သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထုိင္းမွာ ကုိဗစ္ေၾကာင့္ အလုပ္ျပဳတ္တဲ့ ျမန္မာအလုပ္သမားေတြ ေနရပ္ျပန္ဖုိ႔ အခက္ေတြ႔


ထုိင္းႏိုင္ငံက ႏိုင္ငံျခားသား အလုပ္သမားမ်ား

(Zawgyi/Unicode)

ထိုင္းႏို္င္ငံမွာ အလုပ္လက္မဲ့ျဖစ္ၿပီး ေနရပ္ျပန္လို႔ မရၾကေသးတဲ့ ျမန္မာအလုပ္သမားေသာင္းဂဏန္းေလာက္ ထုိင္းေတာင္ပုိင္းမွာ အခက္အခဲေတြႀကံဳေတြ႔ေနတဲ့ သတင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက ေျပာျပေပးပါမယ္။

ထိုင္းႏိုင္ငံမွာ COVID-19 အေရးေပၚကာလအတြင္း လူစုလူေ၀းေတြနဲ႔ အလုပ္လုပ္ခြင့္မရတ့ဲအေျခအေန၊ စက္ရံုေတြ ကုန္ၾကမ္းျပတ္တဲ့ အေျခအေန၊ ကုန္ေခ်ာတင္ပို႔မယ့္ ေစ်းကြက္ပ်က္တဲ့အေျခေနေတြေၾကာင့္ အလုပ္ရံု စက္ရံုေတြ ရပ္နားရၿပီး အလုပ္လက္မဲ့ျဖစ္ေနတဲ့ ျမန္မာႏိုင္ငံအလုပ္သမားေတြ ေနရပ္ျပန္ႏိုင္ဖို႔ လြန္ခဲ့တဲ့ ႏွစ္လေလာက္ကစၿပီး စီစဥ္ေနပါတယ္။ ဒါေပမဲ့လည္း ျမန္မာဘက္ျခမ္းမွာ သူတို႔ကိုသီးသန္႔ထားမယ့္ ေစာင့္ၾကည့္ေနရာေတြအဆင္သင့္မျဖစ္တာနဲ႔ အခုေနာက္ဆံုး ထိုင္းအစိုးရဘက္က ခရီးသြားလာခြင့္ ကန္႔သတ္တဲ့ အေရးေပၚအမိန္႔ေတြေၾကာင့္ ေနရပ္မျပန္ႏိုင္ၾကတဲ့ ျမန္မာေတြ ထိုင္းမွာ ေသာင္းဂဏန္းခ်ီရိွေနပါတယ္။

ထုိင္းေတာင္ပုိင္းမွာေတာ့ ေသာင္းဂဏန္းရွိတဲ့ ျမန္မာေတြ ဒုကၡေရာက္ေနေၾကာင္း ထုိင္းေတာင္ပုိင္း အေျခစိုက္ပညာေရးနဲ႔ ဖံြ႔ၿဖိဳးေရးေဖာင္ေဒးရွင္းရဲ႕ အလုပ္သမားေရးရာနဲ႔ မွတ္တမ္းေရးရာ တာ၀န္ခံဦးမင္းဦးက ေျပာပါတယ္။

"အလုပ္သမားညႊန္ၾကားေရးမွဴးက ထုတ္ျပန္ခ်က္ထုတ္ထားတယ္။ စိုးရိမ္စရာေကာင္းတဲ့
ေရာဂါကူးစက္မႈ ျဖစ္ႏိုင္တဲ့ စုိးရိမ္စရာေကာင္းတဲ့ ခရိုင္ ၁၀ ခုကို ထုတ္ျပန္ထားတယ္။ နံပတ္ ၁ က စမုတ္ပါရာကန္နဲ႔ က်ေနာ္တို႔ ဖန္ငလည္းပါတယ္။ အာလံုးခရိုင္ ၁၀ ခုပါတယ္။ အဲဒီ က်ေနာ္တုိ႔ ဖန္ငဆို ၆,၉၀၀ ေက်ာ္ပါတယ္။ ထုတ္ျပန္ထားတဲ့ခရိုင္ေတြမွာေတာ့ စုိက္ပ်ိဳးေရးနဲ႔ ေမြးျမဴေရးလုပ္ငန္းနဲ႔ ေရလုပ္ငန္းေတြလည္း ပါတယ္။ အစားအေသာက္ေရာင္းတဲ့လုပ္ငန္း တခ်ိဳ႕ပါကင္ထုတ္တဲ့လုပ္ငန္းေတြက အလုပ္သမားေတြပါတယ္။ ျပီးခဲ့တဲ့အပတ္က က်ေနာ္တို႔ ခရိုင္ကဆို လူမႈဖူလံုေရးေၾကးရဖို႔ စာတင္ထားတယ္။ အဲဒီမွာေတာ့ ၈,၀၀၀ ေက်ာ္ရွိတယ္။ ထုိင္းေရာ၊ ျမန္မာေရာေပါ့ ဒုကၡအေရာက္ဆံုးက။ ေဆာက္လုပ္ေရးဆုိဒ္ေတြ၊ ဟုိတယ္ လုပ္ငန္းေတြ ခရီးသြားလုပ္ငန္းနဲ႔ ပတ္သက္တဲ့ေနရာေတြလည္း ပါတယ္။"

ကမ္ဖယ္ခရိုင္က အခ်ဳပ္မွာ ဖမ္ဆီးခံေနရတဲ့ MOU နဲ့လာတဲ့ ျမန္မာအလုပ္သမားမ်ား
ကမ္ဖယ္ခရိုင္က အခ်ဳပ္မွာ ဖမ္ဆီးခံေနရတဲ့ MOU နဲ့လာတဲ့ ျမန္မာအလုပ္သမားမ်ား




အခုဆိုရင္ ဟြာဟင္ဆိုတဲ့ေနရာမွာေတာ့ အလုပ္သမားေတြ စားေသာက္စရာပါ အခက္အခဲရွိတာမို႔ နီးစပ္ရာ အစိုးရမဟုတ္တဲ့ အဖဲြ႔အစည္းေတြက သြားေရာက္ကူညီေပးခဲ့ရပါတယ္။ ထုိင္းေတာင္ပုိင္းက ေနရာအေတာ္မ်ားမ်ားမွာ ဒီလိုျပႆနာေတြကိုု ႀကံဳေနရတာေၾကာင့္ ေနရပ္ျပန္ခ်င္သူမ်ားလာျပီး နယ္စပ္ေတြ ျပန္မဖြင့္ေသးတာေၾကာင့္လည္း အခက္အခဲေတြျဖစ္ေနရတယ္လို႔လည္း ဦးမင္းဦးက ဆုိပါတယ္။

"ဒုကၡေရာက္ေနတဲ့ ဟြာဟင္ ဆိုတဲ့ေနရာမွာေတာ့ လူ ၈၀၀ ေလာက္ရွိတယ္။ က်န္တဲ့ေနရာေတြလည္း ရွိတာပဲ။ ကမၻာလွည့္ခရီးသြားနဲ႔ အလုပ္လုပ္ကုိင္ စားေသာက္ေနတဲ့ေနရာေတြမွာ ပိုဆုိးတယ္။ က်ေနာ္တို႔ဆီကိုလည္း ျပႆနာျဖစ္တာေတြကုိ အကူညီေတာင္းတယ္။ စားစရာေသာက္စရာေတြ ခက္ခဲေနတယ္။ ေကာ့စေမြကြ်န္းမွာလည္း ပန္းရံဆုိဒ္ေတြက လူ ၅၀၀ ေလာက္က အကူညီေတာင္းတယ္။ ဖူးခက္ဆိုရင္လည္း သႀကၤန္မတိုင္ခင္ကတည္းက ျဖစ္ေနၾကတာ အထူးသျဖင့္ ေနစရိတ္က ခက္ေနတယ္။ ျမန္မာျပည္ျပန္ခ်င္တယ္ဆုိတာလည္း အဲဒါေတြေၾကာင့္ပါပဲ။"

ျမန္မာအလုပ္သမားေတြ မတ္လေလာက္ကစလို ့ အလုပ္အကုိင္ အဆင္မေျပ ေနစရာ မရိွလို ့ေနရပ္ျပန္ေနၾကေပမဲ့လည္း ျမန္မာဘက္က တလၾကာ ယာယီနယ္စပ္တံတားေတြ ပိတ္လိုက္ပါတယ္။ ေနာက္ပိုင္း ျမန္မာဘက္က ေမလမွာ ျပန္ဖြင့္ေပမဲ့လည္း ထုိင္းက အေရးေပၚအမိန္႔ေၾကာင့္ နယ္ေျမတခုနဲ႔ တခု ျဖတ္သန္းသြားလာဖို႔ ကန္႔သတ္ခ်က္ကို ေမလကုန္ထိ ထပ္ပိတ္ထား ျပန္ပါတယ္။

ေမလလည္ကစျပီး နယ္ေျမကို ျဖတ္သန္းသြားလာလို႔ ရတဲ့ထိုင္းဘက္က ကားဂိတ္တခ်ိဳ႕ ျပန္ဖြင့္ေပမဲ့လည္း ထုိင္းႏိုင္ငံသားေတြအတြက္သာျဖစ္ျပီး ျမန္မာအပါအ၀င္ ႏုိင္ငံျခားသားေတြ နယ္ေျမေက်ာ္ျပီး ခရီးသြားလာခြင့္ မရၾကေသးပါဘူး။ ဒီအတြက္ ကုိ္ယ္ပုိင္ကားငယ္ေတြကုိ ဌားျပီးလာၾကတဲ့ ျမန္မာေတြလည္း လမ္းတ၀က္မွာတင္ ဖမ္းဆီးခံထားရပါတယ္။

တိုက္႐ိုက္ လင့္ခ္


[Unicode Version]

ထိုင်းမှာကိုဗစ်ကြောင့် အလုပ်ပြုတ်တဲ့ မြန်မာအလုပ်သမားတွေ နေရပ်ပြန်ဖို့ အခက်တွေ့

ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ဖြစ်ပြီး နေရပ်ပြန်လို့ မရကြသေးတဲ့ မြန်မာအလုပ်သမားသောင်းဂဏန်းလောက် ထိုင်းတောင်ပိုင်းမှာ အခက်အခဲတွေကြုံတွေ့နေတဲ့ သတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ပြောပြပေးပါမယ်။

ထိုင်းနိုင်ငံမှာ COVID-19 အရေးပေါ်ကာလအတွင်း လူစုလူဝေးတွေနဲ့ အလုပ်လုပ်ခွင့်မရတဲ့အခြေအနေ၊ စက်ရုံတွေ ကုန်ကြမ်းပြတ်တဲ့ အခြေအနေ၊ ကုန်ချောတင်ပို့မယ့် ဈေးကွက်ပျက်တဲ့အခြေနေတွေကြောင့် အလုပ်ရုံစက်ရုံတွေ ရပ်နားရပြီး အလုပ်လက်မဲ့ဖြစ်နေတဲ့ မြန်မာနိုင်ငံအလုပ်သမားတွေ နေရပ်ပြန်နိုင်ဖို့ လွန်ခဲ့တဲ့ နှစ်လလောက်ကစပြီး စီစဉ်နေပါတယ်။ ဒါပေမဲ့လည်း မြန်မာဘက်ခြမ်းမှာ သူတို့ကိုသီးသန့်ထားမယ့် စောင့်ကြည့်နေရာတွေ အဆင်သင့်မဖြစ်တာနဲ့ အခုနောက်ဆုံး ထိုင်းအစိုးရဘက်က ခရီးသွားလာခွင့် ကန့်သတ်တဲ့ အရေးပေါ်အမိန့်တွေကြောင့် နေရပ်မပြန်နိုင်ကြတဲ့ မြန်မာတွေ ထိုင်းမှာ သောင်းဂဏန်းချီရှိနေပါတယ်။

ထိုင်းတောင်ပိုင်းမှာတော့ သောင်းဂဏန်းရှိတဲ့ မြန်မာတွေ ဒုက္ခရောက်နေကြောင်း ထိုင်းတောင်ပိုင်း အခြေစိုက်ပညာရေးနဲ့ ဖွံဖြိုးရေးဖောင်ဒေးရှင်းရဲ့ အလုပ်သမားရေးရာနဲ့ မှတ်တမ်းရေးရာ တာဝန်ခံဦးမင်းဦးက ပြောပါတယ်။

"အလုပ်သမားညွှန်ကြားရေးမှူးက ထုတ်ပြန်ချက်ထုတ်ထားတယ်။ စိုးရိမ်စရာကောင်းတဲ့
ရောဂါကူးစက်မှု ဖြစ်နိုင်တဲ့ စိုးရိမ်စရာကောင်းတဲ့ ခရိုင် ၁၀ ခုကို ထုတ်ပြန်ထားတယ်။ နံပါတ် ၁ က စမုတ်ပါရာကန်နဲ့ ကျနော်တို့ ဖန်ငလည်းပါတယ်။ အာလုံးခရိုင် ၁၀ ခုပါတယ်။ အဲဒီ ကျနော်တို့ ဖန်ငဆို ၆,၉၀၀ ကျော်ပါတယ်။ ထုတ်ပြန်ထားတဲ့ခရိုင်တွေမှာတော့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းနဲ့ ရေလုပ်ငန်းတွေလည်းပါတယ်။ အစားအသောက်ရောင်းတဲ့လုပ်ငန်း တချို့ပါကင်ထုတ်တဲ့လုပ်ငန်းတွေက အလုပ်သမားတွေပါတယ်။ ပြီးခဲ့တဲ့အပတ်က ကျနော်တို့ ခရိုင်ကဆို လူမှုဖူလုံရေးကြေးရဖို့ စာတင်ထားတယ်။ အဲဒီမှာတော့ ၈,၀၀၀ ကျော်ရှိတယ်။ ထိုင်းရော၊ မြန်မာရောပေါ့ ဒုက္ခအရောက်ဆုံးက။ ဆောက်လုပ်ရေးဆိုဒ်တွေ၊ ဟိုတယ် လုပ်ငန်းတွေ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့နေရာတွေလည်း ပါတယ်။"

အခုဆိုရင် ဟွာဟင်ဆိုတဲ့နေရာမှာတော့ အလုပ်သမားတွေ စားသောက်စရာပါ အခက်အခဲရှိတာမို့ နီးစပ်ရာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက သွားရောက်ကူညီပေးခဲ့ရပါတယ်။ ထိုင်းတောင်ပိုင်းက နေရာအတော်များများမှာ ဒီလိုပြဿနာတွေကို ကြုံနေရတာကြောင့် နေရပ်ပြန်ချင်သူများလာပြီး နယ်စပ်တွေ ပြန်မဖွင့်သေးတာကြောင့်လည်း အခက်အခဲတွေဖြစ်နေရတယ်လို့လည်း ဦးမင်းဦးက ဆိုပါတယ်။

"ဒုက္ခရောက်နေတဲ့ ဟွာဟင်ဆိုတဲ့နေရာမှာတော့ လူ ၈၀၀ လောက်ရှိတယ်။ ကျန်တဲ့နေရာတွေလည်း ရှိတာပဲ။ ကမ္ဘာလှည့်ခရီးသွားနဲ့ အလုပ်လုပ်ကိုင် စားသောက်နေတဲ့နေရာတွေမှာ ပိုဆိုးတယ်။ ကျနော်တို့ဆီကိုလည်း ပြဿနာဖြစ်တာတွေကို အကူညီတောင်းတယ်။စားစရာသောက်စရာတွေ ခက်ခဲနေတယ်။ ကော့စမွေကျွန်းမှာလည်း ပန်းရံဆိုဒ်တွေက လူ ၅၀၀ လောက်က အကူညီတောင်းတယ်။ ဖူးခက်ဆိုရင်လည်း သင်္ကြန်မတိုင်ခင်ကတည်းက ဖြစ်နေကြတာ အထူးသဖြင့် နေစရိတ်က ခက်နေတယ်။ မြန်မာပြည်ပြန်ချင်တယ်ဆိုတာလည်း အဲဒါတွေကြောင့်ပါပဲ။"

မြန်မာအလုပ်သမားတွေ မတ်လလောက်ကစလို့ အလုပ်အကိုင် အဆင်မပြေ နေစရာ မရှိလို ့နေရပ်ပြန်နေကြပေမဲ့လည်း မြန်မာဘက်က တလကြာ ယာယီနယ်စပ်တံတားတွေ ပိတ်လိုက်ပါတယ်။ နောက်ပိုင်း မြန်မာဘက်က မေလမှာ ပြန်ဖွင့်ပေမဲ့လည်း ထိုင်းက အရေးပေါ်အမိန့်ကြောင့် နယ်မြေတခုနဲ့ တခု ဖြတ်သန်းသွားလာဖို့ ကန့်သတ်ချက်ကို မေလကုန်ထိ ထပ်ပိတ်ထားပြန်ပါတယ်။ မေလလည်ကစပြီး နယ်မြေကို ဖြတ်သန်းသွားလာလို့ ရတဲ့ထိုင်းဘက်က ကားဂိတ်တချို့ ပြန်ဖွင့်ပေမဲ့လည်း ထိုင်းနိုင်ငံသားတွေအတွက်သာဖြစ်ပြီး မြန်မာအပါအဝင်နိုင်ငံခြားသားတွေ နယ်မြေကျော်ပြီး ခရီးသွားလာခွင့် မရကြသေးပါဘူး။ ဒီအတွက် ကိုယ်ပိုင်ကားငယ်တွေကို ဌားပြီးလာကြတဲ့ မြန်မာတွေလည်း လမ်းတဝက်မှာတင် ဖမ်းဆီးခံထားရပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG