သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအလုပ်သမားတွေ ထိုင်းနိုင်ငံ COVID-19 အမိန့် လိုက်နာဖို့ တိုက်တွန်း


ထိုင်းနိုင်ငံ Pathum Thani ပြည်နယ်ရှိ အထည်လိပ်စက်ရုံတခုမှာ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးတဦး (စက်တင်ဘာ ၂၃၊ ၂၀၁၈)
ထိုင်းနိုင်ငံ Pathum Thani ပြည်နယ်ရှိ အထည်လိပ်စက်ရုံတခုမှာ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးတဦး (စက်တင်ဘာ ၂၃၊ ၂၀၁၈)

(Zawgyi/Unicode)

ထိုင်းနိုင်ငံတွင်း အရေးပေါ်ကာလ အမိန့်ကန့်သတ်ချက်တွေ တိတိကျကျ လိုက်နာဖို့ ရွှေ့ပြောင်းအလုပ်သမားတွေကို တိုက်တွန်းနေတယ်ဆိုတဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ဆက်ပေးပါမယ်။

ထိုင်းနိုင်ငံတွင်းက ညမထွက်ရအမိန့်နဲ့ လူစုဝေးတာတွေ အပါအဝင် အစိုးရက ထုတ်ပြန်ထားတဲ့အမိန့်တွေ ဒေသန္တရအတွင်း ထုတ်ပြန်ထားတဲ့ ကန့်သတ်ချက်တွေကို မြန်မာအလုပ်သမားတွေ လိုက်နာဖို့ အလုပ်ရှင်အပါအဝင် ဒေသဆိုင်ရာ အာဏာပိုင်တွေက ရှင်းလင်းပြောကြားပေးဖို့ ထိုင်းဗဟိုအာဏာပိုင်တွေက တိုက်တွန်းနေပါတယ်။ ဒါဟာ ရွှေ့ပြောင်းအလုပ်သမားတွေကြား ထိုင်းအစိုးရရဲ့ အမိန့်တွေ ထုတ်ပြန်ချက်တွေကို ချိုးဖောက်မှုတွေ ရှိနေတာကြောင့်ဖြစ်တယ်လို့ ထိုင်းတောင်ပိုင်းအခြေစိုက်ပညာရေးနဲ့ ဖွံဖြိုးရေးဖောင်ဒေးရှင်းရဲ့ အလုပ်သမားရေးရာနဲ့ မှတ်တမ်းရေးရာတာဝန်ခံ ဦးမင်းဦးက ဆိုပါတယ်။

"ကျနော်တို့ မြန်မာတွေကြားမှာ ည အချိန်မတော်ထွက်လို့ အဖမ်းခံရတာတို့ ဒါမှမဟုတ် အုပ်စုဖွဲ့ပီးထိုင်မိလို့အဖမ်းခံရတာတို့ရှိတယ်။ ဥပမာ မျက်နှာဖုံးတို့ အဖမ်းခံရတာတွေ ရှိတယ်။ နယ်မြေပေါ်မူတည်တချို့လည်း ဒဏ်ကြေးအနည်းငယ်တွေ ရိုက်ပြီးပြန်လွှတ်တာတွေလည်းရှိတယ်။ လုံးလုံးဖမ်းတာက လူစုလူဝေးဖြစ်အောင်လုပ်တာတို့၊ ညမထွက်ရအမိန့်ကိုချိုးဖောက်ပြီး ထွက်တာတို့ဆိုရင်တော့ အမြန်ဖမ်းပြီး တရားစွဲပြီး ပြစ်ဒဏ်ချတာတွေ ရှိတယ်။"

သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ဒါတွေ မဖြစ်အောင် အသိပညာပေးတာတွေ လုပ်ဖို့အတွက် ထိုင်းဝန်ကြီးဌာနကနေ တိုက်တွန်းတဲ့ကြေငြာချက်ကို ဒီရက်ပိုင်းမှာပဲ ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

"ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ရွှေ့ပြောင်းအလုပ်သမားတွေကြားထဲမှာ သိအောင်လို့နဲ့ ကိုယ့်အလုပ်သမားတွေကို အလုပ်ရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက တာဝန်ယူပြီးပြောကြာပေးဖို့ အလုပ်ရှင်မှ မဟုတ်ဘူး ... နယ်မြေက စည်ပင်သာယာအဖွဲ့တွေ၊ နယ်မြေခံရွာသူကြီးတွေ၊ သက်ဆိုင်ရာတွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေကို လိုက်နာမှု ရှိအောင်တိုက်တွန်းတဲ့ဟာပေါ့နော်။"

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အများဆုံးဖြစ်နေတာက ထိုင်းတောင်ပိုင်းဘက်မှာဖြစ်နေပြီး လူစုလူဝေးနဲ့ နေထိုင်တာတွေ ညမထွက်အမိန့်တွေကို ချိုးဖောက်တာတွေကြောင့် ပြီးခဲ့တဲ့ တပတ်ကျော်ကပဲလူ ၁,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၃,၀၀၀ ဝန်းကျင်ရှိပြီး မြန်မာနိုင်ငံသား ၁၇ ဦး ကူးစက်ခံထားရပါတယ်။ ထိုင်းနိုင်ငံတွင်း COVID-19 ရောဂါနဲ့ စုစုပေါင်းသေဆုံးသူ ၅၀ ဝန်းကျင်ရှိပါပြီ။

တိုက်ရိုက် လင့်ခ်

[Unicode Version]









XS
SM
MD
LG