သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတာင္ကိုရီးယားျပန္ ျမန္မာေက်ာင္းသူ ၁၀ဦးကို သီးသန္႔ခဲြေစာင့္ၾကည့္ေန


ေျမာက္ဥကၠလာ ေ၀ဘာဂီေဆး႐ံု (မွတ္တမ္းဓာတ္ပံု)

(Zawgyi/Unicode)

ေတာင္ကိုရီးယားႏုိင္ငံ၊ ဒယ္ဂူးၿမိဳ႕ကေန ေရာက္ရွိလာတဲ့ ျမန္မာႏုိင္ငံသား ေက်ာင္းသူ ၁၀ ဦးကို ေဝဘာဂီအထူးကု ေဆးရံုႀကီးမွာ Hospital Quarantine ၁၄ ရက္ ေဆာင္ရြက္ထားတယ္လို႔ က်န္းမာေရးဌာန တာဝန္ရွိသူက ေျပာပါတယ္။ အဲဒါအျပင္ Quarantine လုပ္ဖို႔လုိတဲ့ လူနာေတြကုိ ေဝဘာဂီေဆးရံုမွာ ထားရွိေတာ့မွာ မဟုတ္ဘဲ ေတာင္ဥကၠလာပမွာရွိတဲ့ မိခင္နဲ႔ ကေလးေဆးရံုမွာ မၾကာခင္ျပဳလုပ္သြားဖို႔ ရွိတယ္လို႔ ဆိုပါတယ္။ အျပည့္အစံုကုိ ဗီြအိုေအသတင္းေထာက္ စုစုက ေျပာျပသြားမွာပါ။

ေတာင္ကုိရီးယားႏုိင္ငံ၊ ဒယ္ဂူးၿမိဳ႕ကေန ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္ကို မတ္လ ၂ရက္၊ ၿပီးခဲ့တဲ့ တနလၤာေန႔တုန္းက ေရာက္ရွိလာတဲ့ ျမန္မာႏုိင္ငံသား ေက်ာင္းသူ ၃ ဦးကုိ အသြားအလာ တားျမစ္ကန္႔သတ္ၿပီး ေရာဂါေစာင့္ၾကပ္ၾကည့္ရႈဖို႔ ေဝဘာဂီေဆးရံုကို ပို႔ေဆာင္ထားတယ္လို႔ သိရပါတယ္။ သူတို႔ ၃ ဦးကို စစ္ေဆးတာမွာ COVID- 19 ေရာဂါလကၡဏာ မေတြ႕ေပမယ့္ ကူးစက္ႏႈန္းတက္ေနတဲ့ ႏုိင္ငံကလာတဲ့သူေတြျဖစ္လို႔ ၁၄ရက္ေစာင့္ၾကည့္တာျဖစ္ေၾကာင္း ဗဟုိကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာန ဒုတိယညႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

စင္ကာပူရွိ ျမန္မာအမ်ိဳးသမီး တဦး Covid-19 ေရာဂါကူးစက္ခံရတဲ့ အေၾကာင္းလည္း ဖတ္ရႈႏိုင္ပါၿပီ။

“သူတုိ႔မွာ ဖ်ားတယ္၊ ေခ်ာင္းဆုိးတယ္၊ ႏွာေစးတဲ့ ေရာဂါလကၡဏာ တစံုတရာ မရွိပါဘူး။ ဒါေပမဲ့ သူတို႔က ကိုရီးယားသမၼတႏို္င္ငံမွာ ရွိတဲ့ ေရာဂါကူးစက္မႈအျမင့္ဆံုး ျဖစ္တဲ့ ဒယ္ဂူးၿမိဳ႕က ျပန္လာတယ္ဆိုေတာ့ သူတို႔ကုိ ေရာဂါပ်ိဳးရက္ ၁၄ရက္ ေစာင့္ၾကည့္ဖုိ႔ လိုအပ္ပါတယ္။ အဲဒါမွသာ သူတုိ႔မွာေရာဂါ လကၡဏာမ်ား တခုခုေပၚေပါက္လာရင္ ေစာစီးစြာကုသႏုိင္မယ္။ သူတုိ႔ကို အဲဒီလိုမ်ိဳး ေစာစီးစြာကုသႏုိင္တဲ့ အတြက္ေၾကာင့္ သူတုိ႔ရဲ႕မိသားစုဝင္ေတြ၊ တျခားသူေတြကုိလည္း ေရာဂါကူးစက္ ျပန္႔ပြားမႈမရွိေစဖုိ႔ အတြက္ ရည္ရြယ္ၿပီးေတာ့ အသြားအလာတားျမစ္ ကန္႔သတ္တဲ့ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္း Hospital Quarantine ၁၄ ရက္ျပဳလုပ္ဖုိ႔အတြက္ ေဝဘာဂီေဆးရံုကို ပို႔ထားပါတယ္။”

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၂၈ ရက္တုန္းကလည္း ရန္ကုန္အျပည္ျပည္ဆုိင္ရာေလဆိပ္ကို ေရာက္ရွိလာတဲ့ ေတာင္ကိုရီးယားႏုိင္ငံ၊ ဒယ္ဂူးၿမိဳ႕က ျမန္မာႏုိင္ငံသား ေက်ာင္းသူ ၇ေယာက္ကုိ ေဝဘာဂီေဆးရံုမွာ သီးသန္႔ထားရွိၿပီး Hospital Quarantine လုပ္ထားတယ္လို႔ ေဒါက္တာခင္ခင္ႀကီးက ဆက္ေျပာပါတယ္။

“Hospital Quarantine ကေတာ့ ေက်ာင္းသူ ၁၀ ေယာက္ေပါ့ေနာ္။ ၂၈ရက္ေန႔က ေက်ာင္းသူ ၇ေယာက္ရယ္၊ အခု ၂ရက္ေန႔က ေက်ာင္းသူ ၃ေယာက္ရယ္ဆုိေတာ့ ေက်ာင္းသူ ၁၀ ေယာက္ကို အသြားအလာ တားျမစ္ပိတ္ပင္တယ္၊ ကန္႔သတ္တယ္ေပါ့ေနာ္။”

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက Quarantine လုပ္ရမယ့္လူနာေတြကုိ ေဝဘာဂီေဆးရံုမွာ ထားရွိေတာ့မွာ မဟုတ္ဘဲ တည္ေဆာက္ၿပီးျဖစ္တဲ့ ေတာင္ဥကၠလာပ က မိခင္နဲ႔ ကေလးေဆးရံု ၄ ထပ္ေဆာင္မွာ ျပဳလုပ္သြားဖို႔ စီစဥ္ေနတယ္လို႔ ေဒါက္တာခင္ခင္ႀကီးက ဗီြအုိေအကို ေျပာပါတယ္။

“အဲဒါလည္း မၾကာခင္စမယ္။ ဘာျဖစ္လုိ႔လည္းဆိုေတာ့ ေတာင္ဥကၠလာ အမ်ိဳးသမီးနဲ႔ ကေလးေဆးရံုကိုလည္း လိုအပ္တဲ့ျပင္ဆင္မႈေတြ လုပ္ေနတာေပါ့ေနာ္။”

အရင္က ေဝဘာဂီေဆးရံုမွာ COVID -19 သံသယနဲ႔ ေစာင့္ၾကည့္လူနာေတြကုိ သီးျခားကုသေပးေနၿပီး Quarantine လုပ္ရမယ့္သူေတြကုိလည္း အဲဒီမွာပဲ ၁၄ရက္ သီးျခားထားၿပီး ေစာင့္ၾကည့္ေပးေနတာပါ။ ဒါေပမယ့္ မၾကာခင္မွာေတာ့ ေရာဂါလကၡဏာရွိသူေတြနဲ႔ သံသယလူနာေတြကိုပဲ ထားရွိသြားမွာျဖစ္တယ္လုိ႔ ဆုိပါတယ္။

တရုတ္ႏုိင္ငံ၊ ဟူေဘးျပည္နယ္၊ ဝူဟန္ၿမိဳ႕ကေန စတင္ျဖစ္ပြားခဲ့တဲ့ COVID- 19 ကိုရုိနာေရာဂါပုိးဟာ အျခားႏုိင္ငံေပါင္း ၈၀ ကို ကူးစက္ခဲ့ၿပီး ဒီကေန႔ မတ္လ ၄ရက္ ညေနခင္းစာရင္းအရ လူေပါင္း ၉၃,၅၇၆ ကူးစက္ခံေနရတာပါ။ ဒါဟာ ကမာၻလွည့္အေပ်ာ္စီးသေဘၤာ Diamond Princess ေပၚက ကူးစက္ခံရသူ ၇၀၆ ေယာက္နဲ႔ ေသဆံုးသူ ၆ ဦးရဲ႕ စာရင္းကိုပါ ထည့္တြက္ထားၿပီး စုစုေပါင္းေသဆံုးသူကေတာ့ ၃,၂၀၄ အထိရွိေနၿပီး တရုတ္ႏုိင္ငံမွာ အမ်ားဆံုးျဖစ္ပါတယ္။

ေရာဂါပုိး ကူးစက္ျပန္႔ပြားႏႈန္း ဒုတိယအမ်ားဆံုးျဖစ္တဲ့ ေတာင္ကုိရီးယားႏုိင္ငံမွာေတာ့ ကူးစက္ခံရသူ ၅,၆၂၁ အထိရွိခဲ့ၿပီး ေသဆံုးသူကေတာ့ ၃၃ ဦးရွိသြားပါၿပီ။

ျမန္မာျပည္တြင္းမွာ COVID- 19 ဓာတ္ခြဲအတည္ျပဳလူနာ မရွိေသးေပမယ့္ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီး ဌာနက ျပည္သူေတြအေနနဲ႔ လူစုလူေဝးနဲ႔ ပြဲလမ္းသဘင္ေတြကုိ ေရွာင္ၾကဥ္ၾကဖို႔ အပါအဝင္ ေရာဂါကာကြယ္ေရး က်န္းမာေရးအသိ ပညာေပးႏႈိးေဆာ္ခ်က္ေတြကို လုိက္နာေဆာင္ရြက္ၾကဖို႔ တိုက္တြန္းထားပါတယ္။

ဒီေရာဂါပိုး ကာကြယ္ႏုိင္ဖို႔အတြက္ လက္ကိုဆပ္ျပာနဲ႔ စနစ္တက် မၾကာခဏ ေဆးေပးဖို႔၊ ေခ်ာင္းဆိုးႏွာေခ်ရင္ ပါးစပ္အုပ္ဖုိ႔၊ တကိုယ္ေရသန္႔ရွင္းေရးကို အေလးထားၿပီး အာဟာရျပည့္ဝေအာင္ စားေသာက္ေနထုိင္ဖုိ႔နဲ႔ ေနမေကာင္းျဖစ္သူေတြနဲ႔ အနီးကပ္ေနထုိင္တာ ေရွာင္ၾကဥ္ဖို႔ကို ႏႈိးေဆာ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တောင်ကိုရီယားပြန် မြန်မာကျောင်းသူ၁၀ဦးကို သီးသန့်ခွဲစောင့်ကြည့်နေ

တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့ကနေ ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား ကျောင်းသူ ၁၀ ဦးကို ဝေဘာဂီအထူးကု ဆေးရုံကြီးမှာ Hospital Quarantine ၁၄ ရက် ဆောင်ရွက်ထားတယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူက ပြောပါတယ်။ အဲဒါအပြင် Quarantine လုပ်ဖို့လိုတဲ့ လူနာတွေကို ဝေဘာဂီဆေးရုံမှာ ထားရှိတော့မှာ မဟုတ်ဘဲ တောင်ဥက္ကလာပမှာရှိတဲ့ မိခင်နဲ့ ကလေးဆေးရုံမှာ မကြာခင်ပြုလုပ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုက ပြောပြသွားမှာပါ။

တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့ကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို မတ်လ ၂ရက်၊ ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား ကျောင်းသူ ၃ ဦးကို အသွားအလာ တားမြစ်ကန့်သတ်ပြီး ရောဂါစောင့်ကြပ်ကြည့်ရှုဖို့ ဝေဘာဂီဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ သူတို့ ၃ ဦးကို စစ်ဆေးတာမှာ COVID- 19 ရောဂါလက္ခဏာ မတွေ့ပေမယ့် ကူးစက်နှုန်းတက်နေတဲ့ နိုင်ငံကလာတဲ့သူတွေဖြစ်လို့ ၁၄ရက်စောင့်ကြည့်တာဖြစ်ကြောင်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

စင်ကာပူရှိ မြန်မာအမျိုးသမီး တဦး Covid-19 ရောဂါကူးစက်ခံရတဲ့ အကြောင်းလည်း ဖတ်ရှုနိုင်ပါပြီ။

“သူတို့မှာ ဖျားတယ်၊ ချောင်းဆိုးတယ်၊ နှာစေးတဲ့ ရောဂါလက္ခဏာ တစုံတရာ မရှိပါဘူး။ ဒါပေမဲ့ သူတို့က ကိုရီးယားသမ္မတနိုင်ငံမှာ ရှိတဲ့ ရောဂါကူးစက်မှုအမြင့်ဆုံး ဖြစ်တဲ့ ဒယ်ဂူးမြို့က ပြန်လာတယ်ဆိုတော့ သူတို့ကို ရောဂါပျိုးရက် ၁၄ရက် စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ အဲဒါမှသာ သူတို့မှာရောဂါ လက္ခဏာများ တခုခုပေါ်ပေါက်လာရင် စောစီးစွာကုသနိုင်မယ်။ သူတို့ကို အဲဒီလိုမျိုး စောစီးစွာကုသနိုင်တဲ့ အတွက်ကြောင့် သူတို့ရဲ့မိသားစုဝင်တွေ၊ တခြားသူတွေကိုလည်း ရောဂါကူးစက် ပြန့်ပွားမှုမရှိစေဖို့ အတွက် ရည်ရွယ်ပြီးတော့ အသွားအလာတားမြစ် ကန့်သတ်တဲ့ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း Hospital Quarantine ၁၄ ရက်ပြုလုပ်ဖို့အတွက် ဝေဘာဂီဆေးရုံကို ပို့ထားပါတယ်။”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်တုန်းကလည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတဲ့ တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့က မြန်မာနိုင်ငံသား ကျောင်းသူ ၇ယောက်ကို ဝေဘာဂီဆေးရုံမှာ သီးသန့်ထားရှိပြီး Hospital Quarantine လုပ်ထားတယ်လို့ ဒေါက်တာခင်ခင်ကြီးက ဆက်ပြောပါတယ်။

“Hospital Quarantine ကတော့ ကျောင်းသူ ၁၀ ယောက်ပေါ့နော်။ ၂၈ရက်နေ့က ကျောင်းသူ ၇ယောက်ရယ်၊ အခု ၂ရက်နေ့က ကျောင်းသူ ၃ယောက်ရယ်ဆိုတော့ ကျောင်းသူ ၁၀ ယောက်ကို အသွားအလာ တားမြစ်ပိတ်ပင်တယ်၊ ကန့်သတ်တယ်ပေါ့နော်။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက Quarantine လုပ်ရမယ့်လူနာတွေကို ဝေဘာဂီဆေးရုံမှာ ထားရှိတော့မှာ မဟုတ်ဘဲ တည်ဆောက်ပြီးဖြစ်တဲ့ တောင်ဥက္ကလာပ က မိခင်နဲ့ ကလေးဆေးရုံ ၄ ထပ်ဆောင်မှာ ပြုလုပ်သွားဖို့ စီစဉ်နေတယ်လို့ ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေကို ပြောပါတယ်။

“အဲဒါလည်း မကြာခင်စမယ်။ ဘာဖြစ်လို့လည်းဆိုတော့ တောင်ဥက္ကလာ အမျိုးသမီးနဲ့ ကလေးဆေးရုံကိုလည်း လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်နေတာပေါ့နော်။”

အရင်က ဝေဘာဂီဆေးရုံမှာ COVID -19 သံသယနဲ့ စောင့်ကြည့်လူနာတွေကို သီးခြားကုသပေးနေပြီး Quarantine လုပ်ရမယ့်သူတွေကိုလည်း အဲဒီမှာပဲ ၁၄ရက် သီးခြားထားပြီး စောင့်ကြည့်ပေးနေတာပါ။ ဒါပေမယ့် မကြာခင်မှာတော့ ရောဂါလက္ခဏာရှိသူတွေနဲ့ သံသယလူနာတွေကိုပဲ ထားရှိသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ COVID- 19 ကိုရိုနာရောဂါပိုးဟာ အခြားနိုင်ငံပေါင်း ၈၀ ကို ကူးစက်ခဲ့ပြီး ဒီကနေ့ မတ်လ ၄ရက် ညနေခင်းစာရင်းအရ လူပေါင်း ၉၃,၅၇၆ ကူးစက်ခံနေရတာပါ။ ဒါဟာ ကမ္ဘာလှည့်အပျော်စီးသင်္ဘော Diamond Princess ပေါ်က ကူးစက်ခံရသူ ၇၀၆ ယောက်နဲ့ သေဆုံးသူ ၆ ဦးရဲ့ စာရင်းကိုပါ ထည့်တွက်ထားပြီး စုစုပေါင်းသေဆုံးသူကတော့ ၃,၂၀၄ အထိရှိနေပြီး တရုတ်နိုင်ငံမှာ အများဆုံးဖြစ်ပါတယ်။

ရောဂါပိုး ကူးစက်ပြန့်ပွားနှုန်း ဒုတိယအများဆုံးဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံမှာတော့ ကူးစက်ခံရသူ ၅,၆၂၁ အထိရှိခဲ့ပြီး သေဆုံးသူကတော့ ၃၃ ဦးရှိသွားပါပြီ။

မြန်မာပြည်တွင်းမှာ COVID- 19 ဓာတ်ခွဲအတည်ပြုလူနာ မရှိသေးပေမယ့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ပြည်သူတွေအနေနဲ့ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေကို ရှောင်ကြဉ်ကြဖို့ အပါအဝင် ရောဂါကာကွယ်ရေး ကျန်းမာရေးအသိ ပညာပေးနှိုးဆော်ချက်တွေကို လိုက်နာဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒီရောဂါပိုး ကာကွယ်နိုင်ဖို့အတွက် လက်ကိုဆပ်ပြာနဲ့ စနစ်တကျ မကြာခဏ ဆေးပေးဖို့၊ ချောင်းဆိုးနှာချေရင် ပါးစပ်အုပ်ဖို့၊ တကိုယ်ရေသန့်ရှင်းရေးကို အလေးထားပြီး အာဟာရပြည့်ဝအောင် စားသောက်နေထိုင်ဖို့နဲ့ နေမကောင်းဖြစ်သူတွေနဲ့ အနီးကပ်နေထိုင်တာ ရှောင်ကြဉ်ဖို့ကို နှိုးဆော်ထားပါတယ်။

XS
SM
MD
LG