သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္း-ျမန္မာနယ္စပ္ ျပန္ဖြင့္ဖို႔ ႏွစ္ဘက္ ညွိႏိႈင္းေနၿပီ


ထိုင္း - ျမန္မာနယ္စပ္ မဲေဆာက္ခရိုင္ စစ္ေဆးေရးဂိတ္အနီး အမ်ိဳးသားတဦး ဆိုင္ကယ္နဲ႔ ျဖတ္သန္းသြားလာတဲ့ ျမင္ကြင္း (ေဖေဖာ္၀ါရီ ၁၂၊ ၂၀၀၁)

(Zawgyi/Unicode)

COVID-19 ကမာၻ႔ကပ္ေရာဂါအေျခအေနေၾကာင့္ အခ်ိန္အေတာ္ၾကာပိတ္ထားရတဲ့ ထိုင္း - ျမန္မာနယ္စပ္ကို ဘယ္လိုျပန္ဖြင့္မလဲဆိုတာ ႏွစ္ဘက္အာဏာပိုင္ေတြ ညႇိႏႈိင္းေနတဲ့သတင္းကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက တင္ဆက္ေပးပါမယ္။

ႏွစ္ဘက္ ဝင္ေပါက္ထြက္ေပါက္ေတြ ပိတ္ထားရတဲ့အတြက္ ေနရပ္ျပန္ျမန္မာေတြအခက္အခဲရွိသလို၊ ထိုင္းႏိုင္ငံကို အလုပ္သြားလုပ္မယ့္သူေတြလည္း အခက္ႀကဳံေနရပါတယ္။ ထိုင္းဘက္ကရွိတဲ့ စက္႐ုံ၊ အလုပ္႐ုံေတြ ျပန္လည္ပတ္ႏိုင္ဖို႔ နယ္စပ္ကို အကန႔္အသတ္နဲ႔ ျပန္ဖြင့္ေရး ႏွစ္ဘက္တိုင္ပင္ေဆြးေႏြးေနၾကတယ္လို႔ ကရင္ျပည္နယ္ ျမဝတီခ႐ိုင္အုပ္ခ်ဳပ္ေရးမူးဦးေတဇာေအာင္က VOA ကို ေျပာပါတယ္။

"စက္႐ုံ၊ အလုပ္႐ုံေတြက ကာဖ်ဴး(ညမထြက္ရအမိန႔္)ေၾကာင့္ အိုဗာတိုင္ေတြ မဆင္းႏိုင္တာကိုး ၆ လပိုင္း ၁ ရက္ေန႔ ေနာက္ပိုင္း ထိန္းသြားႏိုင္ခဲ့ရင္ ကာဖ်ဴးမထုတ္ေတာ့ရင္ စက္႐ုံ၊ အလုပ္႐ုံေတြက အဆိုင္းမန႔္ေတြ ရွိလာေတာ့မွာပဲ အဲဒီက်ရင္ ရပ္ထားတဲ့ ျမန္မာ MOU ေတြ ရပ္ထားတာ ရွိတာကိုး။ အဲဒီက်ရင္ ရပ္ထားတဲ့ MOU ကို ျပန္ဖြင့္ဖို႔ရွိတယ္။ ကိန္းဂဏန္းအရေတာ့ ၆၀,၀၀၀ ေက်ာ္ရွိတယ္ ႏွစ္ဘက္စာခ်ဳပ္ခ်ဳပ္ထားတာကိုး။ အဲဒီက်ရင္က်ေနာ္တို ဘက္ကို ဝင္တာထက္စာရင္ ထိုင္းဘက္ကို ဝင္တဲ့မ်ားမွာ ကိုး ဒါေၾကာင့္မို႔ခ်စ္ၾကည္ေရးတံတား(၂) BCF (border control facilities) ဇုန္ ရွိတဲ့ဘက္က စဥ္းစားထားတယ္။ ေနာက္ၿပီးေတာ့ အဝင္ကေတာ့ အနည္းအပါးရွိမွာေပါ့။ အဝင္အထြက္မွာ က်ေနာ္တို႔ ႏိုင္ငံဘက္က ထိုင္းႏိုင္ငံဘက္က ဝင္တာမ်ားၿပီး ထိုင္းက ျမန္မာဘက္က ဝင္မွာ နည္းမယ္ကိုး။ လုပ္ငန္းစဥ္ကို အဆင္ေျပေအာင္ တံတား ၁ ကေတာ့ အဝင္ေပါ့၊ တံတား ၂ ကေတာ့ ထိုင္းဘက္ကို ဝင္မွာေပါ့။"

ထိုင္းႏိုင္ငံမွာလည္း ေရာဂါပိုးေတြ႕ရွိသူ တျဖည္းျဖည္း နည္းလာတဲ့အတြက္ စီးပြားေရးလုပ္ငန္းေတြ ျပန္စႏိုင္ဖို႔အတြက္ အားယူေနၾကတာပါ။ ဒီအတြက္ အလုပ္အကိုင္ အခြင့္အလမ္းေၾကာင့္ ထိုင္းကို ထြက္လာၾကသူေတြအတြက္ အဆင္ေျပေအာင္ ႏွစ္ဘက္အာဏာပိုင္ေတြညႇိႏႈိင္းၿပီး လုပ္ေဆာင္ေနၾကတယ္လို႔လည္း ဦးေတဇာေအာင္ကေျပာပါတယ္။

"ေလာေလာဆယ္ေတာ့ တံတားဖြင့္တယ္ဆိုတာထက္ က်ေနာ္တို႔က ထိန္းထားၿပီး အလုပ္အကိုင္အခြင့္အလမ္းေတြ ရေအာင္ သြားတယ္။ အလုပ္သမားေတြ ျပန္တာထက္ လုပ္ငန္းခြင္ဝင္ႏိုင္ေအာင္ စဥ္းစားတာေပါ့။ ဒီထက္ပိုထိန္းႏိုင္ရင္ Boder Pass ကေန တဆင့္ခ်င္းကိစၥေတြ ပါသြားမယ္။ ႏွစ္ဘက္လုံးကို ျပန္ၾကည့္ရမယ္။ တဘက္တည္းေတာ့ ၾကည့္မရဘူး။ ႏွစ္ဘက္လုံး ထိန္းသြားႏိုင္ၿပီဆိုရင္ေတာ့ အားလုံးေမွ်ာ္လင့္သလိုျဖစ္လာမွာေပါ့။"

ထိုင္းႏိုင္ငံမွာ ျမန္မာအလုပ္သမား ၃,၀၀၀,၀၀၀ ထက္မနည္း အလုပ္လုပ္ကိုင္ေနၾကတာ ျဖစ္ၿပီး ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ၿပီး အလုပ္လက္မဲ့ျဖစ္သူက သိန္းဂဏန္းေလာက္ရွိေနတာပါ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်း-မြန်မာနယ်စပ် ပြန်ဖွင့်ဖို့ နှစ်ဘက် ညှိနှိုင်းနေပြီ

COVID-19 ကမ္ဘာ့ကပ်ရောဂါအခြေအနေကြောင့် အချိန်အတော်ကြာပိတ်ထားရတဲ့ ထိုင်း - မြန်မာနယ်စပ်ကို ဘယ်လိုပြန်ဖွင့်မလဲဆိုတာ နှစ်ဘက်အာဏာပိုင်တွေ ညှိနှိုင်းနေတဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက တင်ဆက်ပေးပါမယ်။

နှစ်ဘက် ဝင်ပေါက်ထွက်ပေါက်တွေ ပိတ်ထားရတဲ့အတွက် နေရပ်ပြန်မြန်မာတွေအခက်အခဲရှိသလို၊ ထိုင်းနိုင်ငံကို အလုပ်သွားလုပ်မယ့်သူတွေလည်း အခက်ကြုံနေရပါတယ်။ ထိုင်းဘက်ကရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေ ပြန်လည်ပတ်နိုင်ဖို့ နယ်စပ်ကို အကန့်အသတ်နဲ့ ပြန်ဖွင့်ရေး နှစ်ဘက်တိုင်ပင်ဆွေးနွေးနေကြတယ်လို့ ကရင်ပြည်နယ် မြဝတီခရိုင်အုပ်ချုပ်ရေးမူးဦးတေဇာအောင်က VOA ကို ပြောပါတယ်။

"စက်ရုံ၊ အလုပ်ရုံတွေက ကာဖျူး(ညမထွက်ရအမိန့်)ကြောင့် အိုဗာတိုင်တွေ မဆင်းနိုင်တာကိုး ၆ လပိုင်း ၁ ရက်နေ့ နောက်ပိုင်း ထိန်းသွားနိုင်ခဲ့ရင် ကာဖျူးမထုတ်တော့ရင် စက်ရုံ၊ အလုပ်ရုံတွေက အဆိုင်းမန့်တွေ ရှိလာတော့မှာပဲ အဲဒီကျရင် ရပ်ထားတဲ့ မြန်မာ MOU တွေ ရပ်ထားတာ ရှိတာကိုး။ အဲဒီကျရင် ရပ်ထားတဲ့ MOU ကို ပြန်ဖွင့်ဖို့ရှိတယ်။ ကိန်းဂဏန်းအရတော့ ၆၀,၀၀၀ ကျော်ရှိတယ် နှစ်ဘက်စာချုပ်ချုပ်ထားတာကိုး။ အဲဒီကျရင်ကျနော်တို ဘက်ကို ဝင်တာထက်စာရင် ထိုင်းဘက်ကို ဝင်တဲ့များမှာ ကိုး ဒါကြောင့်မို့ချစ်ကြည်ရေးတံတား(၂) BCF (border control facilities) ဇုန် ရှိတဲ့ဘက်က စဉ်းစားထားတယ်။ နောက်ပြီးတော့ အဝင်ကတော့ အနည်းအပါးရှိမှာပေါ့။ ဝင်အထွက်မှာ ကျနော်တို့ နိုင်ငံဘက်က ထိုင်းနိုင်ငံဘက်က ဝင်တာများပြီး ထိုင်းက မြန်မာဘက်က ဝင်မှာ နည်းမယ်ကိုး လုပ်ငန်းစဉ်ကို အဆင်ပြေအောင် တံတား ၁ ကတော့ အဝင်ပေါ့၊ တံတား ၂ ကတော့ ထိုင်းဘက်ကို ဝင်မှာပေါ့။"

ထိုင်းနိုင်ငံမှာလည်း ရောဂါပိုးတွေ့ရှိသူ တဖြည်းဖြည်း နည်းလာတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေ ပြန်စနိုင်ဖို့အတွက် အားယူနေကြတာပါ။ ဒီအတွက် အလုပ်အကိုင် အခွင့်အလမ်းကြောင့် ထိုင်းကို ထွက်လာကြသူတွေအတွက် အဆင်ပြေအောင် နှစ်ဘက်အာဏာပိုင်တွေညှိနှိုင်းပြီး လုပ်ဆောင်နေကြတယ်လို့လည်း ဦးတေဇာအောင်ကပြောပါတယ်။

"လောလောဆယ်တော့ တံတားဖွင့်တယ်ဆိုတာထက် ကျနော်တို့က ထိန်းထားပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ရအောင် သွားတယ်။ အလုပ်သမားတွေ ပြန်တာထက် လုပ်ငန်းခွင်ဝင်နိုင်အောင် စဉ်းစားတာပေါ့။ ဒီထက်ပိုထိန်းနိုင်ရင် Boder Pass ကနေ တဆင့်ချင်းကိစ္စတွေ ပါသွားမယ်။ နှစ်ဘက်လုံးကို ပြန်ကြည့်ရမယ်။ တဘက်တည်းတော့ ကြည့်မရဘူး။ နှစ်ဘက်လုံး ထိန်းသွားနိုင်ပြီဆိုရင်တော့ အားလုံးမျှော်လင့်သလိုဖြစ်လာမှာပေါ့။"

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၃,၀၀၀,၀၀၀ ထက်မနည်း အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပြီး အလုပ်လက်မဲ့ဖြစ်သူက သိန်းဂဏန်းလောက်ရှိနေတာပါ။

XS
SM
MD
LG