(Zawgyi/Unicode)
COVID-19 အျဖစ္မ်ားေနတဲ့ မေလးရွားႏိုင္ငံ ဆာလာရမ္းဘက္မွာ ျမန္မာႏိုင္ငံဘက္ကလာတဲ့ ရိုဟင္ဂ်ာေတြနဲ႔ တရားမ၀င္ေနထုိင္သူေတြ မ်ားတာေၾကာင့္ အ၀င္အထြက္ ကန္႔သတ္ထားၿပီး မလိုက္နာသူေတြကို ဖမ္းဆီးအေရးယူေနတဲ့သတင္းကို ဗီြအိုေအ ျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက ေျပာျပေပးပါမယ္။
မေလးရွားႏိုင္ငံ ဆာလာရမ္းဘက္မွာ ရိုဟင္ဂ်ာေတြနဲ႔ တရားမ၀င္ ျမန္မာႏိုင္ငံသားေတြ အမ်ားစုရွိျပီး ကုိဗစ္ေရာဂါျဖစ္တဲ့သူေတြ မ်ားေနတာေၾကာင့္ မေလးရွားအာဏာပိုင္ေတြက အဲဒီေနရာေတြမွာ ပိတ္ဆိုိ႔ၿပီး ဖမ္းဆီးမႈေတြ လုပ္ခဲ့ေၾကာင္း ျမန္မာအလုပ္သမား သံအရာရွိ ဦးေအာင္ေဇာ္မင္းက ေျပာျပပါတယ္။
"ဟုိတရက္က ရိုဟင္ဂ်ာေတြက ႏိုင္ငံကို ေတာင္းဆိုတဲ့ အဲ့ဒါေတာ့ ႏိုင္ငံေရးအပိုင္းေတြဆိုေတာ့ က်ေနာ္ေတာ့ သိပ္ေတာ့ အရမ္းႀကီးေတာ့ နားမလည္ဘူးဗ်။ အဲ့လိုဟာမ်ိဳးေလးေတါေၾကာင့္လည္းပါတယ္လို႔ ေျပာတယ္။ ေနာက္တခုက အဲ့ဘက္မွာ ေလာေလာဆယ္ ျမန္မာႏိုင္ငံသား တဦးက ကူးစက္ၿပီးေတာ့ျဖစ္တာဆိုေတာ့ အဲ့ဘက္ကို အခုျဖစ္တာလည္း အဲ့ဘက္က အမ်ားဆံုးျဖစ္တာဆိုေတာ့ အဲ့ဘက္ကို အနီေရာင္အဆင့္ သတ္မွတ္ၿပီးေတာ့ အကုန္လံုးကို ေလာ့ခ္ေဒါင္းခ် ဘေလာ့ေတြ အကုန္လုပ္ပစ္လိုက္တာပါ ခင္ဗ်။ ရိုဟင္ဂ်ာေတြ မ်ားတယ္။ ျမန္မာမူဆလင္ေတြ မ်ားတယ္။ တရားမ၀င္ေတြ မ်ားတယ္။ တျခားသူေတြက နည္းတယ္။ ေလာေလာဆယ္ေတာ့ သူတို႔ေတြက ကိုဗစ္အျဖစ္မ်ားေနပါတယ္။"
ေလာေလာဆယ္ အ၀င္အထြက္ ကန္႔သတ္ထားၿပီး Taman Sri Murni Selayang နဲ႔ Selayang Pasaar Borong မွာ ေနထိုင္ၾကတဲ့ ျမန္မာနိုင္ငံသားမ်ားနဲ႔ ႏုိင္္ငံျခားသားအလုပ္သမားေတြကို ေမလ ၁၁ ရက္ေန႔က ဖမ္းဆီးေခၚေဆင္သြားပါတယ္။
ျမန္မာႏိုင္ငံက လာတဲ့ ရိုဟင္ဂ်ာေတြဟာ တတိယႏိုင္ငံေတြမွာ ကုလသမဂၢအစီအစဥ္နဲ႔ ခိုလံႈခြင့္ရဖို႔ မေလးရွားႏိုင္ငံကို တဆင့္ခံ ေရာက္လာၾကတာပါ။ ျမန္မာအစိုးရဘက္ကေတာ့ ရိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံပါဘူး။ မေလးရွားမွာ အခု ဖမ္းဆီးမႈေတြဟာ မူရင္းႏိုင္ငံကူးလက္မွတ္ ဒါမွမဟုတ္ ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢမဟာမင္းႀကီးရံုးက ထုတ္ေပးတဲ့ အေထာက္အထား မျပႏိုင္သူေတြကို ဖမ္းဆီးထားျဖစ္တယ္လို႔ အဖမ္းဆီးခံျမန္မာေတြကို အကူအညီေပးေနတဲ့ ဦးသီဟေမာင္ေမာင္က ေျပာပါတယ္။
မေလးရွား အစုိးရရဲ႕ ေရာဂါထိန္းခ်ဳပ္ေရးအမိန္႔ MCO အရ ကန္႔သတ္စစ္ေဆးမႈေတြေၾကာင့္ ေနရပ္ေတြျပန္ခ်င္သူေတြ ရွိလာတယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့ တရားမ၀င္ျမန္မာႏိုင္ငံသားေတြ ျပန္ဖိုိ႔ကေတာ့ မလြယ္ကူလွပါဘူး။ တရားမ၀င္ ျမန္မာႏိုင္ငံသားေတြ ၃၀၀,၀၀၀ ထက္မနည္းရွိေနတဲ့ မေလးရွားႏိုင္ငံမွာ ေနရပ္ျပန္ခ်င္တဲ့သူေတြလည္း ရွိေနပါတယ္။ တရားမ၀င္ေနထုိင္ေနသူေတြနဲ႔ ပတ္သက္လုိ႔ ကုိဗစ္အေရးေပၚ ကာလမွာ ေနရပ္ျပန္ဖို႔ကေတာ့မလြယ္ကူေသးေႀကာင္း ဦးေအာင္ေဇာ္မင္းက ေျပာပါတယ္။
"ေလာေလာဆယ္ေတာ့ အစိုးရဘက္က စီစဥ္ေပးလို႔ မရဘူး။ ဒီဘက္အစိုးရအဖဲြ႔အစည္းနဲ႔ ညိွႏွႈိင္းေဆာင္ရြက္ေပးမွသာ ေလွ်ာေလွ်ာရွႈရွႈ ျပန္လုိ႔ရမယ္။ ေလာေလာဆယ္သူတို႔ အားလံုးက ပိတ္မိေနတဲ့အထဲမွာ ပါပါတယ္။ က်ေနာ္ကေတာ့ အလုပ္သမား သံအရာရွိဆုိေတာ့ သံရံုးကို တင္ျပၾကည့္တယ္။ ေလာေလာဆယ္ေတာ့ အဲဒီလိုအျခအေန မရွိေသးဘူး။ မေလးရွား လ၀ကဘက္ကေန အရင္က ဖြင့္ေပးခဲ့တဲ့ B4 G Back For Good Program ေနရပ္ရင္းကုိ ေကာင္းမြန္စြာျပန္တဲ့ အစီစဥ္မ်ိဳးေတြ ျပန္ဖြင့္ေပးမွသာ သူတို႔ကုိ အကူညီေပးႏိုင္မွာ ျဖစ္ပါမယ္။ ေလာေလာဆယ္ သူတို႔ေတြက တရားမ၀င္ေတြဆုိေတာ့ ျပန္ဖုိ႔ရာေတာ့အခက္အခဲရွိေနပါတယ္။ သူတို႔ကုိယ္တိုင္က အိုဗာစေတးဆုိေတာ့ အလုပ္ရွင္ေတြကလည္းသူတို႔ကုိ မေထာက္ပံ့ဘူးေလ။ အိမ္လခကအစ သူတို႔အစီစဥ္နဲ႔ဆုိေတာ့ အိမ္လခကလည္း မ်ားတယ္။ အလုပ္အကုိင္အကုိင္ကလည္း မရွိဘူးဆုိေတာ့ အခက္အခဲေတြ ရိွေတာ့ သူတို႔က အဲဒီလိုအေျခအေနနဲ႔ ျပန္ခ်င္ၾကတာပါ။"
COVID-19 ေရာဂါေၾကာင့္ ကူးစက္သူ ၆,၀၀၀ ေက်ာ္ရွိေနတဲ့ မေလးရွားႏုိင္ငံမွာ ေရာဂါထိန္းခ်ဳပ္ေရးအတြက္ တားဆီးကန္႔သတ္မႈေတြကုိေတာ့ အစုိးရက ဇြန္လ ၉ ရက္ေန႔အထိ ေနာက္ထပ္ သီတင္း ၄ ပတ္ သက္တမ္းတုိးလုိက္ေၾကာင္းလည္း မေလးရွား၀န္ႀကီးခ်ဳပ္က ေမလ ၁၀ ရက္ေန႔က ေၾကညာထားပါတယ္။
[Unicode Version]
ကိုဗစ်ကာလ မလေးရှားမှာ ရိုဟင်ဂျာတွေနဲ့ တရားမဝင်နေထိုင်သူတွေ ဖမ်းဆီးခံနေရ
COVID-19 အဖြစ်များနေတဲ့ မလေးရှားနိုင်ငံ ဆာလာရမ်းဘက်မှာ မြန်မာနိုင်ငံဘက်ကလာတဲ့ ရိုဟင်ဂျာတွေနဲ့ တရားမဝင်နေထိုင်သူတွေ များတာကြောင့် အဝင်အထွက် ကန့်သတ်ထားပြီး မလိုက်နာသူတွေကို ဖမ်းဆီးအရေးယူနေတဲ့သတင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာက ပြောပြပေးပါမယ်။
မလေးရှားနိုင်ငံ ဆာလာရမ်းဘက်မှာ ရိုဟင်ဂျာတွေနဲ့ တရားမဝင် မြန်မာနိုင်ငံသားတွေ အများစုရှိပြီး ကိုဗစ်ရောဂါဖြစ်တဲ့သူတွေ များနေတာကြောင့် မလေးရှားအာဏာပိုင်တွေက အဲဒီနေရာတွေမှာ ပိတ်ဆို့ပြီး ဖမ်းဆီးမှုတွေ လုပ်ခဲ့ကြောင်း မြန်မာအလုပ်သမား သံအရာရှိ ဦးအောင်ဇော်မင်းက ပြောပြပါတယ်။
"ဟိုတရက်က ရိုဟင်ဂျာတွေက နိုင်ငံကို တောင်းဆိုတဲ့ အဲ့ဒါတော့ နိုင်ငံရေးအပိုင်းတွေဆိုတော့ ကျနော်တော့ သိပ်တော့ အရမ်းကြီးတော့ နားမလည်ဘူးဗျ။ အဲ့လိုဟာမျိုးလေးတေါကြောင့်လည်းပါတယ်လို့ ပြောတယ်။ နောက်တခုက အဲ့ဘက်မှာ လောလောဆယ် မြန်မာနိုင်ငံသား တဦးက ကူးစက်ပြီးတော့ဖြစ်တာဆိုတော့ အဲ့ဘက်ကို အခုဖြစ်တာလည်း အဲ့ဘက်က အများဆုံးဖြစ်တာဆိုတော့ အဲ့ဘက်ကို အနီရောင်အဆင့် သတ်မှတ်ပြီးတော့ အကုန်လုံးကို လော့ခ်ဒေါင်းချ ဘလော့တွေ အကုန်လုပ်ပစ်လိုက်တာပါ ခင်ဗျ။ ရိုဟင်ဂျာတွေ များတယ်။ မြန်မာမူဆလင်တွေ များတယ်။ တရားမဝင်တွေ များတယ်။ တခြားသူတွေက နည်းတယ်။ လောလောဆယ်တော့ သူတို့တွေက ကိုဗစ်အဖြစ်များနေပါတယ်။"
လောလောဆယ် အဝင်အထွက် ကန့်သတ်ထားပြီး Taman Sri Murni Selayang နဲ့ Selayang Pasaar Borong မှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားများနဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို မေလ ၁၁ ရက်နေ့က ဖမ်းဆီးခေါ်ဆေင်သွားပါတယ်။
မြန်မာနိုင်ငံက လာတဲ့ ရိုဟင်ဂျာတွေဟာ တတိယနိုင်ငံတွေမှာ ကုလသမဂ္ဂအစီအစဉ်နဲ့ ခိုလှုံခွင့်ရဖို့ မလေးရှားနိုင်ငံကို တဆင့်ခံ ရောက်လာကြတာပါ။ မြန်မာအစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။ မလေးရှားမှာ အခု ဖမ်းဆီးမှုတွေဟာ မူရင်းနိုင်ငံကူးလက်မှတ် ဒါမှမဟုတ် ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးက ထုတ်ပေးတဲ့ အထောက်အထား မပြနိုင်သူတွေကို ဖမ်းဆီးထားဖြစ်တယ်လို့ အဖမ်းဆီးခံမြန်မာတွေကို အကူအညီပေးနေတဲ့ ဦးသီဟမောင်မောင်က ပြောပါတယ်။
မလေးရှား အစိုးရရဲ့ ရောဂါထိန်းချုပ်ရေးအမိန့် MCO အရ ကန့်သတ်စစ်ဆေးမှုတွေကြောင့် နေရပ်တွေပြန်ချင်သူတွေ ရှိလာတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တရားမဝင်မြန်မာနိုင်ငံသားတွေ ပြန်ဖို့ကတော့ မလွယ်ကူလှပါဘူး။ တရားမဝင် မြန်မာနိုင်ငံသားတွေ ၃၀၀,၀၀၀ ထက်မနည်းရှိနေတဲ့ မလေးရှားနိုင်ငံမှာ နေရပ်ပြန်ချင်တဲ့သူတွေလည်း ရှိနေပါတယ်။ တရားမဝင်နေထိုင်နေသူတွေနဲ့ ပတ်သက်လို့ ကိုဗစ်အရေးပေါ် ကာလမှာ နေရပ်ပြန်ဖို့ကတော့မလွယ်ကူသေးကြောင်း ဦးအောင်ဇော်မင်းက ပြောပါတယ်။
"လောလောဆယ်တော့ အစိုးရဘက်က စီစဉ်ပေးလို့ မရဘူး။ ဒီဘက်အစိုးရအဖွဲ့အစည်းနဲ့ ညှိနှှိုင်းဆောင်ရွက်ပေးမှသာ လျှောလျှောရှှုရှှု ပြန်လို့ရမယ်။ လောလောဆယ်သူတို့ အားလုံးက ပိတ်မိနေတဲ့အထဲမှာ ပါပါတယ်။ ကျနော်ကတော့ အလုပ်သမား သံအရာရှိဆိုတော့ သံရုံးကို တင်ပြကြည့်တယ်။ လောလောဆယ်တော့ အဲဒီလိုအခြအနေ မရှိသေးဘူး။ မလေးရှား လဝကဘက်ကနေ အရင်က ဖွင့်ပေးခဲ့တဲ့ B4 G Back For Good Program နေရပ်ရင်းကို ကောင်းမွန်စွာပြန်တဲ့ အစီစဉ်မျိုးတွေ ပြန်ဖွင့်ပေးမှသာ သူတို့ကို အကူညီပေးနိုင်မှာ ဖြစ်ပါမယ်။ လောလောဆယ် သူတို့တွေက တရားမဝင်တွေဆိုတော့ ပြန်ဖို့ရာတော့အခက်အခဲရှိနေပါတယ်။ သူတို့ကိုယ်တိုင်က အိုဗာစတေးဆိုတော့ အလုပ်ရှင်တွေကလည်းသူတို့ကို မထောက်ပံ့ဘူးလေ။ အိမ်လခကအစ သူတို့အစီစဉ်နဲ့ဆိုတော့ အိမ်လခကလည်း များတယ်။ အလုပ်အကိုင်အကိုင်ကလည်း မရှိဘူးဆိုတော့ အခက်အခဲတွေ ရှိတော့ သူတို့က အဲဒီလိုအခြေအနေနဲ့ ပြန်ချင်ကြတာပါ။"
COVID-19 ရောဂါကြောင့် ကူးစက်သူ ၆,၀၀၀ ကျော်ရှိနေတဲ့ မလေးရှားနိုင်ငံမှာ ရောဂါထိန်းချုပ်ရေးအတွက် တားဆီးကန့်သတ်မှုတွေကိုတော့ အစိုးရက ဇွန်လ ၉ ရက်နေ့အထိ နောက်ထပ် သီတင်း ၄ ပတ် သက်တမ်းတိုးလိုက်ကြောင်းလည်း မလေးရှားဝန်ကြီးချုပ်က မေလ ၁၀ ရက်နေ့က ကြေညာထားပါတယ်။