သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားမွာ စီးပြားေရးလုပ္ငန္းေတြ ျပန္ဖြင့္ေတာ့မယ္


မေလးရွားႏိုင္ငံ Kuala Lumpur ၿမိဳ႕ရဲ႕ Twin Towers အေရွ႕မွာ ေတြ႔ရတ့ဲ ႏွာေခါင္းစည္းတပ္ထားသည့္ အမ်ိဳးသမီး တဦး (မတ္ ၁၈၊ ၂၀၂၀)

(Zawgyi/Unicode)

မေလးရွားႏုိင္ငံမွာ စီးပြားေရးလုပ္ငန္းအမ်ားစုကို တနလၤာေန႔ကစၿပီး ျပန္ဖြင့္ဖို႔ ခြင့္ျပဳသြားမွာျဖစ္တယ္လို႔ ေျပာလိုက္ပါတယ္။

မေလးရွား၀န္ႀကီးခ်ဳပ္ Muhyiddin Yassin
မေလးရွား၀န္ႀကီးခ်ဳပ္ Muhyiddin Yassin

မေလးရွားႏုိင္ငံမွာ မတ္လက အျပင္မထြက္ၾကဖို႔ စတင္လိုက္ခ်ိန္ကစၿပီး ေဒၚလာသန္းေထာင္နဲ႔ခ်ီ ဆုံးရႈံးခဲ့တဲ့ စီးပြားေရးကို ျပန္ရွင္သန္လာေအာင္လုပ္ဖို႔လိုအပ္တယ္လို႔ ၀န္ႀကီးခ်ဳပ္ Muhyiddin Yassin က ေျပာပါတယ္။ စားေသာက္ဆုိင္ေတြအပါအ၀င္ စီးပြားေရးလုပ္ငန္း အမ်ားစုဟာ ေရာဂါမျပန္႔ပြားရေအာင္ က်န္းမာေရးအရ လိုက္နာဖို႔လိုအပ္တဲ့ စည္းကမ္းသတ္မွတ္ခ်က္ေတြ နဲ႔ အညီ ျပန္ဖြင့္ႏုိင္မွာျဖစ္ပါတယ္။

ဒါေပမဲ့လည္း လူစုလူေ၀းေတြ မလုပ္ဖို႔ ဆက္တားျမစ္ထားတာေၾကာင့္ ေက်ာင္းေတြ၊ ရုပ္ရွင္ရုံေတြ၊ ၀တ္ျပဳဆုေတာင္းတဲ့ေနရာေတြနဲ႔ အားကစားပဲြေတြကို ဆက္ၿပီးပိတ္ထားပါတယ္။ ျပည္နယ္တခုကေန တခု ခရီးသြားတာေတြကို ဆက္ၿပီး တားးျမစ္ထားတဲ့အတြက္ မြတ္ဆလင္ေတြအေနနဲ႔ ရာမာဒန္ဥပုသ္လကုန္ဆုံးသြားတဲ့အခါမွာလည္း အစ္ဒ္ပဲြေတာ္ကိုဆင္ႏဲြဖို႔ ကိုယ့္ရပ္ကုိယ့္ရြာကို ျပန္နုိင္မွာ မဟုတ္ဘူးလို႔ ၀န္ႀကီးခ်ဳပ္က ေျပာပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ပတ္အတြင္း မေလးရွားမွာ ေန႔စဥ္ ေရာဂါကူးစက္မႈႏႈန္းက ဆယ္ဂဏန္းအထိက်ဆင္းခဲ့ၿပီး အခုဆုိရင္ ဗုိင္းရပ္စ္ကူးစက္ခံရသူ ၆,၀၀၀ ေက်ာ္၊ ေသဆုံးသူ ၁၀၀ ေက်ာ္ရွိပါတယ္။

ဂ်ပန္ႏုိင္ငံမွာေတာ့ လူေတြကို အျပင္မထြက္ဘဲ တစ္ေယာက္နဲ႔ တစ္ေယာက္ခပ္ခြာခြာေနဖို႔ တားျမစ္ထားတာေၾကာင့္ ေရာဂါကူးစက္မႈေတြ အရွိန္ေလ်ာ့က်လာေပမဲ့ ေနာက္ထပ္ကူးစက္မႈေတြမျဖစ္ေတာ့တဲ့အထိ မလုပ္ေလာက္တဲ့အတြက္ ႏိုင္ငံေတာ္အေရးေပၚ အေျခအေနကို ရက္ထပ္တုိးဖို႔ ကၽြမ္းက်င္သူေတြက အႀကံျပဳေနတယ္လို႔ ဂ်ပန္စီးပြားေရး၀န္ႀကီးက ေျပာပါတယ္။ ၀န္ႀကီးခ်ဳပ္က အေရးအေပၚအေျခအေနေၾကျငာ ထားတာကို ထပ္တုိးဖို႔ ျပင္ဆင္ေနတယ္လို႔ အေစာပိုင္းက ေျပာၾကားခဲ့ၿပီး ဗုိ္င္းရပ္ကူးစက္မႈ အဆုိးရြားဆုံးခံေနရတဲ့ ေနရာ ၆ ေနရာက အုပ္ခ်ဳပ္ေရးမွဴးေတြနဲ႔ က်န္းမာေရး၀န္ထမ္းေတြကလည္း ေနာက္တလထပ္တုိးဖို႔ ေတာင္းဆုိေနၾကပါတယ္။

အိႏၵိယႏုိင္ငံမွာေတာ့ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း ေနာက္ထပ္ ေရာဂါကူးစက္သူ ၁,၉၉၃ ေယာက္ နဲ႔ ေသဆုံးသူ ၇၃ ေယာက္ရွိတယ္လို႔ က်န္းမာေရး၀န္ႀကီးဌာနက ေျပာပါတယ္။ ဒါေၾကာင့္ အိႏၵိယမွာ ဗုိင္းရပ္စ္ကူးစက္ခံရသူ ၃၅,၀၀၀ နဲ႔ ေသဆုံးသူ ၁,၁၄၇ ေယာက္ရွိသြားပါတယ္။ အျပင္မထြက္ရအမိန္႔ကို ထပ္တိုး၊ မတိုးဆုိတာကို အစိုးရက တနဂၤေႏြေန႔မွာ ဆုံးျဖတ္မွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မလေးရှားမှာ စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်တော့မယ်

မလေးရှားနိုင်ငံမှာ စီးပွားရေးလုပ်ငန်းအများစုကို တနင်္လာနေ့ကစပြီး ပြန်ဖွင့်ဖို့ ခွင့်ပြုသွားမှာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

မလေးရှားနိုင်ငံမှာ မတ်လက အပြင်မထွက်ကြဖို့ စတင်လိုက်ချိန်ကစပြီး ဒေါ်လာသန်းထောင်နဲ့ချီ ဆုံးရှုံးခဲ့တဲ့ စီးပွားရေးကို ပြန်ရှင်သန်လာအောင်လုပ်ဖို့လိုအပ်တယ်လို့ ဝန်ကြီးချုပ် Muhyiddin Yassin က ပြောပါတယ်။ စားသောက်ဆိုင်တွေအပါအဝင် စီးပွားရေးလုပ်ငန်း အများစုဟာ ရောဂါမပြန့်ပွားရအောင် ကျန်းမာရေးအရ လိုက်နာဖို့လိုအပ်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေ နဲ့ အညီ ပြန်ဖွင့်နိုင်မှာဖြစ်ပါတယ်။

ဒါပေမဲ့လည်း လူစုလူဝေးတွေ မလုပ်ဖို့ ဆက်တားမြစ်ထားတာကြောင့် ကျောင်းတွေ၊ ရုပ်ရှင်ရုံတွေ၊ ဝတ်ပြုဆုတောင်းတဲ့နေရာတွေနဲ့ အားကစားပွဲတွေကို ဆက်ပြီးပိတ်ထားပါတယ်။ ပြည်နယ်တခုကနေ တခု ခရီးသွားတာတွေကို ဆက်ပြီး တားးမြစ်ထားတဲ့အတွက် မွတ်ဆလင်တွေအနေနဲ့ ရာမာဒန်ဥပုသ်လကုန်ဆုံးသွားတဲ့အခါမှာလည်း အစ်ဒ်ပွဲတော်ကိုဆင်နွဲဖို့ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်နိုင်မှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ်က ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း မလေးရှားမှာ နေ့စဉ် ရောဂါကူးစက်မှုနှုန်းက ဆယ်ဂဏန်းအထိကျဆင်းခဲ့ပြီး အခုဆိုရင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၆,၀၀၀ ကျော်၊ သေဆုံးသူ ၁၀၀ ကျော်ရှိပါတယ်။

ဂျပန်နိုင်ငံမှာတော့ လူတွေကို အပြင်မထွက်ဘဲ တစ်ယောက်နဲ့ တစ်ယောက်ခပ်ခွာခွာနေဖို့ တားမြစ်ထားတာကြောင့် ရောဂါကူးစက်မှုတွေ အရှိန်လျော့ကျလာပေမဲ့ နောက်ထပ်ကူးစက်မှုတွေမဖြစ်တော့တဲ့အထိ မလုပ်လောက်တဲ့အတွက် နိုင်ငံတော်အရေးပေါ် အခြေအနေကို ရက်ထပ်တိုးဖို့ ကျွမ်းကျင်သူတွေက အကြံပြုနေတယ်လို့ ဂျပန်စီးပွားရေးဝန်ကြီးက ပြောပါတယ်။ ဝန်ကြီးချုပ်က အရေးအပေါ်အခြေအနေကြေငြာ ထားတာကို ထပ်တိုးဖို့ ပြင်ဆင်နေတယ်လို့ အစောပိုင်းက ပြောကြားခဲ့ပြီး ဗိုင်းရပ်ကူးစက်မှု အဆိုးရွားဆုံးခံနေရတဲ့ နေရာ ၆ နေရာက အုပ်ချုပ်ရေးမှူးတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကလည်း နောက်တလထပ်တိုးဖို့ တောင်းဆိုနေကြပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း နောက်ထပ် ရောဂါကူးစက်သူ ၁,၉၉၃ ယောက် နဲ့ သေဆုံးသူ ၇၃ ယောက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါကြောင့် အိန္ဒိယမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၅,၀၀၀ နဲ့ သေဆုံးသူ ၁,၁၄၇ ယောက်ရှိသွားပါတယ်။ အပြင်မထွက်ရအမိန့်ကို ထပ်တိုး၊ မတိုးဆိုတာကို အစိုးရက တနင်္ဂနွေနေ့မှာ ဆုံးဖြတ်မှာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG