ကင်လုပ်နေတဲ့သူတွေဆိုရင်လည်း လေကြောင်းလိုင်းက အချိန်မရွေးအမြဲတမ်း cancel ဖြစ်နေတယ်။ သမီးသူငယ်ချင်းတွေဆိုလည်း လေကြောင်းလိုင်းတွေ ဘွတ်ကင်လုပ်ပေမဲ့ အခုထိ မသေချာသေးဘူး နောက်ပြီး တံတားတွေကလည်း ပိတ်ထားတုန်းပဲ။"

ထိုင်းအခြေစိုက်ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းရဲ့ အလုပ်သမားရေးရာနဲ့ မှတ်တမ်းရေးရာတာဝန်ခံ ဦးမင်းဦးကလည်း ဗီဇာသက်တမ်း တိုးပေးတာကို ကြိုဆိုတယ်လို့ ပြောပါတယ်။

"ခရီးသွားတွေ တိုးရစ်ဗီဇာတွေ ရထားသူတွေ အဆင်ပြေတာပေါ့နော်။ တချို့လည်းအကြောင်းကြောင်းနဲ့ ဗီဇာရက်ရှည်ရထားသူတွေ ကြားကာလမှာ ဗီဇာကုန်မဲ့သူတွေ ဒီလ ၂၆ ရက်မှာ ဗီဇာကုန်မဲ့သူတွေအတွက် ထွက်ပေါက်တခုဖြစ်တာပေါ့။ ဒီလကုန်မှာ ဗီဇာအတွက်ကုန်ကျစရာမလိုဘဲ ပေးထားတာကိုး ဒီအတွက်သက်တမ်းထပ်တိုးရမလား၊ ဘာလားပေါ့။ ဒီစာထွက်လာတော့ အဆင်ပြေသွားတာပေါ့။"

ထိုင်းနိုင်ငံမှာ COVID-19 အရေးပေါ်ကာလမှာ ခရိုင်တခုနဲ့ တခုလည်း ပိတ်ထားတာတွေ ကားလိုင်းတွေ၊ လေယာဉ်လိုင်းတွေလည်း ပိတ်ထားတာတွေ ရှိသလို ကျောင်းတက်နေဆဲနိုင်ငံတကာက ကျောင်းသား၊ ကျောင်းသူတွေလည်း နေရပ်မပြန်ကြဘဲ တက္ကသိုလ်က အဆောင်တွေမှာနေပြီး အွန်လိုင်းကနေပဲ စာသင်ကြားနေရတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG