သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေတာင္ကိုရီးယားျပည္တြင္းမွာ COVID-19 ကူးစက္သူအသစ္ မေတြ႔ရွိေၾကာင္း ထုတ္ျပန္


ေတာင္ကိုရီးယားႏိုင္ငံ Yeouido ၿမိဳ႕က Han ျမစ္ေဘးနားမွာ လမ္းေလွ်ာက္ေနၾကသူတခ်ိဳ႕ (ဧၿပီ ၂၅၊ ၂၀၂၀)

(Zawgyi/Unicode)

ေတာင္ကိုရီးယားႏိုင္ငံမွာ Coronavirus ပိုးကူးစက္မႈ အထြဋ္အထိပ္ကိုေရာက္ခဲ့တဲ့ ေဖေဖာ္၀ါရီ ၂၉ ရက္ထဲကဆိုရင္ ဒီေန႔ဓါတ္ခြဲစမ္းသပ္မႈရလဒ္ေတြအရ (ျပည္တြင္း) ကူးစက္သူ အသစ္တေယာက္မွထပ္မေတြ႕ရဘူးလို႔ ေတာင္ကိုရီးယားေရာဂါ ထိန္းခ်ဳပ္ ကာကြယ္ေရးဌာန KCDC ကေျပာပါတယ္။

ဒီေန႔ ေရာဂါပိုးကူးစက္ေနတယ္လို႔ အတည္ျပဳသူ ၄ ေယာက္ဟာ ေလဆိပ္ကေန သီးျခားခဲြေစာင့္ၾကည့္ခံရသူေတြထဲက ျဖစ္ပါတယ္။ ျပည္တြင္းထဲမွာ ေရာဂါပိုးကူးစက္သူ တေယာက္မွ မ႐ွိပါဘူးလို႔ KCDC ဌာနတာဝန္႐ွိသူ ယြန္းေတးဟိုက ဒီေန႔သတင္းစာ႐ွင္းပြဲမွာ ေျပာၾကားသြားတာျဖစ္ပါတယ္။

ဒီလထဲက်င္းပခဲ့တဲ့ အေထြေထြ ေ႐ြးေကာက္ပြဲအတြင္း ေရာဂါပိုးကူးစက္ခဲ့ပံုမရဘူးလို႔လည္း ေျပာၾကားသြားပါတယ္။ ဧၿပီလ ၁၅ ရက္ေန႔က က်င္းပခဲ့တဲ့ အေထြေထြေ႐ြးေကာက္ပဲြမွာ ၂၉သန္းေလာက္ မဲေပးခဲ့ၾကတာျဖစ္ပါတယ္။

တခ်ိန္ထဲမွာပဲ ဒီကေန႔ စတင္တဲ့ Golden Week ရက္႐ွည္ ႐ံုးပိတ္ရက္အတြက္ ကိုရီးယားက အဓိက ေလဆိပ္ေတြမွာ ခရီးသြားသူေတြနဲ႔ စည္ကားေနပါတယ္။ COVID-19 ကပ္ေရာဂါေၾကာင့္ အသြားအလာကန္႔သတ္ခ်က္ေတြ ႐ွိခဲ့ၿပီးေနာက္ပိုင္း ပထမဆံုးအႀကိမ္ လူအမ်ားအျပား ခရီးသြားလာေနၾကတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တောင်ကိုရီးယားပြည်တွင်းမှာ COVID-19 ကူးစက်သူအသစ် မတွေ့ရှိကြောင်းထုတ်ပြန်

တောင်ကိုရီးယားနိုင်ငံမှာ Coronavirus ပိုးကူးစက်မှု အထွဋ်အထိပ်ကိုရောက်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ ရက်ထဲကဆိုရင် ဒီနေ့ဓါတ်ခွဲစမ်းသပ်မှုရလဒ်တွေအရ (ပြည်တွင်း) ကူးစက်သူ အသစ်တယောက်မှထပ်မတွေ့ရဘူးလို့ တောင်ကိုရီးယားရောဂါ ထိန်းချုပ် ကာကွယ်ရေးဌာန KCDC ကပြောပါတယ်။

ဒီနေ့ ရောဂါပိုးကူးစက်နေတယ်လို့ အတည်ပြုသူ ၄ ယောက်ဟာ လေဆိပ်ကနေ သီးခြားခွဲစောင့်ကြည့်ခံရသူတွေထဲက ဖြစ်ပါတယ်။ ပြည်တွင်းထဲမှာ ရောဂါပိုးကူးစက်သူ တယောက်မှ မရှိပါဘူးလို့ KCDC ဌာနတာဝန်ရှိသူ ယွန်းတေးဟိုက ဒီနေ့သတင်းစာရှင်းပွဲမှာ ပြောကြားသွားတာဖြစ်ပါတယ်။

ဒီလထဲကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲအတွင်း ရောဂါပိုးကူးစက်ခဲ့ပုံမရဘူးလို့လည်း ပြောကြားသွားပါတယ်။ ဧပြီလ ၁၅ ရက်နေ့က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ၂၉သန်းလောက် မဲပေးခဲ့ကြတာဖြစ်ပါတယ်။

တချိန်ထဲမှာပဲ ဒီကနေ့ စတင်တဲ့ Golden Week ရက်ရှည် ရုံးပိတ်ရက်အတွက် ကိုရီးယားက အဓိက လေဆိပ်တွေမှာ ခရီးသွားသူတွေနဲ့ စည်ကားနေပါတယ်။ COVID-19 ကပ်ရောဂါကြောင့် အသွားအလာကန့်သတ်ချက်တွေ ရှိခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် လူအများအပြား ခရီးသွားလာနေကြတာဖြစ်ပါတယ်။

XS
SM
MD
LG