သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထုိင္းေတာင္ပုိင္းက ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေတြအတြက္ NGO ေတြ က်န္းမာေရးေဆာင္ရြက္ေပး


aရႊ႕ေျပာင္းအလုပ္သမားမ်ားကို အပူခ်ိန္တိုင္းေနစဥ္ (မတ္လ ၂၃ ရက္ေန႔)

(Zawgyi/Unicode)

ထိုင္းေတာင္ပုိင္းက ေရႊ႕ေျပာင္းအလုပ္သမားေတြအတြက္ ေရႊ႕ေျပာင္းအလုပ္သမားေရး လုပ္ေနတဲ့ NGO ေတြက COVID-19 ကာလ အေျခခံက်န္းမာေရးေစာင့္ေရွာက္ေရးလုပ္ငန္းေတြ လုပ္ေဆာင္ေပးေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဒီအေၾကာင္း ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက တင္ျပေပးပါမယ္။

ထုိင္းေတာင္ပုိင္းမွာ ရွိတဲ့ ေရႊ႕ေျပာင္းအလုပ္သမားေတြအေနနဲ႔ COVID-19 အေရးေပၚကာလမွာ ေဆးရံုေဆးခန္းေတြ သြားလာဖို႔ အခက္အခဲေတြရွိေနတာေၾကာင့္ အေျခခံ က်န္းမာေရးေစာင့္ေရွာက္မႈေတြကို လူထုေခါင္းေဆာင္ေတြကေနတဆင့္ ျပဳလုပ္ေပးေနရတာျဖစ္ေၾကာင္း ပညာေရးနဲ႔ ဖြံျဖိဳးေရးေဖာင္ေဒးရွင္းရဲ႕ အလုပ္သမားေရးရာနဲ႔ မွတ္တမ္းေရးရာတာ၀န္ခံဦးမင္းဦးကေျပာပါတယ္။

"အလုပ္သမားေတြဆုိေတာ့ ေၾကာက္ၾကတယ္၊ စိုးရိမ္ၾကတယ္။ ရိုးရိုးဖ်ားနာတာဆုိ အဲဒီလိုမ်ိဳးဆို မသြားရဲဘူး။ ေခ်ာင္းဆိုးတာဆိုရင္ ကိုဗစ္ပံုစံ ၀င္တာမ်ိဳးဆိုၿပီး မသြားရဲၾကဘူး။ ေခ်ာင္းဆုိးရင္ သူတို႔ကို ေစာင့္ၾကည့္စင္တာ ၀င္ရတာမ်ိဳးေတြ လုပ္ရမယ္ဆုိရင္ သူတို႔ မသြားရဲၾကဘူး။ ေနထုိင္ဖို႔ေတြ၊ စားဖုိ႔ေတြ၊ အလုပ္အကုိင္ပ်က္မွာ စိုးရိမ္ျပီး သူတို႔ မသြားရဲၾကဘူး။ အဲဒါဆုိရင္ က်ေနာ္တုိ႔ FED က က်န္းမာေရးေစာင့္ေရွာက္မႈေတြ စလုပ္မယ္ဆုိျပီး လူထုေခါင္းေဆာင္ေတြဆီမွာ အေျခခံေဆးေတြကို ေပးထားတယ္။ ပတ္၀န္းက်င္မွာ ရွိတဲ့ ေရႊ႕ေျပာင္းအလုပ္သမားေတြအေနနဲ႔ ေဆးရံုေဆးခန္းသြားဖို႔ အခက္အခဲရွိတယ္ဆိုရင္ အဲဒီမွာအက်ိဳးအေၾကာင္းေျပာျပီး ေဆးေတြဘာေတြ သြားယူဖို႔အတြက္ က်ေနာ္တုိ႔လုပ္ေပးတယ္။"

နယ္ေျမျဖတ္သန္းခြင့္ေတြ ကန္႔သတ္ထားတာေၾကာင့္ေရာ လမ္းပန္းဆက္သြယ္ေရးေတြ မရွိတာေၾကာင့္ပါ။ ပံုမွန္ေဆးယူေနရတဲ့ ပံုမွန္က်န္းမာေရး စစ္ေဆးေနရတဲ့ ေရႊ႕ေျပာင္းအလုပ္သမား နာတာရွည္ေရာဂါသည္ေတြမွာလည္း အခက္အခဲေတြရွိတယ္လို႔ ဆိုပါတယ္။ ဒီလိုအေျခအေနမ်ိဳးမွာ မျဖစ္မေန ေဆးရံုေတြကုိ ဆက္သြယ္ျပီး ခ်ိတ္ဆက္ေဆာင္ရြက္ေပးရတာေတြလည္း လုပ္ေပးရတယ္လုိ႔လည္း ဆိုပါတယ္။

"နာတာရွည္ေရာဂါမ်ိဳးေတြ ေသြးအေျဖ စစ္ေဆးရမဲ့ေရာဂါမ်ိဳးေတြ တီဘီလိုလူနာမ်ိဳးေတြ ေဆးရံုကုိသြားဖို႔အတြက္ မသြားႏုိင္ၾကဘူး။ လိုင္းကားေတြလည္းမရွိဘူး ဆိုင္ကယ္ေတြပဲ ရွိေတာ့ အဲဒီလိုမ်ိဳးဆိုေဆးရံုေတြ ညိွႏိႈင္းၿပီးေတာ့ နီးစပ္တဲ့ေနရာေတြမွာ လာယူဖို႔အတြက္ စည္းရံုးလႈပ္ရွားရတယ္။ ေဆးရံုေဆးခန္းေတြက ပံုမွန္ေဆးယူတဲ့သူေတြက လမ္းပန္းဆက္သြယ္ေရး ေ၀းတယ္ေလ။ သယ္ယူပို႔ေဆာင္ေရးေတြ မရွိဘူး။"

ထိုင္းႏိုင္ငံမွာ COVID-19 အေရးေပၚကာလအတြင္း ေမလဆန္းကစျပီး ေစ်းတခ်ိဳ႕ ျပန္ဖြင့္ေပးတာအပါအ၀င္ တျခားကန္႔သတ္ခ်က္တခ်ိဳ႕ကိုေတာ့ ေျဖေလ်ာ့ေပးခဲ့ေပမဲ့ ညမထြက္ရအမိန္နဲ႔ နယ္ေျမျဖတ္သန္းခြင့္ ကန္႔သတ္ခ်က္ေတြကုိ ေမလကုန္ထိ သက္တမ္းတုိးျမွင့္ထားျပီး နယ္ေျမတခုနဲ႔ တခုေက်ာ္ျပီး ခရီးသြားလာခြင့္ေတြကုိ ပိတ္ပင္ထားဆဲျဖစ္ပါတယ္။
ဒီလိုကာလမွာ ေဆးရံုေဆးခန္းသြားဖို႔ အခက္အခဲျဖစ္ေနသူေတြကို ေရႊ႕ေျပာင္းအလုပ္သမားေရးလုပ္ေဆာင္ေနတဲ့ အဖဲြ႕အစည္းေတြက လိုက္လံကူညီခဲ့တာျဖစ္သလို အလုပ္လက္မဲ့ျဖစ္ျပိီး ေနရပ္ျပန္လို႔ မရခင္ စားေသာက္ေရးခက္ခဲေနတဲ့သူေတြကိုလည္း အကူညီေပးေနၾကရတယ္လို႔လည္း ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

ထိုင်းတောင်ပိုင်းက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် NGO တွေ ကျန်းမာရေးဆောင်ရွက်ပေး

[Unicode Version]

ထိုင်းတောင်ပိုင်းက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ရွှေ့ပြောင်းအလုပ်သမားရေး လုပ်နေတဲ့ NGO တွေက COVID-19 ကာလ အခြေခံကျန်းမာရေးစောင့်ရှောက်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေတဲ့အကြောင်း ပြောပြပါမယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ပြပေးပါမယ်။

ထိုင်းတောင်ပိုင်းမှာ ရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ COVID-19 အရေးပေါ်ကာလမှာ ဆေးရုံဆေးခန်းတွေ သွားလာဖို့ အခက်အခဲတွေရှိနေတာကြောင့် အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုတွေကို လူထုခေါင်းဆောင်တွေကနေတဆင့် ပြုလုပ်ပေးနေရတာဖြစ်ကြောင်း ပညာရေးနဲ့ ဖွံဖြိုးရေးဖောင်ဒေးရှင်းရဲ့ အလုပ်သမားရေးရာနဲ့ မှတ်တမ်းရေးရာတာဝန်ခံဦးမင်းဦးကပြောပါတယ်။

"အလုပ်သမားတွေဆိုတော့ ကြောက်ကြတယ်၊ စိုးရိမ်ကြတယ်။ ရိုးရိုးဖျားနာတာဆို အဲဒီလိုမျိုးဆို မသွားရဲဘူး။ ချောင်းဆိုးတာဆိုရင် ကိုဗစ်ပုံစံ ဝင်တာမျိုးဆိုပြီး မသွားရဲကြဘူး။ ချောင်းဆိုးရင် သူတို့ကို စောင့်ကြည့်စင်တာ ဝင်ရတာမျိုးတွေ လုပ်ရမယ်ဆိုရင် သူတို့ မသွားရဲကြဘူး။ နေထိုင်ဖို့တွေ၊ စားဖို့တွေ၊ အလုပ်အကိုင်ပျက်မှာ စိုးရိမ်ပြီး သူတို့ မသွားရဲကြဘူး။ အဲဒါဆိုရင် ကျနော်တို့ FED က ကျန်းမာရေးစောင့်ရှောက်မှုတွေ စလုပ်မယ်ဆိုပြီး လူထုခေါင်းဆောင်တွေဆီမှာ အခြေခံဆေးတွေကို ပေးထားတယ်။ ပတ်ဝန်းကျင်မှာ ရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဆေးရုံဆေးခန်းသွားဖို့ အခက်အခဲရှိတယ်ဆိုရင် အဲဒီမှာအကျိုးအကြောင်းပြောပြီး ဆေးတွေဘာတွေ သွားယူဖို့အတွက် ကျနော်တို့လုပ်ပေးတယ်။"

နယ်မြေဖြတ်သန်းခွင့်တွေ ကန့်သတ်ထားတာကြောင့်ရော လမ်းပန်းဆက်သွယ်ရေးတွေ မရှိတာကြောင့်ပါ။ ပုံမှန်ဆေးယူနေရတဲ့ ပုံမှန်ကျန်းမာရေး စစ်ဆေးနေရတဲ့ ရွှေ့ပြောင်းအလုပ်သမား နာတာရှည်ရောဂါသည်တွေမှာလည်း အခက်အခဲတွေရှိတယ်လို့ ဆိုပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မဖြစ်မနေ ဆေးရုံတွေကို ဆက်သွယ်ပြီး ချိတ်ဆက်ဆောင်ရွက်ပေးရတာတွေလည်း လုပ်ပေးရတယ်လို့လည်း ဆိုပါတယ်။

"နာတာရှည်ရောဂါမျိုးတွေ သွေးအဖြေ စစ်ဆေးရမဲ့ရောဂါမျိုးတွေ တီဘီလိုလူနာမျိုးတွေ ဆေးရုံကိုသွားဖို့အတွက် မသွားနိုင်ကြဘူး။ လိုင်းကားတွေလည်းမရှိဘူး ဆိုင်ကယ်တွေပဲ ရှိတော့ အဲဒီလိုမျိုးဆိုဆေးရုံတွေ ညှိနှိုင်းပြီးတော့ နီးစပ်တဲ့နေရာတွေမှာ လာယူဖို့အတွက် စည်းရုံးလှုပ်ရှားရတယ်။ ဆေးရုံဆေးခန်းတွေက ပုံမှန်ဆေးယူတဲ့သူတွေက လမ်းပန်းဆက်သွယ်ရေး ဝေးတယ်လေ။ သယ်ယူပို့ဆောင်ရေးတွေ မရှိဘူး။"

ထိုင်းနိုင်ငံမှာ COVID-19 အရေးပေါ်ကာလအတွင်း မေလဆန်းကစပြီး ဈေးတချို့ ပြန်ဖွင့်ပေးတာအပါအဝင် တခြားကန့်သတ်ချက်တချို့ကိုတော့ ဖြေလျော့ပေးခဲ့ပေမဲ့ ညမထွက်ရအမိန်နဲ့ နယ်မြေဖြတ်သန်းခွင့် ကန့်သတ်ချက်တွေကို မေလကုန်ထိ သက်တမ်းတိုးမြှင့်ထားပြီး နယ်မြေတခုနဲ့ တခုကျော်ပြီး ခရီးသွားလာခွင့်တွေကို ပိတ်ပင်ထားဆဲဖြစ်ပါတယ်။
ဒီလိုကာလမှာ ဆေးရုံဆေးခန်းသွားဖို့ အခက်အခဲဖြစ်နေသူတွေကို ရွှေ့ပြောင်းအလုပ်သမားရေးလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေက လိုက်လံကူညီခဲ့တာဖြစ်သလို အလုပ်လက်မဲ့ဖြစ်ပြီး နေရပ်ပြန်လို့ မရခင် စားသောက်ရေးခက်ခဲနေတဲ့သူတွေကိုလည်း အကူညီပေးနေကြရတယ်လို့လည်း ဆိုပါတယ်။

XS
SM
MD
LG