သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်စ်ပိုး နိုင်ငံပေါင်း ၇၅ ထက်မနည်းမှာ တွေ့ထား


ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ကာကွယ်ဖို့ မျက်နှာများ ဖုံးအုပ်ထားသော လူများ (သတင်းဓာတ်ပုံ - မတ်၊ ၀၄၊ ၂၀၂၀)
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ကာကွယ်ဖို့ မျက်နှာများ ဖုံးအုပ်ထားသော လူများ (သတင်းဓာတ်ပုံ - မတ်၊ ၀၄၊ ၂၀၂၀)

(Zawgyi/Unicode)

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ နောက်လမှာသွားဖို့ စီစဉ်ထားတဲ့ ဂျပန်နိုင်ငံခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။ တရုတ်နဲ့ ဂျပန် နှစ်နိုင်ငံစလုံးဟာ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်နဲ့ ရင်ဆိုင်နေကြရတာဖြစ်ပြီး နိုင်ငံပေါင်း ၇၅ နိုင်ငံထက်မနည်းမှာ လူပေါင်း ၉၀,၀၀၀ခွဲ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရပြီးပါပြီ။

ဗိုင်းရပ်စ်ပိုး စပြီး ကူးစက်ပျံ့နှံ့တဲ့ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း နောက်ထပ်ကူးစက်သူ အရေအတွက် လျော့လာပေမဲ့ သေဆုံးသူက ၃,၀၀၀ ထက်မနည်းရှိနေပါပြီ။ တကမ္ဘာလုံးအနေနဲ့ဆိုရင်တော့ သေဆုံးသူပေါင်း ၃,၃၀၀ နီးပါးရှိနေပါတယ်။

ဂျပန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ထားသူ ၁,၀၀၀ ကျော်ရှိနေပြီး အဲဒီထဲကအများအပြားဟာ ယိုကိုဟားမားဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ Diamond Princess အပျော်စီးသင်္ဘောကြီးပေါ်က ခရီးသည်တွေဖြစ်ပါတယ်။

လအတော်ကြာ ဆက်ဆံရေးပြတ်တောက်နေတဲ့ တောင်၊ မြောက် ကိုရီးယား နှစ်နိုင်ငံခေါင်းဆောင်တွေကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နံှ့မှုအရေးနဲ့ ပတ်သက်လို့ ပြန်ပြီး ဆက်သွယ် ပြောဆိုနေကြပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က တောင်ကိုရီးယားသမ္မတ Moon Jae-in ဆီကို ဗုဒ္ဓဟူးနေ့က ပုဂ္ဂိုလ်ရေး စာတစောင်ပေးပို့ပြီး ဗိုင်းရပ်စ်အရေးအတွက် ဆုမွန်ကောင်းတောင်းတဲ့အကြောင်းနဲ့ သေဆုံးသူတွေအတွက် ဝမ်းနည်းရပါကြောင်း ပြောတယ်လို့ သမ္မတ Moon ရဲ့ပြောခွင့်ရ Yoon Do-han က ပြောတာပါ။

တောင်ကိုရီးယားဟာ တရုတ်ပြီးရင် ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှု အများဆုံးဖြစ်နေတဲ့နိုင်ငံဖြစ်ပြီး ကြာသပတေးနေ့လည်ပိုင်းအထိဆိုရင် သေဆုံးသူ ၃၅ ဦးထက်မနည်း၊ ကူးစက်ထားသူ ၅,၇၆၆ ဦးရှိနေပါပြီ။

လူပေါင်း ၃,၀၀၀ ကျော် ဗိုင်းရပ်စ်ပိုးကူးစက်ထားတဲ့ အီတလီနိုင်ငံမှာ မတ်လ ၁၅ ရက်နေ့အထိ ကျောင်းတွေအားလုံးကို ပိတ်ထားပြီး နောက်လကျင်းပမယ့် အားကစားပွဲတွေအားလုံးမှာ ပွဲကြည့်သူတွေမလာဖို့ ပိတ်ပင်ထားပါတယ်။

အစ္စလာမ်ဘာသာအထွဋ်အမြတ် မက်ကာဒေသကို ပြည်ပက ဘုရားဖူးတွေ မလာဖို့ ပိတ်ပင်ထားတဲ့ ဆော်ဒီ အာရေးဘီးယားမှာ နိုင်ငံသားတွေနဲ့ ပြည်တွင်းမှာနေထိုင်သူတွေပါ မက္ကာကိုမသွားဖို့ ပိတ်ပင်လိုက်ပါတယ်။ ဆော်ဒီအိမ်နီးချင်း အာရပ်ဘ်စော်ဘွားများ ပြည်ထောင်စုမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတဲ့ကာလအတွင်း နိုင်ငံသားတွေနဲ့ နိုင်ငံတွင်းမှာနေထိုင်သူတွေ ပြည်ပကို မသွားကြဖို့ နှိုးဆော်ထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲ Tedros Adhanom Ghebreysus က လက်ရှိရင်ဆိုင်နေရတဲ့ အန္တရာယ်အဆင့်နဲ့ ကိုက်ညီတဲ့ နိုင်ငံရေးအရ အရေးယူ လုပ်ဆောင်လိုစိတ်မျိုး တချို့နိုင်ငံတွေမှာ ရှိမနေတဲ့အပေါ် စိုးရိမ်မိတဲ့အကြောင်း ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]











ဆက်စပ်သတင်းများ ...

XS
SM
MD
LG