သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူေမွာင္ခုိကူးတဲ့ ျမန္မာႏိုင္ငံသား၄ ဦး မေလးမွာ အဖမ္းခံရ


မေလးရွား ရဲမ်ား

(Zawgyi/Unicode)

ရိုဟင္ဂ်ာ ဒုကၡသည္ေတြလို႔ ယူဆရသူ ၂၀၂ ဉီးကို ၿပီးခဲ့တဲ့ ဧၿပီလ ၅ ရက္ေန႔တုန္းက မေလးရွား နိုင္ငံထဲ တရားမဝင္ ပို႔ေဆာင္ဖို႔ ႀကိဳးပမ္းမႈနဲ႔သံသယ ရွိသူ ေနာက္ထပ္ ျမန္မာႏိုင္ငံသား ၄ ဦးကို မေလးရွား ေရေၾကာင္းႀကီး ၾကပ္ေရး ေအဂ်င္စီ (MMEA) က ဖမ္းဆီး ထိန္းသိမ္း လိုက္ပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီ ၁၆ ရက္နဲ႔ ၁၈ ရက္ေတြက Yan ခရိုင္အနီးမွာ အလားတူ ဖမ္းဆီးခံခဲ့ရသူ ၂ ဦးဆီက သတင္း အခ်က္အလက္ေတြအရ အခုလို ထပ္မံဖမ္းဆီးခဲ့တာလို႔ Kedah နဲ႔ Perlis ျပည္နယ္ (MMEA) လက္ေထာက္ ညႊန္ၾကားေရးမႈး ေရေၾကာင္း ကပၸတိန္ Zulinda Ramly က ေျပာပါတယ္။

အသက္ ၂၄ ႏွစ္နဲ႔ ၅၃ ႏွစ္ၾကား အရြယ္ရွိတဲ့လူ ၄ ဦးကို တနဂၤေႏြေန႔က Pendang ျပည္နယ္မွာ သီးျခားဖမ္းဆီးခဲ့တာလို႔ Malay Mail သတင္းမွာ ေဖာ္ျပထားတာပါ။

အခုဖမ္းဆီးရမိသူအားလုံးကို လူကုန္ကူးမႈ၊ ေရႊ႕ေျပာင္း အေျခခ်ေတြကို တရားမဝင္ ပို႔ေဆာင္မႈ စတဲ့ျပစ္မႈေတြနဲ႔ တရားစြဲဆိုသြားမွာျဖစ္ ေၾကာင္း ကပၸတိန္ Zulinda Ramly က သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။

နိုင္ငံျခားသားေတြနဲ႔ အထူးသျဖင့္ ရိုဟင္ဂ်ာ ဒုကၡသည္ ေတြကိုနိုင္ငံတြင္းတရားမဝင္ပို႔ေဆာင္ေပးေနတဲ့ ဒီက်ဴးလြန္မႈမွာ အဓိကပါဝင္ပတ္သက္ေနတဲ့ ေနာက္ထပ္သံသယရွိသူ၂ဦးကိုလည္း MMEA က ဆက္လက္ရွာေဖြေနတယ္လို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

လူမှောင်ခိုကူးတဲ့ မြန်မာနိုင်ငံသား၄ ဦး မလေးမှာ အဖမ်းခံရ

(Unicode)

ရိုဟင်ဂျာ ဒုက္ခသည်တွေလို့ ယူဆရသူ ၂၀၂ ဉီးကို ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့တုန်းက မလေးရှား နိုင်ငံထဲ တရားမဝင် ပို့ဆောင်ဖို့ ကြိုးပမ်းမှုနဲ့သံသယ ရှိသူ နောက်ထပ် မြန်မာနိုင်ငံသား

၄ ဦးကို မလေးရှား ရေကြောင်းကြီး ကြပ်ရေး အေဂျင်စီ (MMEA) က ဖမ်းဆီး ထိန်းသိမ်း လိုက်ပါတယ်။ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နဲ့ ၁၈ ရက်တွေက Yan ခရိုင်အနီးမှာ အလားတူ ဖမ်းဆီးခံခဲ့ရသူ ၂ ဦးဆီက သတင်း အချက်အလက်တွေအရ အခုလို ထပ်မံဖမ်းဆီးခဲ့တာလို့ Kedah နဲ့ Perlis ပြည်နယ် (MMEA) လက်ထောက် ညွှန်ကြားရေးမှုး ရေကြောင်း ကပ္ပတိန် Zulinda Ramly က ပြောပါတယ်။

အသက် ၂၄ နှစ်နဲ့ ၅၃ နှစ်ကြား အရွယ်ရှိတဲ့လူ ၄ ဦးကို တနင်္ဂနွေနေ့က Pendang ပြည်နယ်မှာ သီးခြားဖမ်းဆီးခဲ့တာလို့ Malay Mail သတင်းမှာ ဖော်ပြထားတာပါ။

အခုဖမ်းဆီးရမိသူအားလုံးကို လူကုန်ကူးမှု၊ ရွှေ့ပြောင်း အခြေချတွေကို တရားမဝင် ပို့ဆောင်မှု စတဲ့ပြစ်မှုတွေနဲ့ တရားစွဲဆိုသွားမှာဖြစ် ကြောင်း ကပ္ပတိန် Zulinda Ramly က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ နိုင်ငံခြားသားတွေနဲ့ အထူးသဖြင့် ရိုဟင်ဂျာ ဒုက္ခသည် တွေကိုနိုင်ငံတွင်းတရားမဝင်ပို့ဆောင်ပေးနေတဲ့ ဒီကျူးလွန်မှုမှာ အဓိကပါဝင်ပတ်သက်နေတဲ့ နောက်ထပ်သံသယရှိသူ၂ဦးကိုလည်း MMEA က ဆက်လက်ရှာဖွေနေတယ်လို့ ပြောပါတယ်။

XS
SM
MD
LG