သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကို႐ိုနာဗိုင္းရပ္စ္အေရး G-7 ဘ႑ာေရးဝန္ႀကီးေတြ ေဆြးေႏြးမယ္


တရုတ္ႏို္င္ငံ ၀ူဟန္ျမိဳ႕ရွိ ေဆး႐ံုတခုတြင္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ တဦးအား ကုသေပးေနေသာ ေဆးဘက္ဆိုင္ရာ ၀န္ထမ္းမ်ား (မတ္၊ ၀၁၊ ၂၀၂၀)

(Zawgyi/Unicode)

ႏုိင္ငံေပါင္း ၇၀ ထက္မနည္းမွာ ပ်ံ႕ႏွံ႔ျဖစ္ပြားေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြကို ဟန္႔တား တိုက္ဖ်က္ေရး ေဆြးေႏြးၾကဖို႔အတြက္ G-7 လို႔ေခၚတဲ့ ကမၻာ့စီးပြားေရး အင္အားၾကီးႏုိင္ငံ ၇ ႏိုင္ငံက ဘ႑ာေရး၀န္ႀကီးေတြ ဒီကေန႔ ေတြ႔ဆံုၾကဖုိ႔ရွိပါတယ္။

ေတာင္ကိုရီးယားသမၼတ Moon Jae-in က သူ႔ႏုိင္ငံမွာ လိုအပ္ေနတဲ့ ေဆး၀ါးအကူအညီေတြနဲ႔ ကို႐ိုနာကူးစက္မႈေတြေၾကာင့္ ေနအိမ္ေတြထဲမွာပဲ ေနၾကတဲ့အတြက္ ထိခိုက္လာတဲ့ အေသးစား စီးပြားေရးလုပ္ငန္းေတြကို ၀ိုင္း၀န္း ေထာက္ပံ့ေပးၾကဖို႔ အကူအညီေတာင္းခံလုိက္ျပီးတဲ့ေနာက္ G-7 ဘ႑ာေရး ၀န္ႀကီးေတြ ခုလို ေတြ႔ဆံုေဆြးေႏြးၾကမွာ ျဖစ္ပါတယ္။

ကို႐ိုနာဗုိင္းရပ္စ္ စတင္ ကူးစက္ျဖစ္ပြားတဲ့ တ႐ုတ္ႏုိင္ငံျပီးရင္ ေတာင္ကုိရီးယားႏုိင္ငံဟာ ဒီေရာဂါ ဒုတိယအမ်ားဆံုး ကူးစက္ခံေနရတာျဖစ္ပါတယ္။ ဒီကေန႔ ေနာက္ဆံုးရရွိတဲ့စာရင္းအရ ကူးစက္ခံရသူ ၅,၀၀၀ နီးပါး ရွိေနပါတယ္။ ကမၻာတ၀ွမ္း ကူးစက္ခံရသူကေတာ့ ၉၀,၀၀၀ ေက်ာ္နဲ႔ ေသဆံုးသူ ၃,၁၀၀ ေက်ာ္ ရွိေနျပီး အမ်ားစုက တ႐ုတ္ႏိုင္ငံမွာျဖစ္ပါတယ္။

ကူးစက္ ျပန္႔ပြားမႈ အဆိုးဆံုးႏုိင္ငံေတြထဲက တခုျဖစ္တဲ့ အီရန္ႏုိင္ငံကိုေတာ့ ကမၻာက်န္းမာေရးအဖြဲ႔ WHO က ကၽြမ္းက်င္ပညာရွင္ေတြ ေရာက္ရွိေနျပီး ေဒသခံ ေဆးဘက္၀န္ထမ္းေတြနဲ႔အတူ ကူးစက္မႈေတြ ထိန္းခ်ဳပ္ႏိုင္ေအာင္ ကူညီေပးေနပါတယ္။

ျဗိတိန္၊ ျပင္သစ္နဲ႔ ဂ်ာမနီႏုိင္ငံေတြကလည္း အီရန္ကို လိုအပ္တဲ့ ေထာက္ကူပစၥည္းေတြ ေပးပို႔မယ့္အေၾကာင္း ကတိျပဳထားၾကပါတယ္။

ကူးစက္မႈအမ်ားဆံုးရွိေနတဲ့ တ႐ုတ္ႏုိင္ငံမွာ ကူးစက္မႈႏႈန္း က်ဆင္းလာေပမဲ့လို႔ ကမၻာ့တျခားေနရာေတြကို ပ်ံ႕ႏွံ႔ကူးစက္မႈေတြ ပိုမ်ားလာေနတာေၾကာင့္ ဒီဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔မႈေတြကို ထိန္းခ်ဳပ္ႏုိင္ေအာင္ ကမၻာ့ႏုိင္ငံအားလံုး ၀ိုင္း၀န္းၾကိဳးပမ္းၾကဖို႔ WHO အၾကီးအကဲ Tedros Adhanom Ghebreyesus က တိုက္တြန္းထားပါတယ္။

ေတာင္ကိုရီးယားႏုိင္ငံမွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ ရွိမရွိ မလြယ္တကူ စစ္ေဆးႏုိင္ေနပါျပီ။ ဒီလုိစစ္ေဆးႏိုင္တဲ့ စင္တာေတြကို ဆုိးလ္ျမိဳ႕ေတာ္တ၀ွမ္းနဲ႔ တျခားျမိဳ႕ၾကီးေတြမွာပဲ ဖြင့္လွစ္ေပးထားျပီး စစ္ေဆးလိုသူေတြအေနနဲ႔ အဲဒီစင္တာေတြကိုသြားျပီး ကို္ယ့္ကားေပၚကေန ဆင္းစရာမလိုဘဲ ဗိုိင္းရပ္စပ္ပိုး ကူးစက္ခံထားရျခင္း ရွိမရိွ စစ္ေဆး သိရွိႏိုင္တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုရိုနာဗိုင်းရပ်စ်အရေး G-7 ဘဏ္ဍာရေးဝန်ကြီးတွေ ဆွေးနွေးမယ်

နိုင်ငံပေါင်း ၇၀ ထက်မနည်းမှာ ပျံ့နှံ့ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ဟန့်တား တိုက်ဖျက်ရေး ဆွေးနွေးကြဖို့အတွက် G-7 လို့ခေါ်တဲ့ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံ ၇ နိုင်ငံက ဘဏ္ဍာရေးဝန်ကြီးတွေ ဒီကနေ့ တွေ့ဆုံကြဖို့ရှိပါတယ်။

တောင်ကိုရီးယားသမ္မတ Moon Jae-in က သူ့နိုင်ငံမှာ လိုအပ်နေတဲ့ ဆေးဝါးအကူအညီတွေနဲ့ ကိုရိုနာကူးစက်မှုတွေကြောင့် နေအိမ်တွေထဲမှာပဲ နေကြတဲ့အတွက် ထိခိုက်လာတဲ့ အသေးစား စီးပွားရေးလုပ်ငန်းတွေကို ဝိုင်းဝန်း ထောက်ပံ့ပေးကြဖို့ အကူအညီတောင်းခံလိုက်ပြီးတဲ့နောက် G-7 ဘဏ္ဍာရေး ဝန်ကြီးတွေ ခုလို တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စတင် ကူးစက်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံပြီးရင် တောင်ကိုရီးယားနိုင်ငံဟာ ဒီရောဂါ ဒုတိယအများဆုံး ကူးစက်ခံနေရတာဖြစ်ပါတယ်။ ဒီကနေ့ နောက်ဆုံးရရှိတဲ့စာရင်းအရ ကူးစက်ခံရသူ ၅,၀၀၀ နီးပါး ရှိနေပါတယ်။ ကမ္ဘာတဝှမ်း ကူးစက်ခံရသူကတော့ ၉၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၃,၁၀၀ ကျော် ရှိနေပြီး အများစုက တရုတ်နိုင်ငံမှာဖြစ်ပါတယ်။

ကူးစက် ပြန့်ပွားမှု အဆိုးဆုံးနိုင်ငံတွေထဲက တခုဖြစ်တဲ့ အီရန်နိုင်ငံကိုတော့ ကမ္ဘာကျန်းမာရေးအဖွဲ့ WHO က ကျွမ်းကျင်ပညာရှင်တွေ ရောက်ရှိနေပြီး ဒေသခံ ဆေးဘက်ဝန်ထမ်းတွေနဲ့အတူ ကူးစက်မှုတွေ ထိန်းချုပ်နိုင်အောင် ကူညီပေးနေပါတယ်။

ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတွေကလည်း အီရန်ကို လိုအပ်တဲ့ ထောက်ကူပစ္စည်းတွေ ပေးပို့မယ့်အကြောင်း ကတိပြုထားကြပါတယ်။

ကူးစက်မှုအများဆုံးရှိနေတဲ့ တရုတ်နိုင်ငံမှာ ကူးစက်မှုနှုန်း ကျဆင်းလာပေမဲ့လို့ ကမ္ဘာ့တခြားနေရာတွေကို ပျံ့နှံ့ကူးစက်မှုတွေ ပိုများလာနေတာကြောင့် ဒီဗိုင်းရပ်စ် ပျံ့နှံ့မှုတွေကို ထိန်းချုပ်နိုင်အောင် ကမ္ဘာ့နိုင်ငံအားလုံး ဝိုင်းဝန်းကြိုးပမ်းကြဖို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က တိုက်တွန်းထားပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ မလွယ်တကူ စစ်ဆေးနိုင်နေပါပြီ။ ဒီလိုစစ်ဆေးနိုင်တဲ့ စင်တာတွေကို ဆိုးလ်မြို့တော်တဝှမ်းနဲ့ တခြားမြို့ကြီးတွေမှာပဲ ဖွင့်လှစ်ပေးထားပြီး စစ်ဆေးလိုသူတွေအနေနဲ့ အဲဒီစင်တာတွေကိုသွားပြီး ကိုယ့်ကားပေါ်ကနေ ဆင်းစရာမလိုဘဲ ဗိုင်းရပ်စပ်ပိုး ကူးစက်ခံထားရခြင်း ရှိမရှိ စစ်ဆေး သိရှိနိုင်တာဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG