သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ကျလာပေမယ့် တောင်ကိုရီးယားမှာ တိုးလာ


Daegu မြို့မှာ mask ဝယ်ဖို့ စောင့်နေသူများ
Daegu မြို့မှာ mask ဝယ်ဖို့ စောင့်နေသူများ

(Zawgyi/Unicode)

တရုတ်နိုင်ငံမှာ Coronavirus ပိုးနောက်ထပ်ကူးစက်သူ ကျဆင်းသွားပေမဲ့ တောင်ကိုရီးယားမှာ ကူးစက်သူ အရေအတွက် တိုးလာနေပါတယ်။ သောကြာနေ့ အစောပိုင်းအထိ တရုတ်မှာ နောက်ထပ်ပိုး ကူးစက်သူ ၃၂၇ ယောက်ရှိပြီး ၄၄ ယောက် သေဆုံးတယ်လို့ တရုတ်ကျန်းမာရေးကော်မရှင်က ပြောပါတယ်။ ဒီအရေအတွက်ဟာ ၁ လကျော်အတွင်း ပိုးကူးသူအသစ်အရေအတွက် အနည်းဆုံးဖြစ်ပါတယ်။ ပြောသွားတာဖြစ်ပါတယ်။ တရုတ်နိုင်ငံပြီးရင် ပိုးကူးစက်သူအများဆုံးက တောင်ကိုရီးယားမှာဖြစ်ပြီး Daegu မြို့မှာဖြစ်ပါတယ်။

“ဒီကနေ့ ဖေဖာ်ဝါရီ ၂၈ ရက် မနက် ၁၀ နာရီအထိ ပိုးကူးစက်နေသူ ၂၀၂၂ယောက်ရောဂါလုံးဝ ပျောက်ကင်းသွားသူ ၂၆ ယောက်၊ သေဆုံးသူ ၁၃ ယောက် ရှိတယ်”လို့ ကျန်းမာရေးဒုဝန်ကြီး Kim Kang-lip ကပြောသွားတာဖြစ်ပါတယ်။

COVID-19 ကူးစက်မှုမြင့် Daegu မြို့ရောက် မြန်မာနိုင်ငံသူရဲ့ အတွေ့အကြုံကိုလည်း ဖတ်ရှုနိုင်ပါပြီ။

Daegu မြို့က ဆေးရုံတွေမှာ ကုတင်တွေ မလုံလောက်တော့တဲ့အတွက် ရောဂါပြင်းတဲ့လူနာတွေကို တခြားဒေသက ဆေးရုံတွေကို ပို့ဆောင်ကုသပေးနေတယ်လို့လည်းသူကပြောပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ ဘယ်လိုကနေ ကူးစက်မှန်းမသိတဲ့ ပထမဆုံး ပိုးကူးစက်သူရှိနေတယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

California ပြည်နယ်မြောက်ပိုင်းက အမျိုးသမီးတယောက်ဟာ အမေရိကန်နိုင်ငံအပြင်ဘက်ကို ခရီးမသွားခဲ့သလို ပိုးကူးစက်နေသူ တဦးတယောက်နဲ့မှ ထိတွေ့ခဲ့ခြင်းမရှိဘူးလို့ ကျန်းမာရေးတာဝန်ရှိသူတွေက ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။ သမ္မတ Donald Trump ကတော့ အမေရိကန်ထဲမှာ ပိုးကူးစက်နိုင်ခြေ သိပ်နည်းတယ်လို့ ပြောကြားထားပါတယ်။ Coronavirus ပိုးစတင်ကူးတဲ့ တရုတ်နိုင်ငံအပြင် တခြားနိုင်ငံတွေမှာ ပိုးကူးစက်နေတဲ့အပေါ် အင်မတန်စိုးရိမ်တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲကတော့ ပြောပါတယ်။

အာရှ၊ ဥရောပနဲ့ အရှေ့အလယ်ပိုင်းဒေသအပါအဝင် နိုင်ငံ ၅၀ ကျော်မှာ Coronavirus ပိုးကူးစက်မှုတွေရှိနေပြီး ပိုးကူးစက်မှု ထိန်းနိုင်ဖို့ ဆောင်ရွက်မှုတွေ လုပ်နေကြပါတယ်။ New Zealand နိုင်ငံမှာလည်း COVID-19 ရောဂါဖြစ်နေသူ ပထမဆုံးတွေ့ရှိတယ်လို့ ဒီကနေ့ ကြေညာပါတယ်။ Nigeria, Lithuania၊ Estonia နိုင်ငံတွေမှာလည်း Coronavirus ပိုးကူးစက်နေသူတွေ ရှိနေပါတယ်။ ဒီကနေ့အထိ ကမ္ဘာတဝန်း Coronavirus ပိုးကူးစက်နေသူ ၈၃၀၀၀ ကျော်ရှိနေပြီး ၂၈၀၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ အများစုကတော့ တရုတ်နိုင်ငံထဲမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


...............


(Unicode)







XS
SM
MD
LG