သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတာင္ကုိရီးယားက COVID-19 တုိက္ဖ်က္ေရးလုပ္ငန္းမွာ ျမန္မာေတြလည္းပါ၀င္


(Zawgyi/Unicode)

အာရွတုိက္က COVID-19 ေရာဂါ အဆုိးဆုံးႀကံဳရတဲ့ ႏုိင္ငံတႏုိင္ငံျဖစ္တဲ့ ေတာင္ကုိရီးယားႏုိင္ငံမွာ ႏုိင္ငံျခားသားေတြ အေရးေပၚ က်န္းမာေရး စစ္ေဆးမႈ ခံယူႏုိင္ဖုိ႔ စီစဥ္ထားတဲ့လုပ္ငန္းစဥ္မွာ ျမန္မာႏုိင္ငံသားေတြလည္း ပူးေပါင္းပါ၀င္ႏိုင္ေအာင္ ျမန္မာသံ႐ုံးက ေဆာင္ရြက္ေနတဲ့အေၾကာင္း မဆုမြန္ ေျပာျပေပးမွာပါ။

ေတာင္ကုိရီးယား ႏုိင္ငံမွာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြကုိ ဟန္႔တားဖုိ႔ ႀကိဳးပမ္းတဲ့အေနနဲ႔ တရား၀င္ေရာ တရားမ၀င္ပါ ေနထုိင္သူေတြကုိ အေရးေပၚ က်န္းမာေရး စစ္ေဆးမႈ ခံယူၾကဖုိ႔နဲ႔ ေဆးကုသမႈခံယူတဲ့သူေတြကုိ ဖမ္းဆီးထိန္းသိမ္းတာ မလုပ္ဖုိ႔ ေတာင္ကိုရီးယား တရားေရး ၀န္ႀကီးဌာနက ညႊန္ၾကားခ်က္ ထုတ္ျပန္လုိက္ၿပီးေနာက္မွာပဲ ေတာင္ကုိရီးယားေရာက္ ျမန္မာေတြ ပူးေပါင္းေဆာင္ရြက္ႏုိင္ေအာင္ ကူညီေပးေနေၾကာင္း ျမန္မာသံ႐ုံးက ေျပာဆုိလုိက္တာပါ။ က်န္းမာေရး စစ္ေဆးဖုိ႔ လုိအပ္တဲ့ ျမန္မာႏုိင္ငံသားေတြကုိ အကူအညီေပးဖုိ႔ အသင့္ရွိေၾကာင္းလည္း ဆိုးလ္ၿမိဳ႕ေတာ္အေျခစိုက္ ျမန္မာသံရံုးက အလုပ္သမားသံအရာရွိ ဦးေဇယ်ာတင္ဝင္းထင္က ဗီြအိုေအျမန္မာပိုင္းကို ေျပာပါတယ္။

“တရားဝင္အလုပ္သမားေတြနဲ႔နည္းတူ တရားမဝင္အလုပ္သမားေတြလည္း ေဆးကုသစစ္ေဆးမႈခံယူႏိုင္ေအာင္ ေတာင္ကိုရီးယားတရားေရးဝန္ၾကီးဌာနကေရာ က်န္းမာေရးဝန္ၾကီးဌာနကပါ ထုတ္ျပန္တဲ့ညႊန္ၾကားခ်က္ေတြကို က်ေနာ္တို႔ ျမန္မာသံရံုးကိုလည္း စာပို႔ပါတယ္။ က်ေနာ္တို႔သံရံုးအေနနဲ႔လည္း ပူးေပါင္းေဆာင္ရြက္ၿပီးေတာ့ က်ေနာ္တို႔ႏိုင္ငံသား တရားမဝင္အလုပ္သမားေတြ ရွိခဲ့ရင္လည္း ေဆးစစ္ကုသမႈခံယူႏိုင္ေရး သံရံုးအေနနဲ႔ ေၾကညာခ်က္ျပန္ထုတ္ထား ပါတယ္။ ဒီလိုေဆးစစ္ကုသမႈခံယူရင္ လဝက လူဝင္မႈၾကီးၾကပ္ေရးဌာအေနနဲ႔ကလည္း ဘာကိုမွ စစ္ေဆးေမးျမန္းဖမ္းဆီးတာမ်ိဳးမလုပ္ဘူး လြတ္လပ္စြာ လာၿပီးေဆးကုသခြင့္ရွိပါတယ္။ သံရံုးကေန စာထုတ္သလိုမ်ိဳးေပါ့ေနာ္ က်ေနာ္တို႔ ေတာင္ကိုရီးယားႏုိင္ငံတဝွမ္းမွာ ရွိတဲ့တုိင္းရင္းသားအဖြဲ႔အစည္းေတြ မြန္ ၊ရခုိင္၊ ကရင္ အဖြဲ႔ေတြအပါအဝင္ လူမႈအဖြဲ႔အစည္းေတြ ရွိပါတယ္။ အဲဒီအဖြဲ႔အစည္းေတြကေနတဆင့္ အကုန္လက္လွမ္းမီွသေလာက္ ႏိုးေဆာ္ထားပါတယ္။ အေရးေပၚလိုအပ္ရင္လည္း ျမန္မာသံရံုးကို အခ်ိန္မေရြးဆက္သြယ္ၾကဖို႔ က်ေနာ္တို႔ ႏႈတ္ကေရာ စာနဲ႔ပါ ေဆာင္ရြက္ေပးေနပါတယ္။”

ျမန္မာသံ႐ုံးက တရား၀င္ထုတ္ျပန္ထားတဲ့ ကိန္းဂဏန္းေတြအရ ေတာင္ကုိရီးယားႏုိင္ငံမွာ တရား၀င္ အလုပ္လုပ္ေနတဲ့ ျမန္မာႏုိင္ငံသား ၃ ေသာင္းခဲြေလာက္ရွိေနေပမဲ့ တရား မ၀င္ ေနထုိင္သူ အေရအတြက္ကေတာ့ တိတိက်က် မသိရပါဘူး။ လတ္တေလာ ေတာင္ကုိရီးယားေရာက္ ျမန္မာႏုိင္ငံသားေတြ ထဲမွာေတာ့ COVID-19 ေရာဂါကူးစက္သူအျဖစ္ အတည္ျပဳသူ မရွိေသးဘူလုိ႔လည္း အလုပ္သမားသံအရာရွိ ဦးေဇယ်ာတင္ဝင္းထင္ကေျပာပါတယ္။

“အခုအခ်ိန္အထိကေတာ့ ေတာင္ကိုရီးယားမွာေရာက္ေနတဲ့ ျမန္မာႏုိင္ငံသားေတြ တရားဝင္ေရာ တရားမဝင္ေရာ အျခားေသာဗီဇာေတြနဲ႔လာေရာက္ၾကသူေတြေရာ သံသယျဖစ္တဲ့အဆင့္ေတာင္မရွိပဲနဲ႔ အကုန္က်န္းမာေရးေကာင္းၾကပါတယ္။ အခုလက္ရွိမွာလည္း ေတာင္ကိုရီးယား က်န္းမာေရးဝန္ၾကီးဌာနရဲ႕လက္ေအာက္မွာ ႏုိင္ငံျခားသားဌာနခြဲရွိတယ္ အဲ့ဒီ့ႏုိင္ငံျခားသားဌာနခြဲမွာက သက္ဆုိင္ရာႏုိင္ငံျခားက သံရံုးေတြရဲ႕တာဝန္ခံေတြ ထားေပးထားပါတယ္။ အဲ့ဒီ့မွာ စကားျပန္ ဘာသာျပန္ေပးတဲ့တေယာက္ကိုလည္း ခန္႔အပ္ထားပါတယ္။ က်ေနာ္တို႔သံရံုးက ဘာသာျပန္တေယာက္ရယ္ က်ေနာ့္နာမည္ေပးထားပါတယ္။ ေတာင္ကိုရီးယား က်န္းမာေရးဝန္ၾကီးဌာနက က်န္းမာေရးေကာင္းလား၊ ကိုယ္ပူလား ေခ်ာင္းဆိုးလားစသျဖင့္ ႏႈတ္နဲ႔ဖုန္းဆက္သြယ္ေမးျမန္းလို႔ ႏိုင္ငံျခားသားေတြရဲ႕ ဖုန္းနံပတ္ေခၚဆိုတဲ့ အခါမွာ ေမးျမန္းဖို႔ က်ေနာ္တို႔ျမန္မာႏိုင္ငံသားတေယာက္က ဘာသာစကားအခက္ခဲျဖစ္ႏုိင္တာရွိလို႔ ႏႈတ္နဲ႔ ဖုန္းနဲ႔ လွမ္းၿပီး ဆက္သြယ္တဲ့အခ်ိန္မွာ က်ေနာ္တို႔ အဲဒါေလးေတြကို ဘာသာျပန္ေပးေနတာေလးေတြ ရွိတယ္ခင္ဗ်။”

ေတာင္ကုိရီးယားႏုိင္ငံေရာက္ ျမန္မာႏုိင္ငံသားေတြထဲမွာ ေနရပ္ျပန္ခ်င္သူေတြရွိေပမဲ့ လက္တေလာ ေလေၾကာင္းလိုင္းေတြ ပိတ္ထားတဲ့အတြက္ အခက္ႀကံဳေနၾကရတာပါ။ ျမန္မာအလုပ္သ မားသံအရာရွိကေတာ့ လက္ရွိအေျခအေနမွာ သက္ဆုိင္ရာ တာ၀န္ရွိသူေတြရဲ႕ ညႊန္ၾကားခ်က္ေတြကုိ လုိက္နာၾကဖုိ႔နဲ႔ လုိအပ္ရင္ သံ႐ုံးကုိ ဆက္သြယ္ဖုိ႔လည္း တုိက္တြန္းထားပါတယ္။

“အခုလက္ရွိမွာလည္း ျမန္မာႏုိင္ငံမွာ confirm case တြ မ်ားလာေနတဲ့အတြက္ ေလေၾကာင္းလိုင္းေတြကိုလည္း ဧၿပီလ ၃၀ရက္ေန႔အထိ ယာယီကန္႔သတ္ထားတာရွိပါတယ္ ။တကယ္လို႔ စာခ်ဳပ္သက္တမ္းေတြျပည့္လို႔ အၿပီးျပန္ခ်င္တဲ့သူေတြ ၾကားထဲအလည္ျပန္လိုတဲ့သူေတြလည္း သီးခံၿပီးေတာ့ ေနၾကပါဦး ေနာက္ စာခ်ဳပ္သက္တမ္းေတြျပည့္သြားေပမဲ့ ဆက္ၿပီးေနထိုင္ေနၾကရတဲ့သူေတြလည္း တရားဝင္ေနထိုင္ခြင့္ရရွိေအာင္ ေတာင္ကိုရီးယားလူဝင္မႈၾကီးၾကပ္ေရးဌာနေတြကိုသြားၿပီး သက္တမ္းတိုးႏုိင္ပါတယ္။ က်န္းမာေရးအထူးဂရုစိုက္ၿပီးေတာ့ေနၾကပါ လိုအပ္တဲ့အခက္အခဲရွိလို႔ရွိရင္လည္း က်ေနာ္တို႔ကို အခ်ိန္မေရြးဆက္သြယ္ၾကပါလို႔က်ေနာ့္အေနနဲ႔မွာခ်င္ပါတယ္ခင္ဗ်ာ။”

အခုလက္ရွိမွာလည္း ျမန္မာႏိုင္ငံတြင္း COVID-19 ကာကြယ္ထိန္းခ်ဳပ္ကုသေရးလုပ္ငန္းေတြအတြက္ ေကာ္မတီတခုကို ျမန္မာသံရံုးက ဦးေဆာင္ဖြဲ႔စည္းထားၿပီး ကိုရီးယားေရာက္ျမန္မာေတြက ရန္ပံုေငြေတြ လွဴဒါန္းၿပီး ပူးေပါင္းပ့ံပိုးကူညီေပးေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


.......................

တောင်ကိုရီးယားက COVID-19 တိုက်ဖျက်ရေးလုပ်ငန်းမှာ မြန်မာတွေလည်းပါဝင်

(Unicode)

အာရှတိုက်က COVID-19 ရောဂါ အဆိုးဆုံးကြုံရတဲ့ နိုင်ငံတနိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံမှာ နိုင်ငံခြားသားတွေ အရေးပေါ် ကျန်းမာရေး စစ်ဆေးမှု ခံယူနိုင်ဖို့ စီစဉ်ထားတဲ့လုပ်ငန်းစဉ်မှာ မြန်မာနိုင်ငံသားတွေလည်း ပူးပေါင်းပါဝင်နိုင်အောင် မြန်မာသံရုံးက ဆောင်ရွက်နေတဲ့အကြောင်း မဆုမွန် ပြောပြပေးမှာပါ။

တောင်ကိုရီးယား နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ဟန့်တားဖို့ ကြိုးပမ်းတဲ့အနေနဲ့ တရားဝင်ရော တရားမဝင်ပါ နေထိုင်သူတွေကို အရေးပေါ် ကျန်းမာရေး စစ်ဆေးမှု ခံယူကြဖို့နဲ့ ဆေးကုသမှုခံယူတဲ့သူတွေကို ဖမ်းဆီးထိန်းသိမ်းတာ မလုပ်ဖို့ တောင်ကိုရီးယား တရားရေး ဝန်ကြီးဌာနက ညွှန်ကြားချက် ထုတ်ပြန်လိုက်ပြီးနောက်မှာပဲ တောင်ကိုရီးယားရောက် မြန်မာတွေ ပူးပေါင်းဆောင်ရွက်နိုင်အောင် ကူညီပေးနေကြောင်း မြန်မာသံရုံးက ပြောဆိုလိုက်တာပါ။ ကျန်းမာရေး စစ်ဆေးဖို့ လိုအပ်တဲ့ မြန်မာနိုင်ငံသားတွေကို အကူအညီပေးဖို့ အသင့်ရှိကြောင်းလည်း ဆိုးလ်မြို့တော်အခြေစိုက် မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးဇေယျာတင်ဝင်းထင်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“တရားဝင်အလုပ်သမားတွေနဲ့နည်းတူ တရားမဝင်အလုပ်သမားတွေလည်း ဆေးကုသစစ်ဆေးမှုခံယူနိုင်အောင် တောင်ကိုရီးယားတရားရေးဝန်ကြီးဌာနကရော ကျန်းမာရေးဝန်ကြီးဌာနကပါ ထုတ်ပြန်တဲ့ညွှန်ကြားချက်တွေကို ကျနော်တို့ မြန်မာသံရုံးကိုလည်း စာပို့ပါတယ်။ ကျနော်တို့သံရုံးအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ပြီးတော့ ကျနော်တို့နိုင်ငံသား တရားမဝင်အလုပ်သမားတွေ ရှိခဲ့ရင်လည်း ဆေးစစ်ကုသမှုခံယူနိုင်ရေး သံရုံးအနေနဲ့ ကြေညာချက်ပြန်ထုတ်ထား ပါတယ်။ ဒီလိုဆေးစစ်ကုသမှုခံယူရင် လဝက လူဝင်မှုကြီးကြပ်ရေးဌာအနေနဲ့ကလည်း ဘာကိုမှ စစ်ဆေးမေးမြန်းဖမ်းဆီးတာမျိုးမလုပ်ဘူး လွတ်လပ်စွာ လာပြီးဆေးကုသခွင့်ရှိပါတယ်။ သံရုံးကနေ စာထုတ်သလိုမျိုးပေါ့နော် ကျနော်တို့ တောင်ကိုရီးယားနိုင်ငံတဝှမ်းမှာ ရှိတဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေ မွန် ၊ရခိုင်၊ ကရင် အဖွဲ့တွေအပါအဝင် လူမှုအဖွဲ့အစည်းတွေ ရှိပါတယ်။ အဲဒီအဖွဲ့အစည်းတွေကနေတဆင့် အကုန်လက်လှမ်းမှီသလောက် နိုးဆော်ထားပါတယ်။ အရေးပေါ်လိုအပ်ရင်လည်း မြန်မာသံရုံးကို အချိန်မရွေးဆက်သွယ်ကြဖို့ ကျနော်တို့ နှုတ်ကရော စာနဲ့ပါ ဆောင်ရွက်ပေးနေပါတယ်။”

မြန်မာသံရုံးက တရားဝင်ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ တောင်ကိုရီးယားနိုင်ငံမှာ တရားဝင် အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၃ သောင်းခွဲလောက်ရှိနေပေမဲ့ တရား မဝင် နေထိုင်သူ အရေအတွက်ကတော့ တိတိကျကျ မသိရပါဘူး။ လတ်တလော တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေ ထဲမှာတော့ COVID-19 ရောဂါကူးစက်သူအဖြစ် အတည်ပြုသူ မရှိသေးဘူလို့လည်း အလုပ်သမားသံအရာရှိ ဦးဇေယျာတင်ဝင်းထင်ကပြောပါတယ်။

“အခုအချိန်အထိကတော့ တောင်ကိုရီးယားမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ တရားဝင်ရော တရားမဝင်ရော အခြားသောဗီဇာတွေနဲ့လာရောက်ကြသူတွေရော သံသယဖြစ်တဲ့အဆင့်တောင်မရှိပဲနဲ့ အကုန်ကျန်းမာရေးကောင်းကြပါတယ်။ အခုလက်ရှိမှာလည်း တောင်ကိုရီးယား ကျန်းမာရေးဝန်ကြီးဌာနရဲ့လက်အောက်မှာ နိုင်ငံခြားသားဌာနခွဲရှိတယ် အဲ့ဒီ့နိုင်ငံခြားသားဌာနခွဲမှာက သက်ဆိုင်ရာနိုင်ငံခြားက သံရုံးတွေရဲ့တာဝန်ခံတွေ ထားပေးထားပါတယ်။ အဲ့ဒီ့မှာ စကားပြန် ဘာသာပြန်ပေးတဲ့တယောက်ကိုလည်း ခန့်အပ်ထားပါတယ်။ ကျနော်တို့သံရုံးက ဘာသာပြန်တယောက်ရယ် ကျနော့်နာမည်ပေးထားပါတယ်။ တောင်ကိုရီးယား ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေးကောင်းလား၊ ကိုယ်ပူလား ချောင်းဆိုးလားစသဖြင့် နှုတ်နဲ့ဖုန်းဆက်သွယ်မေးမြန်းလို့ နိုင်ငံခြားသားတွေရဲ့ ဖုန်းနံပတ်ခေါ်ဆိုတဲ့ အခါမှာ မေးမြန်းဖို့ ကျနော်တို့မြန်မာနိုင်ငံသားတယောက်က ဘာသာစကားအခက်ခဲဖြစ်နိုင်တာရှိလို့ နှုတ်နဲ့ ဖုန်းနဲ့ လှမ်းပြီး ဆက်သွယ်တဲ့အချိန်မှာ ကျနော်တို့ အဲဒါလေးတွေကို ဘာသာပြန်ပေးနေတာလေးတွေ ရှိတယ်ခင်ဗျ။”

တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေထဲမှာ နေရပ်ပြန်ချင်သူတွေရှိပေမဲ့ လက်တလော လေကြောင်းလိုင်းတွေ ပိတ်ထားတဲ့အတွက် အခက်ကြုံနေကြရတာပါ။ မြန်မာအလုပ်သ မားသံအရာရှိကတော့ လက်ရှိအခြေအနေမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်တွေကို လိုက်နာကြဖို့နဲ့ လိုအပ်ရင် သံရုံးကို ဆက်သွယ်ဖို့လည်း တိုက်တွန်းထားပါတယ်။

“အခုလက်ရှိမှာလည်း မြန်မာနိုင်ငံမှာ confirm case တွ များလာနေတဲ့အတွက် လေကြောင်းလိုင်းတွေကိုလည်း ဧပြီလ ၃၀ရက်နေ့အထိ ယာယီကန့်သတ်ထားတာရှိပါတယ် ။တကယ်လို့ စာချုပ်သက်တမ်းတွေပြည့်လို့ အပြီးပြန်ချင်တဲ့သူတွေ ကြားထဲအလည်ပြန်လိုတဲ့သူတွေလည်း သီးခံပြီးတော့ နေကြပါဦး နောက် စာချုပ်သက်တမ်းတွေပြည့်သွားပေမဲ့ ဆက်ပြီးနေထိုင်နေကြရတဲ့သူတွေလည်း တရားဝင်နေထိုင်ခွင့်ရရှိအောင် တောင်ကိုရီးယားလူဝင်မှုကြီးကြပ်ရေးဌာနတွေကိုသွားပြီး သက်တမ်းတိုးနိုင်ပါတယ်။ ကျန်းမာရေးအထူးဂရုစိုက်ပြီးတော့နေကြပါ လိုအပ်တဲ့အခက်အခဲရှိလို့ရှိရင်လည်း ကျနော်တို့ကို အချိန်မရွေးဆက်သွယ်ကြပါလို့ကျနော့်အနေနဲ့မှာချင်ပါတယ်ခင်ဗျာ။”

အခုလက်ရှိမှာလည်း မြန်မာနိုင်ငံတွင်း COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းတွေအတွက် ကော်မတီတခုကို မြန်မာသံရုံးက ဦးဆောင်ဖွဲ့စည်းထားပြီး ကိုရီးယားရောက်မြန်မာတွေက ရန်ပုံငွေတွေ လှူဒါန်းပြီး ပူးပေါင်းပံ့ပိုးကူညီပေးနေကြပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG