သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယားမှာ မြန်မာဗီဇာလျှောက်သူတွေ COVID-19 ကင်းရှင်းကြောင်း ဆေးစစ်ချက်ပါရမယ်


ကိုရီးယားနိုင်ငံ Daegu မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကာကွယ်ရန် နှာခေါင်းစည်းများတပ်ဆင်ထားသော လူတချို့ (သတင်းဓာတ်ပုံ - ဖေဖော်ဝါရီ ၂၁၊ ၂၀၂၀)
ကိုရီးယားနိုင်ငံ Daegu မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကာကွယ်ရန် နှာခေါင်းစည်းများတပ်ဆင်ထားသော လူတချို့ (သတင်းဓာတ်ပုံ - ဖေဖော်ဝါရီ ၂၁၊ ၂၀၂၀)

(Zawgyi/Unicode)

တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေရော၊ ကိုးရီးယားကနေ မြန်မာနိုင်ငံကို အကြောင်းအမျိုးမျိုးကြောင့် လာရောက်မယ့်သူတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကင်းရှင်းကြောင်း ဆေးစစ်ချက် ရယူရမယ်လု့ိ ဆိုးလ်မြို့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ကိုးရီးယားနိုင်ငံက သတ်မှတ်ပေးထားတဲ့ သက်ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းတွေကနေ Covid-19 ကိုရိုနာဗိုင်းရပ်စ် ကင်းရှင်းကြောင်း ကြိုတင်ဆေးစစ်ချက် ယူထားသူတွေကိုသာ မြန်မာနိုင်ငံတွင်း ဝင်ရောက်ခွင့်ပြုမယ်လို့ မတ်လ ၁၀ ရက်နေ့စွဲနဲ့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားတာပါ။

ဆိုးလ်မြို့မှာရှိတဲ့ မြန်မာသံရုံးမှာ ပြည်ဝင်ခွင့် ဗီဇာလျှောက်ထားသူတွေအနေနဲ့လည်း ကိုရိုနာဗိုင်းရပ်စ် ကင်းရှင်းကြောင်း ထောက်ခံစာကို တပါထဲ ပူးတွဲတင်ပြရမယ်လို့လည်း ဖော်ပြထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတဲ့ လတ်တလောအခြေအနေတွေကြောင့် အခုထုတ်ပြန်လိုက်တဲ့ စည်းကမ်းတွေ မတ်လ ၁၂ ရက်နေ့ကနေ စတင်အသက်ဝင်မှာဖြစ်ပြီး အပြောင်းအလဲရှိရင် ထပ်ပြီး သတင်း ထုတ်ပြန်ကြေငြာသွားမယ်လို့လည်း ဖော်ပြထားပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၇,၅၀၀ ကျော်ရှိနေပြီး တရုတ်နဲ့ အီတလီနိုင်ငံပြီးရင် တတိယ အများဆုံး ကူးစက်ခံထားရတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG