သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထုိင္း ထိန္းသိမ္းေရးစခန္းအတြင္း တရားမ၀င္ႏုိင္ငံျခားသား ကုိဗစ္ကူးေနသူေတြ ေတြ႔


မတ္လ ၂၃ ရက္ေန႔တုန္းက ထိုင္းႏိုင္ငံအတြင္းရွိ ႏိုင္ငံျခားသားအလုပ္သမားမ်ားကုိ COVID စစ္ေးဆစဥ္

(Zawgyi/Unicode)

ထိုင္းႏိုင္ငံ၊ ဆံုခလာခရိုင္ လ၀က ထိန္းသိမ္းေရးစင္တာမွာ ေမလ ၄ရက္က COVID-19 အတည္ျပဳပုိး ေတြ႔ရွိသူ ၁၈ဦးေတြ ့ရွိခဲ့ၿပီး သူတုိ႔ဟာ တရားမ၀င္ႏိုင္ငံျခားသားေတြျဖစ္တယ္လို႕ ထုိင္းက်န္းမာေရး၀န္ႀကီးဌာန COVID-19 အေျခအေနႀကီးၾကပ္ကြပ္ကဲေရး ဗဟိုဌာန CCSA က သတင္းစာရွင္းလင္းပဲြလုပ္ခဲ့ပါတယ္။ ဒီသတင္းကို ထုိင္း-ျမန္မာနယ္စပ္ကေန မ ေအးေအးမာ သတင္းေပးပို႔ထားပါတယ္။

ထိုင္းေတာင္ပိုင္း၊ ဆုန္ခလာခရိုင္ လူ၀င္မႈႀကီးၾကပ္ေရး စင္တာ မွာ ထိန္းသိမ္းထားသူေတြထဲက COVID-19 အတည္ျပဳပုိးေတြ ့ရွိသူ ၁၈ ဦး ရွိခဲ့ေၾကာင္း ထုိင္းက်န္းမာေရး ၀န္ႀကီးဌာန COVID-19 အေျခအေန ႀကီးၾကပ္ကြပ္ကဲေရး ဗဟိုဌာန CCSA ရဲ ႔ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာ Taweesin Wisanuyothin အခုလို ေျပာသြားပါတယ္။

“ဒီေန႔ ပိုးေတြ႔ ရွိသူ ၁၈ေယာက္အားလံုးက တရားမ၀င္ ႏိုင္ငံျခားသားေတြျဖစ္ပါတယ္။ သူတို႔ဟာ ဆံုခလာခရိုင္ စေဒါင္လ၀က ထိန္းသိမ္းေရး စခန္းမွာေနၾကတဲ့သူေတြ ျဖစ္တယ္ ။ အားလံုးက မိန္းကေလး ၁၇ေယာက္ျဖစ္ျပီး သူတို႔ အသက္ေတြက ၁၃ ႏွစ္ကေန ၂၂ၾကားျဖစ္ပါတယ္။ ေနာက္တဦးကေတာ့ ၁၀ႏွစ္သားအရြယ္ ေယာက်ာၤးေလးတဦး ျဖစ္တယ္” ဆိုၿပီး ထုိင္းဘာသာနဲ႔ ေျပာဆုိသြားတာပါ။

သတင္းစာရွင္းလင္းပဲြမွာ ေဒါက္တာထ၀ီဆင္ ေျပာသြားတာကေတာ့ ေမလ ၄ ရက္ေန႔မွာ ကုိရုိနာ ဗုိင္းရပ္စ္ပုိး ေတြ ့သူေတြဟာ တရားမ၀င္ နိုင္ငံျခားသား ေတြျဖစ္ေပမယ့္ လူသားခ်င္း စာနာမူနဲ႔ သူတို႔ေတြကုိ ေဆးကုသေေပးမွာျဖစ္ေၾကာင္း ေျပာဆိုသြားပါတယ္။

ထိုင္းႏိုင္ငံဆုိင္ရာ သတင္းေတြမွာေတာ့ ဆံုခလာခရိုင္ထိန္းသိမ္းေရးစင္တာမွာ တရားမ၀င္ ႏိုင္ငံျခားသား လူ၁၀၀ေက်ာ္ရွိတဲ့အေၾကာင္းနဲ့ အမ်ားစုကေတာ့ ရုိဟင္ဂ်ာေတြျဖစ္တယ္လို႔လည္း ဆိုပါတယ္။ အခုပုိးေတြ ့ရွိသူေတြထဲဟာလည္း ရိုဟင္ဂ်ာေတြ ျဖစ္တယ္လို႔ ဆိုပါတယ္။

အခုအခါမွာ ဆံုခလာလ၀က ထိန္းသိမ္းေရးစင္တာရဲ ့အထပ္နွစ္ အမ်ိဳးသမီး အေဆာင္ကုိေတာ့ ကိုဗစ္လူနာ ေစာင့္ၾကည့္ေရးေနရာအျဖစ္ ထားၿပီး ဆရာ၀န္ေတြ က်န္းမာေရး၀န္ထမ္းေတြက လူနာေတြ ရဲ ့အေျခအေနကို ေစာင့္ၾကည့္ စစ္ေဆးေပးေနၾကပါတယ္။ အဲဒီထဲက အေျခအေန ဆိုးလာတဲ့ သူေတြကိုေတာ့ ဟတ္ယိုင္ေဆးရံုကို အေရးေပၚပို ့ေဆာင္ေပးခဲ့ပါတယ္။ လတ္တေလာမွာေတာ့ ေရာဂါပိုးမေတြ ့ေသးသူေတြကုိ ခြဲ ထုတ္ၿပီး ေနရာေျပာင္းေရြ ့ေပးေနၾကပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက အေပၚဆံုးထပ္မွာ ထိန္းသိမ္ထားတဲ့ အမ်ိဳးသားေတြထဲက ႏိုင္ငံျခားသား ၄၂ ေယာက္မွာ ကုိဗစ္ ၁၉ ပုိးေတြ ့ရွိခဲ့ၿပီး ဒီထဲမွာျမန္မာႏို္င္ငံသား ၃၄ ေယာက္ပါ၀င္တာပါ။ ဒီစင္တာမွာ ၀န္ထမ္း ၅ဦိးလည္း ကူးစက္ခံထားရၿပီး ၀န္ထမ္း၁၀၀ေက်ာ္ကေတာ့ ေစာင့္ၾကည့္ေရး စင္တာေတြကိုပုိ႔ထားရပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

ထိုင်း ထိန်းသိမ်းရေးစခန်းအတွင်း တရားမဝင်နိုင်ငံခြားသား ကိုဗစ်ကူးနေသူတွေ တွေ့
(Unicode)

ထိုင်းနိုင်ငံ၊ ဆုံခလာခရိုင် လဝက ထိန်းသိမ်းရေးစင်တာမှာ မေလ ၄ရက်က COVID-19 အတည်ပြုပိုး တွေ့ရှိသူ ၁၈ဦးတွေ့ရှိခဲ့ပြီး သူတို့ဟာ တရားမဝင်နိုင်ငံခြားသားတွေဖြစ်တယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာန COVID-19 အခြေအနေကြီးကြပ်ကွပ်ကဲရေး ဗဟိုဌာန CCSA က သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။ ဒီသတင်းကို ထိုင်း-မြန်မာနယ်စပ်ကနေ မ အေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းတောင်ပိုင်း၊ ဆုန်ခလာခရိုင် လူဝင်မှုကြီးကြပ်ရေး စင်တာ မှာ ထိန်းသိမ်းထားသူတွေထဲက COVID-19 အတည်ပြုပိုးတွေ့ရှိသူ ၁၈ ဦး ရှိခဲ့ကြောင်း ထိုင်းကျန်းမာရေး ဝန်ကြီးဌာန COVID-19 အခြေအနေ ကြီးကြပ်ကွပ်ကဲရေး ဗဟိုဌာန CCSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ Taweesin Wisanuyothin အခုလို ပြောသွားပါတယ်။

“ဒီနေ့ ပိုးတွေ့ ရှိသူ ၁၈ယောက်အားလုံးက တရားမဝင် နိုင်ငံခြားသားတွေဖြစ်ပါတယ်။ သူတို့ဟာ ဆုံခလာခရိုင် စဒေါင်လဝက ထိန်းသိမ်းရေး စခန်းမှာနေကြတဲ့သူတွေ ဖြစ်တယ် ။ အားလုံးက မိန်းကလေး ၁၇ယောက်ဖြစ်ပြီး သူတို့ အသက်တွေက ၁၃ နှစ်ကနေ ၂၂ကြားဖြစ်ပါတယ်။ နောက်တဦးကတော့ ၁၀နှစ်သားအရွယ် ယောကျာၤးလေးတဦး ဖြစ်တယ်” ဆိုပြီး ထိုင်းဘာသာနဲ့ ပြောဆိုသွားတာပါ။

သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာထဝီဆင် ပြောသွားတာကတော့ မေလ ၄ ရက်နေ့မှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့သူတွေဟာ တရားမဝင် နိုင်ငံခြားသား တွေဖြစ်ပေမယ့် လူသားချင်း စာနာမူနဲ့ သူတို့တွေကို ဆေးကုသေပေးမှာဖြစ်ကြောင်း ပြောဆိုသွားပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ သတင်းတွေမှာတော့ ဆုံခလာခရိုင်ထိန်းသိမ်းရေးစင်တာမှာ တရားမဝင် နိုင်ငံခြားသား လူ၁၀၀ကျော်ရှိတဲ့အကြောင်းနဲ့ အများစုကတော့ ရိုဟင်ဂျာတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။ အခုပိုးတွေ့ရှိသူတွေထဲဟာလည်း ရိုဟင်ဂျာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုအခါမှာ ဆုံခလာလဝက ထိန်းသိမ်းရေးစင်တာရဲ့အထပ်နှစ် အမျိုးသမီး အဆောင်ကိုတော့ ကိုဗစ်လူနာ စောင့်ကြည့်ရေးနေရာအဖြစ် ထားပြီး ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေက လူနာတွေ ရဲ့အခြေအနေကို စောင့်ကြည့် စစ်ဆေးပေးနေကြပါတယ်။ အဲဒီထဲက အခြေအနေ ဆိုးလာတဲ့ သူတွေကိုတော့ ဟတ်ယိုင်ဆေးရုံကို အရေးပေါ်ပို့ဆောင်ပေးခဲ့ပါတယ်။ လတ်တလောမှာတော့ ရောဂါပိုးမတွေ့သေးသူတွေကို ခွဲ ထုတ်ပြီး နေရာပြောင်းရွေ့ပေးနေကြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အပေါ်ဆုံးထပ်မှာ ထိန်းသိမ်ထားတဲ့ အမျိုးသားတွေထဲက နိုင်ငံခြားသား ၄၂ ယောက်မှာ ကိုဗစ် ၁၉ ပိုးတွေ့ရှိခဲ့ပြီး ဒီထဲမှာမြန်မာနိုင်ငံသား ၃၄ ယောက်ပါဝင်တာပါ။ ဒီစင်တာမှာ ဝန်ထမ်း ၅ဦိးလည်း ကူးစက်ခံထားရပြီး ဝန်ထမ်း၁၀၀ကျော်ကတော့ စောင့်ကြည့်ရေး စင်တာတွေကိုပို့ထားရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG